Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 21 July 2012

Copy ကူးတဲ့နေရာမှာမြန်ဆန်ဘို့ Tera Copy

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Copy ကူးတဲ့နေရာမှာမြန်ဆန်ဘို့ Tera Copy

အားလုံးမင်္ဂလာပါ...။
ကျွန်တော် Ning Site တွေမှာ ဆော့ဝဲလ်တွေမတင်ဖြစ်တာတော်တော်ကြာသွားခဲ့ပါပြီ။
အလုပ်သွားအလုပ်ပြန်နဲ့ အချိန်လုရင်းရတဲ့အချိန်ကလေးမှာ ကိုယ်ပိုင်ဆိုဒ်အတွက်လုံးပန်းနေရတာမို့
ဆော့ဝဲလ်တွေရှာဘို့အချိန်နဲ့အသုံးပြုပုံတွေရေးဘို့အချိန်မရတော့လို့ပါ။
ဒီနေ့တော့နေမကောင်းလို့ခွင့်ယူပြီး အချိန်ရတုန်းတွေ့တာလေးဆွဲပြီးမျှဝေလိုက်ပါတယ်။
တကယ်လို့လိုအပ်တာလေးတွေ ရှာချင်ဖွေချင်ရင်တော့ ကျွန်တော်ဆိုဒ်မှာလာရောက်ရှာနိုင်ပါတယ်။
Ning Site တွေမှာမတင်ဖြစ်ပေမဲ့ ကိုယ်ပိုင်ဆိုဒ်မှာတော့နေ့စဉ်ပုံမှန်တင်ထားပါတယ်။

ဖိုင်တွေကို Copy ကူးတဲ့နေရာမှာ အထိုက်အလျောက် မြန်တဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။
Tera Copy ကို သုံးပါကစက်မလေးဘဲ ကောင်းမွန်နေသော စက်များပင်လျှင် ၎င်းဆော့ဝဲလ်ဖြင့် Copy ကူးပါက ပိုမြန်ဆန်ပါသည်။

သုံးနည်းအနေဖြင့် အင်မတန်လွယ်ကူပါသဖြင့် အကျယ့်တ၀င့် ပြောစရာ လိုအပ်မယ်မထင်ပါဘူး။
Install လုပ်ပြီးပါက Copy ကူးသည့်အခါတိုင်း ၎င်းဖြင့်သာ Auto ကူးသွားမည် ဖြစ်ပါသည်။
စိတ်ဝင်စားသူများအောက်မှာဒေါင်းယူလိုက်ပါ...။
Download>>> [ minus ] [ filecloud.io]
ကျွန်တော်ရဲ့ဆိုဒ်လေးကိုလည်းလာရောက်လည်ပတ်ဘို့ဖိတ်ခေါ်ပါတယ်...။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...။

Print Friendly and PDF

Friday, 20 July 2012

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။  အခုအချိန်မှာ လူမှုရေးတာဝန်တွေ ပိုမိုများပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာနေမှသာ အရာရာကို အောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှားနိုင်မှာပါ။

အိပ်စက်ချိန်

အမျိုးသား အများစုအဖို့ ညဘက်မှာ ကောင်းကောင်း အိပ်စက်နိုင်ဖို့က မလွယ်ပါဘူး။ အခုအချိန်မှာ လူနေမှု အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုရင် အရင်ကထက်ပိုပြီး အလုပ်များလာတာကြောင့်  ညဘက်တွေမှာလည်း အလုပ်တွေ လုပ်ကိုင်လာကြရပါတယ်။ ဒီလိုဖြစ်လို့ ညတိုင်း ခုနစ်နာရီထက်လျှော့ပြီး အိပ်မယ်ဆိုရင် သင့်ဘဝသက်တမ်းကို လျော့စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စောစော အိပ်ရာဝင်ပြီး အနည်းဆုံး တစ်နေ့ ခုနှစ်နာရီ အိပ်စက်သင့်ပါတယ်။

