Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 9 February 2013

အသုံးဝင်မဲ့ လိပ်စာလေးတွေပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Website Guide (For Website page)
Yoyarlay Web Portal
www.yoyarlay.com
ဒီတစ်ပတ်အတွက် အကောင်းဆုံး web portal တစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ မြန်မာလို ရိုးရာလေး(သတင်းများစုစည်းရာ အွန်လိုင်းစာမျက်နှာ) အင်္ဂလိပ်လို yoyarlay ကို ပြည်တွင်းရှိ သတင်းဂျာနယ်များ ၊ နည်းပညာ ဂျာနယ်များ ၊ ဖျော်ဖြေရေးဆိုင်ရာ ဂျာနယ်များ ၊ စီးပွားရေး ဂျာနယ်များ အပြင် အားကစားဆိုင်ရာ ဂျာနယ်များ ပါဝင်သော ဂျာနယ်ပေါင်း ၃၀ကျော်၏ content များ အားလုံးကို ပြန်လည် ဖော်ပြထားတာမို့ တစ်နေရာတည်းမှာ ဂျာနယ်ပေါင်း ၃၀ကျော်ကို တစ်ပြိုင်နက် ဖတ်ရသလို ခံစားရစေနိုင်မှာ ဖြစ်ပါတယ်။
7 days news journal
www.7daynewsjournal.com
ဒီဂျာနယ်ကိုတော့ အတော်များများ စာဖတ်ပရိသတ် သိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၇ ရက်သတင်း ဂျာနယ်ဆိုတာ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်ကတည်းက စတင်ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစ်ခုဖြစ်ပြီး ပြည်သူများ၏ အားပေးလက်ခံမှုကို ရရှိနေတဲ့ ဂျာနယ်တစ်စောင်ဖြစ်ပါတယ်။ ယခုဝက်ဆိုက်ကလည်း 7 days news journal ၏ တရားဝင် လွှင့်တင်ထားသော ၀က်ဆိုက်တစ်ခုဖြစ်တဲ့အတွက် ဂျာနယ်ကို print အနေဖြင့် မဖတ်နိုင်တဲ့သူတွေ ၊ ဖတ်ဖို့အတွက် အခက်အခဲ ဖြစ်နေသူများအတွက် အွန်လိုင်းကနေ တိုက်ရိုက် ဖတ်ရှုနိုင်သလို Digital version (PDF) အနေဖြင့်လည်း တစ်ပတ်တစ်ကြိမ် အခမဲ့ရယူ ဖတ်ရှုနိုင်အောင် ပေးထားပါသေးတယ်။ ဒါကြောင့် သတင်းနှင့် ပတ်သက်ပြီး အတော်လေး ကောင်းမွန်တဲ့ သတင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
Myanmar Journal Download
www.myanmarjournaldownload.com
ဒီဝက်ဆိုက်ကတော့ လွှင့်တင်ထားတာ မကြာသေးပေမယ့် အသုံးပြုသူ ဦးရေ အတော်လေး များပြားလာတဲ့
ဝက်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ ထုတ်လုပ်သမျှသော ဂျာနယ် ၊ မဂ္ဂဇင်းများ အပြင် အခြားသော ခေတ်ဟောင်းသတင်းစာများကိုလည်း တစ်နေရာတည်းမှာ ရှာဖွေနိုင်ကာ မိမိရယူလိုသော
ဂျာနယ်များကို ထုတ်လုပ်ထားသော အပတ်စဉ် အလိုက် ရယူနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ် ၊ မဂ္ဂဇင်း ဂျာနယ် အစောင်ပေါင်း ၃၀ကျော်ကို တစ်နေရာတည်းတွင် ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ထို့အပြင် သတင်းသမားများအတွက် ခေတ်ဟောင်းသတင်းစာများကို ပြန်လည်လေ့လာကာ သတင်းအရေးအသားများကို
လေ့လာနိုင်ယုံသာမက reference အဖြစ် ပြန်လိုချင်သူများအတွက်လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။
