Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed
Showing posts with label Curry knowledge. Show all posts
Showing posts with label Curry knowledge. Show all posts

Sunday, 17 March 2013

ပင်လယ်စာပဲကြာဇံသုတ်


ပင်လယ်စာပဲကြာဇံသုတ်
ချဉ်ငံစပ်လေးပါနော်။
ထမင်းပူပူလေးနဲ့ စားလဲကောင်းသလို သူ့ချည်းအတိုင်းစားလို့လဲကောင်းပါတယ်။
အမြည်းလုပ်စားလို့လဲအလွန်ကောင်းပေါ့နော်။

ပါဝင်ပစ္စည်းများ
-ပဲကြာဇံ – အထုပ်သေး၃စည်း(ရေအေးစိမ်ထားပါ) 
-ပုဇွန် ၁၀၀ ဂရမ်
-ပြည်ကြီးငါး ၁၀၀ ဂရမ်
-ငါးအသား ၁၀၀ ဂရမ်
-ကမာ ၁၀၀ ဂရမ်
–ဂျင်း နဲနဲထောင်းပြီး
-မုန်လာဥနီ(အချောင်းလေးများခြစ်ထား)
-ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီးလှီးပေးပါ)
-ငရုတ်သီးစိမ်း – ၅တောင့် (ပါးပါးလှီးထား)
-နံနံပင်(ပါးပါးလှီးထား)
- ကြက်သွန်ဖြူဆီချက် ၁ဇွန်း (စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း (စားပွဲတင်)
-သံပရာသီး – ၁ခြမ်း (အကြီး)
-ပဲငံပြာရည် အကြည် – ၁ဇွန်း (စားပွဲတင်)
- sweet chilli sauce ၃ဇွန်း (စားပွဲတင်)
-သကြား၁ဇွန်း (စားပွဲတင်)
-ငံပြာရည် ၁ဇွန်း (စားပွဲတင်)

Sauce ရည်အရင်လုပ်ထားပါ။
Sweet chilli sauce ၃ဇွန်း(စတပ)၊
သကြား၁ဇွန်း၊
ငံပြာရည် ၁ဇွန်း၊
ပဲငံပြာရည် အကြည် ၁ဇွန်း, 
သံပရာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ကိုရောမွှေထားပါ။

ုပြင်ဆင်နည်း
ပုဇွန်၊ ငါး တို့ကို ၃မိနစ် လောက် ဂျင်းအနဲငယ်နဲ့ပြုတ်ပါ။
ပုဇွန်းအကွေးငါးအနွေးပေါ့နော်။
ပြည်ကြီးငါးလေးများကို အကွက်လေးများဖော်ပြီးလှီးထားပြီး ၅မိနစ် ဂျင်းထဲ့ပြီးပြုတ်ပါ။
ကမာကိုလဲ ထိုနည်းအတိုင်း၅ မိနစ် ပြုတ်ပါ။
ပြုတ်ပြီးသား ပုဇွန်၊ ငါး၊ ပြည်ကြီးငါး၊ ကမာ တို့ ပြုတ်ပြီး ပြီးချင်းရေအေးဆေးပြီ စစ်ထားပါ။

 
ရေစိမ်ထားသော ကြာဇံလေးများကို ရေနွေးဖျောပြီး ရေအေးနဲ့ဆေးပြီးစစ်ထားပါ။
ရေအေးဆေးရတဲ့ ရည်ရွယ်ချက်က ကြာဇံလေးများ အပူရှိန်နဲ့ အနူးမလွန်အောင် ၊ စားတဲ့အခါ လတ်ဆတ်အောင်ပါ။
 
ကြာဇံလေးစသုတ်ရအောင်
ကြာဇံကို ဇလုံတခုထဲ ထဲ့ပြီး ပုဇွန်၊ ငါး၊ ပြည်ကြီးငါး၊ ကမာ တို့ ထဲ့၊
မုန်လာဥအချောင်းလေးများ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့
ကို ကြက်သွန်ဖြူဆီချက် ၁ဇွန်း၊ ကြက်သားမှုန့်၁ ဇွန်းထဲ့ပြီး ခပ်ဖွဖွ နယ်ပေးပါ။


ပြီးရင် ကြာဇံများကို ပြင်မဲ့ပန်းကန်ပေါ် ပြင်ဆင်ပြီးထဲ့ပါ။ အပေါ်က Sauce ကိုဖြူးပြီတင်လိုက်ပါ။
စားကာနီးရင် နံ့အောင်မွှေပြီး အရသာရှိရှိ သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီ


အကြောင်းအရာ: အသုပ်လုပ်နည်း

Thursday, 4 October 2012


မေက ဟင်းတွေ ချက်စားရတာထက် အသုပ်လေးတွေ သုပ်စားရတာကြိုက်တယ်။ အသုတ်တွေကို အမြဲတမ်းလုပ်စားဖြစ်တယ်။ ချဉ်ချဉ်စပ်စပ် အသုပ်လေးတွေကို နှစ်သက်ခုံမင်စွာ စားတတ်သူလေးပေါ့။ နောက်တစ်ခုက အသီးအရွက်တွေကို စားရတာကို အရမ်းနှစ်သက်တယ်။ အသားငါးတွေ စားသုံးရတာထက်ခုံမင်တယ်။ အများအားဖြစ်တော့ အသီးအရွက်တွေကိုပဲ စားဖြစ်တာများတယ်။ (ဟီးး  အသားငါး ဝယ်မစားနိုင်တာကို လူကြားကောင်းအောင်ပြောနေတာ)
အသီးအရွက်ကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တာကြောင့် ထိုအသီးအရွက် ၊အနှံတွေထဲကပဲ တစ်နေ့တစ်နေ့ ဘာလေးကို ဘယ်လို လုပ်စားရမှာလဲ တွေးနေဖြစ်။ ချက်စားပြုတ်စားရတာကို ဝါသနာပါပြီး အစားအစာ အသစ်လေးတွေကို စမ်းသပ်ပြီး ချက်ပြုတ်စားသောက်ရတာကိုလဲ ခုံမင်သူလေးပါ။။
ဒီနေ့တော့ စားနေကြတွေထဲမှ ဗိုလ်စားပဲသီးကို ဘယ်လိုစားရင်ကောင်းမလဲလို့ တွေးပြီး ဗိုလ်စားပဲသီးတွေကို အစိမ်းကြော်ထဲ ထည့်ပြီးကြော်စားတာ ၊ ဟင်းချက်စားတာ၊ သူ့ချည်းသက်သက်ကြော်စားတာ၊အသားတွေနဲ့ ရောပြီးကြော်စားတာမျိုးတွေ ရှိခဲ့ပေမယ့် ယခုလိုသုပ်စားတာမျိုးတော့ မရှိခဲ့သေးပါဘူး။
နိုင်ငံခြားသား အသိတစ်ယောက်က မြန်မာပဲသီးသုပ်ဆိုပြီး စာတမ်းလေးပြုစုရေးသားတာတွေ့တော့ မေလဲ စမ်းသပ်ကြည့်မယ်ဆိုပြီး သုပ်စားကြည့်တာ။ ဘယ်မြန်မာတစ်ယောက်က ထိုနိုင်ငံခြားသားကို သုပ်ကျွေးလိုက်ပြီး မြန်မာအသုပ်လို့ ခေါ်တွင်စေလဲတော့မသိခဲ့ပါ။ ထိုပဲသီးသုပ်ကတော့ မြန်မာမဆန်ခဲ့တာ အမှန်ပါပဲ။ ပုံမှန်အားဖြစ် မြန်မာအသုပ်တွေကအဆိမ့်သုပ်လို့ ခေါ်တွင်နိုင်သည့် ပဲမှုန့်၊မြေပဲမှုန့်၊ဆီချက် စသည်တို့ကိုသုံးပြီး အရသာဆိမ့်ဆိမ့် ၊ ချဉ်ငန်စပ်အရသာကို အခြေခံပြီးသုပ်စားကြတာပါ။ ယခုပဲသီးသုပ်မှာတော့ မြန်မာမဆန်ဘဲ အနည်းငယ် ထိုင်းစတိုင်ဆန်ဆန်ကို အနောက်တိုင်းစတိုင် ရောယှက်ထားတာတဲ့ အရသာမျိုးပါ။ မြန်မာတစ်ယောက်က သုတ်ကျွေးလို့ မြန်မာအသုပ်ဆိုသည့် စာရင်းထဲ ထည့်ထားပုံရပါတယ်။
အစားအသောက်အသစ်အဆန်းလေးတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတွေလဲ စိတ်ပါဝင်စားပါက သုပ်စားနိုင်ရအောင် ထိုအသုပ်သုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်နော်။
သက်သတ်လွတ်စားသုံးသူများအတွက်လဲ အဆင်ပြေသည့် အသုပ်လေးပါ။

