Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label Online knowledges. Show all posts
Showing posts with label Online knowledges. Show all posts

Thursday, 18 August 2016

အင်တာနက် speed (၃၀၀%) ဆ မြန်အောင်လုပ်နည်း

အင်တာနက်

အင်တာနက် ဆိုတာဘာလဲ ဆိုတော့ International Network ကို အတိုကောက် Inter Net လို့ ခေါ်ရာကနေ အင်တာနက်ဆိုပြီး ဖြစ်လာတာပါ။ အင်တာနက် speed မြန်တာ နှေးတာကတော့ website server နဲ့ ကိုယ့်ရဲ့ကြား အကွာအဝေး၊ သုံးထားတဲ့ စက်ပစ္စည်းနဲ့ ကြိုးတွေရဲ့ အရည်အသွေး၊ နည်းပညာ ကျွမ်းကျင်မှု စသဖြင့်ပေါ့ အဓိက သက်ဆိုင်ပါတယ်။ ဒါက ဗဟုသုတပါ။

Myanmar Net

Myanmar နိုင်ငံရဲ့ Inter Net အခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ မိုးရွာ၊ မီးပျက်၊ ဆက်ကြောင်းပြတ် စတာတွေ ဖြစ်ရင် Myanmar နိုင်ငံ မှာ လိုင်းကျပါတယ်။ အဲ … အဲဒါတွေမဖြစ်လည်း လိုင်းကျချင် ကျပါတယ် …

အင်တာနက် speed မြန်ဖို့ ဘာလုပ်ရမလဲ?

အင်တာနက် speed မြန်ဖို့အတွက် ကိုယ့်ဘက်က လုပ်နိုင်တာတွေကတော့ ကိုယ့်ရဲ့ window system ကို tweak လုပ်တာတွေ၊ browser ကို tweak လုပ်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခုပြောမယ့်နည်းကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်မှာပါ။ နည်းလမ်းဆိုပေမယ့် လှည့်ကွက်လို့ ပြောရင်လည်း ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးနေတာကြာပါပြီ။ အထူးသဖြင့် အင်တာနက်ပေါ်မှာ သတင်းဖတ်တဲ့သူတွေအတွက် အထူးအသုံးဝင်မယ့် နည်းလေးပါ။ website တွေ blog တွေကို မြန်အောင် လုပ်တာဖြစ်တဲ့အတွက်ကြောင့် အင်တာနက် မြန်အောင် လုပ်တဲ့နည်းဆိုလည်း မမှားပါဘူး။

တစ်ကယ်ရော မြန်မှာလား

တစ်ကယ်မြန်ပါတယ်။ ဘယ်လောက်ထိ မြန်မလဲဆိုရင် ကိုယ်ရနေတဲ့ connection ရဲ့ အမြန်နှုန်းရဲ့ သုံးပုံနှစ်ပုံလောက် ပိုမြန်ပါတယ်။ ဥပမာ website တစ်ခုကို ဖတ်ဖို့စောင့်ရတာ အရင်က ၁၅ စက္ကန့်လောက် ကြာမယ်ဆိုရင် ဒီနည်းလမ်းသုံးလိုက်ရင် ၅ စက္ကန့်လောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။
High speed internet

အင်တာနက်ပေါ်က website တွေက ဘာလို့ လေးတာလဲ
အင်တာနက်ပေါ်က သတင်းဆိုက်တွေ တော်တော်များများက ဝါသနာပါလို့ blog လုပ်ရင်းနဲ့ သတင်းတွေ တင်ဖြစ်တာတို့၊ Download လင့်တွေပေးပြီးတော့ အဲဒီလင့်ကနေတစ်ဆင့် ငွေရှာဖို့အတွက် blog တွေလုပ်ပြီး သတင်းတွေတင်၊ နည်းပညာ အကြောင်းအရာတွေတင်၊ software တွေ download ပေး၊ စသဖြင့်ပေါ့။
အဲဒီတော့ သူတို့လည်း အင်တာနက်ပေါ်မှာ ရှာရင်း၊ ဖွေရင်း၊ လေ့လာရင်းနဲ့ တွေ့တဲ့ code တွေစမ်းကြည့်၊ ထည့်ကြည့်ရင်းနဲ့ သူတို့ blog တွေက လေးလာကြတာပါ။ ပြောရမယ်ဆိုရင် blog ကို အရမ်း တန်ဆာဆင်တာ၊ ပုံတွေများတာ၊ မလိုတဲ့ code တွေပါနေတာ စတာတွေကြောင့် website တွေ လေးတာမျိုးပေါ့။ Blog ပိုင်ရှင်တွေအတွက် blog မလေးအောင် လုပ်ပုံလုပ်နည်း ကိုတော့ ပြောပြထားဖူးပါတယ်။ အခုတစ်ခေါက်ကတော့ website ကြည့်မယ့်၊ သတင်းဖတ်မယ့် user တွေဘက်က လုပ်ရမှာပါ။

