Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label Computer knowledges. Show all posts
Showing posts with label Computer knowledges. Show all posts

Thursday, 18 May 2017

Computer Keyboard ပေါ်က Function Key တွေကို ဘယ်နေရာမှာသုံးသလဲ

  
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..
F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..
F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...
F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..
F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...
F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...
F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..
F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..
F9 =  Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...
F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..
F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..
F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

အထက်မှာဖေါ်ပြခဲ့တာကတော့ ကျွန်တော်သိသလောက် Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေဖြစ်ပါတယ်.. Program အလိုက် ပြောင်းလဲနိုင်ပါတယ်...




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Tuesday, 16 August 2016

Mobile Guide Journal Issue 138

Posted: 20 Jan 2014 03:49 AM PST

Download


4shared :  DOWNLOAD

Zippyshare :  DOWNLOAD

window 7 အတွက် window 8 task manager

Myanmar IT Helper


Posted: 22 May 2014 05:41 PM PDT
ဘယ်လိုလဲ နည်းနည်းတော့စိတ်ဝင်စားမယ် ထင်ပါတယ် တကယ် window 8 task manager နဲ့ တူမတူတော့ window 8 သုံးဖြစ်မယ်ဆိုရင်တော့ သိမှာပါ ပုံမှာလည်း တစ်ခါတည်း ပြထားပါတယ်
ဘလော့ window 32 အတွက် နှင့် window 64 အတွက် နှစ်ခုစလုံးအတွက် တင်ပေးထားပါတယ်
အလိုရှိရာ သုံးနိုင်ပါတယ်
ဘယ်လို့သုံးရမလဲ?
~~~~~~~~~
1.အရင်ဆုံး အောက်ကလင့်ကနေ လိုအပ်တဲ့ ဖိုင်တွေ ကို ဒေါင်းလိုက်ပါ
၂.TakeOwnershipEx{www.aungmyokyaw.com}.zip ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီးတော့ TakeOwnership ဆော့ဝဲကို install လုပ်ပါ
၃.Win+R=>system32 လို့ရိုက်ပြီး system32 ထဲဝင်ပါ

၎.Taskmgr.exe ဆိုတဲ့ဖိုင်ကို R-Click ထောက်ပါ Take Ownership/Restore Rights ကို နိတ်ပါ ကျနော်ပုံမှာပြထားပါတယ်

၅.F2 ကိုနိတ်ပြီး Rename လုပ်ပေးပါ ကျနော်တော့ Taskmgr2.exe လို့ထားလိုက်ပါတယ
၆.32 bit ဆိုရင် For 32 ဆိုတဲ့ ဖိုင်ကိုဖွင့်ပါ
   64 bit ဆိုလည်း For 64 ပေါ့ဗျာ
ပြီးရင် အဲ့ထဲ့မှာရှိတဲ့ DTMcfg.exe ဆိုတဲ့ ဖိုင်ရယ် Taskmgr.exe ဆိုတဲ့ဖိုင်ကို system32 ဖိုဒါထဲ့ကို ကူးထည့်လိုက်ပါ
ပြီးရင် Taskmgr တစ်ခေါက်ခေါ်ကြည့်ပါ Window 8 Style Taskmgr လေး ကိုအသုံးပြုနိုင်ပါပြီခင်ဗျာ

Tuesday, 28 July 2015

Desktop ကွန်ပျူတာများရဲ့Connecting Portများကိုလေ့လာခြင်း(Basic Tips)

Desktop ကွန်ပျူတာများရဲ့Connecting Portများကိုလေ့လာခြင်း(Basic Tips)
============================================
Desktopကွန်ပျုတာရှဲ့SystemCasing&Unit ပုန်းနောက်ကျောမှာ portတွေများစွာပါရှိပါတယ်။ကွန်ပျူတာကိုစတင်ဝယ်ယူတပ်ဆင်မယ်ဆို သည်portတွေကိုနားလည်ထားမှဖြစ်မှာပါ။ဒါကြောင့် စတင်လေ့လာသူတွေ ကိုယ်တိုင်တပ်ဆင်ရာမှာ လေ့လာနိုင်ဖို့ Basic Tipsအချို့ စဉ်းစားမိတာလေးတွေတင်ပြပါရစေ။
ကွန်ပျူတာမှာပါဝင်တဲ့port တွေဟာ ဈေးနှုန်း၊ကွာလတီ၊Brand ပေါ်မူတည်ပြီး ကွဲပြားမှုလေးတွေရှိတတ်ပါတယ်။ဟိုအရင်ထုတ် Motherboardတွေမှာဆို ယနေ့ခေတ်မှာမသုံးတော့တဲ့portတွေပါရှိနေတတ်ပါသေးတယ်။ဒါကြောင့် Port တွေအကြောင်းအကျဉ်းလေးလေ့လာကြည့်ပါမယ်။
USB2.0 Port
======
လက်ရှိအချိန်ထိ ကျွန်တော်တို့နိုင်ငံမှာတော့ usb2.0 ကိုသာအသုံးများနေသေးပါတယ်။usb2.0 ဟာ keyboard,Mouse,Scanner,Printerနဲ့အခြာuးsb ချိတ်ဆက်ပစ္စည်းများစွာတို့နဲ့ ကျယ်ပြန့်စွာသုံးစွဲနိုင်ပါတယ်
USB3.0 Port
=======
အဆင့်မြင့်တန်ဖိုးကြီးနောက်ပိုင်းထုတ်MotherBoardတွေမှာ ဒီ USB3.0 ထည့်သွင်းပေးထားပါတယ်။အဓိကကွာခြားတာက အရှိန်နှုန်းအလွန်မြန်ဆန်လာတာပါ။တွင်ကျယ်လာမယ့် တွင်ကျယ်လာမယ့် စနစ်ပါ။USB3.0 ပေါက်မှာ Usb2.0 ကိုလည်းတပ်ဆင်နိုင်ပါတယ်။2.0 စနစ်အတိုင်းသာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ကိုယ့်Deviceက 3.0 connetor ဖြစ်မှသာ3.0 အတိုင်းလုပ်ဆောင်မှာဖြစ်ပါတယ်။
VGA Port
=====
အရုပ်ထွက်ကြိုးဖြစ်တဲ့ မော်နီတာကနေလာတဲ့ ကြိုးကို တပ်ဆင်ဖို့အပေါက်ပါ။Analog ကို Digital အဖြစ်ပြောင်းလဲပေးတဲ့နည်းစနစ်ပါ။
DVI Port
======
LCD Monitor တွေမှာတွေ့ရများပြီး Digital ရုပ်ထွက်ကိုအထောက်အပံ့ပေးပါတယ်။ DVI မျိုးကွဲတွေရှိပြီး ကျွန်တော်ဆီမှာတွေ့ရများတာကတော့ DVI-D တွေပါ။
Sound Port
======
Sound Port တွေက များသောအားဖြင့်သုံးပေါက်မြင်ရပါတယ် အဆင့်မြင့် ဘုတ်တွေပေါ်မှာတော့ခြောက်ပေါက်တပ်ဆင်ထားပါတယ်။ Line in,Line Out နဲ့ မိုက်ခရိုဖုန်းပေါက်တွေပါ။ကိုယ်ကအသံပိုင်းဆိုင်ရာလုပ်မယ် ဥပမာ-Fluity Loop,Nuendo စတဲ့အသံတည်းဖြစ်ဆော့ဝဲတွေသုံးမယ်ဆိုရင်တော့ SoundCard သုံးမှအဆင်ပြေပါမယ်။
PS/2 Port
======
Keyboard နဲ့ Mouse တပ်ဆင်ရတဲ့ port ပါ။များသောအားဖြင့် သည်Port ဟာနှစ်ခုပါတတ်ပြီး တစ်ခုက ကီးဘုတ် တစ်ခုက မောက်စ်အတွက်ပါ။မှားတပ်မိရင်တော့အလုပ် မလုပ်ပါဘူး။ အရောင်နဲ့ပြောမယ်ဆို ခရမ်းဟာ ကီးဘုတ်ဖြစ်ပြီး အစိမ်းသို့မဟုတ်အပြာနု ဟာ မောက်စ်အတွက်ဖြစ်တတ်ပါတယ်။ တပ်ဆင်ရာမှာလည်း ကီးလေးတွေဖြစ်တဲ့ ပင်ချောင်းလေးတွေကို ကောင်မသွားဖို့သတိထားဖို့လိုပါတယ်။
Parallel Port
=======
ဒါကတော့ printer တွေအတွက်ပါ။ဒါပေမယ့် ယနေ့ခေတ် printer တွေဟာ usb ပေါက်တွေမှာသာတပ်ဆင်ကြတော့ပါတယ်။ဒါပေမယ် ပုံမှန်Motherboard တစ်ခုမှာ ဒီport တွေပါနေတတ်ပါသေးတယ်။
Network Port(Ehernet Port)
================
ကွန်ပျူတာတစ်လုံးထက်ပိုပြီးချိတ်ဆက်ဖို့ Network ချိတ်ဆက်ရပါတယ်။သည်အခါမှာ Ehernet Port or Network Port ကိုသုံးကြပါတယ်။RJ 45 Connector ကိုသုံးတတ်ကြပါတယ်။
Laptop တွေမှာတော့ VGA , RJ45 LAN,HDMI ,USB2.0 or 3.0,Air Out Vent, eSATA, Card Reader Port တွေအများဆုံးပါတတ်ပါတယ် USB 3.0 နဲ့ eSATA ပေါက်တွေကတော့တန်ဖိုးကြီးစွမ်းရည်မြင့် လက်ပ်တော့တွေမှာသာပါတတ်ပါတယ်။
Port တွေဟာအရေးမကြီးဘူးဆိုပေမယ့် တပ်ဆင်တဲ့ပစ္စည်းနဲ့ ကိုက်ညီမှုရှိဖို့တော့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ port တွေ ဒါမှမဟုတ်တပ်ဆင်တဲ့ Device တွေပျက်ဆီးမှုတွေရှိလာနိုင်ပါတယ်။အထူးသဖြင့် System ပုန်းရှေ့ဘက်က usb ပေါက်ကိုသတိထားသုံးသင့်ပါတယ်။Mother board ပေါ်မှာတပ်ထားတဲ့Connector တွေ မှားယွင်းနေရင် တပ်မိတဲ့Device တွေပျက်စီးတတ်ပါတယ်။အထူးသဖြင့်MemoryStick တွေပါ။ကောင်းတာကတော့ casing နောက်ကျောက USB ပေါက်ကနေ Hub ခေါင်းပွားတွေ နဲ့သုံးတာဖြစ်ပါတယ်။
အမှားပါရင်ခွင့်လွှတ်ကြပါ။
ဟန်ဝေလင်း
အပြတ်ရှင်းမိုဘိုင်း
ကဇွန်းမရွာ
ဆိပ်ဖြူမြို့
http://www.facebook.com/hanwailinn.hanwailinn
http://www.tipsandtrickscity.blogspot.com

Friday, 24 July 2015

Window 7 တွေမှာ Missing Operating System ပြဿ နာဖြေရှင်းနည်း

Window 7 တွေမှာ Missing Operating System ပြဿ နာဖြေရှင်းနည်း





 မင်္ဂလာပါ သည်တခါ ရေးဖြစ်တဲ့ နည်းပညာလေးကတော့ ကျွ န်တော်တို့ ကွန်ပျူတာ သုံးစွဲသူများ အတွက်
သိသင့်တဲ့အရာလေးတခုဖြစ်ပါတယ်.. ဒါလေးကိုတော့ တခါတလေ တွေ့ကြတတ်ပါတယ်  ဘာလဲ 
ဆိုတော့ ကျွန်ပျူ တာမှာ ဖွင့်လိုက်တာနဲ့ ပြန်မတက်လာတော့ဘဲ ဖြစ်နေတဲ့ အခြေနေလေးတခုပါ
ဒါကို ကျွန်တော် တို့ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ လေးကိုပြသပေးထားပါတယ်... 
သည်နည်းလမ်းလေးကို ကျွန်တော်လည်း အရင်တခါက ကွန်ပျူ တာမှာ ဖြစ်ဖူးတာကြောင့် ညီလေး 
 စိုင်းသူ(နည်းပညာ) ရေးသားထားတာလေးကို တွေ့ပြီး ဖြေရှင်းလိုက်တာ အဆင်ပြေသွားပါတယ်
ဒါကြောင့် အခက်ခဲ ရှိသူတွေအတွက် တွေ့ ကြုံ လာပါက အဆင်ပြေစေရန် ကျွန်နော် 
သည်နည်းလမ်းလေးကို ပြန်လည် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်...
 အောက်မှာ ဖြေရှင်းထားတဲ့ နည်းလမ်းလေးကို လေ့လာ ကြည့်ရအောင်....

windows 7 မှာ Missing operating system ဖြစ် ပြီး windows ပြန် တက် မလာ တော့ တဲ့ ပြသနာ ဖြေ ရှင်း နည်း လေး ပါ။ Windows 7 DVD ခွေတစ် ခု ကို အသုံး ပြု ပြီး command prompt  က နေ ပြန် လည်  ဖြေ ရှင်း နည်း လေး ပါ။ မိမိတို့ဆီမှာ Window7 ခွေလေးတခွေ ရှိတာနဲ့ ဖြေရှင်းလိုက်လို့ ရပါတယ်.. ဒါဆို အားလုံးအဆင်ပြေသွားစေမှာဖြစ်ပါတယ်...

ပထမဆုံးအနေနဲ့  မိမိတို့  WINDOW 7   DVD  အခွေလေးကို စက်ထဲမှာ ထည့်ပေးလိုက်ပါ။
ပြီးတာနဲ့... မိမိတို့ စက်ကို Restart  ချပေးလိုက်ပါ... ပြီးတာနဲ့ ကွန်ပျူ တာ Window တင်သလို
BIOS ထဲကိုဝင်ရန် မိမိတို့ကွန်ပျူ တာ Key ကိုနှပ်ပေး ထားလိုက်ပါ.. တက်လာတာနဲ့
BOOT ORDER ကို ချိန်း ပေးပါ။
ဒုတိယ အဆင့်အနေနဲ့ကတော့
WINDOWS ပုံမှန် ပြန် တင် လို့ ရ မဲ့  နေ ရာ ကို ရောက် တာ နှင့်  ကျ နော် တို့  REPAIR COMPUTER 
ကိုနိုပ်ပေးရပါ မယ်။

ဆက်လက်ပြီး System Recovery Option ဘောက်လေးကျလာမှာဖြစ်ပါတယ်  ကျလာတဲ့ဘောက်ထဲက
အောက်ပုံ မှာ ပြ ထား တဲ့ use recover tool လေး ကိုအမှန် လေး ခြစ် ပေး ပြီး next ကို နိုပ်ပေးပါ။



“System Restore” or “System Image Recovery”

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
“System Restore” or “System Image Recovery”

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
System Restore” or “System Image Recovery”.

Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
system Restore or system image recovery မလုပ်ပါနဲ့ command prompt လေး ကို ဖွင့် ပါ။


နောက်ဆုံးအဆင့်အနေနဲ့ ကျွန်တော် တို့ အပေါ်က ဖွင့်ထားတဲ့ Command မှာဘဲ ဆက်လက် ပြီးအောက်မှာ ကျွန် တော် ပေးထားတဲ့ ကုဒ်လေးအချို့ ကို ထည့်ပေးပြီး မိမိတို့  ကွန်ပျူ တာ ကနေ Enter  ခေါက်ပေးလိုက်ရုံပါဘဲ...
chkdsk c: /f/r 
/f /r will both fix errors and recover lost data.
/f will only fix errors on your disk
/r will only recover lost data


Read more at: http://windows7themes.net/en-us/missing-operating-system-windows-7/ © windows7themes.net
chkdsk c :/f /r

/f/r
/f
/r

အိုကေ အားလုံးပြီးရင် restart ချ ပြီး ပြန် သုံး ကြည့် ပါ။ အဆင် ပြေ သွားမှာဖြစ်ပါတယ်.. သည်လောက်ဆို မိမိတို့ ကွန်ပျူ တာမှာ သည်လို ပြသနာမျိုး ဖြစ်လာတာနဲ့ အလွယ်ကူဆုံးဖြေရှင်းနိုင်ပါပြီနော်..
အဆင်ပြေကြပါစေ...
ဘလော့ခရီးသည် ( မျှဝေသူ )

Saturday, 3 August 2013

File format အမျိုးအစားများ


Posted in Computer



ကွန်ပြူတာတွေမှာ ပရိုဂရမ်တစ်ခုခုကို ဖွင့်ဖို့အတွက် Application Layer မှာ Format တစ်ခုခုကို သုံးရပါတယ်။ Format အလိုက် ပါဝင်တဲ့ ဂုဏ်သတ္တိချင်း လည်း မတူပါဘူး။


Format ခွဲရတဲ့ရည်ရွယ်ချက်ကလည်းမတူကွဲပြားတဲ့ သတင်းအချက် အလက် တွေကို အလွယ်ကူဆုံးနည်းလမ်းနဲ့ ကြည့်ရှုလို့ ရနိုင် ဖို့ ဖြစ်ပါတယ်။ ဥပမာ Text file တွေက Doc file တွေလောက် UI မစုံပါဘူး။ ဥပမာ Graphic /Color ပါဝင်တဲ့ အချက်အလက်တွေ ထည့်သွင်းလို့ မရတာ မျိုး ဖြစ်ပါတယ်။ text လို့ခေါ်တဲ့ စာတွေချည်း သီးသန့် သိမ်းဆည်း တာပါ။


ဒီလိုပါပဲ သူ့အမျိုးအစားအလိုက် ကွဲပြားပါတယ်။ အလွယ်ဆုံးဆုံး ဖွင့်လို့ ရအောင်၊ ပို့လို့ရအောင်၊ အသေးငယ်ဆုံးဖြစ်အောင်၊ ကြီးမားအောင် အစရှိ သဖြင့် ရည်ရွယ်ချက်ပေါင်းများစွာနဲ့ Format မျိုးစုံ ပြုလုပ်ကြပါတယ်။


ဒီတော့ လူသုံးများတဲ့ File format အမျိုးအစားပေါင်း မြောက်များစွာကို တစ်စုတစ်စည်းတည်း ရှာဖွေ မျှဝေ ပေးလိုက်ရပါတယ်။



1. TEXT FILES FORMATS:-

.txt Plain Text File

.doc Microsoft Word Document

.docx Microsoft Word Open XML Document

.msg Outlook Mail Message

.wps Microsoft Word Processor Document

.tex LaTex Source Document

.rtf Rich Text File

.log Log File

.pages Pages Document

.odt Open Document Text Document

.wpd Word Perfect Document




2. AUDIO FILES FORMAT:-

.wma Windows Media Audio File

.wav WAVE Audio File

.mid MIDI File

.mp3 MP3 Audio File

.mpa MPEG-2 Audio File

.m4a MPEG-4 Audio File

.m3u Media Playlist File

.iff Interchange File Format

.aif Audio Interchange File Format

.ra Real Audio File




3. VIDEO FILES FORMAT:-

.3gp 3GPP Multimedia File

.3g2 3GPP2 Multimedia File

.wmv Windows Media Video File

.swf Shockwave Flash Movie

.srt SubRip Subtitle File

.rm Real Media File

.mov Apple QuickTime Movie

.mp4 MPEG-4 Video File

.mpg MPEG Video File

.flv Flash Video File

.avi Audio Video Interleave File

.asf Advanced System File

.asx Microsoft ASF Redirector File

.vob DVD Video Object File




4. IMAGE FILES FORMAT:-

.bmp Bitmap File

.dds DirectDraw Surface

.dng Digital negative Image File

.gif Graphical Interchange File Format

.jpg JPEG Image

.png Portable Network Graphic

.psd Adobe Photoshop Document

.pspimage PaintShop Pro Image

.tga Targa Graphics

.thm Thumbnail Image File

.tif Tagged Image File

.yuv YUV Encoded Image File




5. 3-D IMAGE FILES FORMAT:-

.3dm Rhino 3D Model

.3ds 3D Studio Scene

.max 3ds Max Scene File

.obj WaveFront 3D Object File




6. EXECUTABLE FILES FORMAT:-

.apk Android Package File

.app Mac OS X Application

.bat DOS Batch File

.cgi Common Gateway Interface Script

.com DOS Command File

.exe Windows Executable File

.gadget Window Gadget

.jar Java Archive File

.pif Program Information File

.vb VBScript File

.wsf Windows Script File




7. WEB FILE FORMAT:-

.asp Active Server Pages

.aspx Active Server Pages Extended

.cer Internet security File

.cfm ColdFusion Markup File

.csr Certificate Signing Request File

.css Cascading Style Sheet

.html HyperText Markup Language

.js JavaScript File

.jsp Java Server Pages

.php PHP source Code File

.rss Rich Site Summary

.xhtml Extended HyperText Markup Language




8. COMPRESSED FILE FORMAT:-

.7z 7-zip Compressed File

.cbr Comic Book RAR Archive

.deb Debian Software Package

.gz Gnu Zipped Archive

.pkg Mac OS X Installer Package

.rar WinRAR Compressed Archive

.rpm Red Hat Package Manager File

.sit Stufflt Archive

.sitx Stufflt X Archieve

.tar.gz Compressed Tarball File

.zip Zipped File

.zipx Extended Zipped File




.

