Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

ဖိုတိုရှော့နည်းပညာ အပိုင်း (၁၄)

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ခုတစ်လောအလုပ်က တစ်အားများနေတဲ့အတွက် ဘာပို့ဒ်မှမတင်နိုင်ဖြစ်သွားတယ်။ သူငယ်ချင်းများ
အား လုံးကိုတောင်ပန်ပါတယ်ဗျာ။ အားလုံးကိုသတိရတဲ့အတွက် မအားတဲ့ကြားထဲကဘဲ တတ်သမျှ
မဖြစ်စလောက်လေးတွေကို တင်ပေးလိုက်ပါတယ်။ ဒီပို့လေးကတော့ အားလုံးကို ရေခဲရိုက်မယ်တဲ့။
ပုံတစ်ပုံလောက်ဖွင့်လိုက်ကြရအောင်နော်။


(၁) ပုံကို Layer>New>Layer via Copy (သို့) Ctrl+J နဲ့ပွားလိုက်ပါ။ ပြီးရင်တော့ Image>Rotate
Convas> 90 CW နဲ့စောင်းလိုက်ပါ။ ပုံလေးကိုကြည့်ပါ။

(၂) စောင်းထားတဲ့ပုံကို Filter>Stylize>Wind ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ ကျလာတဲ့ဘောက်မှာ
Methodမှာ wind နဲ့ Direction မှာ From the Right တို့ကို နှိပ်ပြီး အိုကေပေးလိုက်ပါ။ ဒီပုံလေးအ
တိုင်းဖြစ်သွားပါမယ်။

(၃) ပြီးရင်တော့ အဲ့ဒီပုံလေးကို Image>Rotate Convas> 90 CCW နဲပြန်တည့်လိုက်က်ပါ။ ပုံလေးကို ကြည့်ပါ။

(၄) နောက်တော့ Image>Adjustments>Hue/Saturation (သို့) Ctrl+U ကိုခေါ်လိုက်ပါ။ Hue
(-180),Saturatin (-90), Lightness (+23) လောက်ထားပြီး အိုကေလိုက်ပါ။ ပုံအနေအထားပေါ်
မူတည်ပြီး အထက်ပါ သတ်မှတ်ချက်တွေပြောင်းလဲသွားနိုင်ပါတယ်။ သူငယ်ချင်း စိတ်ကြိုက်ညှိကြည့်
ပါဦးနော်။

(၅) ပြီရင်တော့ Filter>Artistic>Plastic Wrap ကိုနှိပ်လိုက်ပါ။ ကျွန်တော့်ပုံအနေအထားအရ Highlight
Strength 8, Detail 7, Smoothness 9 လောက်ပေးပြီး အိုကေလိုက်ပါတယ်။ ပုံအထားကြည့်ပြီး ချိန်ညှိ
ပါ။ ကိုယ်ပုံနဲ့သင့်တော်သလို ချိန်လိုက်တာကောင်းပါတယ်။ ပုံသေမမှတ်ပါနဲ့။ ပုံလေးကိုကြည့်လိုက်ပါဦး။

ကဲ ဒီလောက်ဆိုရင်တော့အဆင်ပြေသွားပါပြီ။ ပုံလေးကိုလည်းကြည့်သွားပါဦး။ သူငယ်ချင်းကြိုက်တာ
ကိုရေခဲပုံစံ လုပ်လို့ရပါတယ်။ ကျွန်တော့်ရဲ့ မတောက်တခေါက်ပုံလေးတွေကိုလည်း ကြည့်သွားပါဦး။

နောက်တစ်ပုံကတော့ သူ့ပရိတ်သတ်တွေ ကျွန်တော့်ကိုမေတ္တာပို့အောင်လို့တင်ပေးလိုက်ပါတယ်။
အောက်မှာ ကျွန်တော် လက်ဆော့ထားတဲ့ပုံလေးလဲထည့်ပေးလိုက်ပါတယ်။

ကဲ သူငယ်ချင်းအားလုံးနဲ့ ပညာရှင်များဗျာ ..... တတ်လို့တော်လို့တော့မဟုတ်ရပါဘူး။ ကျွန်တော့်ဆီ
ကနေ တစ်ခုခုလေး ရသွားမှာပါဆိုတဲ့ စေတနာလေးကြောင့်ပါဗျာ။ သူငယ်ချင်းအတွက် တစ်ခုခုလေး
အကျိုးဖြစ် သွားမယ်ဆိုရင်ဆိုတဲ့ စိတ်လေးနဲ့ဘဲ ကျေနပ်နေမှာပါဗျာ။
ပညာရှင်အားလုံးကို လေးစားလျက်ပါဗျာ။ အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ရိုးရိုးလေး (yoeyoelay18@gmail.com)
Print Friendly and PDF

No comments:

Post a Comment