Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 30 June 2012

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

သစ်ကြားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သစ်ကြားသီး စားရင် အဆီတက် မှာ စိုးလို့ဆိုပြီး တချို့ က ရှောင်တတ် ကြ ပါတယ်။

တကယ်က သစ်ကြားသီး မှာပါ ဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ် နေ့မှာ အသင့်အတင့်ပမာဏကို စားပေး ရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့ အပြင် အောက်ပါကျန်းမာရေးစွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။

(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ် သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါ တယ်။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါ ကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော နဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၂) စိတ်ကျရောဂါ သက်သာစေပါတယ် သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက် သာစေပါတယ်။ စိတ်ကျရောဂါခံစားနေ ရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်းနေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီံ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။

(၃) ကိုယ်အလေးချိန်ကို လျော့ကျစေ ပါတယ် သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါတက္က သိုလ်ရဲ့ လေ့လာမှုတွေအရ ထမင်းမစား ခင် သစ်ကြားသီးအနည်းငယ်စားတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး အ စာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

(၄) ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါ ပါတယ် သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ် ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင် နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ်။

(၅) ဆီးကျိတ်ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီး ကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိ တယ်လို့ ဗြိတိန်အာဟာရဂျာနယ်မှာ လတ်တလောတွေ့ရှိချက်တစ်ရပ်ကို ရေး သားဖော်ပြထားပါတယ်။

(၆) မှတ် ဥာဏ်ကို ကောင်းမွန်စေပါ တယ် သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အ ကြောင်းကတော့ သစ်ကြားသီးက ဦး နှောက်အခွံပုံသဏ္ဌာန်ရှိတဲ့အပြင် မှတ် ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အ ဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦး နှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော် နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။

(၇) သည်းခြေကျောက်တည်မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ် အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ်။ တစ်အောင်စဆို တာ ပျမ်းမျှအားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာပမာဏကို စားပေးရင် လည်း သည်းခြေကျောက်တည်တာအ ပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီးထည့်စားပေးရင် ကောင်း ကောင်းအိပ်မောကျစေပါတယ်။ သစ်ကြား သီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် သစ်ကြားသီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရော ဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ တို့လို ရောဂါတွေကို သက်သာစေပါ တယ်။

(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထု ထည်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
Print Friendly and PDF