Ref: techgeek

Aung Kham (TSJ team)

Tuesday, 9 July 2013

PREFETCH FOLDER ဖျတ်သင့်တဲ့အထဲပါ/မပါ


ဒါလေးကတန်ဖိုးရှိတဲ့ post လေးတစ်ခုလို့မြင်မိပါတယ် ဘာလို့ဆိုတော့ကျွန်တော်တို့တစ်တွေအားလုံးနီးပါးကအမှား
တစ်ခုကိုမထင်မှတ်ပဲပြုလုပ်မိရင်းကနေ ကျွန်တော်တို့ကွန်ပျူတာလေးတွေကိုနှိပ်စက်နေကြတယ်ဆိုတာ မသိလိုက်ပဲဖြစ်နေကြတာလေးကိုရှင်းပြပေးထားတဲ့ post လေးပါ..ဒါလေးကိုကျွန်တော်က Facebook မှာတွေ့လို့ရေးသား
ထားသူရဲ့ မူရင်းအတိုင်းပဲအားလုံးကိုကော်ပီးကူးတင်ပြထားခြင်းဖြစ်ပါတယ်..သူရေးထားတာကိုလေ့လာပြီးတော့
ကျွန်တော်ကိုယ်တိုင်လည်း ဇဝေဇ၀ါဖြစ်တာကြောင့် မိုက်ခရိုဆော့(ဖ်)မှာရှာဖွေကြည့်တော့ သူရေးထားတာအမှန်ဖြစ်ကြောင်းတွေ့ရတဲ့အတွက် ကျွန်တော်တို့လုပ်နေတဲ့အမှားတစ်ခုကို အမြန်ဆုံးပြင်နိုင်အောင်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..အရင်ဆုံးသူ့စာလေးတွေကို မကော်ပီခင်မှာ နည်းနည်းတော့ရှင်းပြချင်ပါသေးတယ်
တစ်ချို့ကလည်းသိချင်မှသိမှာပါ Run box လေးကိုသုံးချင်မှလည်းသုံးကြမှာအဲ့ဒီတော့ အဲ့လိုမသုံးတက်တဲ့သူတွေအတွက်
ဒါကြီးကဘာလည်း ဘာတွေရေးနေတာလည်းဆိုတာမရှင်းကောင်းမရှင်းဖြစ်နေအုံးမှာပဲ..
အတိုချုပ်ပြောရရင် ကျွန်တော်တို့ကွန်ပျူတာဖွင့်တာနဲ့အရင်ဆုံးလုပ်ကြတာက ကွန်ပျူတာသန့်ရှင်းရေးပါ..
မနေ့ကသုံးခဲ့သမျှစက်ထဲမှာကျန်ရှိနေတဲ့ အမှိုက်တွေကိုရှင်းတယ်လို့ပဲ အလွယ်ဆုံးနားလည်အောင်ပြောပါရစေ။
CCleaner ဆိုတဲ့ဆော့ဝဲလ်လေးကလူတိုင်းကွန်ပျူတာမှာရှိတက်ကြပါတယ် အဲ့ဒါလေးကိုအသုံးပြုပြီးရှင်းလို့ရသလို
အောက်ပါနည်းလမ်းများအတိုင်းလည်းရှင်းကြပါတယ်..Run ခေါ်ပြီး ရှင်းတာပါ..
Run ဘယ်လိုခေါ်လည်းဆိုတော့ windows key & R key ကိုပြိုင်တူနှိပ် (သို့)start button လေးကိုနှိပ် ပြီးရင် run လို့ရိုက်ထည့်ပြီး Enter Key ခေါက်ချလိုက်ပေါ်လာတဲ့ box လေးက run ပါပဲ..
အဲ့ဒီ run ထဲမှာမှလုပ်လို့ရတာတွေတစ်ပုံကြီးပါ..အခုကသန့်ရှင်းရေးအကြောင်းဆိုတော့ ဆာ့ဆာကြီးတွေညွှန်ကြား
ချက်တွေအရ ဒီလိုမျိုးရှင်းလို့ရပါတယ်..
run ခေါ် ပြီးရင် prefetch ရိုက် အန်တာကီးခေါက် ပေါ်လာသမျှအကုန်ဖျတ်
run ခေါ် ပြီးရင် recent ရိုက် အန်တာကီးခေါက် ပေါ်လာသမျှအကုန်ဖျတ်
run ခေါ် ပြီးရင် temp ရိုက် အန်တာကီးခေါက် ပေါ်လာသမျှအကုန်ဖျတ်
run ခေါ် ပြီးရင် %temp% ရိုက် အန်တာကီးခေါက် ပေါ်လာသမျှအကုန်ဖျတ်
တစ်ချို့ကလည်း cookies ဆိုလားအဲ့ဒါလေးတွေပါပါတယ် ကျွန်တော်ကတော့အဲ့လောက်စိတ်မရှည်လို့မသုံးပါဘူး..
ဒါကတော့ run အသုံးပြုပြီး သန့်ရှင်းရေးလုပ်ပုံလေးပါ..အခု share မှာက အပေါ်မှာရေးထားတဲ့အပိုင်းတွေထဲက
prefetch ဆိုတဲ့အပိုင်းလေးဟာ ကျွန်တော်တို့ဖျတ်ချသင့်တဲ့အပိုင်းမှာပါ ပါသလားဆိုတဲ့ ပြောကြားချက်လေးပါ..
မြန်မာနည်းပညာဆိုက်အားလုံးနည်းပါးမှာ အဲ့ဒါကိုဖျတ်ချဖို့ အားလုံးလိုလိုတိုက်တွန်းကြတဲ့အတွက် လေ့လာသူအားလုံးလိုလိုဟာလည်းလိုက်ဖျတ်ကြပါတယ် အနော်လည်းဖျတ်ပါတယ်
ဒီနေ့ အောက်ကရေးသားချက်လေးကိုတွေ့တော့မှ ဒါကမဖျတ်သင့်တဲ့အရာပါဆိုတာကိုသိရတာပါ...
