Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label Health news. Show all posts
Showing posts with label Health news. Show all posts

Thursday, 7 April 2016

နှာခေါင်းထိပ်က အမည်းစက်တွေကိုရိုးရှင်းလွယ်ကူစွာဖယ်ရှားနည်း



မျက်နှာ အဆီပြန်တတ်သူတွေ နဲ့ ပေါင်းစပ်အသားအရေ (ခေါ်) နဖူးအလယ် နှာခေါင်း၊ မေးစေ့ တွေမှာ အဆီပြန်တတ်သူတွေဟာ အမည်းစက်တွေ ထွက်လေ့ရှိပါတယ်။

အမည်းစက်လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ ဝက်ခြံဖြစ် ပြီး ၄င်းကိုညှစ်လိုက်တဲ့အခါအထဲ က အဖြူရောင်အဆန်လေးတွေ ထွက်လာတာမျိုးပါ။အဲ့လိုအမည်းစက်တွေကိုတော့ နှာခေါင်းထိပ်တစ် ဝိုက်မှာ အများဆုံးတွေ့ရပြီး နှာ ခေါင်းဘေးကပ်လျက်ရှိသော ပါး ပေါ်မှာလဲတွေ့ရတတ်ပါတယ်။

 အောက်နှုတ်ခမ်းနဲ့ နီးကပ်နေသော မေးစေ့ပေါ်မှာတော့ကြာစူးကဲ့သို့ အဖုချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး၎င်းကိုကုတ်ခြစ်ကြည့်တဲ့ အခါမှာလဲ အဖြူရောင်အဆန် ထွက်ရှိလာပါတယ်။

 ပျမ်းမျှအားဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာပို၍အဖြစ် များပြီး ဆယ်ကျော်သက်အရွယ်က စလို့ ခုလိုမျိုးထွက်လာကြတာပါ။

သာမန်ဝက်ခြံဖုတွေဟာ အချိန်တန် လို့ သူ့အလိုလို မှည့်သွားတဲ့အခါ အဖြူရောင်အဆန် သွေးစသွေးနနဲ့ သားနံရည်တွေထွက်လာပေမယ့်၊ အမည်းစက် တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ၄င်း အမည်းစက်တွေကို အထဲကအဆန် ထွက်လာဖို့ညှစ်ပေးရမှာပါ။ တချို့ သူတွေက ညှစ်လိုက်ရင်ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲထားကြ ပါတယ်။

တကယ်တမ်းမှာတော့ အမည်းစက်တွေကမပွားတတ်ပါ ဘူး။ သို့သော်အမြစ်ပြတ်တယ်လို့ မရှိဘဲ အဆန်တွေထွက်သွားပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ပင်နေရာဟောင်းမှာသူ့အလိုလိုပြန် ပေါ်လာလေ့ရှိပါတယ်။ အလှကုန်ဈေးကွက်ထဲမှာ နှာ ခေါင်းကပ် (ကပ်ခွာ)ပစ္စည်းလေး တွေ၊ အမည်းစက်အတွက်သီးခြား ဖန်တီးထားတဲ့ scrub (ခေါ်)ဂျီး (ကြေး)တွန်းသန့်စင်ပစ္စည်းလေးတွေ ရနိုင်သလို၊ အလှပြင်ဆိုင်တွေမှာ လဲ မျက်နှာပေါ်ကအမည်းစက်တွေကို ဆေးသုံးပြီး ဖယ်ရှားပေးနေ ပါတယ်။

 အလှပြင်ဆိုင်ကို တကူး တက သွားနေစရာမလိုဘဲ အိမ်မှာတင်ပဲ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေသုံးပြီး ဘေးဥပါဒ်မဖြစ် စေဘဲအမည်းစက်တွေကိုဖယ်ရှား လို့ရပါတယ်။

