Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

ဖိုတိုရှော့နည်းပညာ အပိုင်း (၁၂)

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock


ကဲ ဒီတစ်ခါတော့ အသားအရည်ချောမွတ်သွားအောင်လုပ်တဲ့နည်းလေး တင်ပေးပါမယ်။ အင်တာနက်ဂျာနည်က တွေ့
တဲ့နည်းလေးပါ။ လွယ်ကူပြီး အများမြင်သာအောင် ကျွန်တော်တင်ပေးထား ပါတယ်။ကိုယ့်လို ဘာမှမတတ်သေးတဲ့လူ
တွေ ရှင်းရှင်းလင်းလင်းမြင်စေချင်တဲ့ စေတနာပါဗျာ။ ရုပ်ရင့်ပြီး၊ အသားအရည်နုညံ့အောင်လုပ်မှာဆိုတော့မော်ဒယ်မင်း
သား/မင်းသမီးတွေနဲ့မဖြစ်ဘူးဗျ။ မြန်မာနိုင်ငံကမင်းသားမင်းသမီးတွေကအချောအလှတွေကြည့်ဘဲဆိုတော့အစမ်းသပ်
ခံမင်းသားကို မနည်းရှာရတယ်။ ကဲခပ်မိုက်မိုက်၊ ခပ်ကြမ်းကြမ်းမင်းသားကိုတွေ့တယ်ဗျ။ သူပုံလေးကိုဖွင့်လိုက်ပါမယ်။

 ဘွန်းမင်းသား Daniel Craig ပါ။


(၁) ဖွင့်ထားတဲ့ပုံကို Layer>New>Layer via Copy (သို့) Ctrl+J နဲ့ပွားလိုက်ပါ။ ပွားထားတဲ့လေယာကို Filter>Other>High Pass ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ High Pass ဘောက်မှာ Radius ကို 1.4 လောက် ထားပြီး အိုကေလိုက်ပါ။ ဒီနေရာမှာ ပုံရဲဆိုက်ဒ်အပေါ်မူတည်ပြီး ကွဲပြားနိုင်တာမို့လို့ လွယ်တဲ့နည်းကတာ့ မူရင်းပုံကို လိုင်းလေးတွေနဲ့ ခပ်ဝါးဝါးမြင်ရရင်ဘဲ OK ပေးလိုက်ပါ။ အလွယ်နည်းပေါ့။ Radius ကိုပုံသေမမှတ်စေချင်လို့ပါ။ ကြည့်ကြည့်ပါဦး


(၂) High Pass ပြောင်းပြီးတဲ့လေယာကို Layer box  ကို Blending   Mode ဆိုတဲ့ Normal ပြထားတဲ့နေ ရာမှာ Soft
 Light (သို့) Hard Light အဆင်ပြေမဲ့ဟာ တစ်ခုထားလိုက်ပါ။ ပုံလေးကိုကြည့်လိုက်ပါဦး။ ကျွန်တော်ရှင်းအောင်ပြထား
ပါတယ်။


(၃) ပြီးရင်တော့ ကျွန်တော်တို့ Background Layer ကိုရွေးပြီး Layer>New>Layer via Copy(သို့) Ctrl+J နဲ့ပွားလိုက်
ပါ။ မှားမဆိုးလို့ ပုံနဲ့ပြထားပါတယ်။ အောက်ကပုံလေးကိုကြည့်လိုက်ပါ။




(၄) ပွားထားတဲ့လေယာကို Image>Adjustments>Invert (သို့) Ctrl+I  ကိုနှိပ်လိုက်ပါ။   ဒီ Invert ပြောင်းထားတဲ့
Layer ကိုဘဲ Filter>Other>High Pass ကိုနှိပ်လိုက်ပါ။ ကျလာတဲ့ High Pass ဘောက်မှာ Radius ကို 1.4 လောက်
ထားပြီး OK လိုက်ပါ။  ကဲပုံလေးနဲ့ရှင်းထားတာလေးကြည့်ပါဦး။



(၅) ဒီ Layer ကိုဘဲ Blending Mode ဆိုတဲ့ Normal ပြထားတဲ့နေ ရာမှာ Overlay ထားလိုက်ပါ။ ပုံလေးကိုကြည့်လိုက်
ပါဦး။


