It will take 5 Seconds to Subscribe Us
Photoshop ဆိုင်ရာ အမေးအဖြေကဏ္ဍ အပိုင်း(၂)
(1). Selection တစ်ခု ပြုလုပ်ပြီးသောအခါ အဆိုပါပုံ၏ မည်သည့်ဧရိယာကို ပြုပြင်နိုင်သနည်း။
ရွေးချယ်ထားသော ဧရိယာအတွင်းကိုသာ ပြုပြင်နိုင်သည်။
(2). Selection တစ်ခုကို ထပ်မံပေါင်းထည့်ခြင်းနှင့် ပြန်နုတ်ခြင်းကို မည်ကဲ့သို့
ပြုလုပ်နိုင်သနည်း။
Selection ကိုထပ်ပေါင်းထည့်ရန် options bar ထဲရှိ add to selection ခလုတ်ကို နှိပ်ပါ။ ပြီးနောက် ပေါင်းစေချင်သည့် area မှာ click နှိပ်ပါ။ Selection ထဲမှ ပြန်လည်နုတ်ရန်အတွက် options bar ထဲမှ subtract from selection ခလုတ်မှာ နှိပ်ပြီး နုတ်ချင်သည့် area ကို click နှိပ်ပါ။ ထပ်ပေါင်းထည့်လိုလျှင် shift ဖိပြီး drag ဆွဲခြင်းနှင့် ပြန်နုတ်ထုတ်လိုလျှင် Alt (Windows) သို့မဟုတ် Option (Mac OS) ဖိပြီး drag ဆွဲခြင်း၊ သို့မဟုတ် click နှိပ်ခြင်း လုပ်နိုင်သည်။
(3). ပုံတစ်ပုံကို ဆွဲနေစဉ် ရွေ့လျားမှုကို မည်သို့ လုပ်နိုင်သနည်း။
Selection ကိုနေရာရွှေ့လိုပါက mouse ခလုတ်ကို မလွှတ်ဘဲ spacebar ဖိပြီး drag ဖိဆွဲပေးပါ။
(4). Lasso Tool နှင့် Selection မှတ်နေချိန်တွင် လိုအပ်သောပုံရိပ်ကို သေချာစွာ ရရှိရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း။
Lasso Tool သုံးပြီးပုံကို select မှတ်ရာတွင် selection ၏ ဆုံးမှတ်ကို စမှတ်အထိ Draging ပြန်ဖိဆွဲပေးရသည်။ Selection စတင်ခြင်းနှင့် အဆုံးသတ်ခြင်းသည် နေရာမတူပါက Start point နှင့် End Point ကြားတွင် မျဉ်းဖြောင့်ပုံစံ လိုင်းတစ်ခုကို Photoshop ကဆွဲပေးလိမ့်မည်။
(5). Quick Selection tool သည် မည်ကဲ့သို့ လုပ်ဆောင်သနည်း။
Quick Selection tool သည် click နှိပ်လိုက်သည့်နေရာမှ ပုံ၏အနားသတ်ကို အလိုအလျောက် ရှာပြီး ဖြန့်ကြက်ပေးခြင်းဖြင့် Selection ၀င်စေသည်။
(6).Magic Wand Tool သည် Selection ဧရိယာကို မည်ကဲ့သို့ တိုင်းတာသနည်း။ Tolerance ဆိုသည်မှာ အဘယ်နည်း။ Selection ကိုဘယ်လိုအကျိုးသက်ရောက်မှုရှိသနည်း။
Magic Wand Tool သည် အရောင်ကို အခြေခံသည့် တူညီသော pixel များကို ရွေးချယ်ခြင်းဖြင့် နေရာသတ်မှတ်သည်။ Tolerance ဆိုသည်မှာ Magic Wand Tool မှ အရောင် Tone မည်မျှရွေးချယ်နိုင်သည် ဟူသော သတ်မှတ်ချက်ကို ဆိုလိုသည်။ Tolerance အရောင် သတ်မှတ်မှုမြင့်လေ Magic Wand မှ ပျံ့နှံ့ရွေးချယ်နိုင်မှုစွမ်းရည် ပိုများလေဖြစ်သည်။
Ref: Adobe Photoshop CS5 Classroom in a book စာအုပ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment