It will take 5 Seconds to Subscribe Us
You Tube အကောင်းဆုံး ဒေါင်းလုပ် ဆွဲကြည့်ရအောင်
သူငယ်ချင်းအားလုံးကို သိထားတာလေးတွေရှယ်ပေးချင်ပါတယ်…ဒီတစ်ခါ ရှယ်ပေးချင်တာလေးကတော့ You tube ကနေကိုယ်တိုင် ရှာရင်းဖွေရင်း နဲ့ ကြိုက်တဲ့ Movies လေးတွေကိုဒေါင်းလုပ်ချပြီး ယူထားချင်တယ် ဆိုရင် အဆင်ပြေအောင်လို့ ပါ… အင်တာနက်ဆိုင်ကိုသွားတဲ့ အင်တာနက် သုံးတဲ့ သူတိုင်းလိုလို မစ်မိုရီစတစ် လေးတစ်ချောင်းတော့ ပါလာမှာပေါ့… ကိုကြိုက်လို့ဒေါင်းတာလေး တွေ စတစ်လေးထည့်ပြီး သိမ်းထားတတ်ကျတယ်လေ….ဒါပေမယ့် အင်တာနက်ဆိုင်တွေမှာက ဒေါင်းလုပ်မန်နေဂျာကိုတင်မထားတတ်ကျဘူးဆိုတော့ ဘယ်လိုဒေါင်းကျမလဲ ပေါ့…. ကျွန်တော် အတွက်တော့ ခုပြောမဲ့နည်းလေးကအဆင်အပြေဆုံး လို့ထင်ပါတယ်။
အားသာချက် တွေ ကတော့ ကိုဒေါင်းမယ့် ဖိုင်ကို တစ်ခါတည်းအွန်လိုင်းပေါ်မှာတင် Converter တစ်ခုအတိုင်း ကိုယ့်စိတ်ကြိုက် Format ကိုပြောင်းနိုင်တယ် ဒေါင်းလုပ် မန်နေဂျာ တင်မထားလည်း သာမန်ဒေါင်းလုပ် နဲ့ဒေါင်းနိုင်ပါတယ်။ ဒီဆိုက်လေးကတော့ ……
အော်မေ့သွားလို့ Clipconverter ဆိုက်ကို ကြိုတင်ပြီးအခြား Tag တစ်ခုနဲ့ဖွင့်ထား ရင်ပိုကောင်းတယ်လေ Ready ဖြစ်မှာပေါ့.. ပြီးတော့ ကော်ပီကူးယူထားတဲ့ ယူကျူ့က လင့်ကိုအပေါ်ကပုံပါအတိုင်း လင့်ထည့်မယ့်ဗားလေးထဲ မှာ ထည့်လိုက်ပြီး Continue ခလုပ်နိုပ် ပြီး နည်းနည်းလေးစောင့် ရမယ် ပြီးရင် ကိုယ်ထည့်လိုက်တဲ့ Link မှာ ပါတဲ့ဖိုင်ဆိုက်အမျိုးမျိုးကို ရွေးနိုင်ပါသေးတယ် …. Format ကို ကိုယ်စိတ်ကြိုက်ရွေးပြီး အောက်ဖက်နားက Start Buttom လေးနိုပ် ပြီးတာနဲ့ ဒေါင်းလုပ် ရတော့မှာပါ….
ဒီလိုဒေါင်းလုပ် လုပ်နိုင်မယ့် ဘောက်လေးကျလာမှာပါဒေါင်းလုပ်လုပ်နိုင်ပါပြီ …ဒီဆိုက်ကနေ တစ်ဆင်ခံ ဒေါင်းလုပ်ပေးတဲ့ အတွက် Resume လည်းရပါတယ် ….