သို့သော်သန့်ရှင်းမှု နဲ့အတူ ဇွဲရှိဖို့တော့ လိုပါတယ်။ ဦးစွာညအိပ်ရာဝင်ခါနီး မျက် နှာသစ်ပြီးနောက် အမည်းစက် တွေကို လက်သန့်သန့်ဖြင့်ညှစ် ထုတ်ပါ။(ဝက်ခြံညှစ်ကိရိယာကို သုံးနိုင်သော်လည်း နောင်တစ် ကြိမ်ပြန်သုံးဖို့အတွက် ထိုကိရိယာ ကို သန့်ရှင်းစင်ကြယ်နေပါစေ။)

ပြီးရင် Foaming Cleanser ပါတဲ့ Oil Free (ခေါ်)အဆီပြန်သူတွေ အတွက် သီးသန့်ထုတ်လုပ်ထား သော မျက်နှာသစ်ဆပ်ပြာဖြင့်စင် ကြယ်အောင်ထပ်မံ၍ မျက်နှာ သစ်ပြီးနောက် မိမိအဆင်ပြေရာ အောက်ပါနည်း တစ်ခုခုကိုသုံးပါ။

(၁) ခရမ်းချဉ်သီးကို အလယ် က ထက်ခြမ်းခြမ်း၊ အစေ့ထုတ်၍ ထိုခရမ်းချဉ်သီးအသားနှင့်နှာခေါင်း ထိပ်ကိုပွတ်ပေးပါ။ မိနစ် ၂ဝ ခန့် အကြာမှာ ရေအေးဖြင့်မျက်နှာသစ် ပေးပါ။ (ရေခဲရည်မဟုတ်ပါ။)

 (၂) နှာခေါင်းထိပ်ပိုင်း၊ မေးစိ နှင့်နှာတံဘေးမှပါးနှစ်ဖက်ပေါ်သို့ ရှားစောင်းလက်ပပ်ဂျယ်လီ (အနှစ် သား)ဖြင့်လိမ်းပွတ်ပေးပါ။ ၁၅ မိနစ်ခန့်အကြာ မျက်နှာကို ရေအေး ဖြင့် သန့်စင်ပေးပါ။ (ရေခဲရည် မဟုတ်ပါ။)

(၃) နှင်းဆီရည်ဖြင့် မျက်နှာ သစ်ပေးနိုင်ပါတယ်။ Rose Water (ခေါ်)နှင်းဆီရည်ကို အလှကုန် ပစ္စည်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။

(၄) ဆားရည်မပျစ်မကျဲဖျော် ၍ အမည်းစက်များတွေပေါ်ကို သာလိမ်းပွတ်ပေးပါ။ ၁၅မိနစ်ခန့် အကြာမျက်နှာကို ရေအေးဖြင့်သန့် စင်ပေးပါ။ ဒီနည်းကအရေပြားပေါ် က ဆဲလ်အသေတွေကို ထိရောက် စွာဖယ်ရှားပေးနိုင်ပါတယ်။(ရေခဲ ရည်မသုံးရ)

 (၅) ပဝါသန့်သန့်ကို ရေနွေး ဖြူစိမ်ကာအရည်ညှစ်၍ထိုအမည်း စက်တွေပေါ် ခေတ္တအုပ်ထားပေး ပါ။ ဒီနည်းကချွေးပေါက်ပွင့်ကျယ် လာပြီးတော့ အမည်းစက်တွေကို အလွယ်တကူညှစ်ထုတ်လို့ရပါ တယ်။ (အရမ်းပူသောရေနွေးကို မဆိုလိုပါ။)

(၆) သံပရာရည်နဲ့ သစ်ကြံပိုး ခေါက်မှုန့်တို့ကို ဆတူရောပြီးည အိပ်ရာဝင်ခါနီး အမည်းစက်တွေ ပေါ်လိမ်းပါ။ တစ်ညလုံးလိမ်း အိပ်ပြီးနောက် နံနက်အိပ်ရာထ မျက်နှာသစ်ပေးနိုင်ပါတယ်။

