Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label Good commonds. Show all posts
Showing posts with label Good commonds. Show all posts

Thursday, 16 May 2013

Steve Jobs ၏ အဖိုးတန် စကားများ

"တခါတလေ သင် တစ်ခုခုကို ဆန်းသစ် တီထွင် လုပ်ကိုင်တဲ့အခါ.. အမှားတွေကြုံရတတ်တယ်၊ အဲဒီအခါ မြန်မြန် အမှားကို
ဝန်ခံပြီး... တခြား ဆန်းသစ်နဲ့ နည်းလမ်းနဲ့ တိုးတက်အောင် လုပ်တာ အကောင်းဆုံးပါပဲ" (  via  )

"သင်္ချိုင်းမှာ အချမ်းသာဆုံး လူသား ဖြစ်ရတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး... ကျွန်တော်တကယ်အလေးထားတာက
ညအိပ်ရာဝင်တဲ့အခါ ငါ ဘာထူးထူးဆန်းဆန်းအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာပါပဲ" -
 Wikiquote in Wall Street Journal

"Operating System တွေကို  ကျွန်တော်တို့ လုပ် တဲ့ အ ခါ.. .....အရာရာကို လေ့လာ သုံးသပ်ပြီး... အရိုးရှင်း ဆုံးဖြစ်ဖို့ နဲ့
စွမ်းဆောင်ရည် ပိုပြီး ကောင်းမွန်အောင် တပြိုင်နက် လုပ်ခဲ့ရပါတယ်"-(  ABC News, Jobs on Mac OS X Beta )

"ကျွန်တော်ဟာ အသက် ၂၃ နှစ်မှာ ဒေါ်လာ ၁ သန်း တန်ပါတယ်..အသက် ၂၄ နှစ်မှာ ဒေါ်လာ ၁၀ သန်းကျော် တန်ပါတယ်...
၂၅နှစ်မှာ ဒေါ်လာ သန်း ၁၀၀ တန် ပါတယ်... တကယ်တော့ ဒါက အရေးမကြီးပါဘူး. ကျွန်တော်လုပ်ခဲ့တဲ့အရာတွေက ငွေရဖို့
လုပ်ခဲ့တာ မဟုတ်ခဲ့လို့ပါပဲ " - ( Wikiquote )

"ကျွန်တော့်အလုပ်က လူတွေနဲ့ အဆင်ပြေအောင် လုပ်ဖို့ မဟုတ်ပါဘူးအဲဒီ ခမ်းနားတဲ့ လူတွေကို ပိုကောင်းအောင် တိုက်တွန်း
လုပ်ဆောင်ပေးဖို့ပါပဲ" -All About Steve Jobs

"ကျွန်တော်တို့ဟာ Screen ပေါ်မှာ ခလုတ်လေးတွေ ကို လှ လှ ပ ပ ဖန်တီး ထား ပါ တယ်... သင်မြင်တာနဲ့ လျှာနဲ့ တို့ ကြည့်
ချင်စရာ ဖြစ်ပါလိမ့်မယ်" -Wikiquote,in Forturne Magazine(4 Jan 2000)

"ကလစ် တစ်ချက် နှိပ်တာနဲ့ အံ့သြစရာတွေ ကြုံတွေ့ရပါမယ် " -Macworld keynote 2006

"သင်ဟာ ဖောက်သည်တွေကို သူတို့ဘာလိုချင်လဲလို့ မေးမနေပဲ သူတို့ကို စမ်းကြည့်ခွင့် ပေးလိုက်ပါ... သူတို့ သင့်ပစ္စည်းကို
ရတာနဲ့ နောက်အသစ်တစ်ခု လိုချင်လာပါလိမ့်မယ်။" -Inc. Magazine

"တကယ်တော့ ဒီဇိုင်းဆိုတာ ဘယ်လိုပုံစံရှိတယ်ဆိုတာနဲ့ လူတွေကို ဘယ်လို ခံစားရစေသလဲ ပြီးတော့ ဘယ်လိုအသုံးဝင်မလဲ
ဆိုတာပါပဲ"-New York Times, The Guts of a New Machine,2003

"ပင်လယ်ဓားပြဖြစ်နိုင်တယ်ဆိုရင် ဘာလို့ ရေတပ်ထဲ ၀င်မှာလဲ"-Young Guns: 2009

"တီထွင် ဆန်းသစ် ခြင်းက သာ ခေါင်းဆောင်နဲ့ နောက်လိုက်ကို ခြားနားစေတယ်"  (-via )