လေ့ကျင့်ခန်း

ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးဖို့ အမြဲတစေ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း မလုပ်ရင် အသက်ကြီးလာလေလေ၊ သင်ရဲ့ ကြံ့ခိုင်သန်စွမ်းမှု အဆင့်က လျော့ကျ လာလေလေ ဖြစ်လာပါလိမ့်မယ်။ အလုပ်ကို လမ်းလျှောက်ပြီး သွားတာ၊ အမြင့်ကို လှေကားနဲ့ တက်တာ၊ တစ်ပတ်တစ်ကြိမ် ဘောလုံးကန်တာ၊ ဂေါက်သီးကစားတာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ တစ်နေ့အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးတဲ့နည်းနဲ့ နှလုံးခုန်နှုန်းမြန်အောင် လုပ်ဆောင် ပေးသင့်ပါတယ်။

ဗိုက်ပူခြင်း

ဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေ ရှိနေရင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဝမ်းဗိုက်ပူတဲ့အခါ ဝမ်းဗိုက်အဆီဟာ Angiotensin ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေနိုင်ပါတယ်။ ဒီဟော်မုန်းဟာ သွေးကြောကျဉ်းတာကို ထိန်းချုပ်တဲ့အတွက် သွေးတိုးနိုင်ခြေ မြင့်မားရတာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အစားအသောက်  နံနက်စာကို ကောင်းကောင်း စားဖြစ်သလား၊ အယ်လ်ကိုဟောကို ဘယ်လောက် သောက်သုံးခဲ့သလဲ၊ ဘယ်လို သရေစာတွေကို စားခဲ့သလဲ ဆိုတာကို အမြဲဆန်းစစ် နေရပါမယ်။ စားသောက်ခဲ့တဲ့ အစာတွေမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်များများ ပါဝင်သလဲ၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်ကရော အလုံအလောက် ရရှိရဲ့လား ဆိုတာကိုလည်း ဆန်းစစ်နေသင့်ပါတယ်။

ရေဓာတ်ပြည့်ဝမှု

ရေကို အလုံအလောက် သောက်သုံးတာက အရေပြားကို စိုပြည်စေပြီး ပုံမှန်ထက်ပိုပြီး အရွယ်တင် နုပျိုစေပါတယ်။ အိပ်ရာဘေးကို ရေတစ်လီတာ တစ်ဘူးထားပြီး ညဘက်မှာ ရေဆာရင် ဒါမှမဟုတ် နံနက်မိုးလင်းရင် ရေကို များများသောက်ပေးပါ။ ဝိတ်လျှော့နေရင် အစာမစားခင် နာရီဝက်အလိုမှာ ရေတစ်ဖန်ခွက် သောက်ပေးရင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

ရယ်မောခြင်း

ရယ်မောတာက အကောင်းဆုံး ဆေးတစ်လက် ဖြစ်တယ်လို့ သင်ကြားဖူးမှာပါ။ အကောင်းမြင်စိတ်ထားပြီး အပြုံးလှလှ ပြုံးပေးပါက စိတ်ဖိစီးမှု ကြုံလာရင်တောင် ခံနိုင်ရည် ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ရယ်မောတာနဲ့ ဟာသဇာတ်လမ်းတွေ ကြည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

စာပေလေ့လာမှု

စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာတာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်ပါတယ်။ စာဖတ်တဲ့အတွက် အရာရာတိုင်းကို ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းရှိရှိ ပိုမို တွေးခေါ်လာနိုင်သလို မှတ်ဉာဏ်လည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တာကြောင့် ဦးနှောက်ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ စာဖတ်တာကလည်း လေ့ကျင့်ခန်းလိုပဲ အမြဲမပြတ် လုပ်ဆောင်ပေးနေမှ အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ်။