ဆိုးဆိုးရွားရွားအမည်းစက် ထွက်သူတွေအနေနဲ့ အလှပြင်ဆိုင် တွေမှာ မကြာခဏ ကြေးချွတ်ခြင်းကို တစ်လတစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Friday, 8 March 2013


မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း

Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ ************************************** မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း ================================= ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။ မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။ မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။ ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။ ၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင် တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။ ၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။ ၄။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။ ၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။ မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။ ၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။ ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။ ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။ ၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။ စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။ ၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။ နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။ နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။ ၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။ စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။ ၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။ လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။ ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။ credit to .>>>( Sarmicmantra)
Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ

ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။

credit to .>>>( Sarmicmantra)

Tuesday, 5 March 2013

တညင်းသီးအကြောင်းသိကောင်းစရာ



တညင်းသီးအကြောင်းသိကောင်းစရာ

ီ ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို ကျနော်တို. တော်တော်များများစားဖူးကြပါတယ်။ မြန်မာပြည်က ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။ တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင်.ဘူးဆိုတာ ကျနော်စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ.ရပါတယ်။ ဒါကြောင်.ကျနော် ဖတ်ခဲ.ဖူးတဲ. ဒီအသီးအကြောင်းရေးထားတာကို ပြန်ပြီးမျှဝေ လိုက်ပါတယ်။ အားလုံးသိကြတဲ.အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော. တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော. လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ. အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ. ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်. အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း ပိုများတယ်လို.ဆိုပါတယ်။ အဆိပ်သင်.ခြင်း တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော. ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ်. တညင်းသီးမှာပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ. တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ. အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။ တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက် အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။ တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေး လျော.နည်းသွားတယ်လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ. ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်. ထုတ်ပြန်ရေးသားထား တာတွေလည်းရှိပါတယ်လို.ဆိုတယ်။ ဒါကြောင်. စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို အာလုံး တတ်နိုင်သမျှတော. မစားသင်.ဘူးလို.ထင်ပါတယ်။ ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ သိသမျှ မျှဝေ ဖော်ပြပါသည်။
Views: 16

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)(ဒေါက်တာတင့်ဆွေ)


Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)(ဒေါက်တာတင့်ဆွေ) Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)01 Mar 2012 07:19 AM PST
ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ဘူး။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲဆိုတော့ -
၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။• တချို့မှာ ရင်သားနာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေ ပိုမြင်လာရမယ်။• နို့သီး-နို့သီးအဝိုင်း အရောင် ရင့်လာ၊ မဲလာမယ်။• Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်• Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။
၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ် အားယုတ်ခြင်း၊• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ (အင်နာဂျီ) ပိုလိုလို့ပါ။ ပိုစားပါ။• Anemia သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
၃။ Pregnancy Nausea or Vomiting ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း၊• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။ ဆေးရုံတက်ရလောက်အောင်အထိ ဆိုးသူလဲရှိတယ်။• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness (မောနင်း-ဆစ်ကနက်စ်) လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ (ခရက်ကာ) စတာမျိုး၊ နောက်ပြီး (ပရိုတင်း) များတာ ဥပမာ အဆီလွတ်အသား၊ (ချိစ်) ကို ညမအိပ်ခင်စားပါ။• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။• Vitamin B6 (ဗီတာမင် ဘီ-၆) သောက်ပါ။• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။ (စာတပုဒ် သပ်သပ်ရေးထားပါတယ်။)
၎။ Pregnancy Frequent Urination ဆီးခဏခဏသွားခြင်း၊• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊• Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။
၅။ Pregnancy Headaches ခေါင်းကိုက်ခြင်း၊• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ Preeclampsia (PET) သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။• Tylenol (Acetaminophen) လိုအပ်ရင် (ပါရာစီတမော) ဆေးပြားသောက်ပါ။• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။
၆။ Pregnancy Constipation ဝမ်းချုပ်ခြင်း၊• Hormones ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ (ဗီတာမင်တွေ) နဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။• Fiber (ဖိုက်ဘာ) များတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။• Exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။• Laxative ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။
၇။ Pregnancy Dizziness မူးဝေခြင်း၊• Pregnancy hormone ကိုယ်ဝန်ဆောင်-ဟော်မုန်း လို့ခေါ်တဲ့ Progesterone (ပရိုဂျက်စတီရုံး) ကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။• မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။
၈။ Difficulty Sleeping အိပ်မပျော်ချင်ခြစ်လာခြင်း၊• Sleep medication အိပ်ဆေးမသောက်ပါနဲ့၊• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။
၉။ Pregnancy Heartburn or Indigestion အစာအကျေ-ဗိုက်အောင့်ခြင်း၊• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။• ရေနွေး၊ (ဟာဘယ်လ်) လဖက်ရည်သောက်ပါ။• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။
၁ဝ။ Pregnancy Hemorrhoids လိပ်ခေါင်း၊• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။• အတွင်းခံကျပ်မနေပါစေနဲ့။• လိုအပ်ရင် ဆရာဝန်ပြပါ။
၁၁။ Pregnancy Varicose Veins သွေးပြန်ကြောထုံးခြင်း၊• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။
၁၂။ Pregnancy Leg Cramps ကြွက်တက်ခြင်း၊• (ကယ်လ်စီယမ်) များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါ။• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။• ပက်လက်အိပ်တာ နည်းပါစေ။• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။
၁၃။ Pregnancy Nasal Congestion နှာခေါင်းပိတ်ခြင်း၊• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။• Nasal sprays ဆေးမသုံးပါနဲ့။• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။• ခေါင်းအုံးအပိုသုံးပါ။• Humidifier or Vaporizer သုံးနိုင်တယ်။
၁၄။ Shortness of Breath အသက်ရှူမဝခြင်း၊• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျော့ချလိုကပ်ပါ။ နားလိုက်ပါ။• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။
၁၅။ Pregnancy Stretch Marks အကြောပြန်ခြင်း၊• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။• Vitamins C and E တွေသောက်ပေးပါ။• Skin lotion လိမ်းပါ။• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
၁၆။ Swelling in the Feet and Legs ခြေထောက်ရောင်ခြင်း၊• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။• မတ်တပ် အကြာကြီးမရပ်ပါနဲ့။• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။• ငန်တဲ့အစာတွေ ရှောင်ပါ။ (ဆိုဒီယမ်) များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။• ခြေထောက်ပိုင်း မျြှင့်ထာနားပါ။• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။• (ပရိုတင်း) များများစားပါ။• မျက်နှာပါ ရောင်ရင် ဆရာဝန်ပြပါ။
၁၇။ Vaginal Discharge မွေးလမ်းကစိုနေခြင်း၊• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။• (ကော်တွန်) အတွင်းခံသာသုံးပါ။• အတွင်းခံ တင်းကြပ်မနေစေနဲ့။• Douche (ဗဂျိုင်းနား) ဆေးကြောနည်း မလုပ်ပါနဲ့။• ဆပ်ပြာနဲ့ ရေသာသုံးပါ။• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။
၁၈။ Pregnancy Backaches ခါးနာခြင်း၊• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊• (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးသောက်ပါ။
၁၉။ Abdominal Pain or Discomfort ဗိုက်အောင့်ခြင်း၊• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။• Tylenol (Acetaminophen) (ပါရာစီတမော) လိုအပ်ရင်သောက်ပါ။• မသက်သာရင် ဆရာဝန်ပြပါ။
၂ဝ။ Braxton-Hicks Contractions ကလေးလှုတ်ခြင်း၊• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။• မွေးချင်သလား အထင်မှားတတ်တယ်။
Dr. တင့်ဆွေ၂၄-၂-၂ဝ၁၂Views: 83Tags: ကျန်းမာရေး


အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး


အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။  အခုအချိန်မှာ လူမှုရေးတာဝန်တွေ ပိုမိုများပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာနေမှသာ အရာရာကို အောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှားနိုင်မှာပါ။

အိပ်စက်ချိန်

အမျိုးသား အများစုအဖို့ ညဘက်မှာ ကောင်းကောင်း အိပ်စက်နိုင်ဖို့က မလွယ်ပါဘူး။ အခုအချိန်မှာ လူနေမှု အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုရင် အရင်ကထက်ပိုပြီး အလုပ်များလာတာကြောင့်  ညဘက်တွေမှာလည်း အလုပ်တွေ လုပ်ကိုင်လာကြရပါတယ်။ ဒီလိုဖြစ်လို့ ညတိုင်း ခုနစ်နာရီထက်လျှော့ပြီး အိပ်မယ်ဆိုရင် သင့်ဘဝသက်တမ်းကို လျော့စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စောစော အိပ်ရာဝင်ပြီး အနည်းဆုံး တစ်နေ့ ခုနှစ်နာရီ အိပ်စက်သင့်ပါတယ်။

လေ့ကျင့်ခန်း

ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးဖို့ အမြဲတစေ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း မလုပ်ရင် အသက်ကြီးလာလေလေ၊ သင်ရဲ့ ကြံ့ခိုင်သန်စွမ်းမှု အဆင့်က လျော့ကျ လာလေလေ ဖြစ်လာပါလိမ့်မယ်။ အလုပ်ကို လမ်းလျှောက်ပြီး သွားတာ၊ အမြင့်ကို လှေကားနဲ့ တက်တာ၊ တစ်ပတ်တစ်ကြိမ် ဘောလုံးကန်တာ၊ ဂေါက်သီးကစားတာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ တစ်နေ့အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးတဲ့နည်းနဲ့ နှလုံးခုန်နှုန်းမြန်အောင် လုပ်ဆောင် ပေးသင့်ပါတယ်။

ဗိုက်ပူခြင်း

ဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေ ရှိနေရင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဝမ်းဗိုက်ပူတဲ့အခါ ဝမ်းဗိုက်အဆီဟာ Angiotensin ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းဟာ သွေးကြောကျဉ်းတာကို ထိန်းချုပ်တဲ့အတွက် သွေးတိုးနိုင်ခြေ မြင့်မားရတာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အစားအသောက်  နံနက်စာကို ကောင်းကောင်း စားဖြစ်သလား၊ အယ်လ်ကိုဟောကို ဘယ်လောက် သောက်သုံးခဲ့သလဲ၊ ဘယ်လို သရေစာတွေကို စားခဲ့သလဲ ဆိုတာကို အမြဲဆန်းစစ် နေရပါမယ်။ စားသောက်ခဲ့တဲ့ အစာတွေမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်များများ ပါဝင်သလဲ၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်ကရော အလုံအလောက် ရရှိရဲ့လား ဆိုတာကိုလည်း ဆန်းစစ်နေသင့်ပါတယ်။

ရေဓာတ်ပြည့်ဝမှု

ရေကို အလုံအလောက် သောက်သုံးတာက အရေပြားကို စိုပြည်စေပြီး ပုံမှန်ထက်ပိုပြီး အရွယ်တင် နုပျိုစေပါတယ်။ အိပ်ရာဘေးကို ရေတစ်လီတာ တစ်ဘူးထားပြီး ညဘက်မှာ ရေဆာရင် ဒါမှမဟုတ် နံနက်မိုးလင်းရင် ရေကို များများသောက်ပေးပါ။ ဝိတ်လျှော့နေရင် အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ဖန်ခွက် သောက်ပေးရင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

ရယ်မောခြင်း

ရယ်မောတာက အကောင်းဆုံး ဆေးတစ်လက် ဖြစ်တယ်လို့ သင်ကြားဖူးမှာပါ။ အကောင်းမြင်စိတ်ထားပြီး အပြုံးလှလှ ပြုံးပေးပါက စိတ်ဖိစီးမှု ကြုံလာရင်တောင် ခံနိုင်ရည် ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ရယ်မောတာနဲ့ ဟာသဇာတ်လမ်းတွေ ကြည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

