Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label General knowledges. Show all posts
Showing posts with label General knowledges. Show all posts

Wednesday, 7 August 2013

ကြက်ဥပြုတ်သယ်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ

 

           အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲ တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။

       ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။ ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့ တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။

          ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့လာ ချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာ ရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။ အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။

         အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

       ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။
.
Ref: dyknow
International news for myanmar
.
http://www.innewsmyanmar.com/2013/08/developer.html
                                                                                လေးစားစွာဖြင့်    ....    မောင်မြင့်

Sunday, 4 August 2013

ကားမီးလောင်ရခြင်း အကြောင်းအရင်းများ

Probox ကားတွေ မီးလောင်တာ သုံးလေးခါလိုလိုဖြစ်လာတော့ ဘာလို့မီးလောင်တာလဲ ဘာပြသနာရှိလို့လဲလို့ မန်ဘာတချို့က မေးကြတယ်။ Probox တွေမှာ မီးသတ်ဗူးထည့်ရမယ်ဆိုတဲ့ သတင်းလဲတွေ့လာရတယ်။ ကားထဲမှာ မီးသတ်ဗူးပါတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်ပါ။ အိမ်၊ ကျောင်း၊ ရုံး၊ ဈေး၊ ခရီးသည်တင်နဲ့အိမ်စီးကား ဘယ်မှာမဆိုရှိသင့်တဲ့ ပစ္စည်းပါပဲ။
ဒါပေမယ့် Probox ထဲ မီးသတ်ဗူးဆောင်ထားရုံနဲ့တော့ မီးမလောင်တော့ဘူးလို့ပြောလို့မရဘူး။ မီးသတ်ဗူးဟာ မီးမကြီးခင် ငြှိမ်းဖို့သာဖြစ်ပြီး မီးမလောင်အောင်တော့ မကာကွယ်နိုင်ဘူး။ မီးလောင်ရတဲ့အကြောင်းရင်းကိုသိမှသာလျှင် ကာကွယ်ဖို့နည်းကိုသိမှာပါ။ Probox တွေချည်းပဲဖြစ်နေတော့ Probox မှာပြသနာရှိတာလို့တော့ အလွယ်ကောက်ချက်ချလိုက်လို့တော့ရတာပေါ့။ မီးလောင်ပြီးနောက်မှာ ကျန်ခဲ့တဲ့ကားနဲ့မီးလောင်ပြီးအပိုင်းအစအပျက်အစီးတွေကို investigate လုပ်မှသာ တကယ့်အကြောင်းအရင်းမှန်ကိုသိနိုင်မှာပါ။။ ဒါပေမယ့် အဲလိုမလုပ်ကြတဲ့အတွက် ၀ါယာရှော့ဖြစ်တာနေမှာလို့တော့ အတိအကျကြီးစွပ်စွဲလို့မရဘူးပေါ့။
ကားမီးလောင်မှုဖြစ်နိုင်တဲ့ အကြောင်းရင်းတွေများစွာရှိပါတယ်။ ကားမှာ ဓါတ်ဆီလို မီးလောင်လွယ်တဲ့အရည် လေးငါးခြောက်မျိုးပါသလို၊ မီးလောင်ခြင်းကိုဖြစ်စေနိုင်တဲ့ ပစ္စည်း တွေလဲပါပါတယ်။ ကားတော်တော်များများမှာပါဝင်တဲ့ Hose တွေ pump တွေဟာ ခုနကပြောခဲ့တဲ့ မီးလောင်လွယ်တဲ့အရည်တွေကို ပူနေတဲ့အင်ဂျင်ခန်းကနေဖြတ်သန်းသယ်ဆောင်ရတဲ့အခါ အဲဒီ hose/pump တွေ မကောင်းတော့ရင် ဆီယိုပြီး မီးထတောက်နိုင်ပါတယ်။ hose/pump တွေကောင်းပေမယ့် ဆီတိုင်ကီအဖုံးမလုံတာ၊ လုံအောင်မပိတ်မိတာမျိုးကနေလဲ ဆီတွေက ပူနေတဲ့အင်ဂျင်အစိတ်အပိုင်းပေါ်ကျပြီးမီးလောင်နိုင်တယ်။
နောက်ပြီး ကားမှာ electrical devices တွေလဲပါဝင်တဲ့အတွက် အဲဒါတွေကနေလဲ short circuits တွေဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ခြေနည်းတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ လေထုညစ်ညမ်းစေတဲ့မီးခိုးတွေ၊ ဓါတ်ငွေ့တွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ ထည့်သွင်းထားတဲ့ catalytic converter ကလဲ overheat ဖြစ်တတ်ပါတယ်။ ဘာလို့ overheat ဖြစ်လဲဆိုတော့ အင်ဂျင်ထဲကိုဓါတ်ဆီပို့ပေးရတဲ့ fuel injectors တွေမှာ leakage/dripping ဖြစ်နေတဲ့အခါ မလောင်ကျွမ်းရသေးတဲ့ fuel (HC) တွေ catalytic converter တွေထဲရောက်လာပြီး အထဲမှာမှ လာလောင်ပါတယ်။ အဲဒီလောင်ကျွမ်းမှုကြောင့် မီးခိုးစစ်ဖို့ထည့်ထားတဲ့ catalytic converter ထဲက ပျားအုံကွက်လိုလေစစ်တွေဟာ အရည်ပျော်လာပြီး exhaust flow က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ ဒီလိုနဲ့ အချိန်ကြာတဲ့အခါ overheat ဖြစ်လာပြီး အပူချိန်ဟာ 200C ကိုကျော်တဲ့အထိဖြစ်လာနိုင်တဲ့အတွက် ခြောက်သွေ့တဲ့အရာတွေအနားမှာရှိရင်ကိုပဲ မီးလောင်နိုင်ပါတယ်။ စက်မသတ်ဘဲလမ်းပေါ်ရပ်ထားတဲ့ cruiser တွေ (ကားအောက်မှာ သစ်ရွက်ခြောက်တွေရှိတာကြောင့် ) မီးထလောင်တာမျိုး မကြခဏမဟုတ်ပေမယ့် ဖြစ်ဖူးတာရှိပါတယ်။
အခုရေးလိုက်တဲ့အကြောင်းအရာတွေဟာ သိသလောက်၊ လေ့လာမိသလောက်ကိုရေးထားတာမို့လို့ ပညာရှင်တစ်ယောက်ရေးတာလို ပြည့်စုံမှာတော့မဟုတ်ဘူး။ Probox တွေ ဘာလို့မီးလောင်တာလဲလို့ မေးလာလို့ သိသလောက်ကိုဝေမျှတဲ့သဘောပါပဲ။ အခုရေးထားတာတွေဟာ Probox သက်သက်အတွက်မဟုတ်ဘဲ ပြုပြင်ထိန်းသိမ်းမှုနည်းတဲ့ကားတိုင်းမှာ ဖြစ်တတ်တဲ့သဘောကို ယေဘုယျရေးတာပါ။ ဒါဆို ကားတိုင်းမဖြစ်ဘဲ ဘာလို့ Probox တွေချည်းပဲဖြစ်နေသလဲ။ ဂျပန်မှာ Fit, Vitz, Swift..etc ဆိုတာ အိမ်စီးကားတွေဖြစ်ပြီး Probox တွေကတော့ လုပ်ငန်းသုံးကားပါ။ လေလံမှာ ကီလိုမီတာနည်းနည်းနဲ့ကားတွေ့နိုင်သလို ကီလိုမီတာ နှစ်သိန်းတွေ သုံးသိန်းတွေအထိခိုင်းထားတဲ့ကားတွေလဲရှိပါတယ်။ အဲလိုအများကြီးခိုင်းထားတဲ့ကားကို လေလံဆွဲတဲ့အခါ ကီလိုမီတာနည်းတဲ့ကားထက် အများကြီးဈေးသက်သာပါတယ်။ အဲလိုကားတွေသွင်းလာပြီး ရန်ကုန်ရောက်တဲ့အခါမှာလဲ Taxi ဆိုပြီး ထပ်ခိုင်းပြန်ပါတယ်။ ငွေနှမြောလို့ရယ်မဟုတ်ဘဲ ဒါတွေကိုလဲစစ်ဆေးသင့်မှန်းမသိထားခဲ့ရင်၊ workshop ကိုစစ်ခိုင်းဖို့မေ့နေတာမျိုး၊ သူ့အချိန်တန်လို့လဲရမယ့် ပစ္စည်းတွေမလဲဘဲထားရင်၊ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုမလုပ်ထားရင် အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် မီးလောင်တဲ့အခါ အများကြီးဆုံးရှုံးနစ်နာရပါတယ်။
ကားမီးလောင်ခြင်းအပါအ၀င် ကားနဲ့ပတ်သက်တဲ့ accident တခုခုဖြစ်တဲ့အခါ အကြောင်းရင်းတော်တော်များများဟာ ကားရဲ့engine design ကြောင့်မဟုတ်သလို ထုတ်လုပ်သူရဲ့အမှားအယွင်းတခုခုကြောင့်လဲမဟုတ်ဘဲ လုံလောက်တဲ့ပြုပြင်ထိန်းသိမ်းမှုမရှိလို့ဖြစ်ရတာများပါတယ်။
------------------------------------------------------------------
လောင်လိုက်တိုင်း တောင်တက်လမ်းခရီးမှာ ဖြစ်တတ်တာကလည်း စဉ်းစားစရာတစ်ခုပါ။
တောင်တက်မတ်စောက်တဲ့အခါမျိုးမှာ ထိုက်သင့်တဲ့ ဂီယာကို အသုံးပြုသင့်ပါသည်။
ပုံမှန်အားဖြင့် "D" နဲ့မောင်းနေပေမယ့် မိမိမော်တော်ယာဉ်ဟာ ၀န်အပြည့်ပါပြီး၊ (၁၀)ဒီဂရီထက်မတ်စောက်တဲ့ လမ်းမှာ "2" သို့မဟုတ် "S" ကို အသုံးပြုကါ မောင်းနှင်သင့်ပါသည်။
"L" ကတော့ သုံးလေ့နည်းပါသည်။ သဲထဲဗွက်ထဲ တစ်လိမ့်ချင်းလိမ့်တဲ့အခါမျိုးမှသာ သုံးလေ့ရှိသည်။
CM2
CarMarketInMyanmar
Credits
Views: 223

