Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Friday, 10 May 2013

ပိုးသတ်ဆေးမသုံး ကွန်ပျူတာဖြင့်သာ ခြင်နှိမ်နှင်းနည်း

တကယ် အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့ များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင် အများကြီး အကျိုးရှိတဲ့
နည်းလမ်း ဖြစ်ပါ တယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေး လည်း ညီညွတ်စေ ပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
တုန်ခါမှု -Vibration အသံနဲ့ ခြင်တွေကို အခန်း တွေကနေ နှင်ထုတ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှု ပမာဏ ရှိတဲ့ Audio
file ကိုဖွင့်ပေးလိုက်ရင် ခြင် များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့
လိုအပ်ပါတယ်။ နည်း စနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာ လေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင် လောက်တဲ့
အနေအထားလို့ဆိုပါတယ်။ အမှန်တော့ စပီကာ တစ်လုံးတည်း ရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့ အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာ
ပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။
၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။
Download Tone Gen Sound Generator Software
၂။ ပြီးတော့ tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။ (software က file size လည်း မကြီးတဲ့ အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)
၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ် ပေးရပါမယ်။ အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။
ကျန်တာကတော့ အခြား နေရာမှာ အသုံးပြု ရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။
၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့် နိုင်ပါတယ်။
၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။
၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။
၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့
အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါ တယ်။
ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ် အနည်း
ငယ်ဖွင့်ပြီး ခြင်မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။
ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်း လိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်
လင့်ပါတယ်။
ဖတ်ခဲ့သူများ: 17

No comments:

Post a Comment