Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 2 March 2013

Photoshop ဆိုင်ရာအမေးအဖြေ အပိုင်း(၃)

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

(1). Layer များကို အသုံးပြုခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။
          Layer များကို အသုံးပြုခြင်းဖြင့် ပုံတစ်ပုံ၏ အစိတ်အပိုင်းတစ်ခုခုကို ရွှေ့ခြင်းလုပ်နိုင်၍ ၎င်းကို အခြားအစိတ်အပိုင်းများနှင့် မရောနှောဘဲ သီးသန့် ပြုပြင်နိုင်သည်။ ပြုပြင်ရန် မလိုအပ်သော Layer များကို မြင်ကွင်းမှ ခေတ္တဖျောက်ထားနိုင်သည်။
(2). Layer အသစ်တစ်ခု ဖန်တီးလိုက်သောအခါ Layers panel ၏ အစုအဝေးထဲတွင် မည်သည့်နေရာ၌ ပေါ်လာသနည်း။
          Layer အသစ်သည် ရွေးချယ်ထားသော Active ဖြစ်နေသည့် Layer ၏ အပေါ်တွင် ချက်ချင်းပေါ်လာသည်။
(3). အခြား Layer တစ်ခုခုနှင့် မည်ကဲ့သို့ ထည့်သွင်း အသုံးချနိုင်သနည်း။
          Layer panel ထဲတွင် layer အစီအစဉ်များကို အပေါ်၊ အောက် Drag ဖိဆွဲရွှေ့ခြင်းဖြင့် အလုပ်လုပ်လိုသော layer ကို ရှေ့သို့ ရောက်စေသည်။ သို့မဟုတ် Layer > Arrange ရဲ့ အခွဲခိုင်းစေချက်များဖြစ်သည့် Bring To Front, Forward, Send to Back နှင့် Send Backword တို့ကို ရွေးနိုင်သည်။ သို့ရာတွင် Background Layer ၏ နေရာကိုတော့
ပြောင်းလဲ၍မရပါ။
(4). Layer Style တစ်ခုကို မည်ကဲ့သို့ ထည့်သွင်း အသုံးချနိုင်သနည်း။
          Layer Style တစ်ခုကို ထည့်သွင်း အသုံးချလိုသောအခါ ထို Layer ကို select မှတ်ပါ။ Layers panel အောက်ခြေရှိ Add a layer style ခလုတ်တွင် နှိပ်ပါ။ သို့မဟုတ် Layer > Layer Style (နှစ်သက်ရာတစ်ခုကို) ရွေးပါ။
(5). သင်၏ ဖန်တီးမှုလုပ်ငန်း ပြည့်စုံသွားသည့်အခါ အရည်အသွေးနှင့် အတိုင်းအတာများကို မပြောင်းလဲစေဘဲ File အရွယ်အစားကို ကျုံ့အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။
          File အရွယ်အစားကို ချုံ့လိုသောအခါ ပုံကို Flatten လုပ်နိုင်သည်။ ၎င်းသည် အလွှာအားလုံးကို Background အလွှာတစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းဖြစ်သည်။ ၎င်းတို့ကို Flatten မလုပ်မီ Layer များနှင့် Image file ကို ပွားပြီးမှ လုပ်ငန်းလုပ်လျှင် ပိုကောင်းသည်။
နောက်ပိုင်း layer တစ်ခုချင်းစီပြန်လည် ပြင်ဆင်လိုလျှင် အဆင်ပြေစေသည်။
Ref: Adobe Photoshop CS5 Classroom in a book စာအုပ်မှ ကူးယူဖော်ပြသည်။

Print Friendly and PDF

No comments:

Post a Comment