Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Sunday, 30 June 2013

SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

ရေးသားတင်ပြသူ မိုးတိမ် မှ ဂျွန် 27, 2013 တွင် 7:52am အထဲမှာ သင်ဆွေးနွေးလိုသည့်အကြောင်းအရာကိုရွေးပေးပါရန်
လျှို့ဝှက်မေး(လ်)ပို့ရန် View Discussions




ကဲ မနက်စောစော Facebook ဖွင့်ကြည့်တော့ သတင်းလေး တစ်ခုဖတ်ပြီး အံ့သြသွားတယ် ။


အရင်က သိမှ မသိခဲ့တာ ။ ခုမှ ပဲ သိတော့တယ် ။


ဘော်ဘော်တို့လဲ ဖတ်ကြည့် ။ ပြီးရင် စပြီး စစ်ဆေးတော့ဗျို့……..။


ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့


SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က


420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့


။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ


တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး


SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း


ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ


မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ


ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း


တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး


နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့


official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်


ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in


Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင်


Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi


ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်


ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့


ခင် ဗျာ။ သိစေချင်လို့ ပြန်လည်မျှဝေပေးလိုက်တာပါ


အကြောင်းအရာ: သတင်း
Print Friendly and PDF

Thursday, 20 June 2013

Windows 7 အကြောင်း

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
            Windows 7 Operating System ကို ထုတ်လုပ်တဲ့ Company ကတော့ Microsoft ဖြစ်ပါတယ်။ Client Operating System ဖြစ်ပြီး သူ့ရှေ့ထုတ်လုပ်ခဲ့တဲ့ Windows Operating System တွေကတော့ Windows 3.1, Windows 95, Windows 98, Windows me, Windows 2000, Windows XP,  Windows XP, Windows Vista တို့ပဲဖြစ်ပါတယ်။ Windows XP မှာ အထူးအောင်မြင်ခဲ့တဲ့ Microsoft ဟာ Vista ကိုထွက်ရှိလာတဲ့အခါ ထင်သလောက် အောင်မြင်မှုမရှိပဲ ဝေဖန်မှုများနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
Windows Vista ဟာ လူတွေအသားကျနေတဲ့ XP နဲ့ မတူညီတဲ့ အသွင်အပြင်တွေကြောင့် အသုံးပြုရ ခက်ခဲနေရတဲ့ကြားထဲ သူထွက်ရှိတဲ့အချိန်မှာ သုံးနေကြတဲ့ Computer Hardware တွေနဲ့ နှိုင်းယဉ်ချိန်ဆကြည့်ရင် Hardware Requirement ကမြင့်မားလွန်းတာကြောင့် အလွန်လူကြိုက်များ လာမယ်လို့ မျှော်မှန်းခဲ့တဲ့ Microsoft ရဲ့ Vista ဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ ဒီကြားထဲ အရင်က OS တွေမှာ အသုံးပြုခဲ့တဲ့ Software အချို့ဟာ Vista မှာ အသုံးပြုလို့ မရတာကြောင့် Vista တင်ပြီးမှ XP ကို ပြန်ပြီး Downgrade လုပ်ကြရတဲ့သူတွေလည်း များခဲ့ပါတယ်။ ဒီလို Vista ရဲ့ မအောင်မြင်မှုအပေါ် ဖုံးလွှမ်းနိုင်ဖို့ Windows 7 ကိုထုတ်လုပ်ခဲ့ပါတယ်။