Thursday, 2 May 2013

ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ



ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ

ရေးသားတင်ပြသူ ဖိုးလပြည့် မှ မေ 1, 2013 တွင် 9:16pm
လျှို့ဝှက်မေး(လ်)ပို့ရန် ဘလော့ပို့စ်များ အားကြည့်ရန်


ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ

၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

၂။ ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။
ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် လျှပ်စစ်စွမ်းအားကို ညဘက်ပိုင်းတွင် လိုအပ်ခဲ့ပါက လျှပ်စစ်စွမ်းအား သိုလှောင်ထားနိုင်သည့်အရာ (အဓိကအားဖြင့်) ဘက္ထရီနှင့်ချိတ်ဆက် တပ်ဆင်ဖို့ လိုအပ်ပါသည်။

၃။ ဆိုလာဆဲလ် ဘယ်လိုအလုပ်လုပ်သလဲ။
အလင်းမှုန်များသည် ဆီလီကွန်အက်တမ်များမှ ပိုလျှံနေသော လျှပ်စစ်ဓါတ်မှုန်များကို ရိုက်ခတ်ကာ လျှပ်စစ်ဓါတ်မှုန်များကို ထွက်ရှိလာစေပါသည်။ လျှပ်စစ်ဓါတ်မှုန်များ ထွက်ရှိရာမှ လျှပ်စစ်ဗို့အားထွက်ပေါ် လာပါသည်။ အတွင်းပိုင်း လျှပ်စစ်စက်ကွင်းသည် ဆဲလ်၏ရှေ့မျက်နှာပြင်ရှိ လျှပ်စစ်ဓါတ်မှုန်များကို တွန်းကန်စေခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါသည်။ ထွက်ပေါ်လာသော လျှပ်စစ်စီးကြောင်းသည် အခြားဆဲလ် (သို့) အသုံးပြုမည့် နေရာများဆီသို့ ဆက်လက် စီးဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါသည်။ ထိုသို့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးရာတွင် ဆိုလာဆဲလ်များသည် မည်သည့်အခါမျှ လျှပ်စစ်ဓါတ်မှုန်များကို ကုန်ဆုံးသွားစေခြင်းမရှိပါ။

