It will take 5 Seconds to Subscribe Us
- မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့ ဘ၀ကို အလောင်းအစား မလုပ်ပါနဲ့ ... သူငယ်ချင်း ... ။
- သရက်ပင်ကိုတော့ တစ်ယောက်တည်းစိုက်ပါ ... သရက်သီးကိုတော့ ဝေမျှကျွေးပါ ... သူငယ်ချင်း ... ။
- ပညာရဲ့တန်ဖိုးကို ထမင်းငတ်မှသာ သိတတ်ကြတော့တယ် ... ။
- လသာမှ ဗိုင်းငင်မယ်လို့ တွေးမနေနဲ့ ... လူ့ဘ၀ဆိုတာ တခဏ .. လသာသာ မသာသာ ဗိုင်းငင်ရမှာပဲ ... ။
- ရိုးသားမှု၊ နိုးကြားမှု၊ ကြိုးစားမှုဆိုတဲ့ ဂုဏ်သိက္ခာ .. ဘာနဲ့မှ မလဲနိုင်ဘူး ... သေသည့်တိုင် တန်ဖိုးထားပါ ... ။
- လူပီသချင်ရင် ရိုးသားဖို့နဲ့ စိတ်ကောင်းရှိဖို့လိုတယ်ဆိုတာကိုတော့ သိထားစေချင်တယ် ... သူငယ်ချင်း ... ။
- သည်းခံခြင်းဆိုတာ သတ္တိတစ်မျိုးဖြစ်သလို တန်ခိုးရှိခြင်းတစ်မျိုးလည်း ဖြစ်တယ် ... ။
- ဒီလိုဖြစ်ရတာဟာ ဒီလိုနေခဲ့လို့ပါ .. သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားပေါ့ ... ။
- အသေချာဆုံး ရင်းနှီးမြုပ်နှံမှုဟာ ကိုယ့်ကိုကိုယ် အားကိုးခြင်းပါပဲ ... ။
- ဒုက္ခဆိုတာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ရဲ့ အသီးဖြစ်တယ် ... ။
- သူငယ်ချင်းရဲ့ စိတ်ထဲမှာ ဒေါသ၊ အမုန်း၊ အာဃာသတွေ ရှိနေရင် မြိုချလိုက်ပါ .. မကြာခင် ပိန် ပိန် လာလိမ့်မယ် ... ။
- ကြိုးစားခြင်းဟာ .. ကောက်ရိုးကို ကြိုးဖြစ်စေနိုင်၏..။ တဲအိမ်ကို နန်းတော်ဖြစ်စေနိုင်၏..။ လူသားကို ဘုရားဖြစ်စေနိုင်၏...။
- ကျောင်းပျက်ခြင်းသည် ဘ၀ပျက်ခြင်း၏ အစ..။
- အမှန်တရားသည် လူ့အကြိုက်မလိုက် ... ။
- အောင်မြင်ရန် အလုပ်လုပ်ခြင်းမှတစ်ပါး အခြားမရှိ ... ။
- အပြောကြီးတာဟာ မလုပ်ချင်တာ၊ မလုပ်နိုင်တာကို ဖုံးကွယ်တဲ့ နည်းတစ်မျိုးပဲ ... ။
- အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။ တစ်ခုက မိဘ၊ တစ်ခုက အချိန်ပဲ .. ။
- သာမန်ဘ၀မျိုးထက်သာချင်ရင်တော့ မာန်တင်းပြီး ကြိုးစားကြရမှာပဲ ... ။
- နောင်တတရားသည် ညံ့ဖျင်းသူတို့နှင့်သာ သက်ဆိုင်သည် ... ။
- ဆင်ခြေပေးတဲ့ ပါးစပ် .. ထမင်း ငတ်တတ်သည် ...။
- အချိန်နောက်ကျတတ်သူဟာ ဘ၀မှာ နောက်ကျစမြဲပဲ ...။
- အလှသည် အရက်ထက် ဆိုး၏.. အလှကို ကြည့်မြင်သူရော အလှပိုင်ရှင်ကိုပါ မူးယစ်စေနိုင်သည် ..။
<ဖတ်ဖူးသော စာတိုများကို ပြန်လည် စုစည်းထားခြင်းသာ >>>
No comments:
Post a Comment