It will take 5 Seconds to Subscribe Us
အစာစားပြီးတိုင်း အစာမကြေ ဘူး၊ ဗိုက်ကြီးပွနေတယ်၊ ကသိက
အောက် နဲ့ နေလို့ မကောင်းဘူး။ စား ပြီးတာနဲ့ ဗိုက်ရစ်ရစ်လာလို့ သန့်စင်
ခန်း ဝင်ပေမယ့်လည်း ဝမ်းကချုပ် သလိုလိုဖြစ်ပြီး နေရတာမကောင်းဘူး' စသည်ဖြင့်
လူနာတွေပြောလေ့ရှိပါ တယ်။ ဒီ့ပြင် နေကောင်းတဲ့သူတွေ
အရွယ်ကောင်းကောင်းလူငယ်တွေလည်း ဒီလိုပြောတတ်ပါသေးတယ်။ ဒါ ကြောင့်
အစာကြေဆေး၊ လေဆေး စသည်တို့ဟာရောင်းကောင်းမြဲရောင်း ကောင်းနေတာကို
အားလုံးသိပြီးဖြစ် ပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မိမိစားတဲ့ အစားအစာအမျိုးအစား၊ အပျော့အမာ၊ အချဉ်အစပ်များဟာ မိမိ နဲ့ဓာတ်တည့်၊ မတည့်စတဲ့ အခြေအနေ တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒီ့ပြင်မိမိအနေအထိုင် အလေ့အကျင့် နဲ့လည်း သက်ဆိုင်နေပါတယ်။ အစား အစာကို အချိန်မှန်မှန် စားဖြစ်လား၊ အချိန်လွန် အဆာခံပြီးမှ စားဖြစ် သလား။ အချဉ်တွေ၊ အစပ်တွေ၊ အငန်တွေ များများစားမှ လျှာအရ သာထိမိလို့ အဲဒီလို အရသာရှိတဲ့ လက်လုပ်ချဉ်တွေချည်း နေ့စဉ်ရက် ဆက်စားမိသွားလား။ အချဉ်ဖောက် ထားတဲ့ ပဲငါးပိတွေ၊ ဆီတိုဟူးလို ခပ်စပ်စပ်အစားအစာတွေ၊ မုန်ညင်း ချဉ်လို လက်လုပ်ချဉ်တွေကိုမှ ကြိုက် တတ်လို့ မကြာခဏ စားဖြစ်တာမျိုးရှိ အစိမ်းလိုက်သုပ်စားတတ်တဲ့ အလေ့ အထရှိသလားဆိုတာ ဆန်းစစ်ဖို့လိုပါ တယ်။ ဒီ့ပြင် အစာစားတဲ့အခါတိုင်း ဘယ်လိုစားသောက်ခဲ့သလဲဆိုတာ လည်း သတိထားလိုက်ပါ။
အဲဒီလို မိမိရဲ့ အလေ့အထလေး တွေနဲ့ မိမိစားသောက်နေထိုင်ရာမှာ အဆင်ပြေပြေ အခက်အခဲပြဿနာ မရှိ ကျန်းမာစွာ သွားလာနိုင်နေရင် ဘာမှ မသိလိုက်ဘဲ ဘဝကိုပျော်ပျော် ရွှင်ရွှင် ဖြတ်သန်းခဲ့နိုင်သလို မိမိရဲ့ အကျင့်စရိုက်လေးတွေဟာ ကျန်းမာ ရေးနဲ့ မညီညွတ်တဲ့အခါ အထက်ပါ ဝမ်းဗိုက်ပြဿနာပေါင်းစုံဝင်လာနိုင်ပါ တယ်။ ဒါကြောင့် သင်ဟာ အောက်ပါ အတိုင်း နေထိုင်စားသောက်သူဖြစ်ပါ သလားဆိုတာ ပထမဦးဆုံး အဖြေရှာ ကြည့်ပါ။
(၁) အစားစားလျှင်အချိန်ပေး အချိန်ယူပြီး စားတတ်ပါရဲ့လား