အစာမကြေ ရင် ဗိုက် ကြီး ပွ နေရင် ဘာလုပက် ရမလဲ ဗျာ......ဒါလေးဖတ်ကြည့်ပေးပါ။

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

အစာမကြေ ရင် ဗိုက် ကြီး ပွ နေရင် ဘာလုပက် ရမလဲ ဗျာ......ဒါလေးဖတ်ကြည့်ပေးပါ။

အစာစားပြီးတိုင်း အစာမကြေ ဘူး၊ ဗိုက်ကြီးပွနေတယ်၊ ကသိက အောက် နဲ့ နေလို့ မကောင်းဘူး။ စား ပြီးတာနဲ့ ဗိုက်ရစ်ရစ်လာလို့ သန့်စင် ခန်း ဝင်ပေမယ့်လည်း ဝမ်းကချုပ် သလိုလိုဖြစ်ပြီး နေရတာမကောင်းဘူး' စသည်ဖြင့် လူနာတွေပြောလေ့ရှိပါ တယ်။ ဒီ့ပြင် နေကောင်းတဲ့သူတွေ အရွယ်ကောင်းကောင်းလူငယ်တွေလည်း ဒီလိုပြောတတ်ပါသေးတယ်။ ဒါ ကြောင့် အစာကြေဆေး၊ လေဆေး စသည်တို့ဟာရောင်းကောင်းမြဲရောင်း ကောင်းနေတာကို အားလုံးသိပြီးဖြစ် ပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မိမိစားတဲ့ အစားအစာအမျိုးအစား၊ အပျော့အမာ၊ အချဉ်အစပ်များဟာ မိမိ နဲ့ဓာတ်တည့်၊ မတည့်စတဲ့ အခြေအနေ တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒီ့ပြင်မိမိအနေအထိုင် အလေ့အကျင့် နဲ့လည်း သက်ဆိုင်နေပါတယ်။ အစား အစာကို အချိန်မှန်မှန် စားဖြစ်လား၊ အချိန်လွန် အဆာခံပြီးမှ စားဖြစ် သလား။ အချဉ်တွေ၊ အစပ်တွေ၊ အငန်တွေ များများစားမှ လျှာအရ သာထိမိလို့ အဲဒီလို အရသာရှိတဲ့ လက်လုပ်ချဉ်တွေချည်း နေ့စဉ်ရက် ဆက်စားမိသွားလား။ အချဉ်ဖောက် ထားတဲ့ ပဲငါးပိတွေ၊ ဆီတိုဟူးလို ခပ်စပ်စပ်အစားအစာတွေ၊ မုန်ညင်း ချဉ်လို လက်လုပ်ချဉ်တွေကိုမှ ကြိုက် တတ်လို့ မကြာခဏ စားဖြစ်တာမျိုးရှိ အစိမ်းလိုက်သုပ်စားတတ်တဲ့ အလေ့ အထရှိသလားဆိုတာ ဆန်းစစ်ဖို့လိုပါ တယ်။ ဒီ့ပြင် အစာစားတဲ့အခါတိုင်း ဘယ်လိုစားသောက်ခဲ့သလဲဆိုတာ လည်း သတိထားလိုက်ပါ။
အဲဒီလို မိမိရဲ့ အလေ့အထလေး တွေနဲ့ မိမိစားသောက်နေထိုင်ရာမှာ အဆင်ပြေပြေ အခက်အခဲပြဿနာ မရှိ ကျန်းမာစွာ သွားလာနိုင်နေရင် ဘာမှ မသိလိုက်ဘဲ ဘဝကိုပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းခဲ့နိုင်သလို မိမိရဲ့ အကျင့်စရိုက်လေးတွေဟာ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့အခါ အထက်ပါ ဝမ်းဗိုက်ပြဿနာပေါင်းစုံဝင်လာနိုင်ပါ တယ်။ ဒါကြောင့် သင်ဟာ အောက်ပါ အတိုင်း နေထိုင်စားသောက်သူဖြစ်ပါ သလားဆိုတာ ပထမဦးဆုံး အဖြေရှာ ကြည့်ပါ။
(၁) အစားစားလျှင်အချိန်ပေး အချိန်ယူပြီး စားတတ်ပါရဲ့လား
တချို့က အစားစားတာ အရမ်း မြန်တတ်တယ်။ အစားကို ပါးစပ်ထဲ အလွယ်တကူပစ်ထည့်ပြီး တစ်ခါ လောက်သာဝါးပြီး မျိုချပစ်လိုက်တယ်။ ကြာရှည်မှာ ဒါဟာ ကျန်းမာရေး ပြဿနာဖြစ်လာနိုင်သလို ကိုယ် အလေးချိန်တိုးတဲ့သူတွေမှာ အစားစား တာ မြန်လွန်းတဲ့အတွက် အစားတွေ ခန္ဓာကိုယ်ထဲပိုဝင်ပြီး စားမိစေပါတယ်။ မာတဲ့ကြမ်းတဲ့ အစားအစာတွေဟာ အစာကြေညက်ဖို့ အချိန်အတော်ပေး ရပါလိမ့်မယ်။ ချဉ်တဲ့စပ်တဲ့ အစား အစာတွေ ဥပမာ-ငရုတ်သီး၊ အချဉ် အစားအစာများ၊ ဟင်းခတ်မဆလာ စသည်တို့ဟာ စားသုံးတဲ့ ပမာဏ သိပ်များလွန်းပါက သင့်အစာအိမ်နဲ့ အူတွင်းနံရံကလာပ် စည်းများအား ကသိကအောက်ဖြစ်စေမှာ မလွဲပါ။ အစာစားတဲ့အခါ သင့်တင့်မျှတအောင် စားသင့်သလို အစာကိုကြေလွယ် အောင် သွားတွေကလည်း ခပ်ကြာ ကြာဝါးပေးရန် လိုပါတယ်။ ဒါကြောင့် အစာစားချိန်ကို မိနစ် ၂၀ ၊ နာရီဝက် လောက်ပေးဖို့ လိုပါတယ်။ ကိုယ် အလေးချိန်တိုးမှာ စိုးရိမ်သူတွေ အတွက်လည်း ဒီလိုစားသောက်တဲ့ နည်းဟာ လူကိုဗိုက်ပြည့်ဝတဲ့ဆန္ဒ ဖြစ်စေပြီး အစားတွေ အများကြီး မစားမိစေတဲ့အပြင် အစာမကြေတဲ့ ပြဿနာလည်း မဖြစ်ပေါ်စေပါ။
(၂) အဆီဓာတ်များတဲ့ အစားစာတွေကြိုက်တတ်ဘူးလား
တချို့က အကြော်အလှော်တွေ သိပ်ကြိုက်တတ်တယ်။ နံနက်စာကို အကြော်မျိုးစုံနဲ့ စားတတ်တဲ့ မြန်မာ့ ဓလေ့ဟာလည်း အရိုးစွဲနေပြီးဖြစ်တတ် တယ်။ တချို့ဆိုရင် နေ့တိုင်းအကြော် နဲ့ တိုဟူးသုပ်စပ်စပ်ငန်ငန်လေး စား ပေမယ့် ရိုးမသွားဘူးတဲ့။ အကြော် ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူနိုင်နိုင် ထောင်းထည့်ပြီး နံနံပင်လေး၊ ဆား လေးခတ်ကာ တို့နှစ်စားလေ့ရှိပြန်ပါ တယ်။ ရောင်းချတဲ့သူက အဲဒီအကြော် နဲ့ အချဉ်ရည်ထည့်ထားတဲ့ အိုးတို့ကို နေ့စဉ် ဆပ်ပြာနဲ့ဆေးကြော၊ မကြော ကို ဘယ်သူကမှ သိမှာမဟုတ်ပါဘူး။ အကြော်ဆိုတာကလည်း ဆီများ များနှင့်ကြော်မှ ရွပြီြးွကပ်ကာ စားလို့ ကောင်းတာမို့ စားပြီးရင်း စားချင်ကာ စိတ်မထိန်း ချုပ်နိုင်သူတွေအတွက် အများကြီး စားမိတတ်တယ်။ အကြော် က နံနက်ခင်းစာတင်မကပါဘူး ညနေ ခင်း ၃နာရီ ၄နာရီလောက်မှာလည်း ရောင်းတတ်တော့ ညစာဟင်းအဖြစ် စားတတ်တဲ့ဓလေ့လည်း ရွာတွေမှာ သာမက မြို့ကြီးတွေမှာပါ တွေ့နေ ရပါတယ်။ ဒီအကြော်အလှော်တွေ၊ အဆီဓာတ်မြင့်မားတဲ့ အခြားအစား အစာတွေကလည်း အစာကြေရန် မလွယ်ကူတဲ့အပြင် သွေးတွင်း ကိုလက်စထရောလ်ဓာတ်ကို မြင့်မား စေပါတယ်။ ဒါကြောင့် ဒီအလေ့အထ ရှိသူများ မိမိရဲ့အမူအကျင့်ကို ပြောင်း လဲကျင့်သုံးနေထိုင် စားသောက်ရန် လိုပေလိမ့်မယ်။ စားသုံးတဲ့ အိုး၊ ခွက်၊ ပန်းကန်တွေ မသန့်ရှင်းပါကလည်း သန်ကောင်ကဲ့သို့သော ကပ်ပါးပိုးတွေ အဆစ်ဝင်ပြီး ဝမ်းဗိုက်ပြဿနာပေး တတ်တယ်။
(၃) အရက်သောက်တတ်သလား
အရက်သောက်သူတွေအဖို့ အမြည်းမကောင်းရင် အစားမစားဖြစ် တော့ပါဘူး။ အစာမစားဘဲ အရက် ချည်းဖိသောက်တဲ့အတွက် အစာအိမ် ထဲမှာ အစာလည်းမရှိ၊ အရက်ကြောင့် အာဟာရဓာတ် ချို့တဲ့လာသလို အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာလည်း အနာဖြစ်တတ်ပါတယ်။ ထိုအစာ အိမ်နာတွေက လူကို ကသိကအောက် ဖြစ်သလို အရက်ချည်း ဖိသောက် မိလေ ပိုဆိုးလေဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အရက်သောက်တဲ့ အမူ အကျင့်ကို ပြင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၄) ဆေးလိပ်ရော သောက်တတ်ပါသလား
အစာအိမ်အူလမ်းကြောင်း အနာ ဖြစ်စေနိုင်တဲ့ အချက်အလက်တွေထဲ မှာ ဆေးလိပ်သောက်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ် ဟာ အစာအိမ်အတွင်း အူနံရံတွေက အက်စစ်ဓာတ်တွေ ပိုထွက်စေရန် လှုံ့ဆော်ပေးတတ်ပါတယ်။ အက်စစ် ဓာတ်တွေအထွက်များတော့ အူနံရံ လေးတွေလောင်ကျွမ်းကာ အနာ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဆေးရွက်ကြီးနဲ့ ဆေးလိပ်၊ စီးကရက် တွေ ရှူတာသောက်တာ မကောင်း မှန်းသိလာတဲ့အလျောက် ဖြတ်ဖို့ သင့်ပြီဆိုတာ အရေးထား စဉ်းစား သင့်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ်တွေ ဆေးလိပ်စွဲနေ ကြောင်း ထောက်ပြလိုက်တဲ့အခါ ဒါ ဘယ်သူ့ကြောင့်လဲဆိုတာ မိဘတွေ သတိထားသင့်ပါတယ်။ ဆေးလိပ် ကြောင့် ကင်ဆာကဲ့သို့သော ရောဂါ ဆိုးကြီးတွေအပြင် တခြား ကျန်းမာ ရေး ပြဿနာတွေ အများကြီးဖြစ် လာနေတာကို လျစ်လျူရှုမထားသင့် ကြောင်းဖော်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
Print Friendly and PDF

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ
Posted by warso

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ပြောင်းဖူးမှာ ဗီတာမင် B9 လို့ခေါ် တဲ့ ဖောလိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်းမွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ၊ လေဖြတ် တာနဲ့ နှလုံးရောဂါထတာတွေရဲ့ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။ ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။
မှတ်ဥာဏ်ကို အားကောင်းစေပါတယ်
ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အမြင်အာရုံကို ကာကွယ်ပေးပါတယ်
ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။
ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။
သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်
ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။
ဂရုစိုက်ရန်
လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။
Good Health
Mg Mandalay
Print Friendly and PDF

GTALK chatbox မှာမိမိပုံ(သို့)ချစ်သူပုံလေးထည့်ပြီး

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ကျတော်တို့gtalkမှာချစ်သူပုံ(သို့)ကြိုက်တဲ့ပုံလေထည့်ကြည့်မယ်ဗျာ။ဒီလိုလေးပေါ့
၁။ ဒါဖြစ်လာအောင် သူငယ်ချင်းတို့ computer တွင် my thame လေးရှိထားရပါမယ်    မရှိရင် ဒီမှာဒေါင်းပါ  
run ပြီးရင်  gtalk setting  က appearence  ဒီလိုလေးmy thame လေးပြောင်းပေးမယ်။
၂။ရပြီးရင် local disk (c) ထဲက DASH ဆိုတဲ့ file ထိသွားပါ၃။ Dash ဖိုင်ထဲမှာ sample image တွေ့ပါမယ်။
အဲဒီထဲမှာမိမိကြိုက်တဲ့ပုံကို
   copy ကူးပြီး paste လုပ်ရုံပါဘဲ
၎။Sampleimages အောက်က changebackground ထဲက copy ကူးထားတဲ့ပုံလေးကို double click
 လုပ်ရင်မိမိရွေချယ်ထားတဲ့ပုံလေးပေါ်လာမှာပါ။ အားလုံးပျော်ရွင်ပါစေ။

 
1131 ယောက်ကြည့်သွားပါသည်။
Print Friendly and PDF
It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ရှားစောင်းလက်ပပ် ဆေးစွမ်းထက် ( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် )

Photo: ရှားစောင်းလက်ပပ် ဆေးစွမ်းထက် ( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် ) ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
Mg Mandalay
Views: 519
Print Friendly and PDF

Thursday, 28 June 2012

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့
Posted by R,ေ၈ျး

၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက
သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့
Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ်ကလေးကို ဖြုတ်ရုံပါပဲ။
၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။
အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။
တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။
ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။
၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို
အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components>
Terminal Services> Temporary Folder အတိုင်း သွားပါ။
ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။
၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM
ပမာဏများနေရင်တော့
ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။
တိုးနည်းကတော့
Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change
ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅
ဆရိုက်ထည့်ပါ။ Maximum
size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set
ကို နှိပ်ပါ။
OK နှိပ်ပြီး ထွက်လိုက်ပါ။
၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး
ကြာနေတတ်ပါတယ်။
ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့
Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows
က သုံးတဲ့
Font တွေ မဖျက်မိတော့ သတိထားပါ။
၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့
Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။
ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။

95 ယောက်ကြည့်သွားပါသည်။
ခေါင်းစဉ်ခွဲ : နည်းပညာ
Print Friendly and PDF

Saturday, 23 June 2012

မြန်မာပြည်၌ရှိသောတိုင်းရင်းသားမျိုးနွယ်စုများ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

မြန်မာပြည်၌ရှိသောတိုင်းရင်းသားမျိုးနွယ်စုများ

မြန်မာတိုင်းရင်းသားများ

ကျွန်တော်တော့ မြန်မာနိုင်ငံသားဖြစ်ပြီးတော့ မြန်မာလူမျိုး (၁၃၅) မျိုးရှိတယ်လို့ပဲသိထားတာ။ဘာလူမျိုးတွေလဲ
 
 
ပြောပြပါ့လား ဆိုရင်ပြောပြနိုင်ဘူး ။ အဲလိုမျိုးမသိသေးသော သူများအတွက်ဖော်ပြလိုက်ပါတယ် ။ 
မြန်မာတိုင်းရင်းသားလူမျိုး - အဓိက ကတော့

ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှုမ်း ၊ ဆိုပြီး ( ၈ မျိုး ) ရှိပါတယ် ။

ကချင်မှာ လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိပါတယ်။

(၁) ကချင် Kachin

(၂) တရုမ်းTaron Taron

(၃) ဒလောင် Dalaung

(၄) ဂျိန်းဖော Jinghpaw

(၅) ဂေါ်ရီ Guari

(၆) ခခူ Hkahku

(၇) ဒူးလန်း Duleng

(၈) မရူ (လော်ဝေါ်) Maru (Lawgore)

(9) ရ၀မ် Rawang

(၁၀) လရှီ (လချိတ်) Lashi (La Chit)

(၁၁) အဇီး Atsi

(၁၂) လီဆူး Lisu

ကယားမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိပါတယ်။

(၁၃) ကယား Kayah

(၁၄) ဇယိမ်း Zayein

(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)

(၁၆) ကဲ့ခို Gheko

(၁၇) ဂေဘား Kebar

(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)

(၁၉) မနုမနော Manu Manaw

(၂၀) ယင်းတလဲ Yin Talai

(၂၁) ယင်းဘော် Yin $%#w


ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိပါတယ်

(၂၂) ကရင် Kayin

(၂၃)ကရင်ဖြူ Kayinpyu

(၂၄) ပလေကီး Pa-Le-Chi

(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)

(၂၆) စကော Sgaw

(၂၇) တာလှေပွား Ta-Lay-Pwa

(၂၈) ပကူး Paku

(၂၉) ဘွဲ Bwe

(၃၀) မော်နေပွား Monnepwa

(၃၁) မိုးပွား Monpwa

(၃၂) ရှူး (ပိုး) Shu (Pwo)

ချင်းမှာ လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိပါတယ် ။

(၃၃) ချင်း (ဇိုမီး) Chin (Zomi)

(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)

(၃၅) ဆလိုင်း Saline

(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)

(၃၇) ခမီ Khami

(၃၈) အ၀ခမီ Awa Khami

(၃၉) ခေါနိုး Khawno

(၄၀) ခေါင်စို Kaungso

(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin

(၄၂) ခွာဆင်းမ် Kwelshin

(၄၃) ခွန်လီ (ဆင်) Kwangli (Sim)

(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)

(၄၅) ဂွေးတဲ Gwete

(၄၆) ငွန်း Ngorn

(၄၇) ဆီစာန် Zizan

(၄၈) ဆင်တန် Sentang

(၄၉) ဆိုင်းဇန် Saing Zan

(၅၀) ဇာဟောင် Za-How

(၅၁) ဇိုတုံး Zotung

(၅၂) ဇိုဖေ Zo-Pe

(၅၃) ဇို Zo

(၅၄) ဇန်ညှပ် Zahnyet (Zanniet)

(၅၅) တပေါင်Tapong

(၅၆) တီးတိန် Tiddim (Hai-Dim)

(၅၇) တေဇန် Tay-Zan

(၅၈) တိုင်ချွန်း Taishon

(၅၉) သဒို Thado

(၆၀) တောရ် Torr

(၆၁) ဒမ် Dim

(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)

(၆၃) နာဂ Naga

(၆၄) Tanghkul

(၆၅) Malin

(၆၆) Panun

(၆၇) Magun

(၆၈) Matu

(၆၉) Miram (Mara)

(၇၀) Mi-er

(၇၁) Mgan

(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)

(၇၃) Laymyo

(၇၄) Lyente

(၇၅) လောက်တူ Lawhtu

(၇၆) လိုင် Lai

(၇၇) လိုင်ဇို Laizao

(၇၈) ၀ါကင်းမ် Wakim (Mro)

(၇၉) Haulngo

(၈၀) အနူး Anu

(၈၁) အနန် Anun

(၈၂) Oo-Pu

(၈၃) လင်းဘု Lhinbu

(၈၄) အရှိုAsho (Plain)

(၈၅) Rongtu

ဗမာမှာ လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိတယ်။

(၈၆) ဗမာ Bamar

(၈၇) ထားဝယ် Dawei

(၈၈) မြိတ် Beik

(၈၉) ယော Yaw

(၉၀) ယဗိန်း Yabein

(၉၁) ကဒူး Kadu

(၉၂) ကနန်း Ganan

(၉၃) ဆလုံ Salon

(၉၄) ဖွန် Hpon

မွန်မှာ လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိပါတယ်။

(၉၅) မွန် Mon

ရခိုင်မှာ လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိပါတယ်။

(၉၆) ရခိုင် Rakhine

(၉၇) ကမန်လူမျိုး Kamein

(၉၈) ခမွီး Kwe Myi

(၉၉) ဒိုင်းနက် Daingnet

(၁၀၀) မရမာကြီး Maramagyi

(၁၀၁) မြို Mro

(၁၀၂) သက် Thet

ရှမ်းမှာ လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိပါတယ်

(၁၀၃) ရှမ်း Shan

(၁၀၄) ယွန်း (လော) Yun (Lao)

(၁၀၅) ကြီ Kwi

(၁၀၆) ဖျင် Pyin

(၁၀၇) ယောင် Yao

(၁၀၈) ဓနော Danaw

(၁၀၉) ပလေး Pale

(၁၁၀) အင် Eng

(၁၁၁) စုံ Son

(၁၁၂) ခမူ Khamu

(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)