၎။ ဆိုလာဆဲလ် အမျိုးအစား ဘယ်လောက်ရှိလဲ။
ဆိုလာလျှပ်စစ်ပြား အမျိုးအစားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

1.Crystalline Silicon
a. Monocrystalline Silicon
b. Poly or multicrystalline Silicon
c. Ribbon Silicon (one type of multicrystalline Silicon)

2.Thin Filim Solar Cell
a. Cadmium Telluride Solar Cell
b. Copper Indium Gallium Selenide Solar Cell
c. Gallium Arsenide Multijunction Solar Cell
d. Light-absorbing dyes (DSSC) Solar Cell
e. Organic/Polymer Solar Cell
f. Silicon Thin-Film Cells
i. Amorphous Silicon
ii. Photocrystalline Silicon
iii. Nanocrystalline Silicon

၅။ ဆိုလာစနစ်ကို ဘာကြောင့်သုံးမှာလဲ။
ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍
• ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။
• အလင်းမှလွဲ၍ အခြားလောင်စာ မလိုအပ်ခြင်းကြောင့် ရေရှည်တွင် ကုန်ကျစရိတ် သက်သာခြင်း။
• ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။ - စသည်တို့ကြောင့် ဆိုလာလျှပ်စစ်စနစ်ကို အသုံးပြုသင့်ပါသည်။

၆။ ဆိုလာလျှပ်စစ်စွမ်းအင်ကို ဘယ်လိုသုံးမှာလဲ။
ဆိုလာပြားမှ ရရှိလာသော ဒီစီလျှပ်စစ်စွမ်းအားကို တိုက်ရိုက်အသုံးပြုနည်းဖြင့်လည်းကောင်း၊ ဘက္ထရီတွင် သိုလှောင်၍လည်းကောင်း၊ မိမိလိုအပ်သလို အသုံးပြုနိုင်ပါသည်။

၇။ ဆိုလာစနစ်ကို အသုံးပြုခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများမှာ
• ဆိုလာစနစ်သည် နေရောင်ခြည်စွမ်းအင်ဖြစ်၍ ကမ္ဘာတည်သရွေ့ မကုန်ခမ်းနိုင်ဘဲ အခမဲ့ သုံးစွဲနိုင်ခြင်း။
• ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့မထွက်ရှိ၍ သဘာဝပတ်ဝန်းကျင်ကို အမြဲစိမ်းလန်းနေစေခြင်း။
• အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ခြင်း။
• ဘေးအန္တရယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း။
• လှုပ်ရှားမှု အစိတ်အပိုင်းလုံးဝမပါသဖြင့် ဆူညံမှု မရှိခြင်း။ ချွတ်ယွင်းပျက်ဆီးမှု နည်းပါးကာ နှစ်ရှည်
အသုံးပြုနိုင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်မရှိခြင်း စသည့်ကောင်းကျိုးများ ရရှိနိုင်ပါသည်။

၈။ ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသလား။
ဆိုလာကို ထိန်းသိမ်းရန်နှင့် အသုံးပြုရန် လွယ်ကူပါသည်။ ဆိုလာစနစ်သည် အလွန်ရိုးရှင်းသော စနစ်ဖြစ်၍ အတွင်းပိုင်းတွင် လှုပ်ရှားမှုအစိပ်အပိုင်းမပါရှိခြင်းကြောင့် ထိန်းသိမ်းမှုစရိတ်နည်းပါးပြီး၊ ဆိုလာပြားပေါ်တွင် ဖုန်မှုန့်များနှင့် တခြားနေရောင်ခြည်ကို အဟန့်အတားဖြစ်စေသောအရာများ ဖုံးလွှမ်းနေမှသာ ရေဆေးပေးရန် (သို့)ဖယ်ရှားပေးရန် လိုအပ်ပါသည်။

၉။ ဈေးနှုန်းက ဘယ်လောက်လဲ။ ဈေးကြီးသလား။
ဈေးနှုန်းသည်ဆိုလာပြားအရွယ်အစားနှင့် အရေအတွက်ပေါ်မူတည်ပါသည်။ ယခုချိန်တွင်ဆိုလာ၏ဈေးနှုန်းမှာ ကြီးမြင့်ခြင်းမရှိတော့ပါ။

၁၀။ ဆိုလာပါဝါနှင့် TV ကြည့်လျှင် မည်သည့်ဆိုလာပြား အရွယ်အစားကို အသုံးပြုရန်လိုအပ်ပြီး၊ နာရီမည်မျှ အသုံးပြု နိုင်မည်နည်း။
ဆိုလာပြားအရွယ်အစားနှင့် အသုံးပြုနိုင်မည့်အချိန်မှာ မိမိအသုံးပြုမည့် TV အရွယ်အစား အပေါ်တွင် မူတည် ပါသည်။

ဥပမာ။ ။ ၁) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား (၁)ချပ် လိုအပ်ပါသည်။
၂) 21" CRT Colour TV (AC) တစ်လုံးကို တစ်နေ့(၄)နာရီ အသုံးပြုမည်ဆိုပါက 70Watt ဆိုလာပြား(၂)ချပ် လိုအပ်ပါသည်။
၃) 21" LCD Colour TV (AC) တစ်လုံးကို တစ်နေ့(၂)နာရီ အသုံးပြုမည်ဆိုပါက 50Watt ဆိုလာပြား(၁)ချပ် လိုအပ်ပါသည်။

