Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 2 March 2013

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

(1). Quick Mask အသုံးပြုခြင်း၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။
Quick Mask တို့သည် ရွေးချယ်မှုများ ပြုလုပ်ရာတွင် လျင်မြန်စွာ အကူအညီပေးနိုင်သည်။ Quick Mask တစ်ခုကို အသုံးပြုခြင်းဖြင့် painting tool များဖြင့် ရွေးချယ်မှုတစ်ခုခု ပြုပြင်ရာတွင် လွယ်ကူစေပါသည်။


(2). Quick Mask တစ်ခုကို ဖျက်လိုက်လျှင် မည်သို့ဖြစ်သွားသနည်း။
၎င်းကိုဖယ်ထုတ်လိုက်သည်နှင့် Quick Mask သည် ပျောက်ကွယ်သွားပါမည်။


(3). Selection တစ်ခုကို mask တစ်ခုအဖြစ် သိမ်းလိုက်သောအခါ ထို mask ကို မည်သည့်နေရာတွင် သိမ်းဆည်းပေးသနည်း။
Channel များအတွင်းတွင် mask များကို သိမ်းဆည်းပါမည်။ ပုံတစ်ပုံ၏ ရွေးချယ်မှုဆိုင်ရာ အချက်အလက်များနှင့် အရောင်အတွက် သိမ်းသည့်နေရာ၊ ဧရိယာများဟု ဆိုနိုင်ပါသည်။


(4). တစ်ကြိမ်သိမ်းပြီးသွားသော channel တစ်ခုအတွင်းမှ mask ကို မည်ကဲ့သို့ ပြုပြင်နိုင်သနည်း။
အဖြူ၊ အမဲနှင့် မီးခိုးရောင်အရိပ်များကို အသုံးပြုခြင်းဖြင့် channel တစ်ခုအတွင်း mask တစ်ခုကို ခြယ်သနိုင်ပါသည်။


(5). Layer နှင့် Channel တို့သည် မည်သို့ကွာခြားသနည်း။
Selection ကို သိမ်းဆည်းရာတွင် channels များကို သိမ်းဆည်းသိုလှောင်သည့် ဧရိယာများအဖြစ် အသုံးပြုကြပါသည်။ Channel တစ်ခုတွင် တိကျသော ဖော်ပြမှုများမပြုခဲ့လျှင် ပုံတွင် သို့မဟုတ် print တွင် မည်သည်မျှ ပေါ်နေမည်မဟုတ်ပါ။ ပုံတစ်ပုံအတွင်း ပါဝင်သော အစိတ်အပိုင်းအမျိုးမျိုးကို ခွဲထုတ်ရန် Layer များကို အသုံးပြုပါသည်။ ထင်ရှား ကွဲပြားသော ပုံများကို painting သို့မဟုတ် editing tools သို့မဟုတ် အခြားသော effect များသုံး၍ ပြုပြင်ပြောင်းလဲနိုင်သည်။


Ref: Adobe Photoshop CS5 Classroom in a book စာအုပ်မှ ကူးယူဖော်ပြသည်။
Print Friendly and PDF

No comments:

Post a Comment