It will take 5 Seconds to Subscribe Us
Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂)
မန္တလေးမှငန်းကလေး
လို့အမည်ပေးထားပါတယ်……….
အခု သင်ခန်းစားလေးကို အောက်မှာ ပေးထားတဲ့ပုံ(၃)ပုံကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုလုပ်ကြည်ပါမယ်-
ပုံ(၁)
ပုံ(၂)
ပုံ(၃)
နောင်ဆုံးရရှိမည့်ပုံ
စလိုက်ကြရအောင်…..
ထုံးစံအတိုင်းပေါ့…ပုံ(၁)မှ(၃)အထိကို သင့်စက်ထဲ ဒေါင်းလိုက်ပါ။
အဆင့်(၁)
ပုံအမှတ်(၁)ကို Adobe Photoshop သုံးပြီးဖွင့်လိုက်ပါမယ်။
အဆင့်(၂)
Inage Menu က Duplicate ကိုရွေးလိုက်ပါ။
Dialog box ကျလာရင် MyDesign3 ဆိုပြီး အမည်ပေးပြီး OK လုပ်ပါ။
အဆင့်(၃)
ပုံ(၂)ကို ဖွင့်လိုက်ပါ။
အဆင့်(၄)
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။
အဆင့်(၅)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး စုံတွဲပုံလေးကို ဖိဆွဲပြီး
ဘယ်ဖက်က ကျုံးရေပြင်ပေါ်ကို တင်လိုက်ပါ။
ကျုံးရေပြင်ပေါ်ကို အောက်ပါပုံအတိုင်းရောက်သွားပါမယ်။
Layer Palette မှာ Layer 1 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က စုံတွဲပုံကို ပိတ်လိုက်ပါ။
အဆင့်(၆)
Magic Wand Tool ကို ရွေးလိုက်ပါ။ ပုံပေါ်က အဖြူကွက်မှာ Click လုပ်လိုက်ပါ။
Delete Key ကို နှိပ်ပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၇)
ပုံ(၃)ကိုဖွင့်ပါ။
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။
အဆင့်(၈)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး ငန်းပုံလေးကို ဖိဆွဲပြီး
ဘယ်ဖက်က ပုံပေါ်ကို တင်လိုက်ပါ။
အောက်ပါပုံအတိုင်းရောက်သွားပါမယ်။
Layer Palette မှာ Layer 2 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က ငန်းပုံကို ပိတ်လိုက်ပါ။
အဆင့်(၉)
Magic Wand Tool ကို ရွေးလိုက်ပါ။ Tolerance ကို 15 ပေးလိုက်ပါ။
ပုံပေါ်က အပြာရောင်ပေါ်မှာ Click လုပ်လိုက်ပါ။
Delete ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၁၀)
Hand Tool ကို Double Click လုပ်ပါ။
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
ငန်းပုံကို အောက်ပါအတိုင်းနေရာရွှေ့ပါ-
အဆင့်(၁၁)
Image menu က Adjustments သွားပြီး Color Balance ကိုရွေးလိုက်ပါ။
Ctrl + B ကို နှိပ်လည်း ရပါတယ်။
အောက်ပါအတိုင်း Box တစ်ခု ကျလာပါမယ်-
Color Level ကို +73 , -43 , -85 ပြောင်းပြီး OK လုပ်ပါ။
အောက်ပါအတိုင်းငန်းပုံလေးအရောင်ပြောင်းသွားပါမယ်-
ဒီအဆင့်မှာ လုပ်တဲ့ Color Balance ကို မိမိနှစ်သက်ရာ ပြောင်းပြီး
ဆောင်ရွက်ကြည်စေလိုပါတယ်။
အဆင့်(၁၂)
Layer က Flatten Image ကို ရွေးချယ်ပေးပါ။
Layer တွေအားလုံးပေါင်းသွားပြီး Background ဖြစ်သွားပါမယ်။
Tool Box က Clone Stamp Tool ကိုရွေးလိုက်ပါ။ S ကို နှိပ်လည်းရပါတယ်။
Brush Size ကို 35 ထားပါ။
ပုံရဲ့ ညာဘက် အောက်ထောင့် A စာလုံးနေရာလောက်ကို Alt Key နှိပ်ထားပြီး
Click လုပ်ပါ။
Alt ကို လွှတ်လိုက်ပြီး အပေါ်ဖက်က ငန်းအမြီးလေး ကို
အပင်တွေဖုံးသွားတဲ့ပုံအဖြစ် ပွတ်ပြီးဆွဲပေးပါ။
Save လုပ်ပြီးသိမ်းလို့ရပါပြီ။
နည်းပညာကြွယ်ဝနိုင်ကြပါစေ
ကိုရင်ကျော်
(၄-၁၂-၂၀၁၁)(၀၄း၂၀)နာရီ
No comments:
Post a Comment