ဒိုးဒိုးဒေါက်ဒေါက် ဟာသများ
ခြေလေးခြောင်း
ဆရာ ။ တိရစ္ဆာ ၂ ကောင်ရဲ့အမည်ကိုပြောပါ။
သူတို့မှာ ခြေလေးခြေလေးခြောင်းရှိရမယ်။
တပည့် ။ ကြက်ဖနှစ်ကောင်ပါဆရာ။
နောက်တစ်မျိုးက
ဆရာ ။သဘာဝတရားကြီးကိုတည်နေအောင်
ပေါင်းစပ်ဖွဲ့ စည်းထားတဲ့ဓတ်ကြီးလေးပါကိုဖြေပါ။
တပည့် ။ မြေ.၊လေ.၊မီး...မီးပြီးတော့...ပြီးတော့...
ဆရာ ။မင်းလက်ကိုသန့်ရှင်းအောင် ဘာကိုသုံးရသလဲ..
တပည့် ။သိပါပြီ...ဆပ်ပြာ ပါဆရာ..
ရူပဗေဒ
ဆရာ ။မိုးခြိမ်းရင်လျှပ်စီးလက်တာကိုအရင်မြင်ရပြီး
အသံကိုနောက်မှကြားရတာ ဘာဖြစ်လို့လဲ..
တပည့် ။မျက်စိကနားထက်ရှေ့နည်းနည်း
ပိုရောက်နေလို့ပါ ဆရာ။
တာဝန်ကိုယ်စီ
ဆရာ ။မင်းရဲ့အိမ်စာတွေကိုဖြေဖို့
မင်းအဖေကိုချည်းအမြဲမေးနေတာပဲလား။
တပည့် ။အမေကအလုပ်မအားလို့ပါ ဆရာ။
မှန်ပေမယ့်မှားတယ်
ဆရာ ။စိတ္တဇနာမ်ဆိုတာပါလဲ..
တပည့် ။မသိပါဘူးဆရာ။
ဆရာ ။ထိလို့ကိုင်လို့မရတဲ့အရာ အမည်လေ..
တပည့် ။သိပါပြီဆရာ..
မီးဖိုပေါ်ကထမင်အိုးပါ။
No comments:
Post a Comment