"စိတ်ကူးတစ်ခု ရပြီဆိုတာနဲ့ ကျွန်တော့်အလုပ်က ... ပတ်ဝန်းကျင်ကို လျှောက်ကြည့် လေ့ လာပြီး လူတွေ ဘာလုပ်နေတယ်..
ဘာတွေစဉ်းစားနေကြလဲ... ဘာတွေ ပြောနေကြလဲ၊ သူတို့နဲ့ ငြင်းခုန်ဆွေးနွေး စကားပြောကြည့်ပါတယ်။ လူအယောက် ၁၀၀
ဆီက စိတ်ကူးတွေကို ရယူပါတယ်။ ပြီးတော့ အမြင်အမျိုးမျိုးကို လေ့လာဆန်းစစ်ပါတယ်..ပြီးမှ အကောင်အထည်ဖော်ပါတယ်။
("-CNNMoney  )

"ကိစ္စအများကြီးကို လုပ်ဖို့ အခွင့်အရေးဆိုတာ ကျွန်တော်တို့ မရနိုင်ပါဘူး...တစ်ခုခုကို အကောင်းဆုံးဖြစ်အောင် လုပ်သင့်ပါတယ်
...ဘာလို့လဲဆိုတာ ဒါ ကျွန်တော်တို့ ဘ၀ပါ..ဘ၀ကတိုတောင်းပါတယ်။ ဘယ်အချိန်သေမယ်ဆိုတာ သင်သိနိုင်မလား..ဒါကြောင့်
လုပ်တဲ့အရာတွေကို ရွေးချယ်လုပ်ကြဖို့ လိုပါတယ်... ကောင်းတာတွေကို ပိုလုပ်ကြပါ...ပိုလုပ်ထိုက်ပါတယ်"-Fortune

"လူတွေရဲ့ ဝေါဟာရ အနေနဲ့ ဒီဇိုင်းဆိုတာ အခန်း အတွင်းအလှဆင်တယ်။ ဆိုဖာတွေရဲ့ အဖုံးတွေကို လှပအောင်လုပ်တယ်လို့
မြင်ကြပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီဇိုင်းဆိုတာ လူသားတွေ စိတ်ကို အသုံးချပြီး အခြေခံဖန်တီး မှု ကို အပြင်ဘက်
အလွှာတွေနဲ့ လှပအောင် မွမ်းမံလိုက်တာပဲဖြစ်ပါတယ်။ "-Fortune

"သင့်အချိန်တွေက အကန့်သတ်ရှိပါတယ်.. ဒါကြောင့် တခြားသူတွေရဲ့ ဘ၀တွေနဲ့ အ သက် ရှင် တာမျိုး နဲ့ အချိန် မဖြုန်းပါနဲ့...
တခြားသူတွေရဲ့ အတွေးတွေနောက်လိုက်တဲ့ လမ်းစဉ်ကို မကျင့်ပါနဲ့..တခြားသူတွေရဲ့ အမြင်တွေနဲ့ဆူညံသံတွေကြောင့်သင့်ရဲ့
အတွင်းကိုယ်ပိုင်အသံ မပျောက်ပါစေနဲ့... အရေးအကြီးဆုံးက စိတ် ရဲ့ ဖန် တီး မှု ကို ဦး စားပေး ပါ...တခြား အ ရာတွေ က
သာမညတွေပါ"-Steve Jobs' Standford Commencement Address

"အရည်အတွက် ထက် အရည်အချင်းက ပိုအရေးကြီးပါတယ်"-Businessweek

"ကျွန်တော်က ဘာပဲလုပ်လုပ် အမြဲပဲ အခြေခံ နည်းပညာ ကို ပိုင်ဆိုင် ထိန်းချုပ်နိုင်ဖို့ကိုပဲ အလေးထားတယ်"
-( The Seed of Apple's Innovation )

"တခုဆို တခုပဲ  လုပ်တတ်တဲ့ လူတွေနဲ့ ထုတ်ကုန်ဒီဇိုင်းလုပ်ရတာ ခက်လိုက်တာဗျာ..အများအားဖြင့်. သူတို့ကို ဘယ်လိုလုပ်
ရမယ်ဆိုတာ မပြသေးသရွေ့ မလုပ်တတ်ကြဘူး"-Businessweek,1998