ပဲသီးသုပ်ရန် ပါဝင်သော ပစ္စည်းများ

၁။ ဗိုလ်စားပဲသီး ၁၅ ကျပ်သားခန့်
၂။ဆား ကော်ဖီဇွန်းတစ်ဝက်ခန့်
၃။ သံပရာသီး တစ်လုံး
၎။ကြက်သွန်နီဥ အသေးနှစ်လုံး (ကြီးလျှင် တစ်ဥပဲ သုံးပါ)
၅။ကြက်သွန်ဖြူဥကြီး ၃ မွှာ
၆။ငရုတ်သီးစိမ်း ၄၊၅ ထောင့်ခန့်
၇။ပဲငံပြာရည်အချို (သို့) ပဲဆီ စားပွဲတင်ဇွန်း ၁ဇွန်း
၈။ သကြား ကော်ဖီဇွန်း ၂ဇွန်း
၉။မြေပဲဆီ (သို့) နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
၁၀ ။ နံနံပင် ၂ပင်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပဲသီးများကို မိမိစိတ်အကြိုက်အရွယ်အစား ပိုင်းဖြတ်လိုက်ပါ။
၂။ မီးဖိုပေါ်တွင် ရေနွေးတည်၍ ရေထဲတွင် ဆားကော်ဖီဇွန်းတစ်ဝက်နှင့် ခြစ်ယူထားသော သံပရာခွံတို့ကို ထည့်ပြီး ရေနွေးကိုဆူအောင်တည်ပါ။
သံပုရာခွံကို ခြစ်နှင့် ခြစ်ယူရာတွင် အစိမ်းရောင် အခွံကိုသာ ခြစ်ယူပါ။ အစိမ်းရောင်အောက်က အဖြူသားများကိုပါ ခြစ်ယူမိလျှင် အရသာမှာ ခါးသက်သွားနိုင်ပါသည်.။ မေ နမူနာ ပြထားပါတယ်။ သံပရာသီးတစ်လုံးခြစ်ယူလျှင် အနည်းငယ်သာ ရနိုင်ပါသည်.။ ထိုအနည်းငယ်သည် လိုအပ်သည့် အနံ့အတွက်လုံလောက်ပါပြီ။ များများရအောင် အဖြူသားတွေကိုပါ ဖြစ်ယူနေမည် စိုးသောကြောင့်ပါ။

ရေနွေးဆူလာပြီးဆိုလျှင်တော့ ပဲသီးထည့်ပြီး  (၅)မိနစ်ခန့် ပြုတ်လိုက်ပါ။ အဖုံးဖွင့်၍ ပြုတ်ပါ။ သို့မှသာ အရောင်မပြောင်းပဲ အစိမ်းရောင်အတိုင်း ကျန်နေမည်။
ပဲသီးနူးလောက်ပြီးဆိုရင်တော့ ရေအေးအေးလေး လောင်းဆေးပြီး အေးသွားလျှင် ရေစစ် ထားလိုက်ပေါ့။
၃။ ငရုတ်သီး၊ကြက်သွန်ဖြူနီကို ဆုံထဲထည့်ထောင်းပြီး ညက်သွားလျှင် ဆီ၊ပဲဆီ၊သကြား၊သံပရာရည်၊ဆားအနည်းငယ် (အချိုမှုန့်ထည့်လိုက အနည်းငယ်ထည့်နိုင်ပါသည်) တို့ကို ရောမွှေပြီး ပြုတ်ထားသည့် ပဲသီးပေါ် ဆမ်းလိုက်ပြီး သမအောင်မွှေလိုက်လျှင် ချဉ်ချဉ်စပ်စပ် ပဲသုတ်လေး တစ်ပွဲ ရပါပြီ။ နံနံရွက်လေးတွေကို ပါးပါးလှီးပြီး အပေါ်မှာဖြူး အလှဆင်လိုက်ပေါ့။
သက်သတ်လွတ် စားသုံးသူများအတွက်လဲအသုပ်လေးတစ်ပွဲ ရပါပြီ။
ပြုလုပ်ရသည်မှာလဲ လွယ်ကူ၊ အချိန်ကုန်လည်း သက်သာသည့် ချဉ်ငံစပ် ဗိုလ်စားပဲသီးသုတ်လေးကို သုံးဆောင်ကြပါရှင်။





..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်






Views: 11