ဘယ်လိုလုပ်ရမလဲ

အထက်မှာ ပြောခဲ့တဲ့အတိုင်း ဒါက လှည့်ကွက်တစ်ခုဖြစ်တဲ့အတွက် ပြောလိုက်ရင်တော့ “ဪ … ဒါလေးများ” ဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ အဲဒီ ဒါလေးများကပဲ တော်တော်လေး အသုံးဝင်နေလို့ တကူးတက post ရေးလိုက်ရတာပါ။
လုပ်ရမှာကတော့ အခုန blog ပိုင်ရှင်တွေ ထည့်ထားတဲ့ code တွေထဲမှာ website ကို အဓိကနှေးစေတာက javascript code တွေပါ။ website တော်တော်များများမှာ javascript မပါလည်း ဖတ်လို့ရပါတယ်။ ဒီကုဒ်တွေက ဘာလို့လေးရလဲဆိုတော့ ကိုယ်က website တစ်ခုကို သွားတဲ့အခါမှာ browser က အဲဒီ website  ပုံဖေါ်ဖို့အတွက် လိုအပ်တာတွေကို download လုပ်ပါတယ်။ browser က download လုပ်တဲ့ထဲမှာ များသောအားဖြင့် အကြာဆုံးကတော့ ပုံတွေပါပဲ၊ ဒါကြောင့် website/blog ပိုင်ရှင်တွေက ပုံတွေတင်တဲ့အခါမှာ ပုံရဲ့ ဝိတ်ကို လျှော့ချပြီးမှ တင်သင့်ပါတယ်။ Browser က download လုပ်ပြီးလို့ လိုအပ်တဲ့ ဖိုင်တွေ ရလာတဲ့အခါမှာ website ကို ပုံဖော်ပါတယ်။ အဲဒီလို ပုံဖော်တဲ့အချိန်မှာ အကြာဆုံးကတော့ javascript တွေက အကြာဆုံးပါပဲ။ အခုလုပ်မှာက အဲဒီ အကြာဆုံးအလုပ်ကို browser ကို မလုပ်ဖို့ သတ်မှတ်လိုက်မှာပါ။ Computer စကားနဲ့ ပြောရရင် javascript ကို disable လုပ်မှာပါ။
ဪ … ဒါလေးများ
သိတဲ့လူတွေကတော့ ဒါလေးများလို့ ပြောနေလောက်ပါပြီ။ ဒါပေမယ့် javascript disable လုပ်ဖို့က တော်တော်လက်ဝင်ပါတယ်။ ဘယ်လိုလက်ဝင်တာလဲဆိုတော့ js ပိတ်ဖို့၊ ဖွင့်ဖို့ browser တွေရဲ့ setting တွေထဲဝင်ပြီး လုပ်ရတာပါ။ ပုံမှန်အတိုင်း လုပ်မယ်ဆိုရင် လိုရင် ဖွင့်လိုက်၊ မလိုရင် ပိတ်လိုက်နဲ့ တော်တော် အလုပ်ရှုပ်မှာပါ။ ဒါကြောင့် click တစ်ချက်တည်းနဲ့ ပိတ်လို့ ဖွင့်လို့ရအောင် add-on တစ်ခုတော့ တင်ရပါမယ်။
Addon ကတော့ web developer toolbar မဟုတ်ပါဘူး။ သူက အနည်းဆုံး click နှစ်ချက်တော့ နှိပ်ရပါတယ်။ အခုတင်မယ့်ဟာကတော့ တစ်ချက်တည်းနဲ့ အပိတ်အဖွင့်လုပ်လို့ရမှာဖြစ်ပြီးတော့ Google chrome သုံးတဲ့လူတွေဆိုရင် website တစ်ခုချင်းစီအတွက် သီးသန့် ပိတ်ထားလို့ ရမှာ ဖြစ်ပါတယ်။
မှတ်ချက်။   ။တစ်ချို့ ဝက်ဘ်ဆိုက်တွေက javascript ကို မရှိမဖြစ် လိုပါတယ်။ ဥပမာ facebook လိုမျိုးပေါ့။ Facebook လို website ကို js (javascript) ပိတ်ထားမယ်ဆို ဘာ post မှ မြင်ရမှာ မဟုတ်ပါဘူး။