ကေအမ်
 By Good Health
Print Friendly and PDF

Tuesday, 17 July 2012

ဒါဖတ်ပြီးမှ Designer လုပ်ပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
ဒီဇိုင်နာတစ်ယောက် ဖြစ်ဖို့ လွယ်တယ်လို့ သင်ထင်ပါသလား။ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်မယ်၊ တစ်ချို့တွေကတော့ သင်တန်း မတက်ဘူး။ ကိုယ်တိုင် လေ့ကျင့်မယ်။ အဲဒီနောက်မှာတော့ ဒီဇိုင်နာ အလုပ်တစ်ခု ဝင်လျှောက်မယ်၊ အဲဒီလို မလျှောက်ချင်ဘူး ဆိုရင်တော့ Freelance Designer လုပ်မယ် ဆိုပါတော့။ အများသူငါတွေက ဒီဇိုင်းတွေ အပ်ကြမယ်။ ကိုယ်က သူတို့လိုချင်တဲ့ ပုံစံတွေကို ဖန်တီးပေးမယ်၊ ပိုက်ဆံရမယ်။ ဒီလို တွေးကြည့်ရင်တော့ ဒီဇိုင်နာ လုပ်ရတာ မခက်ပါဘူး။

Wyeth Hansen Design
ဒါပေမယ့် တကယ့်ကို တော်တဲ့ ကျွမ်းကျင်တဲ့ ဒီဇိုင်နာ၊ ဒေါင်ဒေါင်မြည် ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ဆိုရင် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ အပြင်းအထန် ကြိုးစားဖို့ လိုပါတယ်။ မြှုပ်နှံပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ခုမှ ဒီဇိုင်နာ ဖြစ်ဖို့ ကြံစည်နေတဲ့ သူတစ်ယောက် အနေနဲ့ ဆိုရင် ဒီဇိုင်နာအလုပ်ကို မေဂျာနေရာမှာ ထားရမလား၊ မိုင်နာ နေရာမှာ ထားရမလား စသည်ဖြင့် သိချင်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုသင့်မပြုသင့် စမ်းစစ်ကြည့်ချင် လာပါလိမ့်မယ်။ ဒီလို မြှတ်နှံပြီး လုပ်ရမယ့် နေရာတွေမှာ အချိန်ပေးပြီး လုပ်ရမယ့်နေရာတွေမှာ ခရီးတော်တော်ပေါက်မှ မဖြစ်နိုင်မှန်း သိတဲ့အခါ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် မစခင်ကတည်းက ဖြစ်နိုင် မဖြစ်နိုင် ကြိုတင် စမ်းစစ်တာ အကောင်းဆုံးပါပဲ။ ကဲ ကျွန်တော်တို့ ကိုယ်ကိုယ်ကို ဒီဇိုင်နာ မဖြစ်သင့်တဲ့ အချက်တွေ စမ်းစစ်ကြည့်ရအောင် …
၁။ သင့်မှာ အနုပညာ ဓာတ်ခံမရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့
ဒီလိုပြောလိုက်ရင် နည်းနည်းတော့ ခေါင်းခြောက် သွားပါလိမ့်မယ်။ တစ်ချို့တွေက ဒီဇိုင်နာနဲ့ အနုပညာဓာတ်ခံကို ခွဲခြားပြီး တွေးတတ်လို့ပါ။ လုံးဝမဆိုင်တဲ့ သီးခြား အုပ်စုတွေလို့ မြင်တတ်ကြပါတယ်။ တစ်ချို့တွေကတော့ အနည်းငယ် ဆက်စပ်မှု ရှိတယ်လို့ လက်ခံကြပါတယ်။
Scrarch Guitar Singer
တကယ့် သဘောမှာတော့ အဲဒီလို အမျိုး မတူဘူးလို့ တွေးတာ အနုပညာ ဓာတ်ခံမရှိပဲ ဒီဇိုင်နာ ဖြစ်နိုင်တယ် ဆိုတဲ့အတွေးဟာ မှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်နာဆိုတာ အနုပညာသမားပါပဲ။ အနုပညာ ဓာတ်ခံရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့် ဆိုနိုင်သလဲဆိုရင် ခုခေတ်မှာ တကယ့်အောင်မြင်တဲ့ ဒီဇိုင်းတွေ၊ ဖန်တီးချက်တွေ အားလုံးဟာ အနုပညာ ပစ္စည်းတွေ ဖြစ်လို့ပါပဲ။
အကောင်းဆုံးဆိုတဲ့ ဒီဇိုင်းလိုဂိုတွေ၊ Website ဒီဇိုင်းတွေ အများစုဟာ စာရွက်ပေါ်မှာ ရေးခြစ်ပုံဖော်ပြီး ဒီဇိုင်းအဆင့်ကို စခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါက Website တွေမို့ ထားပါဦး။ ကွန်ပျူတာပေါ်မှာ ဒီဇိုင်းတွေ ဆွဲနိုင်ဖို့ အထောက်အပံ့ ပေးနေတဲ့ Photoshop လို Illustrator လို Software တွေမှာလည်း အနုပညာမြောက် ပစ္စည်းတွေ အပြင်မှာလို ဖန်တီးနိုင်အောင် စီစဉ်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာ ဓာတ်ခံ မရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