"ကျွန်တော် Apple က နေ အလုပ်ဖြုတ်ခံရတာက ကျွန်တော့်ဘ၀ရဲ့ အလှည့်အပြောင်းတစ်ခုပါပဲ... အောင်မြင်မှုရဲ့ စိတ်ဖိစီးမှုတွေကို
စတင်သူတစ်ယောက်ရဲ့ ပေါ့ပါးမှုမျိုးနဲ့ အစားထိုးခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀ရဲ့ တီထွင်ဖန်တီးနိုင်တဲ့ အချိန်တွေကိုပိုလို့ရရှိစေ
ခဲ့ပါတယ်။" -Steve Jobs' Standford Commenecement Address

"သင်ဟာ သင့်ဘ၀ရဲ့ လက်ကျန်အချိန်တွေကို သကြားရေရောင်းရင်းနဲ့ အချိန်ကုန်မလား...ဒါမှမဟုတ် ကမ္ဘာကြီးကို ပြောင်းလဲဖို့
အခွင့်အရေးကို လိုချင်သလား"-( Steve Jobs' famous question to John Sculley, former Apple CEO )

"ကျွန်တော်ယုံကြည်တာက အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်နဲ့ မအောင်မြင်တဲ့ လူတွေရဲ့ ခြားနားချက်က
ဇွဲနဲ့လုပ်ကိုင်ခြင်းပါပဲ " -( Fortune )

"ဆာလောင်မွတ်သိပ်ခြင်း ၊ အရူးထခြင်းဖြင့် ရှင်သန်နေထိုင်ပါ..."-Steve Jobs' Standford Commenecement Address
တကယ်တော့  ကမ္ဘာ့ ရာဇ၀င်မှာ အဖိုးတန် ပန်းသီး ၃ လုံးရှိခဲ့ပါတယ်။ ကမ္ဘာကြီး ကို ပြောင်းလဲ စေတဲ့ ပန်းသီး ၃ လုံးပေါ့...
တစ်လုံးက အာဒမ်ရဲ့ ပန်းသီး... နောက်တလုံးက နယူတန်ရဲ့ ပန်းသီးဖြစ်ပြီး... နောက်တစ်လုံးကတော့ Steve ရဲ့ ပန်းသီးပါပဲ...
( Steve Jobs)
ကွယ်လွန်သွားပေမဲ့ သူရဲ့ ပန်းသီးအငွေ့အသက်တွေကတော့ လူ့လောက ကြီးမှာ ထာဝရ ရှိနေဦးမှာပါ...

Post By: snow myat

Monday, 15 April 2013

စိတ်ပိုင်းဆိုင်ရာအတားဆီးများကို ကျော်လွှားခြင်း


မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။
မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။
ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျနော် ပြောချင်ပါတယ်။
ကျနော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျနော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။
အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျနော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။
ဒီအောက်က စာကြောင်းတွေကို စဉ်းစားကြည့်ပါဦး။

” ငါဟာ တက္ကသိုလ်တက်ရလောက်အောင် စာမတော်ဘူး ”


” ငါဟာ လူကြားသူကြားမှာ စကားပြောဖို့ သတ္တိမရှိဘူး ”

” ငါဟာ အဲဒီအားကစားကို ကစားဖို့ အရည်အချင်းမရှိဘူး ”

