Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 17 October 2012

ADSl Broband wimax အကြောင်းသိကောင်းစရာ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Branded Workstation များအကြောင်း

Computer လောကမှာ Workstation တွေကို Branded Workstation တွေနဲ့ Clone Workstation
တွေဆိုပြီးအသုံးပြုကြပါတယ်။ Workstation ဆိုလို့ရူပ်မသွားနဲ့အုံးဗျ။ Workstation ဆိုတာကလည်း Computer ပါပဲ။
server မဟုတ်တဲ့PC တွေကိုပြောတာပါ။ ကဲ……Computer တစ်လုံးဝယ်တော့မယ်ဆိုရင် branded PC ၀ယ်မှာလား၊
Clone PC ကိုဝယ်မှာလားဆိုတာကို စဉ်စားရတော့မယ်။ အဲဒီိလိုစဉ်စားတဲ့အခါမှာ
သူတို့အကြောင်းတွေကိုသိနေဖို့တော့လိုတာပေါ့နော်။ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့ ရှင်းပြမှာပါ။ ကဲ………စပြီနော်။
Clone PCကိုတစ်နည်းအားဖြင့် Assembled PC လို့လည်းခေါ်ကြပါတယ်။ ဘယ်လို Assembled လုပ်ထားသလဲဆိုရင်
ကိုယ်လိုချင်တဲ့လိုအပ်တဲ့ Hardware အစိတ်အပိုင်းတွေကို မိမိစိတ်ကြိုက်ရွေးပြီး Computer တစ်လုံးတပ်ဆင်ထားတာ
ပါဘဲ။ အဲဒါကို Clone PC ( or ) Assembled PC လို့ခေါ်တာဗျ။ ဒါပေမဲ့ အမျိုးအစားတွေကတော့ဘယ်တူမလဲဗျာ။
အဲဒီလိုအမျိုးအစားမတူတဲ့အတွက် အစိတ်အပိုင်းတစ်ခုခုပျက်စီးသွားပြီဆိုရင်တော့ complain တတ်ဖို့ကျတော့
ခက်ခဲသွားပြီပေါ့။ Clone PC ရဲ့ အားနည်းချက်တွေက Computer အစိတ်အပိုင်းတွေကို မိမိဘာသာတပ်ဆင်အသုံးပြုရခြင်း ၊
စစ်မှန်တဲ့ (genuine) operating system မဟုတ်ခြင်း ၊ ကုမ္ပဏီတစ်ခုထဲက အမျိုးအစားတူတွေကိုစုစည်းထားခြင်းမဟုတ်ပဲ
မတူညီတဲ့အမျိုးအစားတွေကိုစုစည်းတပ်ဆင်ထားခြင်း စတာတွေပါပဲ။ Branded Workstation ဆိုတာက company
တစ်ခုတည်းကနေ အမျိုးအစားတူတွေကို တပ်ဆင်ပြီးသား Computer တွေကိုပြောတာပါ ။
အရမ်းအကောင်းကြိုက်တဲ့သူတွေ၊ brand ဆို brand မှဆိုတဲ့သူတွေကတော့ branded workstation တွေကိုအသုံး
ပြုကြတာပါ။ branded Pc ကို သုံးမယ်ဆိုရင်တော့ company တစ်ခုထဲကအမျိုးအစားတူတဲ့ ပစ္စည်းတွေကိုပဲသုံးထားတဲ့အ
တွက် ကွန်ပျူတာပစ္စည်းတစ်ခုနဲ့တစ်ခုက compatible အရမ်းဖြစ်တာပေါ့။ တစ်နည်းအားဖြင့်ပြောရရင် Clone Computer
လောက်တော့မပျက်စီးလွယ်ဘူးပေါ့။ဒီ Computer ကြီးတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်လည်း ၎င်း Company ကိုပဲ Complain
တတ်လို့ရတာပေါ့။ branded Pc တွေဟာ restore CD တွေနဲ့လာတဲ့အတွက် Operating system တစ်ခုခု ဖြစ်ခဲ့မယ်ဆို
လို့ရှိရင်လည်း ၄င်း restore CD နဲ့ပြန်ပြီးတော့ Restore လုပ်နိုင်တယ်။ Company ကနေအပြီးအစီးတပ်ဆင်ထားတာဆို
တော့ Installation Procedure တွေအရမ်းကောင်းတာပေါ့။နောက်ပြီး OS တွေကလည်း Genuine OS (စစ်မှန်တဲ့
OS)တွေပေါ့ ။ Branded Workstation ရဲ့အားနည်းချက်တွေက Clone Computer တွေထက် ဈေးကြီးတယ်။
အများအားဖြင့်တော့ Clone Pc ထပ်တော့ 20% ကနေ30% အထိတော့ ဈေးပိုများတယ်။ upgrade လုပ်ရတာခတ်ခဲတယ်။
configuration ကို customize လုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ဆိုလိုတာကဗျာ Branded PC တစ်လုံးမှာ မိမိက CPU
ကိုထပ်တိုးချင်ရင် (သူ့ထက်ကောင်းတဲ့ CPU နဲ့လဲချင်ရင်) နောက်အမျိုးအစားထပ်ထည့်ဖို့ အဆင်မပြေဘူး။ CPU
မှမဟုတ်ပါဘူး အခြားအစိတ်အပိုင်းတွေလည်းအတူတူပါပဲ။
ဒီနေ့ PCS လောကမှာ အသုံးများနေတဲ့ Branded Workstation တွေက တော့ IBM,DELL,HP နဲ့ Acer တွေပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ Dell computer တွေကိုတော်တော်များများအသုံးပြုကြတာတွေ့ရပါတယ်။ Dell