၂။ ဒီဇိုင်းတွေကို မချစ်တတ်ရင် ဖန်တီးဖို့ အရူးအအမူးမဖြစ်ရင် ဒီဇိုင်နာမလုပ်ပါနဲ့
တကယ့်ကို ဒေါင်ဒေါင်မြည် ဒီဇိုင်နာတွေဆိုတာ ဒီဇိုင်းတွေကို ချစ်တတ်ကြသလို ဖန်တီးဖို့လည်း အရူးအမူး စိတ်အား ထက်သန်ကြပါတယ်။ ဒီဇိုင်းဖန်တီးနေတဲ့ အချိန်မှာ ထမင်းမေ့ဟင်းမေ့ လုပ်တတ်ကြပါတယ်။ ရူးသွပ်တယ် ဆိုတာ ကြိုက်တယ်၊ နှစ်သက်တယ် ဆိုတာထက် အများကြီး ပိုပါတယ်။ အဲဒီနေရာမှာ ရူးသွပ်မှု အဆင့်ကို ဘယ်လို တိုင်းတာမလဲ။ အဓိကက ဒီဇိုင်းသမားဟာ ဒီဇိုင်းဆွဲဖို့သာ အာရုံကျနေဖို့ပါ။ ဒီ ဒီဇိုင်းက ပိုက်ဆံ ဘယ်လောက် ရမှာလဲ၊ ဘယ်လောက် အထိလုပ်ရမှာလဲ၊ စသည်ဖြင့် တွေးမနေတတ်ပဲ ဒီဇိုင်းက ဒီဇိုင်းအတွက်၊ Art for Art Sake ဆိုသလို တွေးတော ဖန်တီးနေတာမျိုးပါ။ အဲဒီလို အရူးအမူး ဖြစ်နေမှသာ အသစ်တွေကို ဖန်တီးနိုင်သလို အသစ်တွေကို ဆာလောင်တတ်လာမှာ ဖြစ်ပါတယ်။
Art for art sake
အဲဒီအပြင် ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက် အရူးအမူးကို ဖြစ်ချင်နေဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒီဇိုင်နာကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
“လက်ကုန်သွားတယ်” ဆိုတဲ့ ပြဿနာဟာ ဒီဇိုင်နာတွေအတွက် အဓိက အတားအဆီး ဖြစ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ စာရေးတာပဲ ဖြစ်ဖြစ် ဒီဇိုင်းဆွဲတာပဲ ဖြစ်ဖြစ် ဘာမှ ရှေ့ဆက်လို့ မရ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ လက်ပြန်တက်လာဖို့ အသစ်တွေကို ဆက်လက်ဖန်တီးဖို့ စောင့်ရတဲ့အချိန်ကို အတိအကျ ပြောလို့ မရတော့ပါဘူး။ အဲဒီလိုစောင့်ရင်း စောင့်ရင်း ပုံစံတူ ပရောဂျက် တစ်ခုများ ရောက်လာမလားလို့ တွေးရင် အချိန်တွေ ကုန်သွားတဲ့သူတွေ မနည်းပါဘူး။ အဲဒီလို လက်ကုန်ရခြင်း အကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းအရင်းတွေက အများကြီး ဖြစ်လာပါလိမ့်မယ်။ အနုပညာ လွပ်လပ်ခွင့်မရတာ၊ ကြေးစားဒီဇိုင်နာ ဆန်လာတာ၊ အသစ်တွေကို တွေးတောဖို့ အချိန်မရတာ၊ ဥာဏ်မကွန့်မြူးနိုင်တာ၊ ကျင်လည်နိုင်တဲ့ နယ်ပယ် ကုန်သွားတာ စသည်ဖြင့် အများကြီး ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် ကိုယ့်ကို ပြန်လည် လက်တက်နိုင်ဖို့ အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးနိုင်ဖို့ တစ်ခုတည်းသော နည်းကတော့ ရူးသွပ်မှု ပါပဲ။ အဲဒီအချိန်မှာ ရူးသွပ်တဲ့စိတ် ကို ပြန်လည်မွေးမြူဖို့ လိုပါတယ်။ အဲဒီလို မွေးလိုက်မှ ဘေးကနေ သက်ရောက်နေတဲ့ အတားအဆီးတွေကို ဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဇိုင်းတွေကို မချစ်ရင် ဒီဇိုင်းတွေကို ဖန်တီးဖို့ မရူးသွပ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
၃။ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူဆိုရင် ဒီဇိုင်နာ မလုပ်ပါနဲ့