တချို့က အစားစားတာ အရမ်း မြန်တတ်တယ်။ အစားကို ပါးစပ်ထဲ အလွယ်တကူပစ်ထည့်ပြီး တစ်ခါ လောက်သာဝါးပြီး မျိုချပစ်လိုက်တယ်။ ကြာရှည်မှာ ဒါဟာ ကျန်းမာရေး ပြဿနာဖြစ်လာနိုင်သလို ကိုယ် အလေးချိန်တိုးတဲ့သူတွေမှာ အစားစား တာ မြန်လွန်းတဲ့အတွက် အစားတွေ ခန္ဓာကိုယ်ထဲပိုဝင်ပြီး စားမိစေပါတယ်။ မာတဲ့ကြမ်းတဲ့ အစားအစာတွေဟာ အစာကြေညက်ဖို့ အချိန်အတော်ပေး ရပါလိမ့်မယ်။ ချဉ်တဲ့စပ်တဲ့ အစား အစာတွေ ဥပမာ-ငရုတ်သီး၊ အချဉ် အစားအစာများ၊ ဟင်းခတ်မဆလာ စသည်တို့ဟာ စားသုံးတဲ့ ပမာဏ သိပ်များလွန်းပါက သင့်အစာအိမ်နဲ့ အူတွင်းနံရံကလာပ် စည်းများအား ကသိကအောက်ဖြစ်စေမှာ မလွဲပါ။ အစာစားတဲ့အခါ သင့်တင့်မျှတအောင် စားသင့်သလို အစာကိုကြေလွယ် အောင် သွားတွေကလည်း ခပ်ကြာ ကြာဝါးပေးရန် လိုပါတယ်။ ဒါကြောင့် အစာစားချိန်ကို မိနစ် ၂၀ ၊ နာရီဝက် လောက်ပေးဖို့ လိုပါတယ်။ ကိုယ် အလေးချိန်တိုးမှာ စိုးရိမ်သူတွေ အတွက်လည်း ဒီလိုစားသောက်တဲ့ နည်းဟာ လူကိုဗိုက်ပြည့်ဝတဲ့ဆန္ဒ ဖြစ်စေပြီး အစားတွေ အများကြီး မစားမိစေတဲ့အပြင် အစာမကြေတဲ့ ပြဿနာလည်း မဖြစ်ပေါ်စေပါ။
(၂) အဆီဓာတ်များတဲ့ အစားစာတွေကြိုက်တတ်ဘူးလား
တချို့က အကြော်အလှော်တွေ သိပ်ကြိုက်တတ်တယ်။ နံနက်စာကို အကြော်မျိုးစုံနဲ့ စားတတ်တဲ့ မြန်မာ့ ဓလေ့ဟာလည်း အရိုးစွဲနေပြီးဖြစ်တတ် တယ်။ တချို့ဆိုရင် နေ့တိုင်းအကြော် နဲ့ တိုဟူးသုပ်စပ်စပ်ငန်ငန်လေး စား ပေမယ့် ရိုးမသွားဘူးတဲ့။ အကြော် ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူနိုင်နိုင် ထောင်းထည့်ပြီး နံနံပင်လေး၊ ဆား လေးခတ်ကာ တို့နှစ်စားလေ့ရှိပြန်ပါ တယ်။ ရောင်းချတဲ့သူက အဲဒီအကြော် နဲ့ အချဉ်ရည်ထည့်ထားတဲ့ အိုးတို့ကို နေ့စဉ် ဆပ်ပြာနဲ့ဆေးကြော၊ မကြော ကို ဘယ်သူကမှ သိမှာမဟုတ်ပါဘူး။ အကြော်ဆိုတာကလည်း ဆီများ များနှင့်ကြော်မှ ရွပြီြးွကပ်ကာ စားလို့ ကောင်းတာမို့ စားပြီးရင်း စားချင်ကာ စိတ်မထိန်း ချုပ်နိုင်သူတွေအတွက် အများကြီး စားမိတတ်တယ်။ အကြော် က နံနက်ခင်းစာတင်မကပါဘူး ညနေ ခင်း ၃နာရီ ၄နာရီလောက်မှာလည်း ရောင်းတတ်တော့ ညစာဟင်းအဖြစ် စားတတ်တဲ့ဓလေ့လည်း ရွာတွေမှာ သာမက မြို့ကြီးတွေမှာပါ တွေ့နေ ရပါတယ်။ ဒီအကြော်အလှော်တွေ၊ အဆီဓာတ်မြင့်မားတဲ့ အခြားအစား အစာတွေကလည်း အစာကြေရန် မလွယ်ကူတဲ့အပြင် သွေးတွင်း ကိုလက်စထရောလ်ဓာတ်ကို မြင့်မား စေပါတယ်။ ဒါကြောင့် ဒီအလေ့အထ ရှိသူများ မိမိရဲ့အမူအကျင့်ကို ပြောင်း လဲကျင့်သုံးနေထိုင် စားသောက်ရန် လိုပေလိမ့်မယ်။ စားသုံးတဲ့ အိုး၊ ခွက်၊ ပန်းကန်တွေ မသန့်ရှင်းပါကလည်း သန်ကောင်ကဲ့သို့သော ကပ်ပါးပိုးတွေ အဆစ်ဝင်ပြီး ဝမ်းဗိုက်ပြဿနာပေး တတ်တယ်။
(၃) အရက်သောက်တတ်သလား
အရက်သောက်သူတွေအဖို့ အမြည်းမကောင်းရင် အစားမစားဖြစ် တော့ပါဘူး။ အစာမစားဘဲ အရက် ချည်းဖိသောက်တဲ့အတွက် အစာအိမ် ထဲမှာ အစာလည်းမရှိ၊ အရက်ကြောင့် အာဟာရဓာတ် ချို့တဲ့လာသလို အစာအိမ်နဲ့ အူသိမ်ဦးပိုင်းမှာလည်း အနာဖြစ်တတ်ပါတယ်။ ထိုအစာ အိမ်နာတွေက လူကို ကသိကအောက် ဖြစ်သလို အရက်ချည်း ဖိသောက် မိလေ ပိုဆိုးလေဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အရက်သောက်တဲ့ အမူ အကျင့်ကို ပြင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
(၄) ဆေးလိပ်ရော သောက်တတ်ပါသလား
အစာအိမ်အူလမ်းကြောင်း အနာ ဖြစ်စေနိုင်တဲ့ အချက်အလက်တွေထဲ မှာ ဆေးလိပ်သောက်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ် ဟာ အစာအိမ်အတွင်း အူနံရံတွေက အက်စစ်ဓာတ်တွေ ပိုထွက်စေရန် လှုံ့ဆော်ပေးတတ်ပါတယ်။ အက်စစ် ဓာတ်တွေအထွက်များတော့ အူနံရံ လေးတွေလောင်ကျွမ်းကာ အနာ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဆေးရွက်ကြီးနဲ့ ဆေးလိပ်၊ စီးကရက် တွေ ရှူတာသောက်တာ မကောင်း မှန်းသိလာတဲ့အလျောက် ဖြတ်ဖို့ သင့်ပြီဆိုတာ အရေးထား စဉ်းစား သင့်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ်တွေ ဆေးလိပ်စွဲနေ ကြောင်း ထောက်ပြလိုက်တဲ့အခါ ဒါ ဘယ်သူ့ကြောင့်လဲဆိုတာ မိဘတွေ သတိထားသင့်ပါတယ်။ ဆေးလိပ် ကြောင့် ကင်ဆာကဲ့သို့သော ရောဂါ ဆိုးကြီးတွေအပြင် တခြား ကျန်းမာ ရေး ပြဿနာတွေ အများကြီးဖြစ် လာနေတာကို လျစ်လျူရှုမထားသင့် ကြောင်းဖော်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။

No comments:
Post a Comment