မှာဆိုရင် Desktop Dell Computer တွေ Dell laptop တွေကိုအမျိုးမျိုးရွေးချယ်ဝယ်ယူလို့ရပါတယ်။ ဈေးနူန်းကတော့
performance အလိုက်ကွာသွားမှာပဲလေ။ DELLရဲ့ version တွေကတော့ အများကြီးရှိပါတယ်။ ကဲအခုလောက်ဆိုရင်
Branded Workstation ဆိုတာကိုနားလည်လောက်ပြီလို့ထင်ပါတယ်။ ဒါကြောင့် ဒီမှာပဲ နားလိုက်တော့မယ်နော်။

WiMAX အကြောင်း သိကောင်းစရာ
ကဲ… ပရိတ်သတ်ကြီးရေ WiMAX ဆိုတာကို ပရိတ်သတ်ကြီးလည်း ကြားဖူးမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ WiMAX
ကို စတင်အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ WiMax ဆိုတာ အင်တာနက် ချိတ်ဆက်တဲ့ စနစ်တစ်ခုပါပဲ။ အရင်တုန်းကတော့
အင်တာနက် ချိတ်ဆက်ရာမှာ Dial-up တို့၊ ADSL တို့၊ Broadband တို့ အသုံးပြုကြပါတယ်။ ယခု WiMAX မှာတော့
၎င်းတို့တွေနှင့် မတူတဲ့အချက်က ၀ါယာကြိုးတွေ အသုံးပြုစရာမလိုဘဲ အင်တာနက် ချိတ်ဆက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
Broadband နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီအတွက်ကြောင့်လည်း WiMAX ကို Broadband Wireless Access (BWA)
လို့ခေါ်ပါတယ်။ Wireless နဲ့ အင်တာနက် ချိတ်ဆက်တာပါ။ သို့သော်လည်း WiMAX က သာမန် WiFi တွေနှင့် မတူပါဘူး။
WiFi တွေထက် Network Area Range က ကျယ်ပြန့်ပါတယ်။ ဘယ်လောက်တောင် ကျယ်ပြန့်လဲဆိုရင် မိုင်နဲ့ချီပြီးတော့
အသုံးပြုလို့ရပါတယ်။ အဲဒီတော့ဗျာ WiMAX ရုံ တစ်ရုံတည်ဆောက်ထားတယ်ဆိုရင် သူရဲ့ Network Area Range
အတွင်းမှာရှိတဲ့ မည်သည့်နေရာကမဆို အင်တာနက် ချိတ်ဆက်အသုံးပြုလို့ရပါတယ်။ အသုံးပြုမည့်သူဘက်မှာတော့ ၎င်း
WiMAX ကို ချိတ်ဆက်ဖို့ရန်အတွက် Media တွေ ရှိနေရမှာပေါ့။
WiMAX ရဲ့ Signal က Digital ဖြစ်ပါတယ်။ ဆိုလိုတာက Wireless ဒစ်ဂျစ်တယ် ဆက်သွယ်ရေးစနစ်လို့ ဆိုလိုတာပါ။
၎င်း WiMAX ကို IEEE ကနေ IEEE 802.16 လို့ သတ်မှတ်ပေးထားပါတယ်။
WiMAX ကို MAN အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ MAN ဆိုတာက Mantropolitan Area Network ကို
ပြောတာပါ။ MAN Network က ပုံမှန်အားဖြင့် Wireless သို့မဟုတ် Optical Fiber တွေကို အသုံးပြုပါတယ်။ WiMAX
မှာတော့ Wireless ကို အသုံးပြုတာပေါ့။ ၎င်း MAN Network က မြို့တစ်မြို့စာအတွင်းလောက်ကို Network ရပါတယ်။
ကီလိုမီတာ (၅၀)လောက်အထိကို Network ချိတ်ဆက်လို့ရပါတယ်။ ဒီတော့ WiMAX ကလည်း MAN Network
အမျိုးအစားဖြစ်တဲ့အတွက် ကီလိုမီတာ (၅၀) လောက်ပဲ ရမှာပေါ့။ ဟုတ်ပါတယ်။ WiMAX မှာ Network Area Range က
အတည်တကျ တပ်ဆင်ထားတဲ့ WiMAX Station (Fixed Station) မှာဆိုရင် ကီလိုမီတာအနေနဲ့ ကြည့်ရင် ကီလိုမီတာ
(၅၀)လောက်အထိရပြီး၊ မိုင် အနေနဲ့ ကြည့်မယ်ဆိုရင် မိုင် (၃၀)လောက်အထိ ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ရွှေ့ပြောင်းလို့ရတဲ့
WiMAX Station (Mobile Station)မှာဆိုရင် ကီလိုမီတာအနေနဲ့ကြည့်ရင် (၅) ကီလိုမီတာ မှ (၁၅) ကီလိုမီတာ အထိရှိပြီး၊
မိုင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ (၃) မိုင် မှ (၅) မိုင် အထိ ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စဉ်းစားကြည့်လေ WiMAX
Network Area Range က အကြီးကြီးပါ။ အကယ်၍ အတည်တကျ တပ်ဆင်ထားတဲ့ WiMAX Station တစ်ခု
တည်ဆောက်ထားတဲ့ဆိုရင် မြို့တစ်မြို့အတွင်း မိုင်(၅၀) ပတ်လည်လောက်ကို Network ချိတ်ဆတ်ပြီး Internet
အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ WiMAX ချိတ်ဆက် အသုံးပြုဖို့ရန်အတွက် ကုန်ကျစရိတ်ကလည်း သက်သာပါတယ်။