စာပေလေ့လာမှု

စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာတာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်ပါတယ်။ စာဖတ်တဲ့အတွက် အရာရာတိုင်းကို ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းရှိရှိ ပိုမို တွေးခေါ်လာနိုင်သလို မှတ်ဉာဏ်လည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တာကြောင့် ဦးနှောက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ စာဖတ်တာကလည်း လေ့ကျင့်ခန်းလိုပဲ အမြဲမပြတ် လုပ်ဆောင်ပေးနေမှ အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ်။

ကေအမ်
 By Good Health

Friday, 22 February 2013

မျက်စိအားကောင်းစေရန် .............


မျက်စိအားကောင်းစေရန် .............

မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။
(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။
(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။
(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။
(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။
(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။
(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။
(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။
(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။
(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)
(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။
၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။
(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။
(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး


ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, January 6, 2013 at 9:46am 

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့စားမြန် ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ် သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံးမှန်မှန်စားပေးနိုင်ရုံနဲ့ရောဂါ လျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ရေဖျဉ်းရောဂါစွဲမှုနဲ့အသားအရေဓာတ်ဖောက် မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်းချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ပတ်သက်တဲ့ပြဿနာအမျိုးမျိုး ကို ဖြေရှင်းပေးတတ်ပါတယ်။

သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီးဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့ အာနိသင်ကိုကောင်းစွာခံယူရရှိနိုင်တော့ မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း

ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်း တွေဟာ ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကိုကာကွယ်ပေးတတ်ပါမယ်၊ ထို့ပြင် လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့် သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်။ Capsaicin ဓာတ်ဟာ ကိုက်ခဲမှုကို ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက် စေတယ်၊ ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲကခဲကျပ်မှုတွေကိုလည်းအရည်ပျော်စေတတ် တယ်။


( ၄ ) ရှောက်၊ သံပရာ၊ အသီးအနှံ

သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့ ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊ သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊Limoneneလို့ခေါ်တဲ့ဓာတ်သဘာဝ တွေ ဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇိုင်းတွေကိုမြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့ ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။


( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ

ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာစူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊ ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့အမျှပဲကင်ဆာဖြစ် စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ဟင်းခတ်ကြက် သွန်မြိတ်တို့ကလည်း ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး

စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့် Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါ တယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့် ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေ ပါတယ်။ Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန် လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့် သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူး သဖြင့် အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။


( ၇ ) ဖရဲသီး၊ သခွားသီး

ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါမြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့ Carotenoids နှင့်Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊ တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့် မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့် ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကိုအရည် ပျော်စေတဲ့ သဘာဝကောင်းတွေ ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကုစားရာမှာပါဆက်စပ်သုံးစွဲခဲ့ပါ တယ်။


( ၈ ) ပဲပိစပ်

ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာပါဝင်နေတာကြောင့်လည်း ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊ ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာ နိုင်တတ်မယ့် ရင်သားကင်ဆာနှင့် သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊ Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊ လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။


( ၉ ) လက်ဖက်

လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ကူးပြောင်းပြီးဆက် လက် ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ တွေကပဲ မပြန့်ပွားအောင်တားဆီး ကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊ ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်ပိုထက်မြက်နိုင်ပါမယ်။


( ၁၀ ) ခရမ်းချဉ်သီး

လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ကိုယ်ထဲက ဖရီးရယ်ဒီကယ်အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင် စီ ဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ အများဆုံး ပျော်ဝင်ေHနတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက်အတော်များများမှာပါဝင် နေ ပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့နိုက်ထရစ် အက်ဆစ်တွေကို ဖယ်ရှားစေမယ့်Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီးနီနီထမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်းတွေ့ နိုင်ကြောင်း တင်ပြလိုက်ပါတယ်။
Mg Mandalay