ကျွန်တော်တို့  prefetch ဖိုဒါလေး အကြောင်းကို နည်းနည်း ဆွေးနွေးရအောင် အဲ့ဒါဖိုဒါကို လူအများစုက ဖျက်ကြပါတယ် တစ်ချို့ ကကျ မဖျကသင့်ဘူးလို့  ဆိုပါတယ်အားလုံး ရဲ့ အထင်လေးတွေ အသိလေးတွေ မျှဝေပါအုန်း ကျွန်တော် အမြင်ကတော့ ဒီစာတွေ အတိုင်းပဲ

==== မလိုတဲ့ ဖိုင်တွေ ဖျက်တဲ့ နေရာမှာ အားလုံး အမြင်မှား နေတဲ့ ဖိုဒါလေး တစ်ခု ရှိပါတယ်.... ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတုန်းက အသိမှားခဲ့ဖူးပါတယ်.... prefetch ဖိုဒါလေးကို ၀င်းဒိုးအတွက် မလိုအပ်တဲ့ ဖိုဒါဆိုပြီး သွားသွား ဖျက်ဖူးပါတယ်.... တစ်ကယ်တော့ ၀င်းဒိုး မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်ဖို့ ကူညီပေးနေတဲ့ ဖိုဒါလေးဆိုတာ မသိခဲ့ပါဘူး.... သူက ဘာအလုပ်လုပ်လည်း ဆိုတော့ ကျွန်တော်တို့  ၀င်ဒိုးတက်တာ မြန်အောင်လည်း လုပ်ပေးတယ် နောက်ပြီး ပရိုဂရမ်တွေ ဖွင့်တဲ့အခါမှာလည်း မြန်မြန်ပွင့်အောင် လုပ်ပေးပါတယ်.... ၀င်ဒိုးတစ်ခါ တက်တော့မယ်ဆိုရင် လိုအပ်တဲ့ ဖိုင်တွေကို အရင်ဆုံး RAM ပေါ်တင်ပါတယ် ပြီးမှ တက်တာပါ.... ဟိုအရင် ၀င်းဒိုး xp မတိုင်ခင်ကတော့ prefetch ဖိုဒါ မပါပါဘူး နောက်ပိုင်း xp ကနေ စပြီး Prefetch ဖိုဒါလေးကို ထည့်ပေးလိုက်ပါတယ်.... ပုံမှန်အားဖြင့် ၀င်းဒိုးတက်တဲ့အခါ ဖိုဒါတစ်ခုထဲကနေ လိုတဲ့ ဖိုင်ကို ယူတယ် နောက် ဖိုဒါတစ်ခုထဲကနေ လိုတဲ့ ဖိုင်ကို ထပ်ယူတယ် အဲ့လိုပုံစံမျိုးနဲ့  လိုတာတွေ စုပြီး RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတယ်.... ၀င်းဒိုးက အဲ့လိုမျိုး ဖိုင်တွေ ယူဖို့  ဖိုဒါတစ်ခုတည်းကိုပဲ နှစ်ခါ သုံးခါ ပြန်လာရတတ်ပါတယ် ဒီတော့ တွေးကြည့်မယ်ဆိုရင် ၀င်းဒိုးက ပထမတစ်ခါ လာတည်းကသာ ဒီဖိုင်တွေ အကုန် ယူသွားရင် နောက်တစ်ခါ ထပ်လာတဲ့ အချိန်တွေ မကုန်တော့ဘူးလေ အလကား အချိန်ပုပ်တာပေါ့ .... အဲ့လို အချိန်မပုပ်ရအောင် xp ကစပြီး prefetch ဖိုဒါလေးကို ထည့်ပေးလိုက်ပါတယ် ပထမဆုံးအကြိမ် ၀င်းဒိုးတက်တဲ့အခါ ဘာဖိုင်တွေ လိုလည်း မှတ်ထားပါတယ် ပြီးတာနဲ့  ဖိုဒါတွေ တူရာ တူရာ စုလိုက်ပါတယ် နောက်တစ်ခါ ၀င်းဒိုးတက်တဲ့ အခါကျ ဖိုဒါ တစ်ခုထဲဝင်ရင် လိုတာတွေ အကုန်ယူပြီးမှ ပြန်ထွက်ပါတော့တယ် ဒါကြောင့် boot time က မြန်လာပါတယ်.... ပရိုဂရမ်တွေ ဖွင့်တဲ့အခါကျလည်း ဒီလိုပါပဲ လိုတဲ့ ဖိုင်တွေကို စုစည်းပေးထားပါတယ် မြန်မြန် ပွင့်နိုင်အောင်( ကျွန်တော့်တို့  အမြင်မှာသာ Icon လေးတစ်ခုကို နှစ်ချက်နှိပ်ဖွင့်လိုက်တာပါ နောက်ကွယ်မှာကျ ဖိုင်တွေ စုပေါင်းပြီးမှ အလုပ်လုပ်တာပါ ) ဘရားသားတို့  အနေနဲ့  ၀င်းဒိုး boot တက်တဲ့ အခါနဲ့  ပရိုဂရမ်တွေ ဖွင့်တဲ့အခါ လိုတဲ့ ဖိုင်တွေကို list လုပ်ပေးထားတဲ့ layout.ini ဆိုတဲ့ ဖိုင်လေးကို သွားလေ့လာကြည့်လို့  ရပါတယ် RUN>prefetch လို့  ရိုက်ပါပြီးရင် အဲ့ဖိုဒါထဲမှာ Layout.ini ကို ရှာပြီး ဖွင့်ဖတ်ကြည့်ပါ နောက်ပြီး အဲ့ layout.ini မှာပါတဲ့ ဖိုင်တွေကို disk defragmenter ကHardisk ပေါ်မှာ နိးနီးကပ်ကပ်ထားပေးပါတယ် ဘာလို့ လည်းဆိုရင် ဖိုင်ယူတဲ့ အခါကျ ပိုပြီး မြန်မြန်ယူနိုင်အောင်ပါ ကျန်း ကျန်း တော်လိုက်တဲ့ ခေါင်းတွေ :D …. အဲ့ဒါတော့ ဟုတ်ပါပြီ တော်တော်ကောင်းတာပဲ နော် သူက လိုတာတွေ List လုပ်ပေးတာတော့ ဟုတ်ပါပြီ ပရိုဂရမ်ဖွင့်တာများလာရင် ဖိုင်တွေ များလာပြီး size တွေ အများကြီး မလို နိုင်ဘူးလား.... အဲ့ဒါကို လုံးဝ မပူပါနဲ့  ၀င်းဒိုးက မကြာမကြာ ဖွင့်တဲ့ ပရိုဂရမ် 128 ခုတွက်ပဲ သိမ်းတာပါ မလိုတော့ဘူး ထင်ရင် သူ့ ဘာသာ ပြန်ဖျက်ပါလိမ့်မယ် self-maintain လုပ်တယ်ပေါ့ဗျာ လိုရင် သိမ်းမယ် မလိုရင် ဖျက်မယ် ဒါကြောင့် လူက သွားဖျက်ပေးဖို့  မလိုပါဘူး ဘလော့ဂါ တော်တော်များများ နဲ့  နည်းပညာ သမား တော်တော် များများ ဒီနေရာမှာ အသိမှားကုန်ကြပါတယ် သူတို့ ကနေ ပြန်သင်ပေးလိုက်တာ လူတွေ အကုန် နည်းပါး အသိမှားကုန်ကြပါလေရော ဟိဟိ ကျွန်တော်တောင် ပါခဲ့သေးတယ် …. သွားဖျက်မိရင် ဘာဖြစ်နိုင်မလည်းဆိုတော့ ဖျက်ပြီးတဲ့နောက် ၀င်းဒိုးတက်တဲ့ boot time နဲ့  ပရိုဂရမ်ဖွင့်တဲ့ အချိန်လေးတွေ နည်းနည်း ကြာသွားပါလိမ့်မယ် သူက ပရိုဂရမ်တွေ ဖွင့်တဲ့အခါကျ လိုတဲ့ဖိုင်တွေ လိုက်မှတ်နေတော့ ဖွင့်တဲ့ ပရိုဂရမ်အတွက်ကြာနေတာပေါ့ ဟီး ပထမတစ်ခါတော့ ကြာပါတယ် နောက်တစ်ခါ ဖွင့်တဲ့အခါကျ မြန်သွားပါပြီ.... ခိခိ ကျွန်တော့်ကို မှန်ကန်အောင် ပထမဆုံး တည့်ပေးလိုက်တာက tuneup utility ဆိုတဲ့ ဆော့ဝဲလ်လေးပါ အဲ့ဆော့ဝဲလ်လေးကို ကိုညီနေမင်းဆိုက်ကနေ တွေ့ လို့  ဒေါင်းလုတ်ဆွဲပြိး သုံးကြည့်ပါတယ် တော်တော် ကောင်းတယ်ပဲ ပြောရမယ် ကွန်ပျူတာ မြန်စေဖို့  အတွက် သုံးသင့်တဲ့ ဆော့ဝဲလ်လေးပေါ့.... ဟီး အဲ့ဆော့ဝဲလ်တင်ပြီးနောက်ပိုင်းကျ prefetch ဖိုဒါလေးကို သွားဖျက်လိုက်ပါတယ်.... နောက်တစ်ခါ ၀င်းဒိုးလည်း ပြန်တက်ပြီးရော သူက you or your proframs က prefetch ဖိုဒါကို ဖျက်လိုက်ပါတယ်တဲ့ အဲ့ဖိုဒါကို ဖျက်ရင် startup နှေးသွားမယ်ဆိုလားပဲ မက်ဆေ့ခ်ျ ပေါ်လာပါတယ် ဟီးဟီး အဲ့နောက်ပိုင်းကစပြီး Prefetch ကို မဖျက်ရဲတော့ဘူး မကြာသေးခင်ကမှ ဆရာတစ်ယောက်က အဲ့ဖိုဒါကို ဖျက်သင့်တယ်လို့  ပြောလာတာနဲ့  မကျေနပ်လို့  အင်တာနက်ပေါ်တက်ရှာတော့မှ အမှန် သိတော့တယ် ပထမဆုံး ဖတ်လိုက်ရတဲ့ ဆိုက်က microsoft ၀က်ဆိုက်ကပါ သူတို့ ကိုယ်တိုင်လည်း အဲ့ဖိုဒါကို ဖျက်ဖို့  မလိုဘူးလို့ အတိအလင်း ဆိုထားပါတယ် နောက်ထပ် နောက်ထပ် ဆိုက်တွေမှာလည်း အဲ့ဒါလေးကို လေ့လာခွင့်ရခဲ့ပါတယ် ဟီးဟီး ဒါဆို အားလုံး Prefetch အလုပ်လုပ်ပုံကို သိပြီ ထင်ပါတယ်.... ====
ဒီအောက်ကဖြေရှင်းချက်ကတော့ microsoft ကပါ။

What is the prefetch folder?

Each time you turn on your computer,Windows keeps track of the way your computer starts and which programs you commonly open. Windows saves this information as a number of small files in the prefetch folder. The next time you turn on your computer, Windows refers to these files to help speed the start process.
The prefetch folder is a subfolder of the Windows system folder. The prefetch folder is self-maintaining, and there's no need to delete it or empty its contents. If you empty the folder,Windows and your programs will take longer to open the next time you turn on your computer.
ဒါလေးကလည်း microsoft ရဲ့ဖိုရမ်မှာမေးထားတဲ့သူတစ်ယောက်ကို ပြန်လည်ဖြေကြားထားပေးတဲ့ဖြေရှင်းချက်ပါ
Each time you turn on your computer, Windows keeps track of the way your computer starts and which programs you commonly open. Windows saves this information as a number of small files in the prefetch folder. The next time you turn on your computer, Windows refers to these files to help speed the start process.

The prefetch folder is a subfolder of the Windows system folder. The prefetch folder is self-maintaining, and there's no need to delete it or empty its contents. If you empty the folder, Windows and your programs will take longer to open the next time you turn on your computer.

Dangerous myths: Deleting the informaation in Prefetch folder
=============================================================

There are often claims that deleting the Prefetch folder actually results in less boot-up time and more free memory. The reasons for this vary—for example, some experts claim that Windows loads Prefetch information for all of the programs you’ve ever started on your computer into memory automatically, filling your RAM with unused data (this is not true.) These experts recommend deleting the contents of “Windows\Prefetch” on a regular basis, to keep your memory free from unused data. Ouch! Two reasons:

   1. If you don’t run a program, Windows does not access the Prefetch information.
   2. Windows maintains a maximum of 128 entries in the Prefetch folder. It cleans itself automatically.

So, if you actually delete the Prefetch folder, here’s what you should really expect to happen: Windows and applications will need noticeably more time to start, as the Prefetch data needs to be collected again. The entire performance of your system will slow down.

If this post helps to resolve your issue, please click the "Mark as Answer" or If you find it helpful , Mark it as helpful by clicking on "Helpful" button at the top of this message. By marking a post as Answered, or Helpful you help others find the answer faster.

ဒီလောက်ဆိုရင် prefetch ရိုက်ပြီး shift+delete ကျွေးတက်တဲ့သူများနောက်ဆိုဆင်ချင်နိုင်ကြပြီပေါ့နော်....