ယခုဆိုရင် ကမ္ဘာတစ်ဝန်းမှာ WiMAX ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။
ကျွန်တော်သိရသလောက် WiMAX ဆိုတဲ့ နာမည်က WiMAX Forum က ပေးထားတယ်ဆိုပဲ။ ၎င်း WiMAX Forum က
အကျိုးအမြတ် တစ်စုံတစ်ရာ ရည်ရွယ်ပြီး ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ WiMAX နဲ့ ပတ်သက်တဲ့ Product တွေ၊ Service
တွေကို ချဲ့ထွင်သွားဖို့ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါသည်။
WiMAX နည်းပညာနှင့် WiFi နည်းပညာဟာ အနည်းငယ် ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ WiFi ရတဲ့
ကွန်ပျူတာဟာဆိုရင် အနီးစပ်ဆုံး Access Point, Wireless Router, Hotspot အစရှိသည်တို့နှင့် ချိတ်ဆက်တာပါ။
WiMAX မှာတော့ ထိုကဲ့သို့ ချိတ်ဆက်ခြင်း မဟုတ်ပါဘူး။ WiMAX မှာတော့ WiMAX Base Station ရယ်၊ WiMAX
Receiver ရယ်ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။ WiMAX Base Station ကိုတော့ WiMAX Tower သို့မဟုတ် WiMAX
Booster လို့လည်း ခေါ်ဆိုပါတယ်။ အဲဒီ အပိုင်းနှစ်ပိုင်းရဲ့ အလုပ်လုပ်ပုံကို ကျွန်တော်သိသလောက် ရှင်းပြပေးပါ့မယ်။
WiMAX Base Station ဟာ Signals တွေကို ထုတ်လွှင့်ပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၎င်း WiMAX Base Station
မှာ Electronic Device တွေနှင့် WiMAX Tower ပါရှိပါတယ်။ WiMAX Tower က ဂျီအက်စ်အမ် ကွန်ရက်တွေလိုပဲ
လေထဲမှာ Tower တွေကို ထောင်ထားပြီး Radio Signal တွေကို ထုတ်လွှင့်ပေးတာ ဖြစ်ပါတယ်။
နောက်တစ်ခုက WiMAX Receiver ဖြစ်ပါတယ်။ ၎င်း WiMAX Receiver က WiMAX Base Station မှ Signal တွေကို
လက်ခံရယူပြီး WiMAX Network ကို ချိတ်ဆက်တဲ့ Device တစ်ခု ဖြစ်ပါတယ်။ အဲဒီ Device တွေဟာ များသောအားဖြင့်
Stand Alone Antenna သို့မဟုတ် PCMCIA Slot Card တွေအနေနဲ့ ကွန်ပျူတာတွေမှာ တပ်ဆင်ထားပါတယ်။ WiMAX
Base Station ကို ချိတ်ဆက်ပုံနှင့် WiFi ကနေ Access Point ကို ချိတ်ဆက်ပုံကတော့ အလားသဏ္ဍာန်တူပါသည်။
WiMAX မှာ Network Area က ကျယ်ကျယ်ပြန့်ပြန့် ရရှိတာပဲ ခြားနားပါတယ်။
WiMAX Base Station တစ်ခုဟာ မြန်နှုန်းမြင့်တဲ့ Microwave Link တွေကို အသုံးပြုပြီး အခြား Base Station
အများကြီးဆီကို ချိတ်ဆက်နိုင်ပါတယ်။ ၎င်း Link ကို Backhaul ဆိုပြီး ခေါ်ဆိုကြပါတယ်။ ဤနည်းအားဖြင့် WiMAX
Roaming ကို ရရှိနိုင်သလို၊ Connections တွေကိုလည်း ပြုပြင်နိုင်ကြောင်း တင်ပြရင်းနဲ့ ရပ်နားလိုက်ပါတယ်။
ADSL ကြောင်းသိကောင်းစရာ
ADSL ဆိုတာဘာလဲ…… ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Network
ချိတ်ထားကြပြီး Computer တွေဟာတစ်လုံးနဲ့တစ်လုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေ
အစရှိတာတွေကို အပြန်အလှန်ဖလှယ်နေကြတာနဲ့အမျှ Computer တွေတစ်လုံးနဲ့တစ်လုံး Network
ချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီးဟာလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီ
Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internet
ဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း
မရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။
အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ Internet
Connaction ချိတ်ဆက်မှုနည်းပညာထဲမှာ ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့
မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ …..ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ Internet
