It will take 5 Seconds to Subscribe Us
Creating Your Slick Logo Using Vector Shape And Custom Text

အရင်ဆုံး ¬Photoshop မှာစိတ်ကြိုက်ဖန်တီးဖို့ New Doc**ent တစ်ခု တောင်းယူရပါမယ်…. ဒီ Tutorial မှာ့  Shape , Direct Selection Tool, Custom Text နဲ့ Style တချို့ဖြစ်ပါတယ်….
1. File->New ကနေပြီး ပုံ (၁) Setting အတိုင်း Doc**ent အသစ်တခုယူရပါမယ်….
ပုံ (၁)
2… ပုံ(၂)တွင်ပြထားသောTool Box မှ Polygonal Tool ကို ယူပြီး Setting ကို ပုံ (၃) အတိုင်း ထားပါ…
ပုံ (၂)
ပုံ (၃)
3…ထို့နောက် Polygonal Tool သုံးကာ Doc**ent ထဲတွင် Shape အား ဆွဲခြင်းဖြင့် ပုံ(၄) နဲ့ ပုံ(၅) အတိုင်း ရ ရှိလာပါမယ်…
ပုံ (၄)
ပုံ (၅)
4…ပုံ (၆) အတိုင်း Move Tool အားအသုံးပြုကာ Shape ကို Doc**ent ထဲတွင် Position ပြင်ထားပေးနိုင်ပါတယ်…

ပုံ(၆)
5…Direct Selection Tool ကိုယူပါ… ထို့နောက် Layer Palette ထဲရှိ Layer နံဘေးမှ မျက်လုံးပုံလေးကို click လုပ်ပေးခြင်းဖြင့် Layer ကို Hide လုပ်ပါ…
ပုံ (၇)
ပုံ (၈)
6…ပုံ(၉)အတိုင်း Path အကွက်ထဲကို ၀င်ပြီး Shape1 Vector Mask ကို Select လုပ်ပါ..
ပုံ (၉)
7…ပုံ (၁၀) အတိုင်း ရရှိပါမယ်..
ပုံ (၁၀)
8.. ကီးဘုတ်မှ Shift ကို နှိပ်ထားရင်း Direct Selection Tool ကို အသုံးပြုကာပုံ (၁၁)တွင် မြှားပြထားသည့်အတိုင်း အတွင်းပိုင်း ဒေါင့်များကို တချက်ချင်း ကလစ်ထောက်ကာ select လုပ်သွားရပါမယ်…
ပုံ (၁၁)
9..ဒေါင့် အားလုံး select လုပ်ပြီးတဲ့အခါမှာတော့ ပုံ (၁၂) အတိုင်း ရပါပြီ…ပုံ(၁၃)အတိုင်းShape ပေါ်တွင် Right click လုပ်ပြီး Free Transform Points ကို နှိပ်ပါ… (အခုလို Transform လုပ်ရာမှာ Ctrl+T အသုံးပြုလို့မရတာ သတိပြုရပါမယ်…Shape ရဲ့ Point တွေကိုသာ rotate လုပ်မှာဖြစ်တဲ့အတွက်ပါ..)
ပုံ (၁၂)
ပုံ(၁၃)
10…မိမိနှစ်သက်ရာဘက်သို့ Rotate လုပ်ပေးခြင်းဖြင့် ပုံ(၁၄) အတိုင်း ရရှိပါမယ်…
ပုံ (၁၄)
11..ထို့နောက် Layer Palette ထဲကို ပြန်ဝင်ပြီး Hidden လုပ်ထားသော Layer အား ပြန်ဖော်ပါ..(Layer ဘေးကမျက်လုံးလေးဖွင့်ပေးရင် ရပါပြီ)..ပုံ(၁၅) အတိုင်းပေါ်ပါမယ်….
ပုံ (၁၅)
12…နောက်တဆင့် အနေနဲ့ Text အပိုင်းကိုသွားပါမယ်…..အရင်ဆုံး Shape Layer ရဲ့အပေါ်မှာ Layer အသစ်တခု ယူရပါမယ်….(Layer Palette ရဲ့ညာဘက်အောက်ခြေက စာရွက်ပုံလေးကို ကလစ်လုပ်လိုက်ရင် ရပါတယ်…)ပုံ(၁၆) အတိုင်းလုပ်ရပါမယ်….
ပုံ (၁၆)
13..ထို့နောက် Type Tool (T) ကိုယူပြီးပုံ(၁၇) အတိုင်းမိမိနှစ်သက်ရာ Custom Word တချို့ကို ရိုက်ထဲ့ပါ…
ပုံ (၁၇)
14…နောက် ပုံ(၁၈)တွင်ပြထားသည့်အတိုင်း Menu->Layer->Type->Convert To Shape ကို နှိပ်ပေးရပါမယ်…..(Direct Selection Tool ကိုသုံးပြီး Text တွေကို Custom Shape အသွင်ပြုပြင်မှာဖြစ်တဲ့အတွက် Shape အဖြစ် အသွင်ပြောင်းစေတာဖြစ်ပါတယ်)…

ပုံ (၁၈)
15…ထို့နောက် Direct Selection Tool ကို ယူပါ…. Keyboard မှ CTRL Key ကို ကိုင်ပြီး Text များကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်…ပုံ(၁၉) အတိုင်းပါ..
ပုံ(၁၉)
16…လိုသလိုပြောင်းလဲပြီးသွားရင်တော့ ) ပုံ(၂၀)အတိုင်း Work Space ရဲ့ညာဘက်ခြမ်း Style Palette Box (သို့မဟုတ် Menu->Windows->Style ကသွားရင်လဲ ရပါတယ်)ထဲမှ Style များကို Layer တစ်ခုချင်းစီပေါ်သို့ အမျိုးမျိုးသက်ရောက်စေခြင်းဖြင့်အောက်ပါပုံတွေအတိုင်းရရှိပါပြီ….
ပုံ (၂၀)
Final Results
ပုံ (၂၁)
ပုံ (၂၂)

No comments:
Post a Comment