အမျိုးအစား: run

Saturday, 6 July 2013

ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်ရှာ

ရေးသားတင်ပြသူ ဝဿန် မှ ဂျူလိုင် 5, 2013 တွင် 3:21pm
လျှို့ဝှက်မေး(လ်)ပို့ရန် ဘလော့ပို့စ်များ အားကြည့်ရန်




ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ သူ၏ တီထွင်မှုသည် ကွန်ပျူတာ လောက၀ယ် ကြီးစွာသောပြောင်းလဲမှု ဖြစ်စေ ခဲ့သဖြင့် ဆုငွေများ ချီးမြှင့်ခံ ခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာ ပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြု သူ၏ ရွေးချယ်မှုကို လက်ဖြင့် လုပ်ဆောင်သော ကိရိယာ(Manually Operated User Selection Equipment) ဆိုသည့် အင်္ဂလိပ် ဝေါဟာရကို အတိုကောက်ပြု ထားခြင်း ဖြစ်သည်။ မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖတ်ခဲ့သူများ: 15
အကြောင်းအရာ: ဗဟုသုတ

Thursday, 20 June 2013

Windows 7 အကြောင်း

            Windows 7 Operating System ကို ထုတ်လုပ်တဲ့ Company ကတော့ Microsoft ဖြစ်ပါတယ်။ Client Operating System ဖြစ်ပြီး သူ့ရှေ့ထုတ်လုပ်ခဲ့တဲ့ Windows Operating System တွေကတော့ Windows 3.1, Windows 95, Windows 98, Windows me, Windows 2000, Windows XP,  Windows XP, Windows Vista တို့ပဲဖြစ်ပါတယ်။ Windows XP မှာ အထူးအောင်မြင်ခဲ့တဲ့ Microsoft ဟာ Vista ကိုထွက်ရှိလာတဲ့အခါ ထင်သလောက် အောင်မြင်မှုမရှိပဲ ဝေဖန်မှုများနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
Windows Vista ဟာ လူတွေအသားကျနေတဲ့ XP နဲ့ မတူညီတဲ့ အသွင်အပြင်တွေကြောင့် အသုံးပြုရ ခက်ခဲနေရတဲ့ကြားထဲ သူထွက်ရှိတဲ့အချိန်မှာ သုံးနေကြတဲ့ Computer Hardware တွေနဲ့ နှိုင်းယဉ်ချိန်ဆကြည့်ရင် Hardware Requirement ကမြင့်မားလွန်းတာကြောင့် အလွန်လူကြိုက်များ လာမယ်လို့ မျှော်မှန်းခဲ့တဲ့ Microsoft ရဲ့ Vista ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲ အရင်က OS တွေမှာ အသုံးပြုခဲ့တဲ့ Software အချို့ဟာ Vista မှာ အသုံးပြုလို့ မရတာကြောင့် Vista တင်ပြီးမှ XP ကို ပြန်ပြီး Downgrade လုပ်ကြရတဲ့သူတွေလည်း များခဲ့ပါတယ်။ ဒီလို Vista ရဲ့ မအောင်မြင်မှုအပေါ် ဖုံးလွှမ်းနိုင်ဖို့ Windows 7 ကိုထုတ်လုပ်ခဲ့ပါတယ်။
            Windows 7 ဟာ Vista နဲ့ အသွင်သဏ္ဍာန် နည်းနည်းဆင်တူပေမယ့် Windows 7 ထွက်ရှိတဲ့ အချိန်မှာ သုံးနေကြတဲ့ Hardware Requirement တွေနဲ့ဆိုရင် တော်တော်များများ အဆင်ပြေမှုရှိတာရယ်၊ Software အဟောင်းတွေ ပြန်လည်အသုံးပြုလို့ရတာတွေနဲ့ Vista ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ပိုမိုလုံခြုံမှုရှိအောင် ထုတ်လုပ်နိုင်ခဲ့တာကြောင့် လူကြိုက်များလာပြီး အောင်မြင်လာခဲ့ပါတယ်။ Windows 7 ကို အသုံးပြုတဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းပေါ်မူတည်ပြီး Edition တွေအမျိုးမျိုးရှိပါတယ်။
Windows 7 မှာဆိုရင် Edition ၆ မျိုးရှိပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 Edition တွေကတော့...
1.         Windows 7 Starter Edition
2.         Windows 7 Home Basic Edition
3.         Windows 7 Home Premium Edition
4.         Windows 7 Professional Edition
5.         Windows 7 Enterprise Edition
6.         Windows 7 Ultimate Edition တို့ဖြစ်ကြပါတယ်။
            ဒီ ၆မျိုး ထဲမှာမှ Starter, Home Premium, Professional နဲ့ Ultimate တို့ကိုတော့ လူသိများပါတယ်။
1. Starter Edition အကြောင်း
            Starter Edition ကတော့ ပေါ့ပါးမှုရှိတယ်။ သူ့ကို Network Computer တွေမှာသုံးဖို့ Design ထုတ်ထားတာပါ။ သူ့မှာ Media Center Feature မပါရှိပါဘူး။ မှန်လိုမျိုးဖောက်မြင်ရတဲ့ Transparent ဖြစ်တဲ့ Areo Glass Feature မပါရှိပါဘူး။ Multiple Monitor Support လုပ်နိုင်တဲ့ နည်းပညာလိုမျိုးတွေ မပါရှိပါဘူး။ Windows 7 ရဲ့ Edition တွေထဲမှာဆိုရင်တော့ အနိမ့်ဆုံးပါပဲ။ Taskbar ကနေ Thumbnail View ကြည့်တဲ့ Feature လိုမျိုးတောင် မပါဝင်ပါဘူး။ Internet Connection ကိုလည်း Share လုပ်လို့မရပါဘူး။
2. Home Basic Edition အကြောင်း
            ကျွန်တော်ကတော့ ဒီ Home Basic Edition ကမှ Windows 7 ရဲ့ Windows အတွေ့အကြုံတွေကို တကယ်စပြီး ခံစားရတယ်လို့ ထင်ပါတယ်။ Starter မှာ မရရှိခဲ့တဲ့ Aero နည်းပညာကို အကန့်အသတ်ဖြင့် အသုံးပြုခွင့်ရပါတယ်။ သူ့မှာလည်း Media Center မပါရှိပါဘူး။ အခုပေါ်နေတဲ့ နည်းပညာအသစ်ဖြစ်တဲ့ Multitouch နည်းပညာကို အသုံးပြုလို့မရပါဘူး။ Multitouch ဆိုတာကတော့ Touch Screen Monitor တွေလို နည်းပညာတွေကိုပေါ့။ ဒါတွေကိုလည်း အသုံးပြုလို့ မရပါဘူး။ ဒီ Edition မှာတော့ Taskbar ကနေ Thumbnail Preview ကြည့်လို့ရပါတယ်။ Multi Monitor ကိုလည်း Support လုပ်ပြီး၊ Internet Connection ကိုလည်း Share လုပ်လို့ရပါတယ်။
3. Home Premium Edition အကြောင်း
            ဒီ Home Premium Edition ကတော့ အိမ်သုံး User တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ဈေးနှုန်းမြင့်လာသလို ပါဝင်တဲ့ Feature တွေလည်း ပိုမိုများပြားလာပါတယ်။ ရှေ့က Edition တွေမှာ မရတဲ့ Aero, Media Center, Multitouch စတဲ့ Feature တွေလည်း ပါဝင်လာပါတယ်။ Aero နည်းပညာကို ဒီ Edition ရောက်မှ အပြည့်အ၀ ခံစားရရှိနိုင်ပါတယ်။ Network ပိုင်းမှာလည်း Homegroup ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် Remote Desktop Host အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။
4. Professional Edition အကြောင်း