(၆) အဲ့ဒီအဆင့်တွေပြီးရင်တော့ကျွန်တော်တို့ပထမစလုပ်ထားတဲ့Layer1ကိုပြန်သွားလိုက်ပါ။အဲ့ဒီလေယာမှာSelection
 Tool တခုခု ဥပမာ Elliptical Marquee Tool နဲ့မျက်နှာပေါ်က ကြမ်းတမ်း နေတဲ့ အသားပေါ်မှာ ၀ိုက်ပြီးဆွဲလိုက်ပါ။
 ပြီးရင်တော့ Filter>Noise>Median ကိုနှိပ်ပါ။     Radius ကို 1 ဘဲထားပြီး OK လိုက်ပါ။ ပုံလေးကိုကြည့်ပါဦး။
ကျွန်တော်သေချာအနီလေးတွေနဲ့ဝိုင်းပြထား ပါတယ်။





(၇)  နောက်အဆင့်ကတော့ မျက်နှာက ကြမ်းနေတဲ့ နေရာတွေကို စောစောက Elliptical Marquee Tool နဲ့ဖြစ်ဖြစ်၊
Lasso tool, Polygonal lasso tool သူငယ်ချင်းနှစ်သက်ရာနဲ့ select ပေးလိုက်ပါ။

ဒီတစ်ခါတော့Filter>Noise>Median ကိုသွားစရာမလိုတော့ပါဘူး။ အဲ့ဒီ Function  အတိုင်းဖြစ်စေမဲ့ShortCut ကီးဖြစ်
တဲ့  Ctrl+F ကိုသာနှိပ်သွားရုံပါဘဲ။ မညီတဲ့နေရာကို စလက်ပေးလိုက် Ctrl+F ကိုနှိပ်လိုက်နဲ့ ဆက်ပြု ပြင်သွားပါ။ပုံလေး
ကိုကြည့်ပါဦး။




(၈)  သူငယ်ချင်းစိတ်ကြိုက်ပြုပြင်ပြီးသွားရင်တော့Layer အားလုံးကို Ctrl ရယ်Shift ကီးရယ်ကိုဖိထားပြီး Eခလုပ်ကိုနှိပ်
ကာ Layer အားလုံးကိုပေါင်းပစ်လိုက်ပါ။ ပြီရင်တော့ Image>Adjustments> Shadow/Highligh ကိုနှိပ်ပြီးShadows
 Amount မှာ 24 လောက်ထားပြီး Ok လိုက်ပါ။ ပုံလေးကိုကြည့်ပါဦး။





(၉) အနေနဲ့ကတော့ ကျွန်တော်တို့က အလင်းတင်လိုက်တာဖြစ်တဲ့အတွက် မင်းသားရဲ့ဆံပင်တို့၊ မျက်ခုံမွှေးတို့၊ ကုတ်
အင်္ကျီတို့က ဖွေးကုန်ပါတယ်။ အဲ့ဒါလေးကိုပြင်ပေးရဦးမှာဖြစ်တဲ့အတွက် Tool box မှ Burn Tool ကိုယူပြီး အပေါ်ဘား
က Exposure မှာ 15 ။ 16 လောက်ထားပြီး ဖွေးနေတ ဆံပင်တို့ မျက်ခုံမွှေးတို့၊ ကုတ်အင်္ကျီတို့ကိုအသာအယာပွတ်သပ်
ပြီးမဲလိုက်ပါ။ လက်မငြိမ်ရင်တော့ Exposure မှာအမောင့်ကို လျှော့ပြီးမှလုပ်ပါ။  တော်ကြာ မင်းသားက ဘင်လာဒင်ဖြစ်
သွားပါဦးမယ် ..ဟား ဟား။ ပုံကြည့်ဦးနော်။




ကဲအဲ့လောက်လုပ်လိုက်ရင်တော့ ကျွန်တော်တို့ရဲ့မင်းသားကြီး တော်တော်ကို နုပျိုသွားပါပြီဗျာ။ ကျွန်တော့် ရဲ့မကောင်း
တကောင်း လက်ရာလေးကို ကြည့်ပါဦး။




တတ်လို့တော်လို့တော့ မဟုတ်ဘူးနော်။ ကျွန်တော်လည်း ဘာမှဟုတ်တိပတ်တိမတတ်သေးပါဘူး။ မသိသေးတဲ့သူတွေ
ကို မျှဝေတဲ့သဘောပါ။ ပညာရှင်အားလုံးကို လေးစားလျှက်ပါဗျာ။။ သူငယ်ချင်းအားလုံး ဘဲ ပျော်ရွှင်ကြပါစေဗျာ။
ရိုးရိုးလေး yoeyoelay18@gmail.com
Print Friendly and PDF

No comments:

Post a Comment