Google Chrome browser အတွက် လုပ်ပုံလုပ်နည်း
Chrome သုံးတဲ့သူတွေ ဒီ (https://chrome.google.com/webstore/detail/quick-javascript-switcher/geddoclleiomckbhadiaipdggiiccfje?hl=en) လင့်မှာ သွားပြီး Add to chrome ကို နှိပ်ပြီး extension ကို တင်ရမှာ ဖြစ်ပါတယ်။ သူကိုတင်လိုက်မယ်ဆိုရင်တော့ browser ရဲ့ address bar နောက်မှာ js ဆိုတဲ့ icon လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။
quick-javascript-switcher
javascript အပိတ်အဖွင့်လုပ်ရန် ခလုတ်
ကိုယ်သတင်းဖတ်နေကျ blog ကိုသွားပြီးတော့ အဲဒီ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။ icon လေး အနီရောင်ပြောင်းသွားရင် အဲဒီ website ကို မြန်မြန်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်နိုင်ပါပြီ။ chrome သမားတွေအတွက်တော့ website တစ်ခုတည်းကိုပဲ ကွက်ပြီး ပိတ်ထားလို့ ရပါတယ်။
Firefox သုံးတဲ့သူတွေအတွက် လုပ်ပုံလုပ်နည်း
Firefox browser အတွက်ဆိုရင် ဒီလင့် (https://addons.mozilla.org/en-US/firefox/addon/toggle-js/) ကို သွားပြီး download now ကိုနှိပ်ပါ။ browser ဘယ်ဘက် အပေါ်နားမှာ Allow ဆိုတဲ့ ခလုတ်လေးပေါ်လာရင် နှိပ်ပါ။ နောက်ထပ် box တစ်ခုပေါ်လာရင် install ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် addon တင်လို့ပြီးပါပြီ။ Addon တော်တော်များများက browser restart ချရပေမယ့် ဒီတစ်ခုကတော့ restart ချဖို့ မလိုတဲ့ အစားထဲကပါ။
သူ့ကိုတင်လိုက်ပြီဆိုရင် browser ရဲ့ ညာဘက် အပေါ်နားမှာ အစိမ်းရောင် လက်မထောင်နေတဲ့ ပုံလေး တွေ့ရပါမယ်။ နှိပ်လိုက်ရင် နီသွားပါမယ်။ နီသွားရင် js ကို ပိတ်လိုက်တာဖြစ်ပါတယ်။ ပုံမှာကြည့်ပါ။
toggle-js
သူကတော့ website တစ်ခုချင်းစီအတွက် သီးသန့် ပိတ်တာဖွင့်တာ လုပ်လို့မရပါဘူး။ ပိတ်ရင် အားလုံးအတွက် ပိတ်ထားမှာ ဖြစ်ပြီးတော့ ဖွင့်ရင် အားလုံးအတွက် ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။
သတိ
တစ်ချို့ website တွေမှာ javascript ကို မရှိမဖြစ် လိုအပ်တာဖြစ်တဲ့အတွက် website ပုံမှန်မဟုတ်ဘဲ တစ်ခုခုဖြစ်နေတယ်ဆိုရင် javascript ကို ပိတ်ထားလားဆိုတာ အရင်ဆုံး စစ်ပါ။
ကျန်တာတော့ ထုံးစံအတိုင်းပါပဲ၊ အဆင်မပြေရင် comment, အဆင်ပြေရင် like & share ပေါ့…