Connection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။
ADSL တဲ့…………. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်….( Asymetric Digital Subscriber Line )
လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafe
ဆိုင်တွေတော်တော်များဟာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းက
ကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internet
ကို ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connection
ဟာ အရမ်းကိုနှေးလွန်းလှပါတယ်။ ဒါပေမယ့်…………အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ Internet
Connection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကို
အသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့
Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog Phone
Lineရှိတယ်ဆိုတာကို သိထားပါနော် ……ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင်
မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော်
….ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Line
သည်ဘယ်ကနေလာသလဲ။ သြော် ……. ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့
ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange မှာ DSLAM
ထိုင်ထားရမယ်။
အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connection
ကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAM
ဆိုတဲ့အကောင်ကြီးနဲ့သွားချိတ်ထားမှ Internet Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ……..ရှုပ်နေတာပဲ
DSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ …….ဆက်ရှင်းပါဦး။ ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာ
မောလို့ရေသောက်လိုက်ဦးမယ် …….ဟူး….အဲဒီ DSLAM ကြီးကဘာကို
လုပ်ဆောင်ရတာလဲဆိုရင်…..သူလုပ်ဆောင်ပေးတဲ့ အလုပ်ကိုပြောချင်တာ DSLAM လုပ်ဆောင်ပေးရတာကတော့ Voice(
အသံ )နှင့် Data ကိုခွဲထုတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့
လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။ နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တတွေဟာ
Internet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet Service Provider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ ISP ကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့ Telephone Network ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchangeတစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAM
ကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAM
ကြီးသည် Phone Line ငယ်များကိုတစ်ဆင့်ပြန်ထွက်စေပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့
အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။
ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာ
ADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speed
သည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12
Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24
Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည်
ပြီးလည်းကောင်း တို့ရဲ့ Speed ကွာခြားချက်ကိုနားလည် ပြီလို့ထင်တယ်။
မှတ်ချက်။      မြန်မာနက်ဝေါ့မှ ကူးယူတင်ပြပါသည်။
ကြည့်သူဦးရေ: 230
Print Friendly and PDF

No comments:

Post a Comment