၁၁။ ဆိုလာစနစ်အား မီးထွန်းရန်အတွက်သာ အသုံးပြုမည်ဆိုပါက နာရီဘယ်လောက် အသုံးပြုနိုင်မလဲ။
သုံးစွဲနိုင်သော နာရီအချိန်သည် မိမိသုံးစွဲမည့် မီးချောင်း(သို့)မီးလုံး အရေအတွက်နှင့် အသုံးပြုထားသော ဆိုလာပြားအရွယ်အစား ပေါ် မူတည် ပါသည်။ ဥပမာ
၁။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၁)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့၁၀နာရီ မီးထွန်းနိုင် ပါသည်။
၂။ ၅၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၂)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၅နာရီ မီးထွန်းနိုင် ပါသည်။
၃။ ၉၀-၀ပ် ဆိုလာပြားနှင့် ၂၀-၀ပ် မီးချောင်း(၄)ချောင်း အသုံးပြုမည်ဆိုပါက တစ်နေ့ ၄နာရီခွဲ မီးထွန်းနိုင် ပါသည်။

၁၃။ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားမည်မျှ ထုတ်လုပ်ပေးနိုင်မည်နည်း။
ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးရုံအဆင့်ထိ ထုတ်လုပ်ပေးနိုင် ပါသည်။

၁၄။ ဆိုလာစနစ်ဖြင့်မီးထွန်းလျှင် အလင်းအား မည်မျှလင်းမည်နည်း။
အလင်းအားသည် ဆိုလာစနစ်ပေါ်တွင် မူတည်ခြင်းမဟုတ်ပါ။ မိမိအသုံးပြုမည့် မီးချောင်း (သို့) မီးလုံး၏ အလင်းအားထုတ်လွှတ် ပေးနိုင်ခြင်းပေါ်တွင် မူတည်ပါသည်။

၁၅။ အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသလား။
အဲယားကွန်းနှင့် ရေခဲသေတ္တာတွေကို ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ပါသည်။ သို့သော် ဆိုလာပြားအမြောက် အများလိုအပ်ပါသည်။

၁၇။ ဆိုလာပြားသည် အလွယ်တကူပျက်စီးနိုင်သလား။
သာမာန်အားဖြင့် ဆိုလာပြားသည် အလွယ်တကူမပျက်စီးနိုင်ပါ။ သို့သော် ဆိုလာပြားများအားသယ်ယူစဉ် နှင့် တပ်ဆင်ချိန်များတွင် ဂရုတစိုက် ပြုလုပ်ရန်လိုအပ်ပါသည်။

၁၈။ ဆိုလာစနစ် အသုံးပြုမည်ဆိုပါက တစ်နေ့လျှင် နေရောင်ခြည် မည်မျှလိုအပ်မည်နည်း။
ဆိုလာတပ်ဆင်မည့်နေရာသည် တစ်နေကုန် နေရောင်ခြည်ရရှိရန် လိုအပ်ပါသည်။ ထိုသို့တစ်နေကုန် နေရောင်ခြည်မရရှိပါက ဆိုလာပြားမှ လျှပ်စစ်စွမ်းအားအပြည့်အ၀ ထုတ်ယူရရှိနိုင်မည်မဟုတ်ပါ။

၁၉။ တစ်ပတ်လုံး တိမ်ထူနေ့များ (သို့) မိုးရွာနေ့များတွင် ဆိုလာစနစ်ကို အသုံးပြုနိုင်သလား။
သာမာန်အားဖြင့် တိမ်ထူသောနေ့များ(သို့) မိုးရွာသောနေ့များတွင် ဆိုလာမှလျှပ်စစ်ဓာတ်အား အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ခြင်းမရှိပါ။ သို့သော် အချို့သောနေရာဒေသများတွင်မူ တိမ်ထူသောနေ့များနှင့်မိုးရွာသော နေ့များတွင်လည်း အပြည့်အ၀ ထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

၂၀။ မည်သည့်နေရာဒေသများသည် ဆိုလာစနစ်အား အသုံးပြုရန် ပိုမိုသင့်တော်သနည်း။
နေရောင်ခြည်ကောင်းကောင်းရရှိနိုင်သော မည်သည့်နေရာဒေသတွင်မဆို ဆိုလာစနစ်အား အသုံးပြုနိုင်ပါသည်။

၂၁။ ဆိုလာစနစ်တွင် ဘက္ထရီနှင့် အင်ဗာတာများ လိုအပ်ပါသလား။ ဘာကြောင့်လိုအပ်ပါသနည်း။
ဆိုလာစနစ်တွင် ဘက္ထရီ၊ အင်ဗာတာများ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်နေရောင်ခြည်မရရှိနိုင်သောညအခါတွင် လျှပ်စစ်ဓါတ်အား ထုတ်ယူအသုံးပြုရန်အတွက် နေ့အချိန်တွင် ဆိုလာစနစ်မှထုတ်ပေးသော လျှပ်စစ်ဓါတ်အား သိုလှောင်ထိန်းသိမ်းထားရန် ဘက္ထရီလိုအပ်ပါသည်။ ဆိုလာစနစ်မှ ထုတ်ယူရရှိသော လျှပ်စစ်ဓါတ်မှာ ဒီစီလျှပ်စစ်စနစ်ဖြစ်၍ အေစီလျှပ်စစ်ပစ္စည်းများအသုံးပြုရန်အတွက် အင်ဗာတာ လိုအပ်ခြင်း ဖြစ်ပါသည်။

၂၂။ ဆိုလာတပ်ဆင်ခြင်းသည် လွယ်ကူသလား။ ခက်ခဲသလား။
ဆိုလာတပ်ဆင်ခြင်းသည် ရိုးရှင်းလွယ်ကူပြီး၊ အသုံးပြုရသည်မှာလည်း လွယ်ကူပါသည်။

၂၅။ ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်သလား။
ဆိုလာနှင့် မိုဘိုင်းဖုန်းကို အားဖြည့်ပေးနိုင်ပါသည်။ သို့သော် ဆိုလာနှင့် မိုဘိုင်းဖုန်းကြားတွင် အားသွင်းထိန်းညှိစက် တပ်ဆင်ရန်လိုအပ်ပါသည်။

၂၆။ အားဖြည့်နေချိန်တွင် မီးထွန်းနိုင်သလား။ အသုံးမပြုနိုင်လျှင် ဘာကြောင့်လဲ။
အားဖြည့်နေချိန်တွင် ထုတ်မသုံးဘဲနေခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ ထုတ်သုံးလျှင် သင်၏ဘက္ထရီသည် အားမပြည့်နိုင်ပေ။

၂၇။ ဘက္ထရီကို လိုအပ်သည်ထက် ပိုမို၍အားသွင်းမိလျှင် ပေါက်ကွဲတတ်သလား။
အားသွင်းထိန်းညှိစက်အသုံးမပြုပဲ အချိန်ကြာမြင့်စွာ အားသွင်းမိလျှင် ဘက္ထရီအားထိခိုက်ပျက်စီးနိုင်ပါသည်။

၂၈။ ဘက္ထရီအား လွန်၊မလွန် ဘယ်လိုသိနိုင်မလဲ။
သာမာန်အားဖြင့် အလွယ်တကူမသိနိုင်ပါ။ အချိန်ကြာမြင့်စွာအားသွင်းစဉ် ဘက္ထရီအိုးပူလာပြီး အနံ့တစ်မျိုးမျိုး ထွက်လာပါက အားလွန်ခြင်း ကြောင့်ဖြစ်ပါသည်။

၂၉။ ဆိုလာအတွက် မည်သည့်ဘက္ထရီအမျိုးအစားကို ပိုမိုရွေးချယ်သင့်သလဲ။
Deep Cycle Maintenance Free Sealed Lead Acid Battery သည် အကောင်းဆုံးဖြစ်သည်။

၃၀။ Charge Controller ဆိုတာ ဘာလဲ။
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေး သောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။

၃၁။ Charge Controller ဘာကြောင့် အသုံးပြုရတာလဲ။
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။

၃၂။ Charge Controller ကို အသုံးမပြုချင်ဘူးဆိုလျှင် ဘာလုပ်နိုင်မလဲ။
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် လျှပ်စစ်အကြောင်း တတ်ကျွမ်း နားလည်သော ပညာရှင်တစ်ယောက် ကိုခေါ်၍ ဘက္ထရီအားသွင်းစဉ် အစဉ်အမြဲစောင့်ကြည့်ခိုင်းထားရပါမည်။
ဖတ်ခဲ့သူများ: 16
အကြောင်းအရာ: ဗဟုတုသ