(၁၁၄) ကိုးကန့် Kokant

(၁၁၅) ခန္တီးရှမ်း Khamti Shan

(၁၁၆) ဂုံရှမ်း Hkun

(၁၁၇) တောင်ရိုး Taungyo

(၁၁၈) ဓနု Danu

(၁၁၉) ပလောင် Palaung

(၁၂၀) မြောင်ဇီး Man Zi

(၁၂၁) ယင်းကျား Yin Kya

(၁၂၂) ယင်းနက် Yin Net

(၁၂၃) ရှမ်းကလေး Shan Gale

(၁၂၄) ရှမ်းကြီး Shan Gyi

(၁၂၅) လားဟူ Lahu

(၁၂၆) အင်းသား Intha

(၁၂၇) အိုက်ဆွယ် Eik-swair

(၁၂၈) ပအိုဝ်း Pa-O

(၁၂၉) တိုင်းလွယ် Tai-Loi

(၁၃၀) တိုင်းလျမ် Tai-Lem

(၁၃၁) တိုင်းလုံ Tai-Lon

(၁၃၂) တိုင်းလေ့ Tai-Lay

(၁၃၃) မိုင်းသာ Maingtha

(၁၃၄) မောရှမ်း Maw Shan

(၁၃၅)၀ Wa
http://mhuthaw.blogspot.com/2012/06/blog-post_16.html  မူရင်းလင့်ပါ.
mmc family မှကူးယူဖော်ပြသည်။
Views: 253

Print Friendly and PDF

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။

Print Friendly and PDF

Download Glary Utilities PRO 2.35 Full Version

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Computer တစ်လုံးအတွက်Utilitiesတစ်ခုဟာမရှိမဖြစ်လိုအပ်ပါတယ်........ဒီGlary Utilities ကregistry and
disk cleaning, privacy protection, performance accelerator and amazing multifunctional tools
တစ်ခုဖြစ်ပါတယ်.dogged registry errors, wipe off clutters, optimize internet speed, safeguard
confidential files and maintain maximum performance တို့ကိုလည်းfix လုပ်နိုင်ပါတယ်.
Glary Utilities PRO 2.35 Full Version 
Glary Utilities PRO 2.35 Features:
  • Automatic care in background
  • Optimize, clean and boost the speed of your Windows.
  • Protect your privacy and security.
  • Block spyware, trojans, adware, etc.
  • Fix certain application errors.
  • Simple, fast and User friendly interface
  • Much much more powerful utilities
  • Download
  • http://www.bloggerzayaung.co.cc

Print Friendly and PDF

Thursday, 21 June 2012

Huawei C8812/U8818 ကို Root လုပ်မယ်၊ မြန်မာဖောင့်ထည့်မယ်။

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Huawei C8812/U8818 ကို Root လုပ်မယ်၊ မြန်မာဖောင့်ထည့်မယ်။




မြန်မာချစ်သူမိသားစုရဲ့ အသင်းဝင်တစ်ယောက် မေးလာလို့ တင်ပေးလိုက်ပါတယ်။

ဇူလိုင်မိုး : HUAWEI U8818 အတွက် root လုပ်နည်းလေးကိုတင်ပေးပါအုန်းလို့တောင်းဆိုပါတယ်။


ကျွန်တော် U8818 နဲ့ C8812 ROOT လုပ်နည်း အတူတူပဲမလို့ တွဲတင်ပေးလိုက်ပါတယ်။ အရင်ဆုံး အောက်မှာ Downloadချသွားလိုက်ပါ။