            Windows 7 ဟာ Vista နဲ့ အသွင်သဏ္ဍာန် နည်းနည်းဆင်တူပေမယ့် Windows 7 ထွက်ရှိတဲ့ အချိန်မှာ သုံးနေကြတဲ့ Hardware Requirement တွေနဲ့ဆိုရင် တော်တော်များများ အဆင်ပြေမှုရှိတာရယ်၊ Software အဟောင်းတွေ ပြန်လည်အသုံးပြုလို့ရတာတွေနဲ့ Vista ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ပိုမိုလုံခြုံမှုရှိအောင် ထုတ်လုပ်နိုင်ခဲ့တာကြောင့် လူကြိုက်များလာပြီး အောင်မြင်လာခဲ့ပါတယ်။ Windows 7 ကို အသုံးပြုတဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းပေါ်မူတည်ပြီး Edition တွေအမျိုးမျိုးရှိပါတယ်။
Windows 7 မှာဆိုရင် Edition ၆ မျိုးရှိပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 Edition တွေကတော့...
1.         Windows 7 Starter Edition
2.         Windows 7 Home Basic Edition
3.         Windows 7 Home Premium Edition
4.         Windows 7 Professional Edition
5.         Windows 7 Enterprise Edition
6.         Windows 7 Ultimate Edition တို့ဖြစ်ကြပါတယ်။
            ဒီ ၆မျိုး ထဲမှာမှ Starter, Home Premium, Professional နဲ့ Ultimate တို့ကိုတော့ လူသိများပါတယ်။
1. Starter Edition အကြောင်း
            Starter Edition ကတော့ ပေါ့ပါးမှုရှိတယ်။ သူ့ကို Network Computer တွေမှာသုံးဖို့ Design ထုတ်ထားတာပါ။ သူ့မှာ Media Center Feature မပါရှိပါဘူး။ မှန်လိုမျိုးဖောက်မြင်ရတဲ့ Transparent ဖြစ်တဲ့ Areo Glass Feature မပါရှိပါဘူး။ Multiple Monitor Support လုပ်နိုင်တဲ့ နည်းပညာလိုမျိုးတွေ မပါရှိပါဘူး။ Windows 7 ရဲ့ Edition တွေထဲမှာဆိုရင်တော့ အနိမ့်ဆုံးပါပဲ။ Taskbar ကနေ Thumbnail View ကြည့်တဲ့ Feature လိုမျိုးတောင် မပါဝင်ပါဘူး။ Internet Connection ကိုလည်း Share လုပ်လို့မရပါဘူး။
2. Home Basic Edition အကြောင်း
            ကျွန်တော်ကတော့ ဒီ Home Basic Edition ကမှ Windows 7 ရဲ့ Windows အတွေ့အကြုံတွေကို တကယ်စပြီး ခံစားရတယ်လို့ ထင်ပါတယ်။ Starter မှာ မရရှိခဲ့တဲ့ Aero နည်းပညာကို အကန့်အသတ်ဖြင့် အသုံးပြုခွင့်ရပါတယ်။ သူ့မှာလည်း Media Center မပါရှိပါဘူး။ အခုပေါ်နေတဲ့ နည်းပညာအသစ်ဖြစ်တဲ့ Multitouch နည်းပညာကို အသုံးပြုလို့မရပါဘူး။ Multitouch ဆိုတာကတော့ Touch Screen Monitor တွေလို နည်းပညာတွေကိုပေါ့။ ဒါတွေကိုလည်း အသုံးပြုလို့ မရပါဘူး။ ဒီ Edition မှာတော့ Taskbar ကနေ Thumbnail Preview ကြည့်လို့ရပါတယ်။ Multi Monitor ကိုလည်း Support လုပ်ပြီး၊ Internet Connection ကိုလည်း Share လုပ်လို့ရပါတယ်။
3. Home Premium Edition အကြောင်း
            ဒီ Home Premium Edition ကတော့ အိမ်သုံး User တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး ဈေးနှုန်းမြင့်လာသလို ပါဝင်တဲ့ Feature တွေလည်း ပိုမိုများပြားလာပါတယ်။ ရှေ့က Edition တွေမှာ မရတဲ့ Aero, Media Center, Multitouch စတဲ့ Feature တွေလည်း ပါဝင်လာပါတယ်။ Aero နည်းပညာကို ဒီ Edition ရောက်မှ အပြည့်အ၀ ခံစားရရှိနိုင်ပါတယ်။ Network ပိုင်းမှာလည်း Homegroup ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် Remote Desktop Host အနေနဲ့တော့ အသုံးပြုလို့ မရပါဘူး။
4. Professional Edition အကြောင်း
            ဒီ Professional Edition ကိုတော့ Home Worker, Home Office, Small Bussiness တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ရှေ့က Edition တွေမှာပါတဲ့ Feature တွေအပြင် Network Backup, Encrypting File System စတဲ့ နည်းပညာတွေပါဝင်လာပါတယ်။ Remote Desktop Host ကို အသုံးပြုလို့ရပြီး Windows XP Mode ကို အသုံးပြုနိုင်ပါပြီ။ Windows XP Mode ဆိုတာကတော့ Windows Vista တုန်းက Windows XP မှာ အသုံးပြုလို့ရပေမယ့် Vista မှာ အသုံးပြုလို့မရတဲ့ Software တစ်ချို့ကြောင့် User တွေ အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒါကို ဖြည့်ဆည်းတဲ့အနေနဲ့ Windows 7 မှာတော့ Windows အသစ်တွေမှာ မ Run နိုင်တဲ့ Software တစ်ချို့၊ ဥပမာ Windows XP မှာသာ အသုံးပြုနိုင်တဲ့ Software မျိုးကို Windows 7 မှာ အသုံးပြုနိုင်ဖို့ Windows XP Mode ဆိုတဲ့ Program ပြုလုပ်ထားပြီး အဲ့ဒီ Program က Windows XP တင်ထားတဲ့ ကွန်ပျူတာတစ်လုံးလို Virtual Machine အနေနဲ့ ထည့်သွင်းအသုံးပြုတာပါ။
5. Enterprise Edition အကြောင်း
            Enterprise Edition မှာတော့ Professional Edition က Feature တွေ အားလုံးပါဝင်ပါတယ်။ ဒါ့အပြင် BitLocker Protection, Direct A****s, Federated Search စတဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ ဒါပေမယ့် Enterprise Edition ကို အများအပြား ၀ယ်ယူအသုံးပြုတဲ့ Company တွေကိုသာ လက်ကား ရောင်းချပေးပါတယ်။
6. Ultimate Edition အကြောင်း
            User တွေအတွက်တော့ ဈေးကြီးပြီး Feature အစုံလင်ဆုံး Edition ပေါ့။ ပါဝင်တဲ့ Feature တွေကတော့ Enterprise Edition နဲ့တူတူပါပဲ။ Language ၃၅ မျိုးကို ရွေးချယ်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Enterprise နဲ့ ကွာတာကတော့ User တွေလည်း လက်လီဝယ်ယူ အသုံးပြုလို့ ရပါတယ်။
            ဒီတော့ ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် Starter ကို Netbook တွေမှာ အသုံးပြုကြပြီး၊ Home Basic နဲ့ Home Premium ကို အိမ်သုံး User တွေ အသုံးများပြီး၊ Professional ကိုတော့ Business အသေးစားလေးတွေမှာ သုံးကြတာများပါတယ်။ Enterprise ကိုတော့ Enterprise Level Company တွေမှာ Client အနေနဲ့ သုံးကြပြီးတော့၊ Ultimate ကိုတော့ ဈေးနှုန်းများလွန်းတဲ့အတွက် Corporate လုပ်ငန်းတွေမှာ Client အဖြစ်သုံးပြီး၊ ငွေကြေးတတ်နိုင်တဲ့ User တွေလည်း ၀ယ်ယူအသုံးပြုကြပါတယ်။
Windows 7 Edition တွေရဲ့ Feature တွေကို နှိုင်းယှဉ်ကြည့်ခြင်း
            Windows 7 ရဲ့ Edition တွေမှာရရှိနိုင် Feature အသေးစိပ်ကိုလည်း အောက်မှာ Table ဆွဲပြထားပါတယ်။ Enterprise ကိုတော့ Ultimate နဲ့ အတူတူပဲ ဖြစ်တဲ့အတွက် ထည့်ပြီး မဆွဲပြတော့ပါဘူး။


