It will take 5 Seconds to Subscribe Us
ကမ္ဘာကျော်တို့ရဲ့ ကမ္ဘာကျော်စကားများ
The busy have no time for tears(Byron).
အလုပ်ကိစ္စများပြားသူအတွက် မျက်ရည်ကျဖို့ အချိန်မရှိပါ။
*****************
There is a sweet joy that comes to us after sorrow. (Supergeon)
ချိုသာတဲ့ပျော်ရွှင်မှုဆိုတာ ၀မ်းနည်းကြေကွဲမှုနောက်မှ ကျွန်ုပ်တို့ထံရောက်လာတတ်တာမျိုးပါပဲ။
*****************
Sorrow’s best antidote is employment. (Young)
ဝမ်းနည်းကြေကွဲခြင်း၏ အကောင်းဆုံးဖြေဆေးမှာ အလုပ်လုပ်ခြင်းပင်ဖြစ်သည်။
*****************
To climb steep hills requires slow pace at first. (Shakespeare)
စောက်မတ်တဲ့ တောင်ကုန်းတွေကို တက်ဖို့ ပထမတော့ ခြေလှမ်းဖြည်းဖြည်းတက်ဖို့ လိုအပ်တယ်။
*****************
If the blind lead the blind, both shall fall into the ditch. (New Testament)
အကန်းကအကန်းကို ဦးဆောင်လျှင် နှစ်ဦးလုံး မြောင်းထဲကျတတ်တယ်။
*****************
When we have not what we like, we must like what we have. (Busy Rubutin)
ကျွန်ုပ်တို့ ကြိုက်နှစ်သက်သောအရာ ကျွန်ုပ်တို့မှာ မရှိလျှင်၊ ကျွန်ုပ်တို့မှာ ရှိနေသော အရာကိုပဲ နှစ်သက်ရမှာပဲ။
*****************
A deaf husband and a blind wife are always a happy couple.(Wordsworth)
နားထိုင်းသော ယောကျာ်းနှင့် မျက်မမြင်မယားတို့ဟာ ပျော်ရွှင်တဲ့စုံတွဲပါပဲ။
*****************
The action of men are like the index to a book; they point out what is most remarkable
in them.(Thomas)
လူတွေရဲ့ အပြုအမူတွေဟာ စာအုပ်တစ်အုပ်မှာ ပါတဲ့ မာတိကာအညွှန်းနဲ့ တူတယ်။ မာတိကာ အညွှန်းတွေက
စာအုပ်မှာ အရေးကြီးဆုံး မှတ်သားဖို့ အကြောင်းအချက်ကို ညွှန်ပြသလိုပါပဲ။
*****************
Anger is short madness. (Horace Epistles)
ဒေါသဟာ ခဏတာ ရူးသွပ်ခြင်းပါပဲ။
*****************
The greatest test of courage on earth is to bear defeat without losing heart. (RG. Ingersoll)
ကမ္ဘာပေါ်မှာ သတ္တိရှိ မရှိ အကြီးမားဆုံး စစ်ဆေးအကဲဖြတ်ဖြင်းသည် စိတ်ဓါတ်မကျဘဲ ရှုံးနိမ့်မှုကို ခံနိုင်စွမ်းရည်
ရှိမရှိကို စစ်ဆေးခြင်းပင် ဖြစ်သည်။
*****************
Change your pleasure, but do not change your friends.(Jean Paul Richter)
သင့်ပျော်ရွင်နှစ်သက်မှုကို ပြောင်းချင်ပြောင်းပါ။ ဒါပေမယ့် သင့်မိတ်ဆွေများကိုတော့ မပြောင်းလိုက်ပါနှင့်။
*****************
Hating people is like burning down your own house to get rid of a rat.(Harry Emerson)
လူတွေကို မုန်းတီးခြင်းဟာ ကြွက်တစ်ကောင်ကို မောင်းထုတ်ဖို့ ကိုယ်ပိုင်အိမ်ကို မီးတိုက်ရှို့တာနဲ့ အတူတူပါပဲ။
*****************
The heart of the fool is in his mouth, but the mouth of the wise man is in his heart.(Franklin)
လူမိုက်ရဲ့ နှလုံးသားဆိုတာ သူ့နှုတ်ဖျားမှာပဲ ရှိတယ်။ ပညာရှိရဲ့ နှုတ်ဖျားဆိုတာကတော့ သူ့အသည်းနှလုံးထဲမှာ ရှိတယ်။
No comments:
Post a Comment