Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Friday, 22 February 2013

FB ကို page ထောင်ကာ အသင်းဖွဲ့ အဖြစ် အသုံးပြုနေတဲ့ မိတ်ဆွေများအတွက် သိသင့်တာလေးများ


FB ကို page ထောင်ကာ အသင်းဖွဲ့ အဖြစ် အသုံးပြုနေတဲ့ မိတ်ဆွေများအတွက် သိသင့်တာလေးများ

ဒီနေ့ ခေတ်ကြီးထဲမှာ ဖေ့စ်ဘုတ်ပေ့ခ်ျတွေ တော်တော်များများ အသုံးပြုလာကြပါပြီ ။ တစ်ချို့ လည်း လူသိများသလို တစ်ချို့ လည်းကြိုးစားနေဆဲပေါ့ ။ အနုပညာ ဟာသ စီးပွားရေး စသဖြင့် မျိုးစုံပေါ့လေ ။ ဒီခါမှ ပေ့ခ်ျတွေ အကြောင်းမသိပဲ ပျက်စီးသွားတာမျိုးတွေ အက်ဒမင်တွေက လွဲပြီးဘယ်သူမှ မမြင်ရတော့တာမျိုးတွေလည်းဖြစ်တတ်ပါတယ် ။ ဘားကမ့် သွားတုန်းက TechSpace ဂျာနယ်ထဲက ဖတ်ရတာလေးကို မှတ်လာပြီး သိသလောက် မျှဝေပေးခြင်းပါတယ် ။ FB Page တွေ ဒီလိုဖြစ်ရခြင်းက အကြောင်းရင်းတစ်ချို့ ကိုမျှဝေပေးချင်ပါတယ် ။။ ဒီကနေ တစ်ခြား မိတ်ဆွေသူငယ်ချင်းတွေ ပေ့ခ်ျထောင်ထားတဲ့ သူတွေကိုလည်း သိစေချင်လို့ပါ ။
1- Report ခံရခြင်း
ဒါကတော့ သိလို့ ဖြစ်စေ မသိလို့နိပ်မိတာပဲ ဖြစ်စေ အဲဒီလို မန်ဘာတွေ ဖန်တွေက Report ကို ခဏခဏ နိပ်မယ်ဆိုရင် ဖဘရဲ့ ဆာဗာက သိပါတယ် ။ Report တွေ များလာပြီဆိုရင် ဖဘရဲ့ ဆာဗာကနေ ဘန်းလိုက်ပါတယ် ။
2-Advertise your page
ဒီခလုပ်ကို တွေ့ဖူးပေမယ့် အရင်က သေချာမသိပါဘူး ။ သူက ဖဘ ကနေ ပေးထားတဲ့ ဆားဗစ်တစ်ခုပါ ။ ဒါပေမယ့် မြန်မာနိုင်ငံသုံးဖို့ ခွင့်မရသေးပါဘူး ။ ဒါကြောင့် မို့  မသိလို့ပဲဖြစ်ဖြစ် အဲဒီ Advertise your page ဆိုတာကို ခဏခဏ နိပ်မိရင်လည်း ပေ့ခ်ျပျက်သွားတတ်ပါတယ် ။
3- Like Software
Like များများလိုချင်တာနဲ့ အဲလို Software တွေသုံးပြီး အကြံအဖန်လုပ်မယ်ဆိုရင် ဖဘကနေ သိသွားတာနဲ့ ပေ့ခ်ျကို ထိတတ်ပါတယ် ။
4-Virus
ဒီတစ်ခုကတော့ ဗိုင်းရပ်စ် ကိုက်တာပေါ့ ။ သူကတော့ ကိုယ်နိပ်မိတာနဲ့ ကိုယ်မလုပ်ပဲ အော်တို သူများဝေါ်တွေပါလင့်ခ်တွေရောက်သလိုမျိုး Link ပုံစံ ဗိုင်းရပ်စ်ရှိသလို သေချာမသိတဲ့ Application တွေကို သုံးမိရင်လည်း ဗိုင်းရပ်စ် ကိုက်ခံရတတ်ပါတယ် ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံက ခွင့်မပြုတဲ့ Application တွေ များကြီးရှိပါတယ် ။ အဲဒါတွေကို ထပ်ကာ ထပ်ကာ နိပ်မိမယ်ဆိုရင် လည်း ပေ့ခ်ျထိခိုက်တတ်ပါတယ် ။
5- Admin
ဒီတစ်ခုကတော့ အက်ဒမင်တွေကိုယ်တိုင်ပေါ့ ။ ပေ့ခ်ျတော်တော်များများက တစ်ယောက်ထဲ ကိုင်တာရှားပါတယ် ။ သူငယ်ချင်းသုံးလေးယောက်စုလုပ်ကြတာများပါတယ် ။ အက်ဒမင်တွေထဲက တစ်ယောက်ယောက်က ဖောက်ပြီး Unpublish Page ကို နိပ်မယ်ဆိုရင်လည်း ပေ့ခ်ျက ပျက်သွားမှာဖြစ်ပါတယ် ။ ။
နောက်ထပ်သိရသေးတာက အဲလိုပေ့ခ်ျ Unpublish ဖြစ်သွားမယ်ဆိုရင် Facebook ဆီကို Appeal အသနားခံစာပေါ့နော် တင် ပြီးရင် 2 ရက် 48 နာရီ မကိုင်ပဲထားမယ်ဆို အဆင်ပြန်ပြေနိုင်တယ်လို့လည်း သိရပါတယ် ။ ဒါပေမယ့် အာမ မခံဘူးပေါ့နော် မသေချာဘူးလို့ သိရပါတယ် ။ ဒီတော့  "ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းသည် " ဆိုတဲ့ စကားလိုပဲ ကြိုတင်ကာကွယ်နိုင်ဖို့ TechSpace ဂျာနယ်ကနေ သိသမျှ မှတ်သမျှ ကူးလာသမျှကို တစ်ဆင့်ပြန်မျှဝေလိုက်ရပါတယ် ။ ။ ပေ့ခ်ျထောင်ထားတဲ့ တစ်ခြား သူငယ်ချင်းတွေလည်း အဆင်ပြေနိုင်ပါစေ ။ ..................... ။
Credit: Funny World

No comments:

Post a Comment