Windows 7
Starter
Windows 7
Home Basic
Windows 7
Home Premium
Windows 7
Professional
Windows 7
Ultimate
Improved task bar
and jump lists
a
a
a
a
a
Windows Media
Player
a
a
a
a
a
Backup and restore
a
a
a
a
a
Thumbnail Previews
from taskbar

a
a
a
a
Multi monitor support

a
a
a
a
internet connection
sharing

a
a
a
a
Aero glass and advanced
windows navigation


a
a
a
Windows Media Centre


a
a
a
Create a home group


a
a
a
Snipping tool and
sticky notes


a
a
a
Remote Desktop Host


a
a
a
Windows  XP mode



a
a
Multi language packs



a
a
Boot from virtual hard
drive




a

Windows 7 ရဲ့ System Requirement တွေကတော့ 32-bit နဲ့ 64-bit System အတွက်ဆိုပြီး ၂ မျိုး ခွဲခြားထားပါတယ်။ Processor ကတော့ 32-bit ကော 64-bit မှာပါ 1GHz နဲ့အထက်ရှိတဲ့ Processor သုံးထားရမှာဖြစ်ပြီး၊ RAM ကတော့ 32-bit အတွက်ဆို 1GB နဲ့ 64-bit အတွက်ဆို 2GB လိုအပ်ပါတယ်။ Harddisk ရဲ့ နေရာလွတ်ကတော့ 32-bit အတွက်ဆို 16GB နဲ့ 64-bit အတွက်ဆို 20GB ကျန်ရှိနေရပါမယ်။ Graphic အနေနဲ့ကတော့ DirectX 9 ကို Support လုပ်နိုင်တဲ့ Graphic Device ဖြစ်ရပါမယ်။ စာဖတ်သူအနေနဲ့ ပိုပြီး ရှင်းရှင်းလင်းလင်း သိသွားအောင် အောက်မှ ပုံစံကို ကြည့်လိုက်ပါ။
32-bit (x86) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           1 GB
Harddisk (Disk space)    -           16 GB
64-bit (x64) System
Processor (CPU)             -           1 Gigahertz (GHz)
RAM                              -           2 GB
Harddisk (Disk space)    -           20 GB
            Graphic ပိုင်းမှာက Aero Theme ကို လိုချင်တယ်ဆိုရင်တော့ Computer မှာ တင်ဆင်ထားတဲ့ Graphic Card သို့မဟုတ် Onboard Chip ဟာ Memory 128 MB ရှိပြီး DirectX 9 ကို Supports လုပ်နိုင်ရပါမယ်။ 32 bit နဲ့ 64 bit System အဓိက ကွာခြားချက်ကတော့ CPU ဟာ Information တွေကို Handles လုပ်တဲ့နေရာမှာပဲ ဖြစ်ပါတယ်။ 64 bit မှာဆိုရင် RAM ပမာဏ အများအပြားကို Handles လုပ်နိုင်လို့ 32 bit ထက်ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။32 bit system မှာတော့ RAM ကို 4 GB အထိသာ Support လုပ်ပါတယ်။ ဒါကြောင့် Program တွေ အများအပြားကို တပြိုင်နက်အသုံးပြုတဲ့အခါ ပိုသိသာပါတယ်။ အခုပြထားတဲ့ System Requirement တွေက Minimum ဖြစ်တာကြောင့် 64 bit System ကိုသုံးရင် အခုပြထားတဲ့ Requirement ပမာဏထက်များမှသာ ပိုပြီးသုံးလို့ အဆင်ပြေမှာပါ။
            Windows 7 ကို Install လုပ်တဲ့အခါ Windows 7 ရဲ့ Installer ဟာ DVD ဖြစ်တာကြောင့် DVD Drive လည်း ရှိရပါမယ်။ Windows 7 ကို Install လုပ်ရင် Upgrade နဲ့ Clean Install (or) Custom Install ဆိုပြီး နှစ်မျိုးရှိပါတယ်။ Upgrade ကိုတော့ Windows Vista (SP1, SP2) မှသာ ပြုလုပ်လို့ရနိုင်ပါတယ်။ Windows Edition တစ်ခုကနေ သူ့ထက်မြင့်တဲ့ Edition တစ်ခုကိုလည်း Upgrade လုပ်လို့ရပါတယ်။ ဒါပေမယ့် Vista ကပဲဖြစ်ဖြစ်၊ Windows 7 Edition အချင်းချင်းပဲဖြစ်ဖြစ် Upgrade လုပ်တဲ့အခါမှာ သူက သက်မှတ်ချက်တွေရှိပါတယ်။ ဥပမာ Vista Home Basic ကနေ Windows 7 Professional ကို Upgrade လုပ်လို့မရသလို၊ Vista Professional Edition ကနေ Windows 7 Professional Edition ကို Upgrade လုပ်လို့မရပါဘူး။
Ref: ဆရာဦးဇော်လင်း(Youth) ရဲ့ ရေးသားချက်လေးပါ။
....နည်းပညာဆိုတာ ကလိစရာလို့ အလွယ်မှတ်ထား ....
ဒါမှ လွယ်ပါလားဆိုပြီး ကလိမှ နည်းပညာကိုသိမှာ....
အိမ့်(သိုးမဲလေး)
Print Friendly and PDF

