It will take 5 Seconds to Subscribe Us
Photoshop ဆိုင်ရာ အမေးအဖြေကဏ္ဍ အပိုင်း(၄)
(1). Camera Raw ထဲတွင် camera raw ပုံများကို ပြုပြင်သည့်အခါ ၎င်းတို့ ဘာဖြစ်သွားသနည်း။
Camera Raw file တွင် Digital camera ၏ ပုံများ၊ မပြုပြင်ရသေးသောပုံများ၊ ပါဝင်သည်။ ဓါတ်ပုံရိုက်သူများ camera ရိုက်နေစဉ်တွင် ပြုပြင်ချိန်ညှိခြင်းထက် ဓါတ်ပုံရိုက်ပြီးမှ ညှိ၍ ပြင်ဆင်ခြင်းကို လုပ်ဆောင်နိုင်သည်။ ပုံတစ်ပုံကို ချိန်ညှိပြင်ဆင်သောအခါ မူရင်း file အချက်အလက်များကို မူရင်းအခြေအနေအတိုင်း ထိန်းသိမ်းထားသည်။ ဤနည်းဖြင့် ပုံများကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ပြုပြင်ပြီးပုံများကို ပြန်လည်ထုတ်ယူခြင်းနှင့် မူရင်းအတိုင်း သိမ်းဆည်းခြင်းကိုလည်း လုပ်ဆောင်ပေးသည်။
(2). Adobe Digital Negative (DNG) file for mater အသုံးဝင်ပုံများမှာ အဘယ်နည်း။
Adobe Digital Negative (DNG) format သည် Digital camera မှ ထုတ်လုပ်ရရှိသော raw image ဆိုင်ရာ အချက်အလက်များနှင့် metadata မှ အချက်အလက်များ ပါဝင်သည်။ DNG သည် Industry-wide standard format အမျိုးအစားဖြစ်သည်။ ၎င်းသည် ဓါတ်ပုံသမားများအတွက် သင့်တော်မည့် raw format များကို အမျိုးမျိုး စီမံနိုင်စေသည်။ ပုံကိုလည်း မူရင်းမပျက်ထားနိုင်သည့် format ဖြစ်သည်။ ၎င်း format ကို Camera Raw Dialog box ထဲတွင်သာ သိမ်းနိုင်သည်။
(3). Photoshop ထဲတွင် Red Eye ဖြစ်နေခြင်းကို မည်သို့ပြုပြင်သနည်း။
Red eye ဖြစ်ပွားရခြင်းသည် ကင်မရာမှ ရိုက်ကူးသည့်အချိန်နှင့် တစ်ပြေးညီ အလင်းရောင် ထုတ်လွှတ်ရာတွင် ပုံရိပ်တို့မှ မျက်လုံးများ၏ အမြင်လွှာကို ရောင်ပြန်ဟပ်မှု
ဖြစ်စေသည်။ Photoshop တွင် ၎င်းကို ပြင်ဆင်ရန်မှာ အဆိုပါမျက်လုံးဝန်းကျင်ကို ပုံကြီးချဲ့၍ Red Eye Tool ကိုရွေးချယ်ပါ။ ရွေးထားသည့် ဧရိယာတွင် ကလစ်နှိပ်ပါ။ ၎င်း Red eye ဖြစ်နေခြင်း ပျောက်သွားမည်။
(4). Photoshop ထဲတွင် camera မှန်ဘီလူးအမှားများကို မည်ကဲ့သို့ ပြုပြင်နိုင်သနည်း။ အဘယ်ကြောင့် ဤကဲ့သို့ အမှားများ ဖြစ်ရသနည်း။
Lens correction filter သည် camera မှန်ဘီလူးချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော အပြစ်အနာအဆာများကို ပြုပြင်ပေးနိုင်သည်။ စည်ပိုင်းပုံစံကဲ့သို့ ပုံသည် တည့်မတ်မှုမရှိဘဲ ယိုင်နေခြင်းကို ပြုပြင်ပေးသည်။ Barvel Distortion သည် ကင်မရာမှန်ဘီလူးကြောင့်ဖြစ်ရသည့် တိုင်လုံး သို့မဟုတ် ဖြောင့်တန်းရှည်လျားသည့်အရာ စသည်တို့၏ ထိပ်ပိုင်းသည် ပုံမှန်အတိုင်း မတည့်မတ်ဘဲ ကွေးညွတ်နေခြင်းမျိုးဖြစ်သည်။ Pincushion distortion သည် အတွင်းဘက်သို့ ကောက်နေခြင်းမျိုးဖြစ်သည်။ Chromatic abreaction သည် ပုံ၏ အစွန်းတစ်လျှောက်တွင် အရောင်အနားစွန်းတစ်ခုခုကို ဖြစ်ပေါ်စေသည်။ Vignetting ပုံတစ်ပုံ၏ အစွန်းဖျားပိုင်း သို့မဟုတ် ထောင့်များသည် ပုံအလယ်နေရာထက် အရောင် ပို၍မှောင်နေခြင်းဖြစ်သည်။ ဆုံချက်ပေါ် မူတည်၍ အဆိုပါ အားနည်းချက်များကို
ပြပေးနိုင်သည်။ ပုံနှင့် အနီးအဝေးကို ချိန်၍ ပြင်နိုင်သည်။ Camera ၏ ရေပြင်ညီနှင့်
ထောင်လိုက် အနီးအဝေးပုံကို ကွက်တိဖြစ်စေရန် ပြုပြင်နိုင်သည်။
Ref: Adobe Photoshop CS5 Classroom in a book စာအုပ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment