Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 6 June 2012

“ ဆံပင်လျှော်တဲ့အခါ ရှောင်ကြဉ်စရာ”


ဘယ်ဟာဘဲလုပ်လုပ် နည်းစနစ်မှန်မှန် နဲ့လုပ်ဖို့ လိုတယ်ဆိုရင်လက်ခံနိုင်ပါ့မလား။ နည်းမှန်လမ်းမှန်နဲ့လုပ်ရင်အမှားနည်းပြီး အကျိုးပိုဖြစ်စေ မယ်ဆိုတာတော့ လက်ခံကျမှာပါ။ ဒီတော့ဆံပင်နဲ့ပတ်သက်တဲ့ သိစရာတွေထဲက ပျိုမေတို့ သိသင့်တာလေးတွေကို ဖော်ပြချင်မိတယ်။ သန်စွမ်းနက်မှောင်လှပတဲ့ ဆံကေသာရဖို့ဆိုရင် ဆံပင်လျှော်ရာမှာ မလုပ်သင့်မလုပ်အပ်တာတွေ မလုပ်မိဖို့လည်းအရေးကြီးတဲ့အချက်တစ်ချက်အဖြစ် ပါဝင်တယ်လေ ။
၁။ ဆံပင်ကိုကိုယ်တိုက်ဆပ်ပြာ ၊ အ၀တ်လျှော်ဆပ်ပြာများကို အသုံးပြုပြီး မလျှောက်သင့်ပါဘူး ။ (ဘာကြောင့်လဲဆိုရင် ဆံပင်မှာရှိရမယ့် အက်ဆစ်ဓါတ်တွေကို အဲ့ဒီဆပ်ပြာတွေထဲမှာ ပါဝင်တဲ့ အယ်ကာလိုင်းဓါတ်က ဆွဲယူသွားနိုင်လို့ပဲ )
၂။ ခေါင်းမှာရှိတဲ့ ခေါင်းလျှော်ရည် အမြှုပ်တွေကို ဆေးကြောတဲ့အခါ ဇလုံထဲမှာ ရေထည့်ပြီး နှစ်လျှော်ဆေးပစ်တာမျိုး မလုပ်ရဘူး။(ဒီနည်းနဲ့ ဆံပင်ထဲက ဆပ်ပြာမြှုပ်တွေ ကုန်စင်မှာ မဟုတ်လို့ပဲ ။ တကယ်ဆံပင်မှာဆပ်ပြာမြှုပ်တွေကျန်ခဲ့မယ်ဆိုရင် ဆံပင်ဖြူတာတွေ၊ဘောက်ထတာတွေ ၊ ဆံပင်ခြောက်တာတွေ ဖြစ်တက်တယ် )
၃။ လက်သည်းနဲ့ဦးရေပြားကို ဘယ်တော့မှမကုတ်လေနဲ့။ (ဆံပင်ရဲ့ အမြစ်ကို ပျက်စီးစေတတ်လို့ပါ )
၎။ ဆံပင်ရေသုတ်တဲ့အခါ ဆံပင်ကို သဘက်နဲ့ပွတ်ပြီး မသုတ်ပါနဲ့။ (ဆံပင်ပျက်စီးတတ်လို့ပါ)
၅။ ဘီး ၊ ပလစ်စတစ် ဘရပ်ရ်တို့ကို အသုံးပြုလျှင် ကျိုးပဲ့နေရင် ဆက်ပြီးမသုံးပါနဲ့တော့။ (ကျိုးပဲ့ရာတွေနဲ့ ဦးရေပြားကို ခြစ်မိရင် ဦးရေပြားထိခိုက်စေတတ်လို့ပါ ။)
၆။ ကိုယ်အသုံးပြုမယ့် ခေါင်းလျှော်ရည်ဟာဘယ်လိုခေါင်းလျှော်ရည် အမျိုးအစားဖြစ်မလဲဆိုဒါ ဆန်းစစ်ပါ ။(ကိုယ့်ရဲ့ဆံပင်သားနဲ့ ကိုက်ညီမှု ရှိမရှိ သိနိုင်အောင်လို့ပါ ။)
၇။ ခေါင်းလျှော်ရည် တစ်မျိုးတည်းကို အချိန်ကြာမြင့်စွာ အမြဲစွဲမသုံးပါနဲ့ ။(ခေါင်းလျှော်ရည်ရဲ့ အာနိသင်နဲ့ကိုယ်နဲ့ ယဉ်ပါးသွားရင် အကျိုးထိရောက်သင့်သလောက် မထိရောက်လို့ပါပဲ)
Views: 95
အမျိုးအစား: ကျန်းမာရေး

No comments:

Post a Comment