Sunday, 25 August 2013

Gmail, Yahoo mail , Hotmail and AOL mail တွေထဲကို ၀င်လာတဲ့ မေးတွေရဲ့ နေရာ လိပ်စာအတိကျ သိချင်ရင်

မည်သူမဆို မိမိအီးမေးထဲသို့ ၀င်လာသော စာများကို ဖတ်လေ့ရှိကြပါတယ်။ သို့သော် မိမိမသိသော သူများ၊ သို့မဟုတ် မိမိ ထံ အီးမေးကို ဘယ်နိုင်ငံ ဘယ်ဒေသ ကနေ ပို့နေတယ်ဆိုတာ သိချင်သူများအတွက် Gmail, yahoomail. Hotmail. Aolmail များထဲသို့ ၀င်လာသော စာများကို အိုင်ပီ လိပ်စာနှင့်တကွ နိုင်ငံနေရာအတိကျကိုပါ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
အွန်လိုင်းမှ လိမ်လည်မှုများ မဖြစ်ပေါ်နိုင်အောင် မိမိထံသို့ အီးမေးအတုများ ပို့ပြီး ဒုက္ခပေးလို့မရအောင် တစ်ချို့ လူများကလည်း မိမိဘယ်နိုင်ငံရောက်နေပါတယ်ဆိုပြီး အီးမေးပို့လိုက်သည့်အခါ သူ အဲသည်နိုင်ငံ မှာ အမှန်တကယ်ရောက်နေ မရောက်နေ သိချင်သောသူများအတွက်.. ဒီပိုစ်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
သို့သော် ချွင်းချက်တစ်ခုအနေဖြင့် အီးမေးပို့သူဘက်မှ anonymous proxy servers ကို အသုံးပြုထားလျှင်တော့ အိုင်ပီလိပ်စာကို မသိနိုင်တော့ပါဘူး။ စဉ်းစားကြပေါ့.. ဒီမေးဟာ ပို့သူက ရိုးသားလား၊ ရိုးရှင်းလား၊ ဒုက္ခပေးနိုင်မလားဆိုတာ ခုလို သူ့ဘက်က anonymous proxy servers ကိုသုံးထားသည်ဆိုကတည်းက သိပ်မှန်ကန်မှု မရှိနိုင်ဘူးလို့တော့ ၈၀% သေချာနေပါပြီ။
anonymous proxy servers ဆိုတာကတော့ မိမိ လိပ်စာ လူသိမခံနိုင်သော သူများ အသုံးပြုလေ့ရှိတဲ့ ဘန်းကျော် ဆိုက်တစ်ခုခုကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ သို့သော် တစ်ခါတလေမှာတော့ သူ့ဘက်က မသုံးမဖြစ် အသုံးပြုလိုက်ရသည့်အခြေအနေ ဥပမာ မြန်မာပြည်လို ဟို ပိတ်ဒီပိတ် နိုင်ငံမျိုးဆိုလျှင်တော့ မှန်ကန်နိုင်စရာ အကြောင်းရှိပါတယ်။ ဒါကြောင့်လည်း ၈၀% မသေချာဘူးလို့ပဲ ပြောထားပြီး. ၂၀% ကိုချန်ထားခြင်းပဲဖြစ်ပါတယ်။
မေးပေးပိုလာသူတို့ဘက်က အိုင်ပီ မှန်ကန်မှု ရှိပြီဆိုလျှင်ဖြင့် အိုင်ပီနဲ့ လိပ်စာကို အောက်ပါနည်းများအတိုင်း စစ်ဆေးကြပါခင်ဗျာ။
အိုင်ပီ လိပ်စာကို မည်သည့်မေးတွင်မဆို လေးထောင့်ကွက်ဖြင့်သာလျှင် ဖော်ပြပေးထားကြပါတယ်။
ဥပမာ [129.130.1.1] ပုံစံမျိုးပေါ့
GMAIL အတွက်… အိုင်ပီစစ်လိုက်ရအောင်။
ပထမဆုံး ဂျီမေးဖွင့်ထားပါ။ ပို့လာသူရဲ့ မေးကို ဖွင့်ပါ။ reply လုပ်မည်လို့ မေးရဲ့ ညာဘက် အပေါ် ထောင့်စွန်းနားမှာ ညာဘက်ကနေ ဘယ်ဘက်ကို ထိုးထားတဲ့မြားလေးပေါ့ဗျာ။ အဲဒိ မြားလေးဘေးက အောက်ကို ဆင်းနေတဲ့ တြိဂံလေးကို နှိပ်လိုက်ပါ။
ပုံမှာ ပြထားသည့်အတိုင်း show original ကို နှိပ်ပါ။ သူ့ဘယ်ကပို့တယ်ဆိုတာ အောက်ပါပုံထဲကအတိုင်း စစ်လို့ရပါပြီ။
RECEIVE FROM ဆိုတာလေးကို ပုံမှာ မြင်သည်မဟုတ်ပါလား။ အဲသည်ပုံထဲက လေးထောင့်နဲ့ အ၀ိုင်းပြထားတဲ့ လိပ်စာကို ကော်ပီကူးယူလိုက်ပါ။
အဲသည်မှာလည်း ဘယ်ကနေ ဘယ်ဆိုက်ကနေ ဘယ်လို ပို့ထားတယ်ဆိုတာလေးလည်း ထည့်ရေးပေးထားပါတယ်ခင်ဗျ။ နဲနဲတော့ ဖတ်ကြည့်ပေါ့။ ဗဟုသုတ ရပါတယ်။
ဒီ လင့်ကို ၀င်လိုက်ပါ။
http://www.ip-adress.com/ip_tracer/
အောက်က ပုံအတိုင်းတွေ့မည်။