Wednesday, 20 February 2013

သိသမျှဂစ်တာအကြောင်း


ဂစ်တာ (guiter) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကပင် ပုံစံမျိုးစုံ ဖြင့်တည်ရှိခဲ့သည်။ များသော်အားဖြင့် ဂီတာသည်
ကြိုးခြောက်ချောင်းပါတက်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။
သမိုင်းကြောင်း
ယနေ့  ဂစ်တာတွေရဲ့ ခေတ်စားမှူ့သက်တမ်းဟာ တိုတောင်းသေးတယ်လို့ ယူဆနိုင်ပေမဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ ရှည်လျားသော
သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အာရှမိုင်းနားလို့ ခေါ်တဲ့ဒေသမှာ ဘီစီ ၁၀၀၀ခန့် နဲ့  အီဂျစ်မှာ အေဒီ ၆၀၀ ခန့်လောက်က
ဂစ်တာနဲ့ နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့ပါတယ်။ သမိုင်းအထောက်အထားတွေ အရ ဂစ်တာရဲ့  အစောဆုံးတူရိယာဟာ
အာရပ်နိုင်ငံတွေကနေ စတင်ဆင်းသက်ပေါက်ဖွားခဲ့ပြီး ဂစ်တာဆိုတဲ့  ဝေါဟာရဟာ ရှေးဂရိလူမျိုးတွေ အမြတ်တနိုး တီးခတ်ခဲ့ကြတဲ့
ကီသာရာ(KITHARA) တူရိယာမှ ဆင်းသက်လာတယ်လို့  လက်ခံထားကြပါတယ်။ အေဒီ ၇၁၁ မှာ မူးဝါး(MOOR)လို့ ခေါ်တဲ့ 
လူမျိုးစုတွေဟာ အာဆီးရီးယန်း၊ ပါရှန်းနဲ့  ဟီးဘရူးနိုင်ငံတွေကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ကြပြီးတော့ ဂစ်တာဖြစ်လာမယ့်
တူရိယာလို့  မှန်းဆရမယ့် ရက်ဘတ်(REBEC) တူရိယာ အပါအ၀င် ကြိုးတပ်တူရိယာ အမျိုးမျိုးကို စပိန်နိုင်ငံကို
ယူဆောင်သွားကြပါတယ်။ အဲ့ဒီတူရိယာဟာ ယနေ့ခေတ် ကျွန်တော်တို့မြင်တွေ့ နေရတဲ့  ဂစ်တာပုံစံနဲ့  လုံးဝမတူသေးဘဲ
အရွယ်အစား သေးငယ်ပြီး တယောနဲ့ပိုတူပါတယ်။
ဂစ်တာရဲ့ ပုံသဏ္ဍာန် နှင့်ဖွဲ့စည်း ပြုလုပ်ထားပုံဟာ တီးခတ်တဲ့ အခါ လွယ်ကူစေဖို့  နှင့်ခေတ်မှီစေဖို့  တို့ အတွက် ကိုယ်ကြိုက်သလို
လုပ်ကြတဲ့ အတွက် သူရဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းဟာေ၀၀ါးမှေးမှိန်ခဲ့ရပါတယ်။ ၁၂ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ကရူးဆိတ်စစ်ပွဲတွေကနေ
ခုခေတ်ဂစ်တာနဲ့  နဲနဲပါးပါးတူတဲ့ ကြိုးတပ်တူရိယာတခုဟာ ဥရောပ တစ်လွှားမှာ ပြန်နှံ့သွားခဲ့ပါတယ်။ အဲ့ဒီတူရိယာဟာ
နှစ်ပင်စီပူးထားတဲ့ ကြိုး၎စုံ၊ စုစုပေါင်းကြိုး ၈ချောင်း တပ်တဲ့ တူရိယာဖြစ်ပြီး ဂစ်တန် (GITTERN) လို့ ထင်ရှားခဲ့ပါတယ်။ စောင်းသမား
ခရီးသွားတွေ၊ ကဗျာဆရာ ခရီးသွားတွေ၊ အဆိုတော်ခရီးသွားတွေဟာ အဲ့ဒီတူရိယာနဲ့တွဲပြီး သူတို့ရဲ့ ခံစားဖွဲ့သီဆိုမှူ့တွေကို
အလယ်ခေတ် (AD 600-1450) တလျှောက်လုံး သီဆိုတီးမှူတ်ခဲ့ကြပါတယ်။
ဂစ်တာရဲ့ တိကျခိုင်မာတဲ့ သမိုင်းကြောင်းကိုတော့ ၁၃ရာစု စပိန်နိုင်ငံက မူးဝါးလူမျိုးတွေရဲ့ သီဆိုဖျော်ဖြေပွဲတွေကနေ
စတင်လာခဲ့ပါတယ်။နှစ်ပေါင်း ၃၀၀လောက် ကြာသွားပြီးတဲ့နောက် ၁၆ရာစု စပိန် နိုင်ငံမှာ တီးခတ်တဲ့ ပုံစံသစ်၊ ဟန်သစ်တွေ
အပြိုင်အဆိုင်တိုးတက်လာပြီး ဂစ်တာအမျိုးအစားအနေနဲ့ အနည်းဆုံး ၃မျိုးလောက် ခေတ်စားခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ၁။ ကြိုး၆စုံ ၊
စုစုပေါင်း ၁၂ကြိုးတပ် ဗီဟူလာ(VIHVELA) အဲ့ဒီတူရိယာနဲ့ တွဲဖက်တီးခတ်ဖို့  သင်္ကေတဇယားနဲ့ရေးတဲ့ နှစ်ယောက်တွဲတီးလုံး၊ သီချင်း၊
အကသီချင်းတွေ အပါအ၀င် စုစုပေါင်း စာအုပ် ၇ အုပ်ထုတ်ဝေ ခဲ့ပါတယ်။ ၂။ ကြိုး၅စုံ၊ စုစုပေါင်း ၁၀ကြိုးတပ်
ဂစ်တာရာအက်စပါနိုလာ(GUITRRA ESPANOLA) ၁၆ရာစု အဆုံးပိုင်းကနေ ၁၇ ရာစုတလျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ်(LUTE)
တူရိယာရဲ့ နေရာမှာ အစားထိုး အသုံးပြုခဲ့ပါတယ်။ ဂစ်တာရာအက်စပါနိုလာကော့ဒ်နဲ့  တီးဖို့ အတွက်ပဲ အသုံးပြုခဲ့ပြီး၊ ၁၇
ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင်ပျံနံ့ သွားခဲ့ပါတယ်။ ၃။ ကြိုး၎စုံ၊ စုစုပေါင်း ကြိုး၈ချောင်းတပ် ဂစ်တာရာ(GUITARRA)
တို့ ဖြစ်ပါတယ်။
တိုးတက်ကြယ်ပြန့် လာမူ့ 
၁၇ ရာစုမှာတော့ ဂစ်တာရဲ့အခန်းကဏ္ဍဟာ အရှိန်အဟုန်နဲ့ ပြန့်ပွားဖို့  အစပျိုးတဲ့ကာလ တခုပဲ ဖြစ်ပါတယ်။ ကော့ဒ်နဲ့
တီးတဲ့စနစ်တွေကနေ အနုစိတ်ပိုမိုချဲ့ထွင်ပြီးတော့ ပိုပြီးစိတ်ဝင်စားဖို့  ကောင်းတဲ့လက်ချောင်းတွေနဲ့ တီးခတ်ရတဲ့