Blue Screen Error ပြဿနာ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
Blue Screen Error ဆိုတာကတော့ Computer အသုံးပြုသူများ ကြုံတွေ့ရ မယ့် ပြဿနာတစ်ခုဆိုရင်လဲ မမှားနိုင်ပါဘူး။ အဲဒီလိုမျိုး Monit…orပေါ်မှာ Blue Screen Page ပေါ်လာပြီဆိုရင် များသောအားဖြင့် Userတွေက Windows ပြန်တင်ဖို့ပဲ စဉ်းစားကြပါတယ်။ Windowsကြောင့် ဖြစ်တဲ့ Error မျိုးဆိုရင်တော့ Windows ပြန်တင်လိုက်လို့ ကောင်းသွားနိုင်ပေမယ့် တခြား Hardwareပိုင်း Error တစ်ခုခုကြောင့် ဖြစ်နေခဲ့မယ်ဆိုရင်တော့ Windows ပြန်တင်လိုက်ရင်လဲ အလကားပါပဲ အချိန်ကုန်တာပဲ အဖတ် တင်ပါလိမ့်မယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ Blue Screen Error ဖြစ်နိုင်သလဲ၊ မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ စသည်ဖြင့် လေ့လာကြည့်ကြရအောင်ဗျာ။ အရင်ဆုံး Bluescreen Errorက ဘယ်လို ကြောင့် ဖြစ်ရသလဲဆိုတာကို ပြောရရင် Computerရဲ့ Windows Operating Systemကနေ ထုတ်ပေးလိုက်တဲ့ Fatal Error Codeကြောင့် ဖြစ်ပါတယ်။ ဒီ Error Codeက ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ အခု အသုံးပြုနေတဲ့ Windows OSကို ပြန်ပြီး Recover အနေနဲ့လဲ ပြန်လုပ်လို့ မရတော့ပါဘူး။ အခု အသုံးပြုနေတဲ့ OS ကတော့ Crash ဖြစ်သွားပါပြီဆိုတဲ့ အကြောင်းကို အသုံးပြုသူတွေကို လှမ်းအကြောင်း ကြားခြင်း ဖြစ်ပါတယ်။ အဲဒီလိုမျိုး ပေါ်လာတဲ့ Blue Screen Error Pageပေါ်မှာ ပါတဲ့ Error Codeတွေကို ဖတ်ပြီးတော့လဲ Windowsကြောင့် ဖြစ်တာလား ဒါမှမဟုတ် အခြားသော Memory၊ Hard Disk၊ Motherboard စသည့် Hardware အစိတ်အပိုင်းတွေကြောင့် ဖြစ်တာလား ဆိုတာကို ခွဲခြားလို့ ရပါတယ်။ နောက်တစ်ခုကတော့ Windows Filesတွေ ရှိတဲ့ Partition (ဥပမာ) C: Partition ဆိုပါစို့။ သူ့အောက်မှာ ရှိတဲ့ Windowsရဲ့ System 32ထဲက File တစ်ခုခု ပျက်သွားမယ်ဆိုရင်လဲ Blue Screen ပေါ်လာပြီး Windowsနဲ့ ပတ်သက်တဲ့ Error Page ဖော်ပြတတ်ပါတယ်။ Memory ကြောင့်လဲ ဖြစ်တတ်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာလဲ ဆိုတော့ Program တစ်ခုကို ဖွင့်လိုက်တဲ့အချိန်မှာ ကိုယ်သုံးထားတဲ့ Memoryက အဲဒီ Programကို မနိုင်ဘူးဆိုရင် စက်ဟန်းသွားတာတို့ Blue Screen Error တက်ပြီး Restart ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ Memoryက လုံးဝ ပျက်သွားတာမျိုး မဟုတ်ပဲနဲ့ Memory အစိတ်အပိုင်းတစ်ချို့ ပျက်သွားတာတို့၊ Memory လွတ်နေတာတို့၊ နောက်တစ်ခုက Memory ရဲ့ အောက်ခြေမှာ ရှိတဲ့ ကြေးငုတ်လေးတွေက ဖုန်တက်နေတာတို့ ဂျီးတက်နေတာတို့ ဖြစ်နေမယ်ဆိုရင် Memoryနဲ့ ပတ်သက်တဲ့ Blue Screen Error တက်နိုင်ပါတယ်။ နောက်တစ်ခုက Hard Disk ကြောင့်လဲ Blue Screen Error တက်နိုင်ပါတယ်။ Hard Disk ကြောင့် အဖြစ်များတာကတော့ Hard Diskမှာ Bad Sector ဖြစ်နေတဲ့ အခါမျိုး၊ Hard Disk ပျက်တဲ့ အခါမျိုးတွေမှာလဲ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ Blue Screen Error အဖြစ်အများဆုံး Errorတွေပါ။ ဒါဆိုရင် Blue Screen Error မဖြစ်အောင် ဘယ်လို ကာကွယ်မူတွေ ပြုလုပ်ကြမလဲ။ ၁။ windowsရဲ့ System Fileတွေကို Virusတွေ မဖျက်ဆီးနိုင်အောင် Antivirus Softwareတွေ တင်ထားပေးရပါမယ်။ နောက်ပြီးတော့ Update ဖြစ်အောင် ပြုလုပ်ထားရပါမယ်။ ၂။ Hard Disk Cleaning Toolတွေ Error စစ်ပေးတဲ့ Toolတွေ Windows Systemပိုင်း Registryပိုင်း ပြင်ဆင်ပေးတဲ့ Softwareတွေ တင်ထား ပေးသင့်ပါတယ်။ ၃။ Cmputer System ပုံးထဲမှာ ရှိတဲ့ Mother Board၊ CPU၊ Memoryတွေ ပေါ်မှာ ရှိတဲ့ ဖုန်တွေ ဖယ်ရှားပေးရပါမယ်။ Motherboardပေါ် ဖုန်တွေ အများအပြား ရှိနေခြင်းဟာ Systemရဲ့ အပူချိန်ကို မြင့်တက်စေပြီး ကိုယ့် Computerရဲ့ Performanceကို နှေးကွေးသွားစေပါတယ်။ Blue Screen Error မတက်အောင် ကာကွယ်ဖို့အတွက် နောက်ထပ် တစ်နည်းကတော့ Windowsပေါ်မှာ ပြုပြင်ပေးရပါမယ်။ အရင်ဆုံး My Computerကို Right Click နှိပ်ပြီး Propertiesထဲကို သွားပါ၊ ပြီးရင် Advanced System Settingထဲကို ဝင်ပါ။ System Properties Box ကျလာရင် Startup and Recoveryဆိုတဲ့ Itemရဲ့ Settingထဲကို ဝင်လိုက်ပါ။ ပြီးရင် Sytem Failure အောက်က Automatically Restart ဆိုတဲ့ Check Boxက အမှန်ခြစ်လေးကို ဖြုတ်ပေးပြီး Apply ၊ Ok နှိပ်လိုက်ရင် ရပါပြီ။ ဒီလောက်ဆိုရင်တော့ Blue Screen Errorနဲ့ ပတ်သက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။
အဆင်ပြေကြပါစေ… မောင်ပေါက်
အကြောင်းအရာ: နည်းပညာ
Print Friendly and PDF

