Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 2 March 2013

Photoshop ဆိုင်ရာ အမေးအဖြေ အပိုင်း(၁)

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

(1). Resolution ၏ဆိုလိုရင်းမှာ အဘယ်နည်း။
ပုံတစ်ပုံထဲတွင် ပါဝင်သည့် Pixels အရေအတွက်သည် ထိုပုံ၏ အသေးစိတ်ဖန်တီးမှု ဖြစ်သည်။ ၎င်းကို ပုံ၏ အရည်အသွေး (Resolution) ဟုခေါ်သည်။ Image Resolution နှင့် Monitor Resolution တို့ကို Pixels Pre Inch (ppi) တစ်လက်မမှာ ပါဝင်သည့် pixels အရေအတွက်နှင့် တိုင်းသည်။ Printer or output resolution ကို ink dots per inch (dpi) တစ်လက်မမှာ ပါဝင်တဲ့ မင်စက်အရေအတွက်နှင့် တိုင်သည်။


(2). Crop Tool သည် မည်သို့အလုပ်လုပ်သနည်း။
ပုံတစ်ပုံကို ညှိခြင်း၊ လိုအပ်သည့်အတိုင်းအတာအလိုက် ဖြတ်တောက်ခြင်းနှင့် ဆန့်ထုတ်ခြင်းများ အတွက် Crop Tool ကိုသုံးသည်။


(3). Camera Raw ထဲတွင် ပုံတစ်ပုံ၏ အရောင်နှင့် tone ကိုမည်သို့ ညှိနိုင်ပါသနည်း။
အရောင်၏အရှိန်ကို ညှိရန် White balance tool ကိုသုံးသည်။ Basic panel ထဲရှိ Slider တို့ကို သုံးခြင်းဖြင့်လည်း မျှတသော အရောင်ပြင်ဆင်မှု လုပ်ပေးနိုင်သည်။


(4). ပုံတစ်ပုံထဲမှ စုတ်ပြဲပျက်စီးတဲ့အရာတွေကို ဖယ်ရှားရန် မည်သည့် tools ကို သုံးနိုင်သနည်း။
Healing Brush, Spot Healing Brush, Clone Stamp Tool များနှင့် Content-Aware Fill တို့သည် ပုံ၏ မလိုချင်သော အစိတ်အပိုင်းများနေရာတွင် ပုံ၏အခြားသော နေရာများမှ pixel များ အစားသွင်းပေးခြင်းဖြင့် ပြုပြင်ပေးသည်။ Clone Stamp Tool သည် မည်သည့်နေရာမှ pixel အား အစားထိုးမည်ကို တိကျအောင် သတ်မှတ်ပေးရပြီး Healing Bursh နှင့် Spot Healing Brush တို့သည် အနီးအနားနေရာမှ pixel များနှင့် အဆင်ပြေအောင် ရောနှောခြင်းဖြင့် ပြုပြင်ပေးသည်။ Spot Healing Brush Tool သည် ကူးယူလိုသည့်နေရာ သတ်မှတ်ပေးဖို့ မလိုပါ။ လိုက်ဖက်မည့်အနီးနားမှာ pixel များကို အသုံးပြုပြီး ပြင်ဆင်ပေးသည်။ Content-aware fill သည် ရွေးချယ်၍ select မှတ်ထားသောနေရာကို အနီးရှိ လျော်ညီမည့် pixel များအား အစားသွင်းပေးခြင်းဖြင့် ပြုပြင်သည်။


(5). Unsharp Mask Filter သည် ပုံတစ်ပုံအပေါ် မည်သို့ အကျိုးသက်ရောက်သနည်း။
ပုံတစ်ပုံ၏ အမြင်ပိုင်းဆိုင်ရာ ပြတ်သားမှုနှင့် ၎င်း၏ အနားစွန်းများကို အသေးစိတ် 
ပြတ်သားအောင် ညှိပေးခြင်းကို Unsharp Mask Filter က လုပ်ဆောင်ပေးသည်။

Ref: Adobe Photoshop CS5 Classroom in a book စာအုပ်မှ ကူးယူဖော်ပြသည်။

Print Friendly and PDF

No comments:

Post a Comment