It will take 5 Seconds to Subscribe Us
လွယ်ကူရိုးရှင်းသော ခရစ္စမတ်ကဒ်လေး တစ်ခုဖန်တီးရအောင်
ခရစ္စမတ်လက်ဆောင်လက်လေး အမြဲဆွဲကြည့် ကြရအောင်လား...ရိုးရှင်းလွန်းနေမယ်လိုထင်ရပေမယ့် ကိုယ်တိုင်အဆင်ပြေအောင်
လိုအပ်သလို စီမံရေးဆွဲနိုင်တာလေးကိုလည်း တွေ့ကြရမှာပါ...ဒီဇင်ဘာလလေးအတွက် အမှတ်တရလေးဖြစ်စေချင်တာကြောင့်လည်း
လေ့လာနေတဲ့ကြားကနေ တတ်သလောက်ပါဝင်ကူညီပေးခဲ့ပါတယ်...ကျွန်တော်နမှုနာလေးတွေကိုလည်း ပုံလေးများနဲ့ တင်ပြပေးထားတာ
သူငယ်ချင်းများတွေ့ရမှာပါ...ဒီဘဲကြီးတော်တော်လေဖောင်းတာပဲဆိုပြီတော့ ဆက်မလေ့လာမလုပ်ပါနဲ့ ပါစင်နယ်ကောင်းတစ်ယောက်
ဖြစ်လာမို့ အခြေခံအဖြစ်ခုလိုလွယ်ကူလေးတာလေးကိုစလုပ်ရင်ကနေ လေ့လာလေ့ကျင့်မှုများဖြင့်သာ ပါစင်နယ်ကောင်းတစ်ယောက်ဖြစ်လာမှာပါ။

ပထမဦးစွာကျွန်တော်တို့ ပိုတိုရှော့စ်လည်းဖွင့်ထားပြီဆိုတော့ လိုချင်တဲ့ဆိုဒ်လေးဆွဲနိုင်မို့ New Layer အသစ်လေးတစ်ခုခေါ်လိုက်ရအောင်
ကျွန်တော်အနေနဲ့တော့ 6 x 4 Pixels ကိုရွေးခြယ်ထားခဲ့ပါတယ်...သူငယ်ချင်းတို့အနေနဲ့ မိမိလိုချင်တဲ့ဆိုဒ်ကိုရွေးချယ်သုံးနိုင်ပါတယ်...

ကျွန်တော်တို့စတင်ပြီးဆွဲနိုင်စေဖို့အတွက် Layer တစ်ခုယူပြီဆိုရင်တော့ အရောင်လေးပြောင်းလဲသုံးကြရအောင်...ပြောင်းလဲမို့ဆိုတာက
ကိုယ်ဆွဲခြင်းတဲ့ ကဒ်အပေါ်အလိုက်မှုတည်ပြီ ချိန်နိုင်ပါတယ်....ဘယ်ဖက်မှာtools လေးတွေ တွေ့ရမှာပါ ....layer ဆိုတာကိုကျွန်တော်တို့
ခေါ်ထားကြမယ်ဆိုရင် layer tools ပေါ်နေမှာဖြစ်ပါတယ်....အောက်ခြေဘက်ကိုကြည့်လိုက်ပါ လခြမ်းပုံလေးတစ်ခုရှိနေပါလိမ့်မယ်.....
( Create New Fill Or Adjustment Layer ) ကိုနှိပ်လိမ့်မယ် ကျွန်တော်တို့ ကာလာချိန်နိုင်စေမို့အတွက် အပြည့်ယူမှာမို့
Solid Color ဆိုတာကို ရှာဖွေရွေးခြယ်လိုက်ပါ....ရွေးခြယ်မှုနှိပ်လိုက်မယ်ဆို ကာလာကိုလိုအပ်သောကာလာရွေးခြယ်ရန်အတွက်
ဘောက်တစ်ခုအဖြစ်ကျလာတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်....Color Picker (soild color) Box အတွင်းမှ ကာလာအနီိရင့်ရောင်
ကိုရွေးခြယ်ထားလိုက်ကြရအောင်....ရွေးခြယ်မှုများပြီဆုံးပြီမို့ နောက်ပုံလေးတွေနဲ့အတူ ဆက်လက်လုပ်ဆောင်ကြပါစို့လား။

ခရစ္စမတ်ကပ်လေးဆွဲမှာဆိုတော့ ခရစ္စမတ်သစ်ပင်လေးကို ကျွန်တော်တို့ ထည့်ရဦးမှာဆိုတဲ့အတွက် shape ကိုဘယ်ဖက်ခြမ်းမှာရှိနေတဲ့
Tools လေးများထဲမှာ Starburst Color Target Layer ကိုယူလိုက်မယ်ဆို အပေါ် Options ကိုကြည့်လိုက်မယ်ဆို shape လေးတွေရှိနေမှာ
ဖြစ်ပါတယ်....ရှာဖွေနိုင်မို့ ကျွန်တော်တို့မြင်နေရတဲ့ပုံလေးကို ကလစ်ပြီ ခေါ်လိုက်ပါ...layer Box တစ်ခုဆင်းလာပြီ ပုံလေးတွေကိုအကုန်မြင်
နိုင်စေရ All ဆိုတာနှိပ်ပြီ ရှာဖွေသုံးကြရအောင်လား....

ပုံလေးမှာပြထားသလို ယူပြီ ကျွန်တော်တို့အနေနဲ့ ဘရောင်းအပေါ်ဆုံးမှLayer ကို
ကလစ်ပြီဖြစ်ဖြစ် layer box အောက်ခြေမှာဖြစ်ဖြစ်ခေါ်ယူနိုင်ပါတယ်....အသစ်ခေါ်ပြီးဆိုရင်တော့ share လေးတွေနေရာချရအောင်လား။

သစ်ပင်လေးတွေကိုနှင်းမှုန်လေးများဖန်တီနိုင်မို့ သစ်ပင်အားလုံးကိုပထမဆုံးအနေနဲ့ အားလုံးကို မောက်နဲ့ shift ကီးလေးကိုနှိပ်ထားပြီ
သစ်ပင်အားလုံးကိုမောက်ဖြင့်လိုက်ထောက်လိုက်မယ်ဆို အကုန် select ပေးပြီသားဖြစ်သွားမှာပါ...select ပေးပြီတဲ့နောက်ကျွန်တော်တို့
ကီးဘုတ်မှ Ctrl + G ကိုဖိနှိပ်လိုက်မယ်ဆို ဂရုတစ်ခုအဖြစ်ရောက်ရှိသွားပါလိမ့်မယ်...စာအိတ်ပုံ ဂရုလေးအဖြစ်ရောက်သွားပြီဆိုရင်တော့
မောက်ဖြစ်ညာကလစ်ကိုဖိလိုက်မယ်ဆိုတာနှင့် Options box ပေါ်လာပါလိမ့်မယ်...Belending Options ကျလာပြီဆိုရင်တော့ နှင်းကျနေတာလေး
လုပ်ဆောင်နိုင်စေရန် Styles ထဲမှ Bevel & Emboss ကိုအမှန်ပေးလိုက်မှာဖြစ်ပါတယ်.....ကျွန်တော်ကတော့ Depth 100% ထားရှိပေးထားပြီ
Size ကိုတော့ 8px အဖြစ်သုံးထားတာလေးပါ....Angle ကို 90 ဒီကရီပေးထားတာမို့ မိမိအနေနဲ့ဘယ်လိုထားမယ်ဆိုတာရွေးခြယ်နိုင်ပါတယ်
နောက်လုပ်ရမှာကတော့ Highlight Mode ရွေးခြယ်တဲ့နေရာမှာတော့ ကျွန်တော်တို့နှင်းမှုန်လေးတွေလုပ်မှာဖြစ်တာကြောင့် Dissolve အဖြစ်ပြောင်း
ပေးရပါလိမ့်မယ်....Shadow Mode ကိုတော့ဖြင့် ကျွန်တော်တို့က လုံးဝသုံးမှာမဟုတ်တဲ့အတွက် ကာလာရာခိုင်နှုန်းကို အဆုံးထိ ချထားမို့လည်း
လိုအပ်ပါသေးတယ်.....

ကဲဗျာ ပုံလေးမှာကြည့်လိုက်ရအောင်
နှင်းပုံကျနေတာလေးကိုလည်းဖန်တီးနိုင်မို့ shape ကနေနှင်းပွင့်လေးများကို ရွေးခြယ်ပြီး သစ်ပင်လေးကိုဖန်တီးသလိုမျိုးသာဆက်လျှက်လုပ်
ဆောင်မို့လိုပါတယ်....Belending Options ကိုတော့ ကျွန်တော်တို့ မပြောင်းလဲပဲ အသုံးပြုနိုင်သလို စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်.....ပြီးရင်တော့
ကျွန်တော်ကနည်းနည်း ရှည်ထားတာဆိုတော့ ခြေရာ shape လေးတွေလည်း လိုက်ထည့်ထားမိပါသေးတယ်..ခြေရာလေးများကိုလည်း နှင်းပွင့်
များအတိုင်းသာလုပ်ဆောင်လိုက်ကြပါဦး.....ပြီရင်တော့ ကျွန်တော်တို့ ခရစ္စမတ်စာတန်းလေးထည့်နိုင်မို့ တိမ်တိုက်လေးတစ်ခုကိုလည်း shape
ဖြင့် ဆွဲကြရအောင်လား....ဒါဆိုအတော်လေးပြီးပြည့်စုံနေလောက်ပြီထင်တယ်...

စာတန်းလေးထည့်ပြီကျွန်တော်တို့ အဆုံးသတ်လိုက်ကြရအောင်လား။ဒါဆိုရင်တော့ မိမိကိုယ်တိုင်းဖန်တီးထားသော ခရစ္စမတ်ကပ်လေးတစ်ခုအဖြစ်ရသွားပြီ ဖြစ်ပါတယ်....ကျွန်တော်အနေနဲ့ ဆရာတစ်ပါးရယ်လိုမဟုတ်
ပါဘူး...ကျွန်တော်ဖန်တီးမှုလေးဖြင့် သူငယ်ချင်းမိတ်ဆွေများလည်း ဖန်တီးလက်ဆောင်ပေးနိုင်စေရန်သာရည်ရွယ်ပါသည်....တတ်မြောက်ထားသော
ဆရာ့ဆရာများအားလည်း ပါဝင်ပြီမိမိတို့တတ်မြောက်ထားသည်များ ဖန်တီးမှုလက်ဆောင်လေးများပေးကြပါလို့ တောင်းဆိုခြင်းပါတယ်။ကျွန်တော်
လေ့လာနေသလို ဆိုက်အတွင်းမှာ လေ့လာနေသူများလည်းရှိမယ်ထင်ပါတယ်....အမှားလေးများမြင်တွေ့သွားတယ်ဆိုရင်လည်း အပြစ်မမြင်ပါပဲ
သင်ကြားပြသပြောဆိုပေးနိုင်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ...

လေးစားခင်မင်မှုများစွာဖြင့်
Dragonheart
No comments:
Post a Comment