It will take 5 Seconds to Subscribe Us
Free Online Radio လုပ်နည်း။ ဘလော့ကာများနှင့် ကိုယ်ပိုင်ရေဒီယိုပြုလုပ်ချင်သူများအတွက်...
မိတ်ဆွေများ မင်္ဂလာပါ....
အွန်လိုင်းနယ်ပယ်မှာ ဘလော့ပေါင်းမရေမတွက်နိုင်အောင်များပြားစွာရှိကြသည့်အနက်အချို့ မှာ လူသိများသကဲ့သို့ အချို့ မှာလူသိနည်းသည်များလည်းရှိသည်။အချို့ မှာ မိမိဘောလ့ာကိုလှပဝေဆာအောင် အပျော်သဘောမျိုးဖန်တီးလေ့ရှိကြသည်။ှ
အချို့ ဘလော့များမှာဆို အင်တာနက်နယ်ပယ်တွင် တရားဝင်အွန်လိုင်းရေဒီယို ၉ ခုရှိသည့်အနက်မှ မိမိတို့နှစ်သက်သည့်တခုကို ထည့်သွင်းအသုံပြုတတ်ကြသည်။အချို့ မှာမူ မိမိကိုယ်ပိုင် အွန်လိုင်းရေဒီယိုစတေရှင် ထောင်ဖို့ ငွေကြေးနှင့်နည်းပညာအခက်ခဲများရှိကြ
သည်။ထို့ ကြောင့် စိတ်ဆန္ဒရှိသော်လည်း ကိုယ်တိုင် မစွမ်းသဖြင့် တပါးသူအားအကူညီတောင်းသော်လည်း အခက်ခဲများရှိနေသဖြင့်စိတ်ညစ်နေသူများလည်းအများအပြားရှိကြပါတယ်။ထို့သူများအတွက် အခမဲ့ ကိုယ်ပိုင်ရေဒီယိုစတေရှင်ထောင်နိင်မည့် Radio Streaming website များကိုဖော်ပြပေးသွားပါမည်။
အကယ်လို့ အခမဲ့ ကိုသဘောမကျရင်လည်း အခကြေးငွေနဲနဲလေးလစဉ်ပေးရုံဖြင့် အွန်လိုင်းရေဒီယိုထောင့်နိုင်မည့်ဆိုက်ဒ်များကိုအောက်တွင်ဖော်ပြပေးသွားမည်။မိမိသည် Free account ပြုလုပ်ပြီးသည့်အခါ Window Media Player သို့မဟုတ် Winamp များတွင် Port and Password ထည့်ပြီး အလွယ်တကူ သီချင်းများလွှင့်နိုင်ပါသည်။မိမိတို့ ဘလော့အတွင့် Html Code များထည့်သွင့်ပြီး Radio Play Icon လေးထားပြီး သူငယ်ချင်းနှင့်စာဖတ်ပရိတ်သတ်များအပျင်းပြေနားဆင်နိုင်ရင် အတွက်ပြုလုပ်နိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်အတွက် '" ဒီမှာနှိပ်ပါ '"
ကျနော် DJ-Fighter Lay မှ MTS Online မှ တရားချစ်ဓမ္မမိတ်ဆွေများနှင့်တေးချစ်ပရိတ်သတ်များအားအစဉ်လေးစားလျှက် ......
DJ-Fighter Lay (MTS Creator)
(http://www.myittarshin.com/) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)
လစဉ်အထူးအစီစဉ်တခုပါ တွဲဖက်ဖော်ပြပေးလိုက်ပါသည်..အောက်တွင်ဖတ်ပါ။...=>>>>>
MTS Online Radio ၏ တေးချစ်ပရိတ်သတ်များအတွက်
အထူးသတင်း။
*၂၉ ရက် မေလတွင် ပြုလုပ်ကျင်းပသည့် တရားတော်နှင့်အဖြေမှန် ဖြေကြားနိုင်သူအား အမေရိကန်ဒေါ်လာ၅၀ ပေးမည့်အခွင့်အရေးတွင် တေးချစ်ပရိတ်သတ်အချို့သာပါဝင်ပြီး သီချင်းများသာဖြေဆိုနိုင်ကြပြီး တရား၂ ပုဒ်နာမည်နှင့်ဆရာတော်ဘွဲ့ တော်နာမည်အားမဖြေဆိုနိုင်သည့်အတွက် ဆုရရှိသူမရှိခဲ့ပါဘူး။*
ဇွန်လ၏နောက်ဆုံးအပတ်တွင်လည်း ဤကဲ့သို့ ပဟေဌိ သီချင်းနှင့်တရားတော်နာမည်များဆက်လက်မေးသည့် ဒေါ်လာ၅၀ ရရှိမည့်အခွင့်အလမ်းကိုဆက်လက်ပြုလုပ်သွားပါမည်။
ကျနော်၏ MTS Online Radio မှ Last Week of-Jun-2012တွင် အထူးအစီစဉ်လေးတခုပြုလုပ်သွားမည်

ဖြစ်ပါသည်။ထိုအစီစဉ်သည်
MTS Online Radio မှ သီချင်း ၃ ပုဒ်နှင့် တရား၂ ပုဒ်ကို အဖြေမှန်ကန်စွာဖြေဆိုရမည်ဖြစ်ပါသည်။ ကျနော် ကျော်မြတ်သူ( DJ-Fighter Lay )မှ သီချင်း ၃ ပုဒ်ဖွင့်ပြသည့်အခါမှန်ကန်စွာ သီချင်းနာမည်နှင့်အဆိုတော်။သီချင်းရေးသူ တို့ဖြစ်ပြီး။တရားတော် ၂ ပုဒ်ဖွင့်ပြသည့်အခါတွင်လည်း ထိုတရားတော်ဟောကြားသောဆရာတော်နှင့်တရားအမည်ကို မှန်ကန်စွာဖြေကြာပေးရမည်ဖြစ်သည်။ မေးခွန်း ၅ ခုအားမှန်ကန်စွာဖြေကြားနိုင်သူအား $ 50 ( ဒေါ်လာ ၅၀ )ဆုချီးမြှင့်ပေးသွားမည်ပါသည်။ပထမဆုံးအဖြေမှန် ဖြေဆိုနိုင်သူ ၃ ဦးကိုသာရွေးချယ် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အဖြေဖြေဆိုချိန် စဉ်းစားချိန်မှာ မိနစ် ၂၀ ခန့်အချိန်အတွင်းဖြေဆိုးပေးရမည်ဖြစ်ပါသည်။

No comments:
Post a Comment