Tuesday, 18 June 2013

သူငယ်ချင်းတွေအတွက် Virtual Router Installer" on တေးသီငှက်

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock

တေးသီငှက် 


►ФИГХТ ФИГХТ◄ started the discussion "သူငယ်ချင်းတွေအတွက် Virtual Router Installer" in the group ဆော့ဝဲကျောင်းတော် (လိုချင်သော ဆော့ဝဲလ်တွေ ဒီမှာဒေါင်းလို့၇ပြီ) on တေးသီငှက်

------------
ဒါလေးကတော့ Wifi ပြန်လွင့်ပေးတဲ့ဆော့ဝဲလ်လေးပါကိုယ်နဲ့တူတူသုံးနေတဲ့ဘော်ဘော်တွေစက် Wifi လိုင်းအပြည့်မရရင်ကိုယ့်ဆီကပြန်လွင့်ပေးရင်
လိုင်းဒိတ်ဒိတ်အပြည့်ရပါတယ်ယူချင်ရင်အောက်မှာယူလိုက်နော်

Downloat .....Virtual Roual Installer (http://www.mediafire.com/download/38lclj4bi1rqsl7/VirtualRouterInstaller.rar)

ပုံလေးကြည့်လိုက်နော်လုပ်နည်းလေးကလွယ်လွယ်လေးပါ
(http://api.ning.com:80/files/jnGKJh3gfceSO5-Q0GIIkEEKBlgnG6pFdo1Kbu2UReu2o8WW5BWeN9pffTJsiwHH2SsbdRQQ6qskXzicoQdIzf8XWpB-uyvM/fightfight.jpg)

Network Name (SSID) ဆိုတဲ့နေရာမှာကိုယ်လွင့်ထားချင်တဲ့နာမည်ထည့်လိုက်ပါ

Password နေရာမှာတော့ကိုယ်ကြိုက်တဲ့ပါ့ကိုထည့်ထားလိုက်ပေါ့မထည့်ရင်လည်းရပါတယ်အကုန်သူသုံးလို့ရတာပေါ့ပါ့မထည့်ရင်

Shared Connection မှာကသူ့ အလိုလိုပေါ်ပါတယ်ဘာမှထည့်စရာမလိုပါဘူး

ပြီးရင် Start Vietual Router ကိုနှိပ်လိုက်တော့ကျနော်ကလွင့်ထားတဲ့ပုံပါ

ရပ်လိုက်မယ်ဆိုရင် stop ပေါ့လွယ်လွယ်လေးပါဘော်ဘော်တို့လိုင်းကိုကောင်းမွန်စွာသုံးနိုင်ပါစေ
------------
Print Friendly and PDF

သင့်ကွန်ပြူတာမှ မိုဘိုင်ဖုန်းများသို့ Message ပို့နည်း

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
ဒီနေ့တော့ မိမိကွန်ပြူတာကနေ ဖုန်းတွေဆီကို မက်ဆေ့(ခ်ျ) ပို့နည်းလေးကို ညီငယ်လေး မင်းမင်းတင် နှင့် မောင်မောင်ဦးတို့ နှင့်အတူ အခြား မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်...
လုပ်နည်းလေးကလည်း အရမ်းကိုလွယ်ပါတယ်...
  1. မိမိအသုံးပြုတဲ့ အီးမေး(လ်) ပရိုဂရမ်တခုခုကို ဖွင့် ပြီး ပုံမှာပြထားတဲ့အတိုင်းအီးမေး(လ်) အသစ်ပို့ရန် အဆင်သင့် ဖော်ထားလိုက်ပါ ။(Gmail,hotmail,yahoo mail, Etc...)
  2. မိမိ Message ပို့လိုတဲ့ဖုန်းနံပါတ်ကို To: နေရာမှာ number@teleflip.com ဒီပုံစံနဲ့ထည့်ပါ ။ ဥပမာ-ပို့လိုတဲ့ဖုန်းနံပါတ်က123-456-7890 ဆိုရင် 1234567890@teleflip.com ဒီလိုမျိုးရေးထည့်ပေးလိုက်ပါ။
  3. စာလုံးရေ 160 ထက်မပိုအောင်ရေးပြီး send ခလုတ်ကို နှိပ်ပြီး ပို့လို့ရပါပြီ...မိမိပို့လိုက်တဲ့ မက်ဆေ့(ခ်ျ) မကြာခင်အတောအတွင်းမှာေ၇ာက်ရှိသွားပါလိမ့်မယ်...သေချာမှုရှိမရှိ သိချင်ရင်တော့ မိမိ ကိုယ်ပိုင်ဖုန်းနဲ့ အရင်စမ်းသပ်ကြည့်လိုက်ကြပါနော်...
စကားချပ် : မိုဘိုင်ဖုန်းအိပ်ချိန်းကုမ္မဏီတွေအားလုံး သူတို့ရဲ့ဖောက်သည်များအတွက် မက်ဆေ့(ခ်ျ) အတိုနဲ့ အီးမေး(လ်) တွေကို မိုဘိုင်ဖုန်းတွေကနေ လက်ခံရရှိနိုင်ရန်အတွက် teleflip.com ဆိုတဲ့ Domain Name ကိုအသုံးပြုကြပါတယ်။ ဒီအပြင်အသုံးပြုကြတဲ့ Domain Name တချို့ကိုလည်း ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်...
  • Alltel : @ message.alltel.com
  • Nextel : @ messaging.nextel.com
  • Sprint : @ messaging.sprintpcs.com
  • SunCom : @ tms.suncom.com
  • T-mobile : @ tmomail.net
  • Voicestream : @ voicestream.net
  • Verizon : @ vtext.com (မက်ဆေ့(ခ်ျ)အတိုအတွက်သာ) (သို့မဟုတ်) @vzwpix.com (ဓါတ်ပုံ နှင့် ဗွီဒီယို)
အားလုံးအားလုံး နည်းပညာတွေ တိုးပွားကြပါစေ...
လာလည်ကြရန်ဖိတ်ခေါ်ပါသည် -http://itguidemyanmar.blogspot.com/2013/06/message.html
Print Friendly and PDF