Give up
ကိုယ့်အနေနဲ့ ကြော်ငြာလုပ်ငန်းအတွက် ဒီဇိုင်နာလုပ်မယ်လို့ စိတ်ကူးထားသလား။ ဒါဆိုရင်တော့ အရောင်တွေချိန်းတာ၊ စွန်းထင်းနေတာတွေ ဖယ်ရှားတာ၊ တကယ့် အစစ်အမှန်အတိုင်း ဖြစ်အောင် ဖန်တီးတာ၊ ဖောင့်တွေမျိုးစုံသုံးတာ အရောင်းတွေ ကစားတာ စသည်ဖြင့် ပျင်းလောက်အောင် ထိုင်ပြီး လုပ်ရပါတော့မယ်။ တစ်ခါတစ်လေ ဒီဇိုင်းတစ်ခုကို တစ်ပတ်နဲ့တောင် မအပ်နိုင်တာမျိုးတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အလုပ်မှာတော့ အချိန်ကန့်သတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူ ဒီဇိုင်းနာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
၎။ ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့
ဒါကတော့ ကိုယ့်အဖွဲ့ကလူတွေနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဖွဲ့လိုက် လုပ်ကိုင်ဆောက်ရွက် တတ်ရဲ့လား။ ဒီမေးခွန်း ကတော့ လူတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ အလုပ်လုပ်ဖူးတယ် ဆိုရင်ပေါ့။ အဲဒီလိုပါပဲ ဒီဇိုင်နာ အလုပ်တွေမှာလည်း လူအများနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ ဒါကတော့ ဒီဇိုင်နာ တော်တော်များများ ဘဝင်မကျနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမယ်ဆိုရင် တစ်ယောက်တည်း ထိုင်ပြီးဆွဲချင် ကြပါတယ်။ ဒါပေမယ့် တကယ့် အလုပ်လောကမှာ အဲဒီလို လုပ်လို့ မရပါဘူး။ အပိုင်းလိုက် အကန့်လိုက် တာဝန်ယူကြရပါတယ်။ သူက Heading Design ကိုယ်က Body Design စသည်ဖြင့် တာဝန်ယူ ရေးဆွဲကြရပါတယ်။ အဲဒီအခါမှာ ပူးပေါင်းဆောင်ရွက်မှု မရှိရင် တကယ်တန်း Product အဖြစ် ပြန်ပေါင်းတဲ့အခါ ဘယ်လိုမှပေါင်းလို့ ကိုက်မှာ မဟုတ်တော့ပါဘူး။ သူက Color Scheme တစ်မျိုး၊ ကိုယ်က Color Scheme တစ်မျိုးဆိုရင် ဘယ်လိုမှာ ပေါင်းလို့ရမှာ မဟုတ်ပါ။
Collaboration
ဒါပေမယ့် ဒီဇိုင်း အလုပ်တွေမှာ တစ်ခါတစ်လေ တစ်ဦးတည်း ကြိတ်ရတာတွေလည်း ရှိပါတယ်။ အဲဒီလို တစ်ဦးတည်း ကြိတ်ရတာလည်း ရှိသလို ပူးပေါင်းဆောင်ရွက် ရတာလည်း ရှိပါတယ်။ အဲဒီအတွက် ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ပူးပေါင်းဆောင်ရွက် တတ်ဖို့ လိုလာတာ ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ဆိုတဲ့နေရာမှာ ကိုယ့်ကို အလုပ်အပ်တဲ့သူတွေနဲ့ အဆင်ပြေတာ၊ ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတာ စတဲ့အချက်တွေတင် ပြောတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီဇိုင်းဆိုတာကလည်း အချင်းချင်း အပြန်အလှန် ဆက်သွယ်တဲ့ ကြားခံ ဖန်တီးမှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ပစ္စည်းတစ်ခုပဲလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းရင် ပေါင်းသင်းဆက်ဆံရေး သဘောတရားတွေကို နားလည်ရင် ဒီဇိုင်းကောင်းကောင်း ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
Reff: အနေနဲ့ .. မူရင်းကတော့ lannthit.com ဖြစ်ပြီး.. MISTAKE 51 မှနေ ဖော်အဲဗား မိတ်ဆွေများထံ ပြန်လည် မျှဝေပေးပါသည်။
Views: 70
Print Friendly and PDF

တနေ့တာ ပင်ပန်းနေမှုကို တခဏတာနဲ့ ပျောက်ဆုံးစေနိုင်သော ဟာသများ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

တနေ့တာ ပင်ပန်းနေမှုကို တခဏတာနဲ့ ပျောက်ဆုံးစေနိုင်သော ဟာသများ

    {‘ဟာသများ}…Reader Joke’s
                                                         `ဘာကွ´
           1.ကောင်လေး      ။         ။ကျွန်တော် ဦးသမီးကို လက်ထပ်ချင်လို့ပါ ခင်ဗျ။
             မိန်းကလေးဖခင် ။        ။မင်း ၊ ငါမိန်းမနဲ့တွေ့ ပြီးပြီလား။
              ကောင်လေး     ။         ။ဟုတ်ကဲ့၊တွေ့ပြီးပါပြီ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော်ပို ကြိုက်ပါတယ်။

           2.ဒကာမတစ်ယောက်သည် ဘုန်းကြီးကျောင်းသို့လာရာ
            ဘုန်းကြီးက။  ။ဟဲ့ဒကာမ ဘာဖြစ်လို့လာသတုံး။
            ဒကာမ     ။  ။အရှင်ဘုရားလူထွက်မယ်လို့ ကြားလို့ပါဘုရား။
            ဘုန်းကြီး  ။  ။ဟာ …ဘုန်းကြီးလူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ။တစ်နေ့ကလာအပ်တဲ့
                 ကလေးနှစ်ယောက်ဟာ ဘယ်သမွေးထားတဲူ့ကလေး တုံးဟ။
          ဒကာမ   ။   ။တပည့်တော်မက မွေးတာပါဘုရား။
          ဘုန်းကြီး။   ။အိမ်း..တစ်သက်လုံးမှတ်ထား၊ ဒကာမကသာလူထွက်သပ။
                          `အချစ်ဆုံး´
      3.မိန်းမ။  ။ရှင်က ကျွန်မထက် အရက်ကိုပိုချစ်တယ်ပေါ့ လေ၊ပြောစမ်း။
       ယောက်ျား။  ။မိန်းမရယ် မင်းကိုတစ်ရက်မှာ၂၄နာရီလုံးချစ်တာပါ။ 
                  အရက်ကိုတော့ တစ်နေ့မှတစ် ပုလင်းထဲချစ်တာပါ။
                            `  အခေါ်အဝေါ်
       1. ဆရာမ။  ။ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်မသိ ၊မ၀င်စားမှန်းမသိဘဲ
                    စကားတွေစွတ်ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲကွဲ့။
           ကျောင်းသား။  ။`ဆရာမ´လို့ခေါ်ပါတယ်။
                          `ဝေးလို့´
          2.ဆရာမ။  ။မနက်ဖြန်လကမ္ဘာအကြောင်း လေ့လာကြမယ်  ကျောင်းမပျက်ကြနဲ့နော်။
         ကျောင်းသား။  ။ဆရာမသားမလာနိုင်ဘူထင်တယ်။
       ဆရာမ      ။   ။ဘာဖြစ်လို့လဲသားရဲ့။
       ကျောင်းသား။  ။သားမေမေကအဲ့လောက်ဝေးဝေးလွှတ်မယ်မထင်လို့ပါဆရာမ။
                              `အိပ်ပျော်နေလို့ပါ´
        3.ဆရာမ။ ။ငါ့တို့ကျောင်းကိုစည်းကမ်းမရှိဘူး၊လို့သူများတွေဝေဖန်မှပဲသိရတယ်။ 
                  ငါကိုဘာလို့မပြောတာလဲ။