ဒါဆို သူဘယ်ကလဲဆိုတာ သိအောင်လို့ အပေါ်ပုံက အနီကွက်ထဲမှာ ဂျီမေး show original ကနေ ကော်ပီကူးထားတဲ့ လေးထောင့်ကွက်လေးထဲက ဂဏန်းလေးလုံးကို ထည့်လိုက်ပါ။ ပီးတော့ track IP host or website ကို နိပ်ပါ။ ဒီလို ပေါ်လာလိမ့်မည်။
အခြား အိုင်ပီများသိရင်လည်း အပေါ်က အိုင်ပီရှာဖွေပေးတဲ့နေရာလေးမှာ ထည့်ပြီး ထိုအိုင်ပီက ဘယ်ကလဲဆိုတာလည်း စစ်ဆေးလို့ရပါတယ်ခင်ဗျ။
အဲသည်မှာမှ အဲသည်ဆိုက်ကနေ အိုင်ပီ ရှာမတွေ့ဘူး။ PRIVATE SERVER အသုံးပြုထားပါတယ်ဆိုရင်တော့ သင့်ကိုပို့လာသူရဲ့ မေးကို နဲနဲ သံသယ ၀င်စရာ ဖြစ်ရပါပြီ။
ခုလောက်အဆင့်ဆိုရင် မိမိ GMAIL ကနေ ဘယ်သူ ဘယ်ကနေ ပို့တယ်ဆိုတာ သိနိုင်ပြီဆိုပါစို့..
YAHOO ကို သွားကြည့်ရအောင်။
ဂျီမေးလိုပဲ YAHOO ကိုဖွင့်ပါ။ INBOX ကို ကလစ်ပါ။ ညာဘက်မှာ ၀င်ထားသော မေးတွေ ရှိပါလိမ့်မည်။ အဲသည်မေးတွေရဲ့ အပိုင်းကို သုံးပိုင်းခွဲထားပါတယ်။ ပုံမှာ ပြထားသည့်အတိုင်းပေါ့။ ပေးပို့လာသူနာမည်ရယ်။ SUBJET ရယ်။ အချိန်ရယ်ပေါ့။ ကျွန်တော်တို့က SUBJECT အပေါ်မှာ မောက်စ်နဲ့ ညာကလစ်ကို နှိပ်လိုက်မယ်။
ပုံကိုလေ့လာပါ။
ထို့နောက် အောက်ပါပုံအတိုင်း မြင်ရမည်။
ထိုနည်းအတိုင်း အိုင်ပီရပြီဆိုလျှင် အပေါ်က ပြထားတဲ့ အိုင်ပီ စစ်ဆေးပေးတဲ့ ဆိုက်ကလေးမှာ သွားပြီး ရှာဖွေနိုင်ပါပြီ။ အိုင်ပီ စစ်ဆေးသည့်ဆိုက်များ မြောက်များစွာရှိပါသည်။ မိမိတို့ နှစ်သက်ရာ ဆိုက်တွင် စစ်ဆေး၍လည်းရပါသည်။
HOTMAIL အတွက်ဆိုပါစို့.
အပေါ်က YAHOO လိုမျိုးပဲ INBOX ထဲ ၀င်လိုက်ပါ။ ထို့နောက် အိုင်ပီရှာဖွေဖို့အတွက် အောက်ပါ ပုံလေးအတိုင်း သာလုပ်လိုက်ပါ။
ပုံမှာ ပြထားသည့်အတိုင်း VIEW MESSAGE SOURCE ကိုနှိပ်လိုက်သောအခါ ...အီးမေး header ကို yahoo လိုမျိုးပဲ မြင်ရမှာ ဖြစ်ပါတယ်။ အိုင်ပီကို တော့ ထုံစံအတိုင်း RECEIVE FROM ဆိုပြီး လေးထောင့်ကွက်လေးနဲ့ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ အိုင်ပီရလျှင် အပေါ်က အိုင်စစ် စစ်ဆေးေ၇းမှာ ရှာဖွေလိုက်ပါ။
AOL MAIL အတွက်လည်း
ထိုနည်းတူစွာ စာဝင်ကို နှိပ်ပါ။ ထို့နောက် ပုံမှာ ပြထားသည့်အတိုင်းပါပဲ ACTION ကို ကလစ်ပါ။ ပုံမှာ ပြထားသည့်အတိုင်း VIEW MESSAGE SOURCE ကိုနှိပ်လိုက်သောအခါ ...အီးမေး header ကို yahoo လိုမျိုးပဲ မြင်ရမှာ ဖြစ်ပါတယ်။ အိုင်ပီကို တော့ ထုံစံအတိုင်း RECEIVE FROM ဆိုပြီး လေးထောင့်ကွက်လေးနဲ့ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ အိုင်ပီရလျှင် အပေါ်က အိုင်စစ် စစ်ဆေးေ၇းမှာ ရှာဖွေလိုက်ပါ။
 

ဒီနေရာမှာ နဲနဲလောက် ပိုစ်နဲ့ မဆိုင်တာလေးထည့်ပြောလိုက်ပါရစေ။ မည်သည့်အီးမေးမဆို.. မိမိမသိသော အီးမေး ဖြစ်စေ သိသောမေးဖြစ်စေ.. လင့်များ ထိုးပေးလာပြီ။ မိမိစိတ်ဝင်စားအောင်ပြောလာပြီ။ ဆိုရင် ထိုလင့်တွေ ဆိုက်တွေကို အစောတလျှင် မနှိပ်မိစေဖို့။ မကလစ်လိုက်စေဖို့ လိုပါသည်။ စစ်ဆေးပြီးမှသာလျှင် လုံခြုံမှု စိတ်ချမှု ရှိမှသာလျှင် ထိုလင့်များကို နှိပ်ပါရန် လေးစားစွာမေတ္တာရပ်ခံပါသည်။  ထိုသို့လုပ်သည်ကို ကွန်ပျူတာမှာ PHISHING  လို့ခေါ်ပါသည်။ ထို PHISHING အကြောင်းကို လည်း ရှာဖွေစုဆောင်း တင်ပြပေးပါဦးမည်။
 မိတ်ဆွေများ စိတ်ချမ်းသာကိုယ်ချမ်းသာစွာဖြင့် အီးမေး အသုံးပြုနိုင်ကြပါစေ။
Views: 157
Tags: IPabout

Wednesday, 7 August 2013

google ကိုအသုံးပြုပြီး လုံခြုံရေး ကင်မရာကို hack နည်း

ပထမဦးဆုံး www.google.com ကိုသွားလိုက်ပါ။ google search box ထဲမှာ
inurl:”viewerframe?mode=motion”
ဆိုတဲ့ dork လေးကိုထည့်ပြီး အန်းတားနှိပ်ပါ။ အများကြီးတွေ့ ပါလိမ့်မယ်။ အဲ့ထဲက မှကြိုက်တာကိုဖွင့်ကြည့်ပါ။
Tags: hacking
ကြည့်သူဦးရေ: 124