            ဒီ Professional Edition ကိုတော့ Home Worker, Home Office, Small Bussiness တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ရှေ့က Edition တွေမှာပါတဲ့ Feature တွေအပြင် Network Backup, Encrypting File System စတဲ့ နည်းပညာတွေပါဝင်လာပါတယ်။ Remote Desktop Host ကို အသုံးပြုလို့ရပြီး Windows XP Mode ကို အသုံးပြုနိုင်ပါပြီ။ Windows XP Mode ဆိုတာကတော့ Windows Vista တုန်းက Windows XP မှာ အသုံးပြုလို့ရပေမယ့် Vista မှာ အသုံးပြုလို့မရတဲ့ Software တစ်ချို့ကြောင့် User တွေ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကို ဖြည့်ဆည်းတဲ့အနေနဲ့ Windows 7 မှာတော့ Windows အသစ်တွေမှာ မ Run နိုင်တဲ့ Software တစ်ချို့၊ ဥပမာ Windows XP မှာသာ အသုံးပြုနိုင်တဲ့ Software မျိုးကို Windows 7 မှာ အသုံးပြုနိုင်ဖို့ Windows XP Mode ဆိုတဲ့ Program ပြုလုပ်ထားပြီး အဲ့ဒီ Program က Windows XP တင်ထားတဲ့ ကွန်ပျူတာတစ်လုံးလို Virtual Machine အနေနဲ့ ထည့်သွင်းအသုံးပြုတာပါ။
5. Enterprise Edition အကြောင်း
            Enterprise Edition မှာတော့ Professional Edition က Feature တွေ အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် BitLocker Protection, Direct A****s, Federated Search စတဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် Enterprise Edition ကို အများအပြား ၀ယ်ယူအသုံးပြုတဲ့ Company တွေကိုသာ လက်ကား ရောင်းချပေးပါတယ်။
6. Ultimate Edition အကြောင်း
            User တွေအတွက်တော့ ဈေးကြီးပြီး Feature အစုံလင်ဆုံး Edition ပေါ့။ ပါဝင်တဲ့ Feature တွေကတော့ Enterprise Edition နဲ့တူတူပါပဲ။ Language ၃၅ မျိုးကို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Enterprise နဲ့ ကွာတာကတော့ User တွေလည်း လက်လီဝယ်ယူ အသုံးပြုလို့ ရပါတယ်။
            ဒီတော့ ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် Starter ကို Netbook တွေမှာ အသုံးပြုကြပြီး၊ Home Basic နဲ့ Home Premium ကို အိမ်သုံး User တွေ အသုံးများပြီး၊ Professional ကိုတော့ Business အသေးစားလေးတွေမှာ သုံးကြတာများပါတယ်။ Enterprise ကိုတော့ Enterprise Level Company တွေမှာ Client အနေနဲ့ သုံးကြပြီးတော့၊ Ultimate ကိုတော့ ဈေးနှုန်းများလွန်းတဲ့အတွက် Corporate လုပ်ငန်းတွေမှာ Client အဖြစ်သုံးပြီး၊ ငွေကြေးတတ်နိုင်တဲ့ User တွေလည်း ၀ယ်ယူအသုံးပြုကြပါတယ်။
Windows 7 Edition တွေရဲ့ Feature တွေကို နှိုင်းယှဉ်ကြည့်ခြင်း
            Windows 7 ရဲ့ Edition တွေမှာရရှိနိုင် Feature အသေးစိပ်ကိုလည်း အောက်မှာ Table ဆွဲပြထားပါတယ်။ Enterprise ကိုတော့ Ultimate နဲ့ အတူတူပဲ ဖြစ်တဲ့အတွက် ထည့်ပြီး မဆွဲပြတော့ပါဘူး။


Windows 7
Starter
Windows 7
Home Basic
Windows 7
Home Premium
Windows 7
Professional
Windows 7
Ultimate
Improved task bar
and jump lists
a
a
a
a
a
Windows Media
Player
a
a
a
a
a
Backup and restore
a
a
a
a
a
Thumbnail Previews
from taskbar

a
a
a
a
Multi monitor support

a
a
a
a
internet connection
sharing

a
a
a
a
Aero glass and advanced
windows navigation


a
a
a
Windows Media Centre


a
a
a
Create a home group


a
a
a
Snipping tool and
sticky notes


a
a
a
Remote Desktop Host


a
a
a
Windows  XP mode



a
a
Multi language packs



a
a
Boot from virtual hard
drive




a

Windows 7 ရဲ့ System Requirement တွေကတော့ 32-bit နဲ့ 64-bit System အတွက်ဆိုပြီး ၂ မျိုး ခွဲခြားထားပါတယ်။ Processor ကတော့ 32-bit ကော 64-bit မှာပါ 1GHz နဲ့အထက်ရှိတဲ့ Processor သုံးထားရမှာဖြစ်ပြီး၊ RAM ကတော့ 32-bit အတွက်ဆို 1GB နဲ့ 64-bit အတွက်ဆို 2GB လိုအပ်ပါတယ်။ Harddisk ရဲ့ နေရာလွတ်ကတော့ 32-bit အတွက်ဆို 16GB နဲ့ 64-bit အတွက်ဆို 20GB ကျန်ရှိနေရပါမယ်။ Graphic အနေနဲ့ကတော့ DirectX 9 ကို Support လုပ်နိုင်တဲ့ Graphic Device ဖြစ်ရပါမယ်။ စာဖတ်သူအနေနဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း သိသွားအောင် အောက်မှ ပုံစံကို ကြည့်လိုက်ပါ။
32-bit (x86) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           1 GB
Harddisk (Disk space)    -           16 GB
64-bit (x64) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           2 GB
Harddisk (Disk space)    -           20 GB
            Graphic ပိုင်းမှာက Aero Theme ကို လိုချင်တယ်ဆိုရင်တော့ Computer မှာ တင်ဆင်ထားတဲ့ Graphic Card သို့မဟုတ် Onboard Chip ဟာ Memory 128 MB ရှိပြီး DirectX 9 ကို Supports လုပ်နိုင်ရပါမယ်။ 32 bit နဲ့ 64 bit System အဓိက ကွာခြားချက်ကတော့ CPU ဟာ Information တွေကို Handles လုပ်တဲ့နေရာမှာပဲ ဖြစ်ပါတယ်။ 64 bit မှာဆိုရင် RAM ပမာဏ အများအပြားကို Handles လုပ်နိုင်လို့ 32 bit ထက်ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။32 bit system မှာတော့ RAM ကို 4 GB အထိသာ Support လုပ်ပါတယ်။ ဒါကြောင့် Program တွေ အများအပြားကို တပြိုင်နက်အသုံးပြုတဲ့အခါ ပိုသိသာပါတယ်။ အခုပြထားတဲ့ System Requirement တွေက Minimum ဖြစ်တာကြောင့် 64 bit System ကိုသုံးရင် အခုပြထားတဲ့ Requirement ပမာဏထက်များမှသာ ပိုပြီးသုံးလို့ အဆင်ပြေမှာပါ။
            Windows 7 ကို Install လုပ်တဲ့အခါ Windows 7 ရဲ့ Installer ဟာ DVD ဖြစ်တာကြောင့် DVD Drive လည်း ရှိရပါမယ်။ Windows 7 ကို Install လုပ်ရင် Upgrade နဲ့ Clean Install (or) Custom Install ဆိုပြီး နှစ်မျိုးရှိပါတယ်။ Upgrade ကိုတော့ Windows Vista (SP1, SP2) မှသာ ပြုလုပ်လို့ရနိုင်ပါတယ်။ Windows Edition တစ်ခုကနေ သူ့ထက်မြင့်တဲ့ Edition တစ်ခုကိုလည်း Upgrade လုပ်လို့ရပါတယ်။ ဒါပေမယ့် Vista ကပဲဖြစ်ဖြစ်၊ Windows 7 Edition အချင်းချင်းပဲဖြစ်ဖြစ် Upgrade လုပ်တဲ့အခါမှာ သူက သက်မှတ်ချက်တွေရှိပါတယ်။ ဥပမာ Vista Home Basic ကနေ Windows 7 Professional ကို Upgrade လုပ်လို့မရသလို၊ Vista Professional Edition ကနေ Windows 7 Professional Edition ကို Upgrade လုပ်လို့မရပါဘူး။
Ref: ဆရာဦးဇော်လင်း(Youth) ရဲ့ ရေးသားချက်လေးပါ။
....နည်းပညာဆိုတာ ကလိစရာလို့ အလွယ်မှတ်ထား ....
ဒါမှ လွယ်ပါလားဆိုပြီး ကလိမှ နည်းပညာကိုသိမှာ....
အိမ့်(သိုးမဲလေး)