           စာရေး။  ။ဆရာမက ရေခဲချောင်းရောင်းရင်အိပ်ပျော်နေတော့ နိုးရမှာအားနာလို့ပါ။
                        `ကူညီပေးပါ´
           4.ရဲစခန်းတစ်ခုသို့..ဖုန်းဝင်လာသည်။….
            စခန်းမှုး။ ။ဘာအကူအညီပေးရမလဲ ခင်ဗျာ။
           တစ်ဘက်မှ။ ။အခန်းထဲကို ကြောင်တစ်ကောင် ၀င်လာလိုံ.့ပါ။
            စခန်းမှုး။  ။ဒီလိုအသေးအဖွဲ့လေးနဲ့၊အနှောက်အယှက်မပေးပါနဲ့..ဒါနဲ့ခင်ဗျားကဘယ်သူလဲ..။
           တစ်ဘက်မှ။ ။ကျွန်တော်ကြက်တူရွေးပါ။    `                                           ဟိုက်!´                                                                                                                                                                   5.မြေး။ ။အဖွား..ကမ္ဘာကြီးကဘာလို့လည်နေတာလဲ                                                                                                                                                                         အဖွား။ ။ခွေကောင်လေး…..၊နင့်အဖေရဲ့အရက်တွေ ခိုးသောက်လာပြန်ပြီထင်တယ်။
                           ` ချစ်ပုံက´
6.ရုပ်ရှင်ရုံထဲတွင်  ရည်းစားတစ်တွဲထိုင်နေသည်။
ကောင်လေးကကောင်မလေးအနားနားကပ်ပြီး တိုးတိုးလေးမေးတယ်။
ကောင်လေး။ ။`ချစ်´ကောင်းကောင်း မြင်ရရဲ့လားဟင်…။
              ကောင်းကောင်ကောကြားရရဲ့လား။ထိုင်ရတာကောသက်သောင့်သက်သာရှိရဲ့လား။
ကောင်မလေး။ ။`သက်သောင့်သက်တာရှိပါတယ်မောင်´။
ကောင်လေး။ ။ဟာ… ဒါဆိုနေရာချင်း လဲထိုင်ကြရအောင်နော် `ချစ်´။
                            ` အတွေး´
7.ရထားအိပ်ခန်းထဲတွင်အမျူိးသားနဲ့၊ အမျိုးသမီး နှစ်ဦးထဲလိုက်ပါလာသည်။
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိုက်ကြည့်ရင်း။
အမျိုးသမီး။  ။ရှင်အခုဘာတွေတွေးနေတာလဲဟင်။
အမျိုးသား။  ။ခင်ဗျားတွေးတဲ့အတိုင်း ကျွန်တော်လည်းတွေးနေတာဗျ။
အမျိုးသမီး။  ။ဘာ….!ရှင်တော်တော် ညစ်ပတ်ပါလား။
                    `မီးအိမ်ရှင်´  (သီချင်း)                                                                                                                                            
ငါ့ဘ၀ရဲံမီးအိမ်ရှင်..ပါ။…ငါ့ဘ၀ရဲ့ဖယောင်းတိုင် ရှင်လေးပါ။
ငါ့ဘ၀ရဲ့အင်ဗာတာ…..ငါ့ဘ၀ရဲ့ဘထ္တီအိုး…..
နင်ဟာ..ဓာတ်မီးလေးပါ…….။                ပျော်ရွင်ကြပါစေ။
Views: 219
Tags: ဟာသ
Print Friendly and PDF