Tuesday, 6 August 2013

အွန်လိုင်းပေါ် ပိုက်ဆံရှာချင်သူများအတွက် Red Alertbux တွင် ကြော်ငြာကြည့်နည်း


ကျနော်သူငယ်ချင်းများ အဆင်မပြေဖြစ်တယ်လို့ကြားရပါတယ်ဗျာ..ဆိုက်တွေကိုဝင်တယ် မကလစ်တတ်လို့ပြန်ထွက်လာကြတာတဲ့..။ဒါကြောင့်တစ်ချို့စိတ်ပျက်သွားကြသလားမသိဘူး..ကဲပါ အခုကျနော်အားလုံးကိုအဆင်ပြေအောင် ဆိုက်တစ်ခုချင်းဆီကို ကလစ်ပုံကလစ်နည်းကအစ အသေးစိတ်ရှင်းပြနိုင်အောင် ကျနော် ကြိုးစားထားပါတယ်..။ဒီနေ့တော့ ဆိုက်တစ်ခုနဲ့ စလိုက်ကြရအောင်ဗျာ ဒီဆိုက်လေးကို ဘာကြောင့်ရွေးလိုက်ရသလဲဆိုတော့ အပေးကြမ်းတဲ့ဆိုက်လေးဖြစ်လို့ပါ ဆိုလိုတာက ကြော်ငြာများများ ကြည့်ရတဲ့ ဆိုက်လေးပေါ့ဗျာ

ကဲ အကောင့်မ၀င်ရသေးတဲ့သူငယ်ချင်းကတော့ အောက်ကပုံလေးကိုထောက်လိုက်ကြပါဗျာ



ပြီးတော့အကောင့်တစ်ခုလုပ်လိုက်ကြပေါ့...။ ဒီဆိုက်မှာ အကောင့်ဝင်ပြီးသားသူငယ်ချင်းတွေကတော့ ကိုယ်အကောင့်ကိုဖွင့်ပြီးဝင်လိုက်ကြတော့ဗျာ..အိုတေ.. အထဲရောက်သွားတာနဲ့ဒီလိုမျိုးလေးကိုတွေ့ရပါ့မယ်



အိုတေ ကဲ ကြော်ငြာကြည့်ဖို့စမယ်ဆိုရင်တော့ အနီဝိုင်းထားတဲ့နေရာလေးကိုကလစ်မယ်ဗျ ဟောသလိုနေရာလေးကိုထပ်ရောက်သွားပါလိမ့်မယ်



ရောက်သွားရင်တော့ အနီကွက်ထဲက ကြိုက်တဲ့နေရာကိုထောက်လိုက်ဗျ အောက်ပုံလေးလိုမျိုး တွေ့ရပါလိမ့်မယ်



အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ အနီရောင်အစက်လေးကို တွေ့တယ်ဟုတ် ဒါဆိုအဲတာကို ထိထိမိမိလေးနှိပ်လိုက်ဗျ ဒီမှာမှာစရာတစ်ခုရှိတယ်ဗျ ဖွင့်ပြီးတာနဲ့ ချက်ချင်းပြန်မပိတ်လိုက်ပါနဲ့ ဒါဆိုအောက်လိုမျိုးလေးစက္ကန့်ရေတွက်နေတာကို မြင်ရလိမ့်မယ်



အဲ အချိန်စေ့ပြီဆိုရင်တော့ ဒီလိုမျိုးလေး ပေါ်လာတယ်ဗျ



အဲဒီမှာ အနီရောင်လေးနဲ့ သေသေချာချာလေးကိုဝိုင်းပြထားတယ်ဗျ နံပါတ်တူတာလေးကိုနှိပ်ပေးရတာပါ တူတာလေးကိုမနှိပ်ပဲ တခြားဟာကိုသာသွားနှိပ်မိရင်တော့ သွားပြီ နောက်တစ်ခေါက်ပြန်ကြည့်ပဲ..။ကိုယ်အကောင့်ထဲကိုလဲ ပိုက်ဆံမ၀င်တော့ဘူးပေါ့ဗျာ။သေသေချာချာနှိပ်မိရင်တော့ ဒီလိုမျိုးလေး ပေါ်လာပါတယ်ဗျာ



ဒါနောက်ဆုံးအဆင့်ပါပဲ အနီရောင်လေးဝိုင်းထားတဲ့ နေရာလေးနှိပ်ပြီး ပိတ်လိုက်လို့ ရပါပြီ။ဒါဆိုကိုယ်အကောင့်ထဲ ပိုက်ဆံဝင်သွားပြီပေါ့။

