Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

ဖိုတိုရှော့နည်းပညာအပိုင်း (၈)



ကျွန်တော်တို့ ဆံပင်အရောင်လေးတွေ အပျင်းပြေချယ်ကြည့်ရအောင်ဗျာ။
ဆံပင်မှ မဟုတ်ပါဘူး ကျန်တဲ့ကိုယ့်စိတ်ကူးတည့်ရာတွေလည်း လုပ်ကြည့်ပါ။
ပထမဆုံး ကိုယ့်ရဲ့ ကောင်မလေးပုံဖြစ်ဖြစ်၊ မရှိတဲ့သူများကတော့ အစမ်းသပ်ခံတစ်ယောက်လောက်ရဲ့ပုံကိုဖွင့်လိုက်ပါနော်။



(၁) Layer>New>Layer via Copy (သို့မဟုတ်) Ctrl + J ကိုနှိပ်လိုက်ပါ။

(၂) ပွားထားတဲ့ လေယာကို Image>Adjustments>Color Balance (သို့မဟုတ်) Ctrl + B ကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်ရာအရောင်တစ်ခုခုကို ပေးလိုက်ပါ။



(၃) Layer box မှ Add layer mark ခလုပ်လေးကို နှိပ်ပြီး layer mark လုပ်လိုက်ပါ။ တဆက်ထဲမှာဘဲ ကီးဘုတ်မှ D ကိုနှိပ်ပြီး Set foreground color ကို အဖြူအမဲ ပြုလုပ်လိုက်ပါ။ ကျွန်တော်ပုံလေးတွေနဲ့ လွယ်ကူအောင်ပြထားပါတယ်။



(၄) ကတော့ Tool box မှ Brush tool ကို ယူပြီးတော့ ဆံပင်နေရာမှလွဲပြီး ကျန်တဲ့ နေရာတွေကို
ပွတ်တိုက်ပြီး ဖျက်ပြစ်လိုက်ပါ။ အဲ့ဒါဆိုရင်တော့ မိမိတို့ ချယ်ပေးထားတဲ့အရောင်လေး ဘဲကျန်တော့မှာ ပါနော်။ ဆံပင်ဆံဖြားမှ အရောင်ရင့်တွေကိုတော့ ကျွန်တော်ပုံထဲမှာဝိုင်းပြထားတဲ့ Opicity မှာ လျှော့ပြီး ဖျက်ပြစ်ပေးပါ။ အနုပညာလုပ်ငန်းဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ အသုံးပြုမယ်ဆိုရင်တော့ လှပတဲ့
ပုံကောင်းလေးတစ်ခုကို ရမှာမလွဲပါဘူးဗျာ။



 ကဲ .. ကြိုးစားကြည့်လိုက်ရအောင်နော်။ နမူနာပုံလေးတွေနဲ့ပြထားပါတယ်။ တော်လို့ တတ်လို့တော့ မဟုတ်ဘူးနော်။ မျှဝေတဲ့သဘောပါ။ အရောင်ကတစ်မျိုးထဲမဟုတ်ပါဘူး သူငယ်ချင်း လိုသလို နှစ်မျိုး၊ သုံးမျိုး သုံးလို့ရပါတယ်။ ပညာရှင်အားလုံးကို လေးစားလျက်ပါဗျာ။ အားလုံးဘဲ ပျော်ရွှင်ကြပါစေနော်။

 

 





yoeyoelay18@gmail.com

No comments:

Post a Comment