Saturday, 14 July 2012

အာလူးအိတ်ပမာ သဘောထားပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

မူကြိုကျောင်းတစ်ကျောင်းမှာရှိတဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲကကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။
အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာ ကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိပ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောပါတယ်။
အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့ လူရဲ့နာမည်ကိုရေးရမယ်။
ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိပ်မှာပါမဲ့ အာလူးအရေအတွေက်ဟာ သူတို့လူဘယ်နယ်ယောက်လောက်မုန်းသလဲဆိုတာပေါ်မူတည်နေတယ်။
နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အာလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့ကနှစ်လုံး၊ တချို့ကသုံးလုံး ၊ငါးလုံးထိယူလာတဲ့ ကလေးတောင်ရှိတယ်။
ဆရာမက အဲဒီ အာလူးအိပ်ကို သူတို့ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့မှာတယ်။
အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကျောင်းသားတွေတချို့ကစပြီး
စောဒကတက်လာတယ်။ အာလူးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကြ ငါးလုံးတောင် သယ်ရတာဆိုတော့
လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းပြီးပြီလေ။ ကလေးတွေတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။
ပြီးခဲ့တဲ့တစ်ပတ်လုံးလုံး အာလူးအိပ်ကြီးသယ်ပြီး လျှောက်သွားးနေရတာ ဘယ်လိုခံစားရလဲလို့ ဆရာမ မေးတော့
သူတို့ရဲ့စိတ်ပျက်စရာကောင်းတဲ့ အတွေ့ အကြုံတွေကို ပြောပြကြတယ်။
ဘယ်ကိုပဲ သွားသွား အဲဒီလေးလည်းလေး နံလည်းနံတဲ့ အာလူးအိပ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။
ဒီတော့ ဆရာမက ဒီဂိမ်းကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။
အခုမင်းတို့ခံစားရတဲ့ အနေအထားဟာ ဘာနဲ့တူသလဲ ဆိုတော့ လူတစ်ယောက်အပေါ်မှာထားတဲ့ အာဃာတအမုန်းတွေကို
မင်းတို့ရဲ့နှလုံးသားထဲမှာ ထည့်ပြီးလျှောက်သွားနေတာနဲ့တူတယ်။
အကယ် အဲ့ဒီအာလူးပုတ်ရဲ့အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင်
မင်းတို့စဉ်းစားကြည့်စမ်း အမုန်းအာဃာတတွေကို မင်းတို့ရဲ့နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။
လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီ ဒုက္ခကို သယ်မသွားပါနဲ့။
ခွင့်လွှင့်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓာတ်ပါ။
တစ်နည်းအားဖြင့် ဗုဒ္ဓအလိုတော်ကျ ပြောရမယ်ဆိုရင် သီးခံခြင်းခန္တီပါရမီဖြစ်တာပေါ့။
မင်းတို့မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ မေတ္တာစစ်မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လိုကို ချစ်တာ မဟုတ်ပါဘူး။
မပြည့်စုံသေးတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။



                                                အာဃာတတရားတွေကို ခ၀ါချပြီး
                                                    ချစ်ခြင်းမေတ္တာတရားတွေနဲ့
                                                         ပြည့်စုံနိုင်ကြပါစေ...


                                                                                          ပြုစုသူ
                                                                                နက်ရှိုင်းထက်(မိုးညှင်း)
                                                                                   ခေတ္တ - ရန်ကုန်

Print Friendly and PDF

Friday, 13 July 2012

ဖုန်းအလကားခေါ်လို့ရတဲ့ဆိုဒ်လေးပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
Print Friendly and PDF

Hacking လေ့လာချင်သူများအတွက်ပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

Hacking လေ့လာချင်သူများအတွက်ပါ

PDF File ကိုအလိုအလျောက်ဒေါင်းပါလိမ့်မယ်..
မြန်မာလို့တော့ဟုတ်ဝူးနော်......
Views: 4
အမျိုးအစား: hacking
Print Friendly and PDF