နောက်ထပ်မှာစရာတစ်ခုက ဆိုက်တိုင်းကတစ်ရက်ကို တစ်ခါပဲကြည့်ခွင့်ပြုတာပါ သတိပြုရမှာက ဆိုက်တိုင်းကအိုင်ပီတွေကိုမှတ်ထားကြတာပါ ဒါကြောင့် စက်တစ်ခုထဲနဲ့အကောင့်နှစ်ခုဝင်လို့မရပါဘူး လူအများသုံးတဲ့ cybercafe လိုနေရာမျိုးကနေသုံးတာကိုလဲခွင့်မပြုပါဘူး ခွင့်ပြုရင်တော့ အဲဆိုက်အတုအယောင်ဆိုက်ပါပဲ ငွေတကယ်မပေးတဲ့ဆိုက်ပေါ့ဗျာ ဒီလောက်ဆို ကလစ်ပုံကလစ်နည်းလေးနားလည်မယ်ထင်ပါတယ်... ဒီပိုစ်လေးကိုအခုမှဖတ်မိတဲ့သူတွေကတော့ အွန်လိုင်းပေါ်မှာပိုက်ဆံရှာဖို့ စိတ်ဝင်စားမယ်ဆိုရင်

ဒီနေရာလေးမှာ

ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ နောက်တခြားဆိုက်တွေများကိုလဲ ကလစ်ပုံလေးတွေကို တင်ပြပေးနိုင်အောင် ကြိုးစားပါ့မယ်ဗျာ....... အားလုံးအဆင်ပြေပါစေ....

http://sunredsky.blogspot.com/

youtubeတွေကိုပုံစံအမျိုးမျိုးနဲ့ဒေါင်းချင်သူများအတွက်ကလိလို့ရပါတယ်(mp3,mp4)ကိုလည်းပြောင်းလို့ရပါတယ်

သီချင်း ရုပ်ရှင် များဒေါင်းယုံသာမက flashsong သမားများလိုချင်သော သီချင်းဆိုဒ်အရွယ်အစားကို လိုသလိုပြောင်းရန်အတွက် ပိုပြီးသင့်တော်ပါတယ် ဒီဆော့ဝဲလ်လေးကထွက်ထားတာကြာပီးဆိုပေမဲ့ သုံးရတာလွယ်ကူမယ်ထင်လို့တင်ပေးလိုက်တာပါ (ဒေါင်းရန်) ကိုနိတ်ပြီး ဒေါင်းလိုက်ပါ အခက်အခဲရှိပါက အောက်မှာ comment လေးထားခဲ့ပေးပါနော်။ အသုံးပြုနည်းလေးကတော့ ဒေါင်းချင်သေား youtube ကိုဖွင့် အောက်မှာ Download ဆိုတာလေးကိုနိတ် မိမိလိုချင်သော ဆိုဒ်အရွယ်အစားကို ရွေးချယ်လိုက်ယုံပါပဲ လိုချင်သူများအတွက်သာ(အမှိုက်လေး)
အကြောင်းအရာ: နည်းပညာ

Sunday, 4 August 2013

face book နောက်ခံဘက်ကလောက်တင်ကြမယ်။ပုံလေးတွေလဲလှလှလေတွေရှိတယ်နော် သူငယ်ချင် တို့


အရင်ဆုံး သူငယ်ချင်တိုဒီထဲကိုအရင်သွာလိုက်ပါ။(www.socialfixer.com)ဒါလေကိုအရင်ဝင်လိုက်ပါသူငယ်ချင်တို
အဲဒီမှာဒေါင့်လော့)အရင်လုပ်ယူလိုက်ပါ။ပြီးရင်သူငယ်ချင်တိုfacebookကိုဖွင်လိုက်ပါ။သူငယ်ချင်တို(fb)အပေါ်စားကြောင်လေမှာဂွလေပုံပေါ်နေပါမယ်။အဲဒါလေကိုနိုပ်လိုက်ပါပီးရင်တော(editsocialfixer)အပေါ်စားကြောင်ကိုနိုင်လိုက်တာနဲ(theme)လေကိုနိုပ်လိုက်ပါ။ဒါဆိုသူငယ်ချင်facebookနောက်ခံလေကိုကြိုက်တာရွေပေတောပြီးရင်(save)ကိုနိုပ်လိုက်ပါ။ဒါဆိုရပဲါပီးသူငယ်ချင်တို။
မရှင်တာရှိရင်မေးလိုရပါတယ်ကျွန်တော် အီမေးက(nayminthu.r1500)ပါ။ အားလုံးကိုကျေုဇူးတင်ပါတယ်
အမျိုးအစား: နည်းပညာ

Friday, 2 August 2013

IDM ဖြင့် ဒေါင်းလုပ်လုပ်တဲ့ အခါ Error တက်ပြီး ဒေါင်းလုပ် မရခြင်း ကို ဖြေရှင်းနည်း




တချို့သော Website များမှ Data ဖိုင်များကိုဒေါင်းလုပ် လုပ်တဲ့အခါ Error Messageတက် လာပြီးဒေါင်း လုပ် လုပ်လို့မရတာ မကြာခဏဖြစ်တတ်ပါတယ်။အဲဒါကိုဒေါင်းလုပ်လုပ်လို့ရအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ..မသိသေးတဲ့သူတွေအတွက်အဆင်ပြေအောင် ရေးပြလိုက်တာပါ။
အပေါ်ပုံမှာပြထားတဲ့အတိုင်း ဒေါင်းလုပ်ယူတဲ့အခါ Message တက်လာရင် Browser
ကိုပြန်ပိတ်လိုက်ပါ။IDM ကိုလဲပိတ်လိုက်ပါ။
ပြီးမှ IDM ကိုပြန်ဖွင့်ပြီး အောက်မှာပြထားတဲ့အတိုင်းတဆင်းချင်းဝင်ပြီး ပြင်သွားပါ။
IDM ကိုဖွင့်လိုက်ပြီး Options ကိုကလစ်ပါ။