ပြီးတော့ Converter ဆိုက်ကို Browser addon လုပ်ထားလိုက်ရင် လည်းရပါတယ် ဒါဆိုရင် Youtube စခရင်မြင်ကွင်း ရဲ့ အပေါ်ဖက်နားလေး မှာ buttom တစ်ခုအနေနဲ့ ရောက်လာမှာပါ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဖိုင် ကိုလိုချင်တာနဲ့ Click လုပ်ပေးလိုက်ရုံပါပဲ အရမ်းအဆင်ပြေသွားပါတယ်…
အားလုံးပဲအဆင်ပြေ နိုင်ကြပါစေ…. နောက်လည်းသိထားတာလေး တွေ မျှဝေပေးဦးမယ်…..
စကိုင်းနက် အင်တာနက် ကိုအားပေးကြသော သူများအတွက် တော့အဆင်ပြေမှာပါ အခြားလိုင်းတွေ ကတော့ယူကျူ့ကို သာမန်ဒေါင်းလုပ်ယူနိုင်ပါတယ် ....
ဒီပိုစ့်လေးကိုအနောက်ပိုင်းနည်းပညာတက္ကသိုလ် ဆိုက်မှတင်ဖူးပါတယ် ....
လင်းသစ်သူ............
ကျေးကျေး ကိုလင်းသစ်သူရေ။ ကိုလင်းသစ်သူ မျှဝေတာလေးဖတ်ရလို့ နည်းလမ်းတစ်ခုတိုးတာပေါ့ဗျာ။
ReplyDeleteကျနော်လည်း အလွယ်ဆုံးနည်းလမ်းလေးတစ်ခု ရှယ်ပါရစေခင်ဗျ။ တချို့လဲ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ မသိသေးသူများ အတွက်ပေါ့ဗျာ။
ဘာ Downloader မှ တင်မထားသူတွေအတွက် အရမ်းလွယ်တဲ့နည်းလေးပါ။ ကျနော်ဆို ဒီနည်းပဲသုံးနေတာ အဆင်ပြေတယ်ဗျ။ Download Manager တို့ဘာတို့က အပြည့်မဟုတ်ရင် အာရုံတော်တော်နောက်ပါတယ်။
လုပ်ပုံလုပ်နည်း ပြောပါမယ်။ ကိုယ်ဒေါင်းချင်တဲ့ Video ကို Click လိုက်၊ Click ပြီးရင် URL address မှာ www. ရဲ့နောက်က ss ထပ်ထည့်ပြီး ( dot နောက်က ss နှစ်လုံးထပ်ဖြည့်ရုံပါပဲ၊ ကျန်တာ ပြင်ဖို့ ပြောင်းဖို့ မလိုပါ ) Enter ခေါက်လိုက်၊ savefromnet ဆိုပြီး page ပေါ်လာမယ်။ အဲဒီမှာ ကိုယ်ကြိုက်ရာ Format နဲ့ ဒေါင်းရုံပဲ။ FLV240P/360P/480P, MP4360P/720P/1080P, WebM360P/480P/720P/1080P, 3GP144P/3GP240P စသဖြင့် ရနိုင်တဲ့ Format တွေအများကြီးရှိနေလိမ့်မယ်။ ကြိုက်ရာရွေးပြီး Click လိုက်တာနဲ့ Save လုပ်ပါပြီ။ အပြောလွယ် အလုပ်ခက်ဆိုပေမယ့် ခုဟာကျတော့ ပြောရတာထက် တကယ်လုပ်တာကပိုလွယ်တယ်ဗျ။
ဥပမာ မေဒေါနား ရဲ့ ALIZEE သီချင်းက http://www.youtube.com/watch?v=2p2k3nB8UMw မှာ ရှိတယ်။ အဲဒီသီချင်းကို ဒေါင်းချင်ရင် http://www.ssyoutube.com/watch?v=2p2k3nB8UMw လို့ (ss) နှစ်လုံးရိုက်ထည့်လိုက်ရင်ရပါပြီ။ ပြီးတော့ ခုနကပြောတဲ့ ကြိုက်ရာ Format ကိုရွေးပြီး ဒေါင်းပေတော့ဗျာ။ အမှန်က 2 ဆင့်ထဲပါ။ စာနဲ့ရေးပြီးပြောနေလို့ နဲနဲပိုရှည်နေတာ။
အိုကေကြပါစေဗျာ။