Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

ဖိုတိုရှော့အနုပညာ အပိုင်း (၅)

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock










Photoshop CS2 ရဲ့အနုပညာများ
အင်တာနက်လိုင်းမကောင်းတာနဲ့ မတင်ဖြစ်ဘူးဗျာ။ ခုရတုန်းလေးတင်ပေးလိုက်ပါတယ်။
ကိုယ့်ပုံနဲ့ကို ဘောင်လေးလုပ်နည်းပေါ့
ပုံလေးတစ်ပုံလောက်ကို ဖွင့်လိုက်ပါ။ ခုတလောနာမည်ကြီးနေတဲ့သူလေးပေါ့။ သိမှာပါ………။



(၁) နံပတ် (1) ကတော့ Menu bar မှ Edit>Define pattern ကိုနှိပ်ပြီး Ok ပေးလိုက်ပါ။



(၂) နောက်တော့ Menu bar မှ Layer>New fill Layer> Pattern ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ box ကိုတော့ ဘာမှမလုပ်ဘဲ Ok ဆက်နှိပ်လိုက်ပါ။ နောက်ထပ်ကျလာတဲ့ Pattern fill ဘောက်မှာတော့ Scale ဆိုတဲ့နေရာမှာ (5) လောက်ထားပြီး Ok ပေးလိုက်ပါ။ ဒီနေရာမှာတစ်ခုပြောချင်တာက ပုံတစ်ခုနဲ့တစ်ခု Scale ပေးတာမတူညီနိုင်ပါဘူး။ ကိုယ့်ပုံနဲ့ အဆင်ပြေနိုင်တာကို ချိန်ဆပြီးပေးနိုင်ပါတယ်။



(၃) နောက်တော့Tools box မှ Rectangular Marquee Tool ကိုယူပြီး ဓါတ်ပုံရဲ အလယ်လောက်ကို ၀ိုက်ဆွဲပြီး Select ပေးလိုက်ပါ။



(၄) အနေနဲ့ကတော့ ကီးဘုတ်မှ Delete ကီးကိုနှိပ်ပြီး လိုအပ်သလိုချိန်ညှိလိုက်ရင် တော့ လှပတဲ့ ပုံလေးနဲ့ဘောင်ကိုရရှိသွားမှာပါ။ Layer အားလုံးပေါင်းတာက Ctrl+Shift + E ကီးတွေကိုပေါင်းနှိပ်လိုက်တာနော်။ အဆင်ပြေမှာပါ။


တတ်လို့/တော်လို့တော့မဟုတ်ဘူးနော်။ မျှဝေတဲ့သဘောပါ။ မသိတဲ့သူများ အတွက် ပေါ့။ အားလုံးပျော်ရွှင်ပါစေ။
ရိုးရိုးလေး
Print Friendly and PDF

No comments:

Post a Comment