Social Guide (For Facebook page)
မောင်စေတန် ဆိုရင် အွန်လိုင်းအသုံးပြုသူ အတော်များများ သိရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းက မင်းသား ၊ မင်းသမီးများ ၊ မော်လ်ဒယ်များ၏ အလှဓါတ်ပုံများကို အချိန်နှင့် တစ်ပြေးညီ တင်ပေးလျှက်ရှိတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ Facebook ပေါ်တွင် မတင်ခင်တုန်းက ၀က်ဆိုက်အဖြစ် အသုံးပြုခဲ့သေးပါတယ်။ ယခုအချိန်မှာ facebook ပေါ်မှ page ကို Like ပြုလုပ်ထားသူအရေအတွက် ၅သောင်း ၁ထောင်ကျော် ရှိပြီး
ပြည်တွင်းရှိ Entertainment နှင့် ပတ်သက်သော စာမျက်နှာများတွင် Like အရေအတွက် များပြားသော စာမျက်နှာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အလှပုံ ဖက်ရှင်ဒီဇိုင်း လန်းလန်းလေးများကို တစ်ဝကြီး ဖတ်ရှုနိုင်မှာ
ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Maung Phoe Nyan - Myanmar- Entertainment
www.facebook.com/myanmarentertainment
ဒီစာမျက်နှာလေးကလည်း facebook ပေါ်မှာ Like အရေအတွက်အတော်လေး များလာနေတဲ့ စာမျက်နှာတစ်ခု
ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Like အရေအတွက် ၄သောင်းကျော် ရှိလာတဲ့အတွက် ဖြစ်ပါတယ်။ ထို့အပြင် မင်းသား ၊ မင်းသမီး ၊ မော်လ်ဒယ်များရဲ့ အလှဓါတ်ပုံများကို ရွေးချယ်တင်ပေးလေ့ရှိတာမို့ အလှဓါတ်ပုံများကို စိတ်ဝင်စားသူများအတွက် Like လုပ်ထားသင့်တဲ့ စာမျက်နှာတစ်ခု ဖြစ်ပါလိမ့်မယ်။ ထူးခြားချက်တစ်ခုက ဓါတ်ပုံများကို စနစ်တကျစီစစ်ကာ တင်ခြင်းဖြစ်တဲ့အတွက် ဓါတ်ပုံအများစုမှာ Official ဓါတ်ပုံဆရာများ၏ ဓါတ်ပုံများနှင့် မဂ္ဂဇင်း ၊ဂျာနယ်များတွင် အသုံးပြုသည့် အလှပုံများကို အများဆုံး တွေ့ရသည့်
စာမျက်နှာတစ်ခုဖြစ်ပါတယ်။
ဒီစာမျက်နှာကလည်း စာမျက်နှာ နာမည်နဲ့ လိုက်ဖက်အောင် Celebrity များနှင့် Model များရဲ့ ဓါတ်ပုံများကိုသာ တင်လေ့ရှိတာမို့ တစ်ဖြည်းဖြည်းနဲ့ Like အရေအတွက်များလာကာ လူသိများလာသော စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းရှိ သူများအတွက် Celebrity & Model များရဲ့ ဓါတ်ပုံများကို တစ်နေရာတည်း စုစည်းပေးထားသလိုဖြစ်သဖြင့် စိတ်ဝင်စားသူများအတွက် Like လုပ်ထားသင့်တဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ ယခုစာမျက်နှာ၏ ထူးခြားချက် တစ်ချက်မှာ တင်မည့်ပုံများအားလုံးကို ကံယကံရှင်များ၏ ခွင့်ပြုချက်ယူပြီးမှ တင်ထားခြင်းဖြစ်ကြောင်း တရားဝင်ကြေညာထားခဲ့ပါတယ်။ ဒါကြောင့် သန့်ရှင်းသော အလှဓါတ်ပုံ လှလှလေး
များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
သူငယ်ချင်းများအားလုံး နေ့သစ်တိုင်း ရွှင်လန်းချမ်းမြေ့ပါစေ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Print Friendly and PDF

No comments:

Post a Comment