Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

ဖိုတိုရှော့နည်းပညာ အပိုင်း (၁၁)



ကဲဒီတစ်ခါတော့ လွင့်ပျံနေတဲ့ဆံနွယ်လေးတွေကို ပုံစံမပျက် ဘက်ဂရောင်းပြောင်းတဲ့နည်းလေးပေါ့ဗျာ။ သူငယ်ချင်းတို့စိတ်ဝင်စားမှာပါ။ ကဲ ကဲ ပုံလေးတစ်ပုံလောက်ဖွင့်လိုက်ပါ။ ဖွေးဖွေးပုံလေးပေါ့ဗျာ။ ဆံနွယ်တွေ လေမှာလွင့်နေတာပေါ့။ ဒီကောင်းလေးနဲ့ဖြတ်တာ အဆင်ပြေတယ်။




(၁) ပုံလေးကို Layer>New>Layer via Copy (သို့) Ctrl+J နှိပ်ပြီးပွားထားလိုက်ဦးဗျ။ ကိုယ့်ကိုယ်ကို ယုံ ရင်တော့မပွားနဲ့ပေါ့။ တော်ကြာ ပုံလေးဆုံးသွားဦးမယ်။ ပြီးရင်တော့ Filter>Extract (သို့) Ctrl+Alt+X ကို နှိပ်လိုက်ပါ။ ကျလာတဲ့ Extract ဘောက်မှ Edge Highlighter Tool ကိုယူလိုက်ပါ။ Highlight မှာ Green ကိုယူလိုက်ပါ။ ပြီးရင်တော့ ဆံပင်ဘေးနားပတ်လည် ကိုလိုက်ပြီးချယ်လိုက်ပါ။ ဘရပ်ဆိုက်ဒ်အကြီး အသေးကိုလည်း Brush Size မှာချိန်လို့ရပါတယ်။ အသားတွေ၊ မလိုအပ်တာတွေမထိအောင်တော့ လုပ်ပါ။ ကျွန်တော်ပုံလေးနဲ့ပြထားပါတယ်။ ကြည့်လိုက်ပါဦး




(၂) ပြီးရင်တော့ Fill Tool ကိုယူလိုက်ပါ။ ဆေးပုံးလေးနဲ့ပြထားပါတယ်။ Highlight မှာ Blue ကိုယူလိုက်ပါ။

ပြီးရင်တော့ ကိုယ်ချယ်ထားတဲ့ အတွင်းကို ဆေးပုံတိုးလေးနဲ့ ကလစ်လိုက်ပါ။ နောက်တော့ Smooth မှာ 10 လောက်ထားလိုက်ပါ။ ပုံအခြေအနေကြည့်ပြီး ထားပေါ့ဗျာ။ ပုံသေမဟုတ်ပါဘူး။ ပြီးရင်တော့ OK ပေါ့။




(၃) ပြီးရင်တော့ အနားစမညီတာလေးတွေ၊ အစွန်းထွက်လေးတွေကိုတော့ Tool box မှ Eraser Tool၊ အောက်ခံအရောင်ညီရင်တော့ Magic Eraser tool၊ Polygonal lasso ၊ Pan Tool တို့နဲ့ညှီလိုက်ပါ။ 

အနားလေးတွေကိုလည်း Blur tool လေးနဲ့အနယ်ငယ် မွန်းမံပေးလိုက်ပါဦး။ အနုပညာအလုပ်ဆိုတော့ နည်းနည်းတော့ စိတ်ရှည်ရှည်ထားဗျာ။ အဲ့ဒါမှ ပုံထွက်လှမှာ။




(၄) ကဲပြီးပါပြီဗျာ။ နောက်ကသူငယ်ချင်းကြိုက်တဲ့ ဘက်ဂရောင်းတစ်ခုခုဆွဲသွင်းလိုက်တော့နော်။ အဆင်ပြေမှာပါ။




 တတ်လို့ တော်လို့တော့မဟုတ်ဘူးနော်။ ကျွန်တော်လည်း ဘာမှဟုတ်တိပတ်တိ မတတ်သေးပါဘူး။ မသိသေးတဲ့လူတွေကိုမျှဝေတဲ့သဘောပါ။ ပညာရှင်အားလုံးကိုလေးစားလျက်ပါ။ အားလုံးပျော်ရွှင်ပါစေဗျာ။ ကဲဘိုင့် ဘိုင့်ဗျာ။ နောက်မှဆက်တွေ့ကြမယ်။

yoeyoelay18@gmail.com

No comments:

Post a Comment