It will take 5 Seconds to Subscribe Us
ဒီနေ့တော့ မိမိကွန်ပြူတာကနေ ဖုန်းတွေဆီကို မက်ဆေ့(ခ်ျ) ပို့နည်းလေးကို ညီငယ်လေး မင်းမင်းတင် နှင့် မောင်မောင်ဦးတို့ နှင့်အတူ အခြား မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်...
လုပ်နည်းလေးကလည်း အရမ်းကိုလွယ်ပါတယ်...
- မိမိအသုံးပြုတဲ့ အီးမေး(လ်) ပရိုဂရမ်တခုခုကို ဖွင့် ပြီး ပုံမှာပြထားတဲ့အတိုင်းအီးမေး(လ်) အသစ်ပို့ရန် အဆင်သင့် ဖော်ထားလိုက်ပါ ။(Gmail,hotmail,yahoo mail, Etc...)
- မိမိ Message ပို့လိုတဲ့ဖုန်းနံပါတ်ကို To: နေရာမှာ number@teleflip.com ဒီပုံစံနဲ့ထည့်ပါ ။ ဥပမာ-ပို့လိုတဲ့ဖုန်းနံပါတ်က123-456-7890 ဆိုရင် 1234567890@teleflip.com ဒီလိုမျိုးရေးထည့်ပေးလိုက်ပါ။
- စာလုံးရေ 160 ထက်မပိုအောင်ရေးပြီး send ခလုတ်ကို နှိပ်ပြီး ပို့လို့ရပါပြီ...မိမိပို့လိုက်တဲ့ မက်ဆေ့(ခ်ျ) မကြာခင်အတောအတွင်းမှာေ၇ာက်ရှိသွားပါလိမ့်မယ်...သေချာမှုရှိမရှိ သိချင်ရင်တော့ မိမိ ကိုယ်ပိုင်ဖုန်းနဲ့ အရင်စမ်းသပ်ကြည့်လိုက်ကြပါနော်...
စကားချပ် : မိုဘိုင်ဖုန်းအိပ်ချိန်းကုမ္မဏီတွေအားလုံး သူတို့ရဲ့ဖောက်သည်များအတွက် မက်ဆေ့(ခ်ျ) အတိုနဲ့ အီးမေး(လ်) တွေကို မိုဘိုင်ဖုန်းတွေကနေ လက်ခံရရှိနိုင်ရန်အတွက် teleflip.com ဆိုတဲ့ Domain Name ကိုအသုံးပြုကြပါတယ်။ ဒီအပြင်အသုံးပြုကြတဲ့ Domain Name တချို့ကိုလည်း ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်...
- Alltel : @ message.alltel.com
- Nextel : @ messaging.nextel.com
- Sprint : @ messaging.sprintpcs.com
- SunCom : @ tms.suncom.com
- T-mobile : @ tmomail.net
- Voicestream : @ voicestream.net
- Verizon : @ vtext.com (မက်ဆေ့(ခ်ျ)အတိုအတွက်သာ) (သို့မဟုတ်) @vzwpix.com (ဓါတ်ပုံ နှင့် ဗွီဒီယို)
အားလုံးအားလုံး နည်းပညာတွေ တိုးပွားကြပါစေ...
လာလည်ကြရန်ဖိတ်ခေါ်ပါသည် -http://itguidemyanmar.blogspot.com/2013/06/message.html
No comments:
Post a Comment