Root လုပ်နည်း
  1. အားလုံးပြီးသွားရင်တော့ မိမိစက်မှာ မိမိဖုန်း Driver တင်ထားပါ။ ပြီးလျှင် USB Debugging ကို Enable လုပ်ဖို့အတွက် ဖုန်းရဲ့ Setting > Development > USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။
  2. ပြီးလျှင် မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို ဖိထားပေးပါ။ ဒါဆို Logo မှာပဲ ရပ်နေပါမယ်။ ခဏထားထားလိုက်ပါ။
  3. Super Click.rar ကို Extra Here လုပ်လိုက်ပါ။ အထဲမှာ Super Root ဆိုတဲ့ Folder ကို တွေ့ပါလိမ့်မယ်။
  4. အဲထဲမှာ install-superrecovery-windows.bat ဖိုင်လေးကို Run လိုက်ပါ။
  5. ခုနက Logo တက်နေတဲ့အတိုင်း USB ကြိုးဖြင့် မိမိဖုန်းကို ကွန်ပျူတာနှင့် ချိတ်လိုက်ပါ။
  6. ချိတ်ပြီးလျှင် ခုနက .bat File ကသူ့ကသူ လုပ်နေပါမယ်။ မလုပ်လျှင် Enter ခေါက်ပေးလိုက်ပါ။
  7. ခုနက အလုပ်လုပ်နေတာ ရပ်သွားရင်တော့ ကြိုးကိုဖြုတ်လိုက်ပါ။ ပြီးလျှင် Battery ကိုဖြူတ်ပြီး ပြန်တပ်လိုက်ပါ။
  8. ပြီးလျှင် Volume Up+ Power ကို ဖိထားလိုက်ပါ။ Android Logo လေးတက်လာပါမယ်။ ပြီးလျှင် Recovery Modeထပ်တက်လာပါမယ်။
  9. Volume down+up ကိုအသုံးပြုပြီးReboot System Now ကို Power Button နှိပ်ကာ ရွေးပေးလိုက်ပါ။ Rebootကျသွားပါမည်။
  10. ပြန်တက်လာပြီဆိုလျှင် မိမိဖုန်းရဲ့ Application List ထဲမှာ Superuser ဆိုတဲ့ Icon လေးရှိနေပါမယ်။ ဒါဆိုရင်တော့ Rootလုပ်တာ အောင်မြင်သွားပါပြီ။

Myanmar Font သွင်းခြင်း

မြန်မာဖောင့်သွင်းဖို့အတွက် Myanmar Mobile Application Store ရဲ့ Product ဖြစ်တဲ့ Font Changer ကို အသုံးပြုသွားမှာပါ။Font Changer.apk နဲ့ MyanDroid Soft Keyboard.apk ကို မိမိဖုန်းရဲ့ SD Card ထဲ ထည့်လိုက်ပါ။ ပြီးလျှင် နှစ်ခုလုံးကို Installလုပ်လိုက်ပါ။ Font Changer ကိုဖွင့်လိုက်ပါ။ Superuser Requested ! လို့မေးလျှင် Grant ကိုရွေးပေးပါ။ ပြီးလျှင် ဇော်ဂျီဖောင့်ပြောင်းရန် ဆိုတာကို နှိပ်လိုက်ပါ။ သူ့ကသူ Reboot လုပ်နေပါမယ်။ ခဏစောင့်လိုက်ပါ။ ပြန်တက်လာလျှင် မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် ဖုန်းရဲ့ Setting > Language & Keyboard > ထဲမှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။

ရမရ စမ်းချင်လျှင် Notepad ကို ဖွင့်လိုက်ပါ။ စာရိုက်မယ့်နေရာမှာ ခပ်ကြာကြာလေး ဖိလိုက်ပါ။ Input Method ပေါ်လာပါမယ်။ အဲမှာ MyanDroid Soft Keyboard ကို ရွေးပေးလိုက်ပါ။ ပြီးလျှင် စာရိုက်ကြည့်ပါ။ မြန်မာလို မြင်ရပြီ ဖြစ်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်။

အဆင်မပြေတာများရှိခဲ့လျှင် itmanaungkhinemoe@gmail.com သို့ဖြစ်စေ၊ dreamangle2020@gmail.com သို့ဖြစ်စေ MAIL ပို့နိုင်ပါတယ်။

အောင်ခိုင်မိုး
www.hoppingdream.blogspot.com ( ANDROID PALACE )
သူငယ်ချင်းများကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
Views: 80
အမျိုးအစား: Android
Print Friendly and PDF