ဂန္တ၀င်ဂစ်တာ(CLASSICAL) တီးခတ်ဟန်တွေက အစားထိုးဝင်ရောက်ခဲ့ပါတယ်။ ၁၈ ရာစုမှာတော့ ပြောင်မြောက်ထူးချွန်တဲ့
ဂစ်တာပညာရှင်တွေ ပေါ်ထွန်းလာခဲ့ကြပါပြီ။ ဂီတပညာရှင်ကြီး ပါဂါနီနီ (NICCOLO PAGANINI 1788-1840) ဟာ တယောသာမက
ဂစ်တာကိုလည်း ကျွမ်းကျင်တတ်မြောက်တဲ့ ပါရမီရှင်တဦး ဖြစ်ခဲ့ပါတယ်။ သံစုံတီးဝိုင်းကြီးတွေရဲ့
ဂီတခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟေဒင် (FRANZ JOSEPH HAYDN 1732-1809)၊ ရူးဘတ်၊ (FRANZ SCHUBERT 1797-1828)၊
ဝက်ဘာ (CARL MARIA VON WEBER 1786-1926)၊ ရိုဆိုနီ (GIOACHINO ROSSINI 1792-1868) တို့ ဟာ ဂစ်တာအတွက်
ဂီတသင်္ကေတ တွေကို ရေးစပ်တီထွင် ပေးခဲ့ကြပါတယ်။ထိပ်တန်းလက်မှူ့ ပညာရှင်ကြီးဖြစ်တဲ့ စထရာဒီဗားရီးယပ် ဟာ
သူ့ရဲ့နာမည်ကျော် တယောတွေနည်းတူ ဂစ်တာတွေကိုလည်း အထူးပြုလုပ်ပေးခဲ့ပါတယ်။
၁၉ ရာစု အစောပိုင်းမှာ စပိန်နိုင်ငံသား ဖာနန်ဒိုဆော (FERNANDO-SOR 1778-1839) ဟာ အပြည်ပြည်ဆိုင်ရာ
အတိုင်းအတာအထိ ကျော်ကြားအောင်မြင်ခဲ့တဲ့ ဂစ်တာပညာရှင်တဦး ဖြစ်ခဲ့ပြီး သူနဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြတဲ့ ဒီယွန်ဆီယိုအာကွေဒို
(DIONISIO AQUADO)၊ မဲတီအိုကာကက်ဆီ (MATTEOCARCASSI)၊ ဖာဒီနန်ကာရူလီ (FERDINAND CARULLI)၊ မူရိုဂျူလီယန်နီ
(MAURO GIULIANI) တို့ဟာလည်း နာမည်ကျော် ဂစ်တာပညာရှင်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ဖာနန်ဒိုဆောနဲ့
သူ၏ ခေတ်ပြိုင်တွေဟာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ပို့ချခြင်း၊ ဂီတပွဲတွေ တင်ဆက်ခြင်း စတဲ့ကြိုးပမ်းမှူတွေနဲ့
ဂစ်တာပညာကို ပြန့်ပွားဖို့  လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဖရန်စစ်စကိုတားရက်ဂါ (FRANCISCO TARREGA 1852-1909)
ဟာ အထူးချွန်ဆုံး ဂစ်တာသမားလို့သတ်မှတ်ခံခဲ့ရပြီး မျက်မှောက်ခေတ် ဂန္တ၀င် ဂစ်တာသမား တွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။
စည်ပင်တိုးတက်လာကာစ အမေရိကန်မှာ စွန့်စားသွားလာသူတွေ၊ နယ်မြေသစ်ရှာဖွေသူတွေဟာ လှည်းတန်းရှည်ကြီးတွေနဲ့
လှည့်လည်သွားလာကြပြီး စခန်းချ အပန်းဖြေတဲ့အခါ မီးပုံဘေးတွေမှာ ဂစ်တာတီးပြီး အမောဖြေ ခဲ့ကြပါတယ်။ ဒီလိုနဲ့
ဂစ်တာတွေဟာလည်း အမေရိကန်၏ နေရာ အနှံ့အပြားလိုက်ပါခဲ့ရပြီး ၁၉ရာစု အကုန် ၁၉၀၀ပြည့်နှစ် တစ်ဝိုက်မှာတော့
အမေရိကန်လူမည်းတွေရဲ့ ရင်တွင်းခံစားချက်တွေက ပေါက်ဖွားလာတဲ့ အာဖရိကနွယ်တဲ့ ရက်ဂေးနဲ့ ဘလူးစ် အမျိုးအစားတွေဟာ
အစပျိုးအားယူနေပြီဖြစ်ပါတယ်။ ကျေးလက်တောနေသူတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာလည်း ဂစ်တာနဲ့တယောဟာ မပါမဖြစ်
အသုံးပြုနေကြပါပြီ။ ဖာနန်ဒိုဆောကနေ စတင်ပြန့်ပွားခဲ့တဲ့ ဂန္တ၀င်ဂစ်တာ တီးဟန်တွေဟာလည်း အဆင့်ဆင့်တိုးတက်လာခဲ့ပြီး
စပိန်လူမျိုး အဲန်ဒရက်ဇရိုးဘီးယား (ANDRES SEGOVIA 1893-1987) ရဲ့ ၁၉၂၈ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ဂန္တ၀င်ဂီတပွဲ ကစပြီး
ဂစ်တာကို ကမ္ဘာက အာရုံစိုက် လာကြပါတယ်၊ ဇရိုးဘီးယားဟာ သူ့ဘ၀တလျှောက်လုံး ဂစ်တာကို အမြတ်တနိုး တီးခတ်ခဲ့ပြီး
ဂစ်တာဂန္တ၀င် တေးသီချင်းပေါင်း များစွာကို ဖွဲ့ဆိုရေးစပ် ခဲ့ပါတယ်။ သူ့ရဲ့ဂစ်တာ လေ့ကျင့်ခန်းတွေကို
အမေရိကန်မှာရှိတဲ့ ကျောင်းပေါင်း ၁၆၀၁ ကျောင်းမှာ သင်ကြားပို့ချနေဆဲပါ။ ၁၉၃၀ ပြည့်နှစ်မှာတော့ ဂစ်တာရဲ့ ဖြစ်ပေါ်ပြောင်းလဲမူကို
တဟုန်ထိုးတိုးတက်စေတဲ့ ဖြစ်ရပ်တခုကတော့ ရှာလီခရစ်စတင်ဟာ ဂစ်တာရဲ့အသံကို ပစ်ကပ် (PICK UP) တပ်ဆင်ပြီး
အထူးချဲ့ထွင်ပေးတဲ့ အသံချဲ့စက်နဲ့ တွဲဖက်ပေးနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂစ်တာသံရဲ့ အတိုးအကျယ်ကို လိုအပ်သလို
လုပ်နိုင်တဲ့ အနေအထားကို တဆင့်ပြီးတဆင့် ပြောင်းလဲတိုးတက်ရောက်ရှိ လာပါတော့တယ်။
ဂစ်တာနှင့် ဂီတအဖွဲ့များ၏ ထိုးဖောက်လာမှု
ရော့ခ်အင်ရိုး (ROCK AND ROLL) လူငယ်အဆိုတော် ပရက်စလေဟာ ၁၉၅၆ မေလမှာ ထုတ်ဝေခဲ့တဲ့ (HEART BREAK HOTEL)
ဓါတ်ပြားနဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ဂစ်တာလွယ်ပြီး သီချင်းဆိုဟန်တွေကြောင့် လူငယ်ထုကြားမှာ ဂစ်တာဟာ
