Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 1 May 2013

Adobe Photoshop အခြေခံသင်ခန်းစာ(၃)a



အခုကျွန်တော် တင်ပြပေးနေတဲ့ အခြေခံသင်ခန်းစာတွေက ကွန်ပျူတာသင်တန်းကျောင်းတွေ မှာ လေ့ကျင့်သင်ကြားပေးနေတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ ဒီသင်ခန်းစာတွေကို မှန်မှန်လေ့ကျင့် သွားမယ်ဆိုရင် Photoshop နည်းပညာကို တတ်ကျွမ်းသွားနိုင်ပါတယ်။ အဓိက လိုအပ်ချက်က ဇွဲကောင်းကောင်းနဲ့ မှန်မှန်လေ့ကျင့်သွားဖို့လိုအပ်ပါတယ်။
Photoshop မှာ အရောင်တွေကို ချိန်ညှိရပါတယ်။ အဲဒီလို ချိန်ညှိတဲ့အခါမှာ သင့်ဖောက်သည်တွေရဲ့ လိုအပ်တဲ့အရောင်ကို ချိန်ညှိပေးရတာရှိသလို အလိုအလျောက် ချိန်ညှိပေးတဲ့လုပ်ငန်းကိုလည်း သင်လုပ်ရပါမယ်။
အခုသင်ခန်းစာမှာ အောက် မှာပေးထားတဲ့ပုံကို အသုံးပြုပါမယ်။
အလွယ်တကူလေ့လာနိုင်ဖို့အတွက် ပေးထားတဲ့ပုံကို သင့်ရဲ့စက်ထဲကို အရင်ကူးထည့်ပေးဖို့လိုအပ်ပါ တယ်။
အဆင့်(၁)
သင့်စက်ထဲကို ကူးတင်ထားတဲ့ ဖိုင်ကို Photoshop ထဲဝင်ပြီး ဖွင့်လိုက်ပါ။
အဆင့်(၂)
Image menu က Adjustments ကို သွားပါ။ ပြီးလျှင် Auto Color ကို ရွေးချယ်လိုက်ပါ။
အောက်ပါအတိုင်း အရောင်အနည်းငယ်ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။
အဆင့်(၃)
Image menu က Adjustments ကို သွားပါ။ ပြီးလျှင် Shawdow/Highlight ကို ရွေးချယ်လိုက်ပါ။
အောက်ပါအတိုင်း box တစ်ခုကျလာပါမယ်။
အဆင့်(၄)
Shawdow/Highlight box မှာ Preview ကို Check လုပ်ထားပါ။ Shawdow မှာ Amount ကို အတိုးအလျော့လုပ်ကြည့်ပါ။ ကျွန်တော်က 45 မှာထားလိုက်ပါမယ်။
Highlight မှာ Amount ကို အတိုးအလျော့လုပ်ကြည့်ပါ။ ကျွန်တော်က 25 မှာထားလိုက်ပါမယ်။
ပြီးလျှင် OK ကို Click လုပ်လိုက်ပါ။ အောက်ပါအတိုင်း ပုံရဲ့အရောင်ပြောင်းလဲသွားတာကို တွေ့မြင်ရပါမယ်။
မူရင်းပုံနဲ့ ပြုပြင်ပြီး ပုံကို နှိုင်းယှဉ်ကြည့်လိုက်ပါ။
မပြုပြင်မီပုံ
ပြုပြင်ပြီးပုံ
အချိန်ရရင် ရသလို တင်ပြပေးသွားပါမယ်။
နည်းပညာကြွယ်ဝနိုင်ပါစေ။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂-၅-၂၀၁၂)(၂၂း၄၀)နာရီ

No comments:

Post a Comment