” ငါဟာ စီးပွားရေးလုပ်ငန်းမှာ မအောင်မြင်နိုင်ဘူး ”
” ငါ ဘယ်တော့မှ အဲဒီ ငွေကြေးအခြေအနေကို ရောက်မှာမဟုတ်ဘူး ”
” ငါ သူ့လို မအောင်မြင်နိုင်ဘူး ”
” ငါ့ရည်မှန်းချက်ဟာ ငါနဲ့ အလှမ်းဝေးနေတယ် ”
ဒါတွေ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေပါပဲ။ အဲဒါတွေဟာ ဘယ်လိုမှ ယုတ္တိမရှိသလို အခြေအမြစ်လည်း မရှိပါဘူး။ သင့်မှာ အဲဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေ နောက်ထပ် ရှိချင်ရှိနေမှာပါ။ လေးမိနစ် တစ်မိုင် အတားအဆီး အကြောင်းကို စဉ်းစားကြည့်ရအောင်။ ၁၉၄၀ ပြည့်နှစ်တွေတုန်းက လူတစ်ယောက်ဟာ လေးမိနစ်အတွင်းမှာ တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်။ အပြေးသမားအများစုကော၊ လူထုကပါ အဲဒီလို ယုံကြည်ခဲ့ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တာဝေးအပြေးသမားတွေကိုယ်တိုင်က လေးမိနစ်အတွင်း တစ်မိုင်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေကြလို့ပါပဲ။ အဲဒီယုံကြည်မှုဟာ ၁၉၅၄ ခုနှစ် မေလအထိပဲ ခံပါတယ်။ ရိုဂျာ ဘန်နီစတာ (Roger Bannister) က ၃မိနစ်နဲ့ ၅၉စက္ကန့်အတွင်းမှာ ပြေးပြနိုင်ခဲ့တယ်။
စိတ်ဝင်စားစရာ ကောင်းတာကတော့၊ နောက်ထပ် ရက်သတ္တပတ် ၆ ပတ်အကြာမှာ ဘန်နီစတာရဲ့ စံချိန်ဟာ ကျိုးသွားခဲ့တယ်လေ။ အဲဒီနောက်တော့ လေးမိနစ် တစ်မိုင်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။
သင်ဟာ သင့်ရဲ့ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက သင့်ကို သင်လိုချင်တာမရအောင် နောက်ပြန်ဆွဲနေလို့ပါပဲ။
၁။ သေသေချာချာ သတ်မှတ်ပါ
သင့်ကို နောက်ပြန်ဆွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချရေးပါ။ အဲဒါရဲ့အောက်မှာ ဒီယုံကြည်မှုကြောင့် သင်ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ချရေးပါ။
ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း


တစ်ခု မလုပ်နိုင်ဘူး”
ငါ စီးပွားရေးမှာ အောင်မြင်နိုင်မယ့်၊ အကျိုးအမြတ်ရနိုင်မယ့် စိတ်ကူးတချို့ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုထိ သူများဆီမှာ အလုပ်လုပ်နေမိတုန်းပဲ။
၂။ သင့်ကိုယ်သင် အားပေးပါ
တခြား စာရွက်မှာလည်း အဲဒီ အတားအဆီးကို ချရေးပါ။ ပြီးတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကိုလည်း ချရေးပါ။ နောက်ဆုံးအနေနဲ့ (အဲဒါအရေးကြီးပါတယ်) အဲဒီ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ခြစ်ပစ်လိုက်ပါ။
ဥပမာ-

“ငါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်နိုင်ဘူး”


“ငါဟာ စီးပွားရေးမှာ သိပ်ကိုအောင်မြင်မှာ သေချာတယ် ”
၃။ သင့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုပါ
သင့်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စာကြောင်းကို မြင်သာတဲ့ နေရာတစ်ခုခုမှာ ရေးထားလိုက်ပါ။ ပြီးတော့ နေ့စဉ်နေ့တိုင်း အဲဒီစာကြောင်းကို စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့်နဲ့ အသံကျယ်ကျယ် ဖတ်ပါ။ ကျနော် ဒီနည်းကို သုံးကြည့်ပြီးပါပြီ။ တကယ် အလုပ်ဖြစ်ပါတယ်။
တကယ်တော့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ ဆင်တစ်ကောင်မှာ ခတ်ထားတဲ့ သံခြေကျင်းနဲ့ တူပါတယ်။ မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။

မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။


ဒါဟာ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကြောင့်ပါပဲ။
အဲဒီဆင်ကြီးကို ငယ်စဉ်က အဲဒီလို သံခြေကျင်းခတ်ထားတယ်။ သူက ရုန်းတယ်။ ငယ်ငယ်လေးဆိုတော့ မရုန်းနိုင်ဘူးပေါ့။ သူ ရုန်းလေ၊ သံခြေကျင်းက သူ့ခြေထောက်ထဲကို နစ်ဝင်ပြီး နာကျင်လေ။ အဲဒီနောက်တော့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ သူရုန်းနေတာကို ရပ်လိုက်တော့တယ်။ ပြီးတော့ သူဟာ သံခြေကျင်းကို ပြုတ်ထွက်အောင် မရုန်းနိုင်ဘူး။ ရုန်းလိုက်ရင် နာမှာပဲဆိုတဲ့ အသိကလည်း သူ့စိတ်ထဲမှာ စွဲနစ်သွားတော့တယ်။
ဒီလိုနဲ့ သူဟာ ဆင်ကြီးတစ်ကောင်ဖြစ်လာတယ်။ အင်အားအပြည့်၊ ခွန်အားအပြည့်နဲ့ပေါ့။ ဒါပေမဲ့ သူ့မှာ ငယ်ငယ်ကတည်းက စွဲလာတဲ့ ” သံခြေကျင်းကို ပြုတ်အောင် မရုန်းနိုင်ဘူး၊ ရုန်းရင် နာလိမ့်မယ် ” ဆိုတဲ့ အသိက မပျောက်တော့ဘူး။ ဒီတော့ သူမရုန်းဘူး။ သူ့ရဲ့ ခွန်အားနဲ့ ရုန်းလိုက်ရင် အသာလေးပြုတ်ထွက်မယ့် သံခြေကျင်းကို သူမရုန်းဘဲ နေတော့တယ်။
သင့်မှာလည်း အဲဒီဆင်ကြီးလိုပဲ ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု ရှိချင်ရှိလိမ့်မယ်။ အဲဒါကို ဆုပ်ကိုင်မထားပါနဲ့။ အခု သင်ဟာ ခွန်အားအပြည့်နဲ့ ဆင်ကြီးတစ်ကောင်ဖြစ်နေပြီ။ သင့်ရဲ့ ခွန်အားတွေနဲ့ စွမ်းအင်တွေနဲ့ ရုန်းလိုက်စမ်းပါ။ အဲဒီ သံခြေကျင်းကို ပြုတ်ထွက်သွားအောင် ရုန်းပစ်လိုက်စမ်းပါ။ သင် လုပ်နိုင်ပါတယ်။
mail ထဲရောက်တာလေးကို သူငယ်ချင်းတွေတွက်မျှဝေလိုက်ပါတယ်။
ဖတ်ခဲ့သူများ: 10

Friday, 22 February 2013

အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်မယ်ဆိုရင်


အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်မယ်ဆိုရင်




အင်တာနက်-မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေ ဝင်ဖတ်သူများ ရှိသလို ဝင်မဖတ်ဖြစ်သူများ လည်း ရှိမယ်ထင်ပါတယ်။

မဝင်ဖတ်ဖြစ်သူများအတွက် မဖတ်ဖတ်ဖြစ်အောင် ဖတ်ဖို့ စာရေးသူမှ တိုက်တွန်းလိုပါတယ်။ ဒီမှာ အခက်အခဲပေါင်း များစွာ ရှိမယ်ဆိုတာလည်း သိရှိနားလည်ပါတယ်။ ယင်းအခက်အခဲများကြောင့်လည်း နိုင်ငံတကာက ဝဘ်ဆိုဒ်တွေကို မဖတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာဘာသာ နဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်များကို ဘယ်လိုဖတ်သင့်တယ်ဆိုတာ စာရေးသူ လမ်းညွန်လိုပါတယ်။


ဒီလိုပြောလို့ စာရေးသူက အင်္ဂလိပ်စာဘာသာရပ် ဆရာတစ်ဦးလည်း မဟုတ် ရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စလို့ မီဒီယာတွေမှာ ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ ယနေ့တိုင်လဲ ဘာသာပြန်နေရပါတယ်။ ဒါကြောင့် အင်တာနက်မှာ အင်္ဂလိပ်စာ ဘယ်လိုဖတ်ရတယ်။ ဘာသာပြန် ရတယ်ဆိုတာကို စာရေးသူ တတ်သလောက်၊မတ်သလောက် ကူညီလမ်း ညွန်ပေးနိုင်ပါတယ်။

စာအုပ်မှာ အင်္ဂလိပ်စာ ဖတ်ရတာနဲ့ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရတာ မတူပါဘူး။ ဥပမာ- အင်္ဂလိပ်လို ရေးသားထားတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဝတ္တုတွေ ဖတ်မယ်ဆိုရင် အဘိဓာန် တစ် အုပ်လောက်တော့ ဆောင်ထားရပါတယ်။ ပြီးတော့ နားမလည်တဲ့ စာလုံးတွေ့ ရင် အဘိဓာန် ကြည့်လိုက်ရုံပဲ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာကျတော့ ဒီလိုလုပ်လို့ အဆင်မပြေပါဘူး။ အင်တာနက်မှာ ဖတ်နေရင်း နားမလည်တာရှိရင် အဘိဓာန်စာအုပ်ဖွင့်ဖို့ဆိုတာ အချို့ လူများ အတွက် အလုပ်ပိုရှုပ်ပါတယ်။ စာဖတ်ရတာလည်း အာရုံပျက်ရပါတယ်။ တစ်ခါခါ အဘိဓာန်မှာတောင် ရှာမရတဲ့ စာလုံးများကို မြင်တွေ့ရ တတ်ပါ တယ်။ ဒါကြောင့်မို့လည်း အနောက်တိုင်းက နိုင်ငံတကာ သတင်းဝဘ်ဆိုဒ် များ၊ ဖျော်ဖြေရေး၊ ပညာရေး အစရှိသဖြင့် တို့အပြင် ဒေသတွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက် ဖတ်ရှုသူတွေ နည်းသွားရပါတယ်။ ဒီတော့ အားနည်းချက် က မြန်မာလူမျိုး များ အင်္ဂလိပ်စာ မတိုးတက်သလို၊ နိုင်ငံတကာ အပေါ် လေ့ လာမှုလည်း အားနည်းသွားရပါတယ်။ အဆိုးဆုံး ပြောရမယ်ဆိုရင် မြန်မာပြည် ပညာရေး စနစ်အထိကို တိုက်ရိုက်ဆက်စပ် ထိခိုက်နိုင်စေမှာ ဖြစ်ပါတယ်။

မျက်စိပွင့်၊နားပွင့် အသိဥာဏ်ပွင့် နေမှ ဘယ်သူတွေ ဘာလုပ်တယ်ဆို တာ သေရှာ သိရမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကပဲ သိပြီး ယင်း တစ်ဦးတစ်ယောက် ဖော်ပြချက်များကိုသာ မှီခိုနေရရင် အမြဲတော့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် အင်္ဂလိပ်ဘာသာ စာများကို ကိုယ်တိုင်ဖတ်ရှုနိုင်ရန် ကြိုးစားဖို့ လိုအပ်လာပါတယ်။

အင်တာနက်မှာ အခမဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ပေါင်း မြောက် များစွာ ရှိပါတယ်။ Google Search ထဲမှာ English to Myanmar Online Dictonary လို့ရိုက်ထည့်လိုက်ရင် အားလုံး တန်းစီပြီး ပေါ်လာပါတယ်။ ယင်းထဲက ကြိုက်ရာ ယူသုံးနိုင်ပါတယ်။ ဥပမာ-http://en.my/-mm.org/ Gtalk မှာလည်း အင်္ဂလိပ်- မြန်မာ ဘာသာပြန် ဝန်ဆောင်မှုပေးနေတဲ့ အကောင့် ရှိပါတယ်။ ဥပမာ-en2my@burmesecloud.net အဲဒါမျိုးတွေကို Add ထားရပါမယ်။ ဘာသာပြန်ပေးတဲ့ အဘိဓာန်ကိုကျတော Tab တစ်ခုနဲ့ ဖွင့်ထားရပါမယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဖ်ဝဲတွေလည်း ရှိပါတယ်။ အင်တာနက်ဆိုင် တော်တော်များများမှာလည်း သွင်းပေးထားပါ တယ်။ ကိုယ်တိုင်လည်း Google search ကနေ ရှာပြီး Download ဆွဲနိုင်ပါတယ်။ တကယ် ရှာထားပြီးရင်တော့ တကယ်အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒီလောက်နဲ့လည်း မလုံလောက်ပါဘူး။ အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် အဘိဓာန်မှာ ရှာမရတဲ့ စကားလုံးက အနည်းဆုံး ၂ လုံး၊ ၃ လုံးလောက် ပါတတ်ပါတယ်။ ပြီးတော့ အမည်နာမတွေဆို ပိုလို့တောင် ရှာမရ တော့ဘူး။ ပြီးတော့ ကိုယ်က အခုမှ စဖတ်တယ်။ သတင်းထဲမှာ BMW ကားအကြောင်းပြောတယ်။ BMW ကားဆိုတာ အမေရိကန်ကလား၊ ဘယ်နိုင်ငံကလဲ။ အဲဒါကိုသိဖို့ကျတော့ အဘိဓာန် အားကိုးလို့ မရတော့ပါဘူး။ အမတ်လောင်း မစ်ရွန်မနီ ဝင်ပြိုင်နေတာ မဲဘယ်လောက်ရပြီ။ သို့ပေမယ့် မစ်ရွန်မနီ ဆိုတာ ဘယ်ပါတီက ဘယ်နှစ်ခုနှစ်ကစလို့ နိုင်ငံရေးလုပ်နေတာ ဒါတွေ မပါပြန်ပါဘူး။ တစ်ခါခါ မကြားဖူးတဲ့ မြို့ နာမည် တွေ ပါလာပါ တယ်။ နိုင်ငံကိုကျတော့ မဖော်ပြထားဘူး။ နိုင်ငံတော့ ဖော်ပြ ထားပါရဲ့ ။ ဘယ်တိုက်က ဘာနိုင်ငံဆိုတာတောင် မသိရပါဘူး ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီမှာတင် သတင်းတစ်ပုဒ်၊ စာတစ်ပုဒ် ဖတ်ဖို့ တော်တော် ကို ခေါင်းမူးသွားပါပြီ။ သို့ပေမယ့် ဒီအဆင့်ကို ကျော်နိုင်ပါတယ်။

ကိုယ်ဖွင့်တဲ့ Browser လိပ်စာရိုက်တဲ့ (ညာဘက်) ဘေးမှာ Search Engine list ဆိုတာ ရှိပါတယ်။ Firefox ပဲဖွင့်ဖွင့်၊ Chrome ပဲဖွင့်ဖွင့်၊ Safari ပဲဖွင့်ဖွင့် Browser အတော်များများမှာ Search Engine list ဆိုတာပါပါတယ်။ Search Bar လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ List ပါပါတယ်။ Google, Twitter, Amazon, eBay, Yahoo, Answer.com, Wikipedia အစရှိသဖြင့် တို့ ပါဝင်ပါတယ်။ ဒီမှာ အင်္ဂလိပ်စာ ဖတ်သူတို့အတွက် ပိုမိုအကျိုးပြုတဲ့ Search engine နှစ်ခုကတော့ Answer.com နဲ့ Wikipedia (http://en.wikipedia.org/) ဖြစ်ပါတယ်။ သို့ပေမယ့် သုံးပုံ သုံးနည်းကို သိသူနည်းနေပါတယ်။ သုံးနည်းက ဒီလို ဖြစ်ပါတယ်။

စာတစ်ခုဖတ်ရင်း ကိုနားမလည်တဲ့ စကားလုံးကို Select မှတ်လိုက်ပါမယ်။ ဥပမာ-egg ဒါကို စာလုံး အကုန်ပါအောင် select မှတ်ပြီး Right click နှိပ်ရ ပါမယ်။ ပြီးရင် Copy, Select All, View source အစရှိသဖြင့်တို့ စာတန်းပေါ် လာပြီးကိုယ်ရွေးချယ်ရမှာက Search for ဖြစ်ပါတယ်။ ဥပမာ ကိုယ်က egg လို့မှတ်ထားရင် Search for “egg” ဆိုတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယင်း Search for ကို click တစ်ချက် နှိပ်ရုံနဲ့ Tab အသစ်တစ်ခုမှာ ယင်းစာလုံးရဲ့ အရင်းအမြစ်အားလုံးကို Wikipeida ကရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ Answer.com အသုံးပြုရင်လည်း Answer.com ကအလိုလျောက် ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ- မစ်ရွန်မနီကို ရှာထားရင် သူ့ရဲ့  ပရိုဖိုင်အားလုံးကို အပြည့်အစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မပြည့်စုံဘူးထင် ရင် အောက်မှာ သူပေးထားတဲ့ Link များကို ဝင်ရောက်နိုင်ပါသေးတယ်။ နာမ် တွေကိုပဲ မဟုတ်ပဲ Verb, Word form, Adverb အင်္ဂလိပ်စာ အသုံးအနှုန်းအားလုံးကို အချက်ကျကျ လေ့လာရမှာ ဖြစ်ပါတယ်။

သို့ပေမယ့် စာဖတ်သူက အားလုံး ဖတ်ဖို့မလိုပါဘူး။ ကိုယ်သိချင် တဲ့အချက်သိရင်ရပါပြီ။ အားလုံးဖတ်နေရင် ကိုယ်ဖတ်နေတဲ့ စာဆီ ပြန် မရောက်ပဲ ဖြစ်တတ်ပါတယ်။ Verb, Word form, Adverb အစရှိသဖြင့် Grammer များကိုတော့ Anwser.com မှာအရှင်းလင်းဆုံး ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ လူပုဂ္ဂိုလ်၊ နေရာဒေသများကို ရှာမယ်ဆိုရင်တော့ Wikipedia က တော်တော်လေးစုံလင်ပါတယ်။ တစ်ခါခါ လုံးဝ ရှာမတွေ့တာမျိုး လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ယင်းအခြေအနေဟာ အရမ်းရှားပါ တယ်။ အားလုံးနီးပါး ရှိနေတတ်ပါတယ်။

ပြီးတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဖတ်ဖို့အတွက် ဂရမ်မာအသုံးအနှုန်းများအားလုံးကို အာရုံစိုက်ဖတ်နေဖို့ မလိုပါဘူး။ ကိုယ်အဓိကထားရမှာပါ ဝေါဟာရများ ဖြစ်ပါတယ်။ တစ်ခါခါကျရင် သူတို့ အရေးအသားက ကိုယ်မြင်ဖူးနေကျ ဂရမ်မာတွေက မဟုတ်ပဲ အသစ်အဆန်း လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ သို့ပေမယ့် အခြေခံ အင်္ဂလိပ်သဒ္ဒါလေးတော့ သိရှိရန် လိုအပ်ပါတယ်။ ဥပမာ- not ဆိုတဲ့ စကားလုံး တစ်ခုမြင်တိုင်း စာသားက အငြင်းဖြစ်ပြီလို့ ယူဆလို့မရပါဘူး။ အငြင်း (Negative) နှစ်ခါ သုံးထားရင် Positive ဖြစ်ပါတယ် ဆိုတာမျိုးတို့ ဖြစ်ပါ တယ်။ တစ်ခါခါ ကျရင် no ဆိုတာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ- No people need it. ဆိုရင် ဘယ်သူမှ ဒါကို မလိုဘူးဆိုတာမျိုးဖြစ် ပါတယ်။ no ဆိုတာကိုချန်ဖတ်ခဲ့ရင်တော့ မိမိဖတ်တဲ့ စာကို တလွဲ ဘာသာပြန်မိ သွားမှာ ဖြစ်ပါတယ်။ ဒါက ဥပမာပေးရုံမျှ သာ ဖြစ်ပါတယ်။ အခြားမှားနိုင်ချေများလည်း၊ သဒ္ဒါအသုံးအနှုန်းများလည်း ရှိပါတယ်။

အထက်ပါ အတိုင်း အွန်လိုင်း အဘိဓာန် သုံးမယ်။ အွန်လိုင်း စွယ်စုံကျမ်းများအသုံးပြုမယ်။ စာကို သဒ္ဒါကျကျ မဖတ်နိုင်ပေမယ့် အဓိကအရေးကြီးတဲ့ Positive နဲ့ Negative ဝါကျများကို ကောင်းကောင်း သိသွားရင် ဖတ်ရှုဖို့ မခက်ခဲပါဘူး။ စာများကို ဖတ်ရှုရာမှာ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလာမှာ ဖြစ်ပါတယ်။
မောင်နှမများ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရှုဖို့ လွယ်ကူလာမယ်လို့ မျော်လင့်ပါတယ်။
---
Aung Kham (work.com.mm)

www.facebook.com/work.com.mm
www.work.com.mm

(မသူတော်တရားဘေးနှင့်မသူတော်အများဘေးမှကင်းဝေးကြပါစေ )


(( လမင်းကြီးလောက်မလင်းနိုင်ပေမယ့် ကိုယ်ပိုင်အလင်းနဲ့  
    ထွန်းလင်းစေမဲ့ပိုးစုန်းကြူးလေး ပိတောက်မြေ ))


"လူမိုက် ဖြစ်ပါလျက် မိမိလူမိုက် ဖြစ်ကြောင်းကိုသိ၏။

ထိုသို့ သိခြင်းကြောင့်ပင် ထိုသူကို ပညာရှိဟုဆိုရ၏။ 
လူမိုက် ဖြစ်ပါလျက် မိမိကိုယ်ကို ပညာရှိ ဟုထင်၏။

ထိုသူသည်ဟာ တကယ့် လူမိုက် စစ်စစ်ဖြစ်၏"


You do all performance on everything is your morally.
အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စ တိုင်းသည် သင့်၏
ကိုယ်ကျင့်တရားပင် ဖြစ်သည်။ (ပိတောက်မြေ BURMESE )