အရှိန်အဟုန်နဲ့ ပြန့်ပွားခဲ့ပါတယ်။ ၁၉၆၀ နှစ်တွေမှာ ရိုးရာဘလူးစ် (TRADITIONAL BLUES) နဲ့ ခေတ်ပေါ်ဂီတ (WHITE POP
MUSIC) ရောမွှေထားတဲ့ (RHYTHM AND BLUES (or) R n B) ဂီတ အမျိုးအစား ခေတ်စားလာခဲ့ပြီး လူမည်း ဂစ်တာသမား ချပ်ဘာရီ
(CHUCK BERRY) ရဲ့ လက်သံတွေဟာ အင်္ဂလိပ်ခေတ်ပေါ် ဂီတအုပ်စုတွေ အပေါ်မှာ သြဇာလွှမ်းမိုး သက်ရောက်ခဲ့ပါတယ်။
ပရက်စလေရဲ့ သီချင်းတွေကြားမှာ ကြီးပြင်းလာတဲ့ လူငယ်တွေထဲကနေ ဖွဲ့ စည်းဖြစ်ပေါ်လာခဲ့တဲ့ အင်္ဂလိပ်ပေါ့နဲ့ ရော့အဖွဲ့ ဖြစ်တဲ့
(BEATLES 1960) ဟာ ကမ္ဘာမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂစ်တာကို ခေတ်ပေါ်ဂီတရဲ့ အဓိကမဏ္ဍိုင် တူရိယာ
အဖြစ်ကို ရောက်ရှိအောင် ပို့ ဆောင်ပေးခဲ့ကြပြန်ပါတယ်။ (COUNTRY) နဲ့ (JAZZ) ဂစ်တာအကျော်အမော် တွေဖြစ်ကြတဲ့
ချက်အက်ကင် (CHETATKINS)၊ မာ့ခ်နော်ဖလာ (MARKNOPELER) နဲ့ ရွိုင်းကလာစ် (ROY CLARK) တို့နဲ့ ကမ္ဘာကျော်
ဂစ်တာတီးဝိုင်း VENTURES တို့ရဲ့ ဂစ်တာလက်သံတွေဟာ ဂစ်တာဝါသနာရှင်တွေ အများအပြားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ယနေ့
ကမ္ဘာမှာ အင်အားကောင်းနေတဲ့ ROCK ဂီတရဲ့ Distortion အသံတွေ. Feedback အသံတွေ၊ wah wah effect စတာတွေရဲ့
ဖခင်ကြီးတဦးကတော့ လူမည်းဂစ်တာသမား ဂျင်မီဟန်းဒရပ် (JIMMI HENDRIX 1942-1970) ဘဲဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဖက်နဲ့
ဂစ်တာကို ကျွမ်းကျင်စွာ တီးခတ်ခဲ့တဲ့ ဟန်ပန်တွေဟာလည်း လူငယ်ပရိသတ်တွေကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဂစ်တာထုတ်လုပ်ရေး
ကမ္ဘာကျော် ဂစ်တာကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ ဂစ်ဘဆင် (GIBSON)၊ ဖန်ဒါ (FENDER) တို့ဟာလည်း ဂစ်တာအမျိုးအစား အမျိုးမျိုးကို
ပုံစံပေါင်းမြောက်များစွာနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ယနေ့ခေတ် အချိန်အခါတွင် လျှပ်စစ်ဂစ်တာ (ELECTRIC GUITAR) တွေနဲ့ အသံကို
အမျိုးမျိုးပြောင်းနိုင်တဲ့စက် (GUITAR EFFECT PROCESSOR )၊ အသံချဲ့စက် (AMPLIFIER) တွေကို တဆင့်ထက်တဆင့်
ပိုမိုကောင်းမွန် တိုးတက်လာအောင် တီထွင်ဖန်တီး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ယနေ့ ဂီတအမျိုးအစားများ ဖြစ်ကြတဲ့ ဂန္တ၀င်ဂီတ
(CLASSICAL)၊ စပိန်ဖလန်မန်ကို (FLAMINCO)၊ ဘလူးစစ် (BLUES)၊ ဂျက်ဇ် (JAZZ)၊ ကလပ်စစ်ရော့ခ် (CLASSIC
ROCK)၊ ရော့ခ်အဲန်ရိုး (ROCK n ROLL)၊ ရစ်သန်အဲန်ဘလူးစ် (R n B)၊ ကျေးလက်ရော့ခ် (COUNTRY ROCK)၊ ဟာ့ဒ်ရော့ခ် (HARD
ROCK)၊ ဟဲဗီးရော့ခ် (HEAVY ROCK)၊ မယ်တယ်ရော့ခ် (METAL ROCK)၊ လိုက်ရော့ခ် (LIGHT ROCK)၊ အော်တာရော့ခ်
(ALTERNATIVE ROCK)၊ အင်ဒီရော့ခ် (ANDI ROCK) စတဲ့ အမျိုးအစားများစွာ တွေမှာ ဂစ်တာကို လုံးဝမပါမဖြစ် တီးခတ်ကြရပြီး
ဂစ်တာနဲ့ပတ်သတ်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ အားလုံး ကိုလည်း အပြိုင်အဆိုင် ဆက်လက်တီထွင် ထုတ်လုပ်
တီးခတ်နေကြတဲ့အတွက် ဂစ်တာတူရိယာရဲ့ အခန်းကဏ္ဍဟာလည်း နောင်နှစ်ပေါင်းများစွာ တိုင်အောင်ဆက်လက်
ရှင်သန်နေဦးမှာပင် ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာလည်း အရည်အသွေးမီ ဂစ်တာတူရိယာ ထုတ်လုပ်သူအချို့ရှိနေပါတယ်။ အရည်အသွေးပိုင်းနှင့်ပတ်သက်ပြီး
နာမည်ရသော ထုတ်လုပ်သူတစ်ဦးအား မဂ္ဂဇင်းတစ်ခုမှ(ဂျာနယ်မဟုတ်ပါ) သွားရောက်တွေ့ဆုံမေးမြန်းပြီးသတင်းရယူခဲ့ရာတွင်
ဂစ်တာတူရိယာကောင်းတစ်လက် ထုတ်လုပ်နိုင်ရန် ခဲတန်နှင့် ပေတန်ကောင်းကောင်းလိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဖလက်တံ ပေါ်တွင် ဘားများကို အကွာအဝေး တိကျစွာ တပ်ဆင်နိုင်ရန်ရည်ညွှန်းကြောင်းလည်းရှင်းလင်းပြောကြားခဲ့ပါတယ်။
ထွင်းအိုး ဂစ်တာထုတ်လုပ်သူများလည်းရှိနိုင်သောကြောင့် ၀ါသနာပါတတ်ကျွမ်းနားလည်သူတို့က ပြည်ပပို့ရန်အဆင့်မီမမီ
အကဲဖြတ်ပြီး ဈေးကွက်ရှာဖွေပေးရန် သင့်လျော်ပါတယ်။
--------------------------------------------------------------------------------------------------------------------------------------။
Creadit – Leokingdom