General မှာ capture downloads the following browsers မှာ Browsers အားလုံးကိုအမှန်ခြစ်ပေးပါ
အောက်နားမှာရှိတဲ့ Key ကိုနဲနဲကြကြာလေးကလစ်ထားပြီးလွှတ်လိုက်ပါ။ဘောက်တခုတက်လာပါမယ်။
တက်လာတဲ့ဘောက်မှာ Use the following key[s] to force downloading withIDM for any links မှာ အမှန်ခြစ်ပေးပါ။အဲဒီအောက်က Ctrl ကိုလဲအမှန်ခြစ်ပေးပါ။
စောစောကဒေါင်းလုပ်လုပ်မရတဲ့ဖိုင်ကိုပြန်ရှာပြီးဒေါင်းလုပ်ကြည့်ပါ။အိုကေပါပြီ။
မရှင်းလင်းသေးရင်အောက်မှာပုံလေးတွေဖေါ်ပြပေးလိုက်ပါတယ်။ကြည့်ပြီးလုပ်ဆောင်ပါ














အားလုံးအဆင်ပြေပါစေ

Tuesday, 18 June 2013

သင့်ကွန်ပြူတာမှ မိုဘိုင်ဖုန်းများသို့ Message ပို့နည်း

ဒီနေ့တော့ မိမိကွန်ပြူတာကနေ ဖုန်းတွေဆီကို မက်ဆေ့(ခ်ျ) ပို့နည်းလေးကို ညီငယ်လေး မင်းမင်းတင် နှင့် မောင်မောင်ဦးတို့ နှင့်အတူ အခြား မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်...
လုပ်နည်းလေးကလည်း အရမ်းကိုလွယ်ပါတယ်...
  1. မိမိအသုံးပြုတဲ့ အီးမေး(လ်) ပရိုဂရမ်တခုခုကို ဖွင့် ပြီး ပုံမှာပြထားတဲ့အတိုင်းအီးမေး(လ်) အသစ်ပို့ရန် အဆင်သင့် ဖော်ထားလိုက်ပါ ။(Gmail,hotmail,yahoo mail, Etc...)
  2. မိမိ Message ပို့လိုတဲ့ဖုန်းနံပါတ်ကို To: နေရာမှာ number@teleflip.com ဒီပုံစံနဲ့ထည့်ပါ ။ ဥပမာ-ပို့လိုတဲ့ဖုန်းနံပါတ်က123-456-7890 ဆိုရင် 1234567890@teleflip.com ဒီလိုမျိုးရေးထည့်ပေးလိုက်ပါ။
  3. စာလုံးရေ 160 ထက်မပိုအောင်ရေးပြီး send ခလုတ်ကို နှိပ်ပြီး ပို့လို့ရပါပြီ...မိမိပို့လိုက်တဲ့ မက်ဆေ့(ခ်ျ) မကြာခင်အတောအတွင်းမှာေ၇ာက်ရှိသွားပါလိမ့်မယ်...သေချာမှုရှိမရှိ သိချင်ရင်တော့ မိမိ ကိုယ်ပိုင်ဖုန်းနဲ့ အရင်စမ်းသပ်ကြည့်လိုက်ကြပါနော်...
စကားချပ် : မိုဘိုင်ဖုန်းအိပ်ချိန်းကုမ္မဏီတွေအားလုံး သူတို့ရဲ့ဖောက်သည်များအတွက် မက်ဆေ့(ခ်ျ) အတိုနဲ့ အီးမေး(လ်) တွေကို မိုဘိုင်ဖုန်းတွေကနေ လက်ခံရရှိနိုင်ရန်အတွက် teleflip.com ဆိုတဲ့ Domain Name ကိုအသုံးပြုကြပါတယ်။ ဒီအပြင်အသုံးပြုကြတဲ့ Domain Name တချို့ကိုလည်း ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်...
  • Alltel : @ message.alltel.com
  • Nextel : @ messaging.nextel.com
  • Sprint : @ messaging.sprintpcs.com
  • SunCom : @ tms.suncom.com
  • T-mobile : @ tmomail.net
  • Voicestream : @ voicestream.net
  • Verizon : @ vtext.com (မက်ဆေ့(ခ်ျ)အတိုအတွက်သာ) (သို့မဟုတ်) @vzwpix.com (ဓါတ်ပုံ နှင့် ဗွီဒီယို)
အားလုံးအားလုံး နည်းပညာတွေ တိုးပွားကြပါစေ...
လာလည်ကြရန်ဖိတ်ခေါ်ပါသည် -http://itguidemyanmar.blogspot.com/2013/06/message.html