Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Thursday, 27 September 2012


၁။ နေ့စဉ်အဖြစ်အပျက်တွေကို မှတ်တမ်းတင်တဲ့ ဒိုင်ယာရီရေးတဲ့ အကျင့်ကိုလုပ်ပါ။ အဲဒီဒိုင်ယာရီထဲမှာစိတ်ခံစားမှုတွေကို ရေးတာထက် သမီးတွေ့မြင်ကြားသိရတဲ့အဖြစ်အပျက်တွေကို ရေးတာကပိုကောင်းပါတယ်။ အဖြစ်အပျက်တွေကို ရေးထားမယ့်သမီးရဲ့ဒိုင်ယာရီဟာ တစ်ချိန်ချိန်မှာ ရွှေထက်အဖိုးတန်တဲ့ စာအုပ်တစ်အုပ် ဖြစ်လာနိုင်ပါတယ်။
၂။ ရည်မှန်းချက်ပန်းတိုင်မရှိတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ မျောချင်ရာမျောနေတဲ့ လှေတစ်စင်းနဲ့တူတယ်။ ဒီတော့သမီးအနေနဲ့တစ်နေ့မှာ ငါ ဘာဖြစ်ရမယ် ဆိုတဲ့ရည်မှန်းချက်မျိုး ရှိနေရလိမ့်မယ်။
၃။ သုည(အင်္ဂလိပ်လို) ဇီးရိုးကို အထင်မသေးနဲ့နော်  သုညဟာ သူ့ဘာသာသူတန်ဖိုးမရှိပေမဲ့ သူ့ရှေ့မှာလာတွဲတဲ့ ဂဏန်းကိုတန်ဖိုးမြင့်စေနိုင်တယ် သမီး ကိုယ့်ကြောင့်သူတစ်ပါးကို တန်ဖိုးမြင့်စေချင်တယ်ဆိုရင် အဲဒါမှတကယ့်ဂုဏ်ယူစရာ သုညလိုဘ၀မျိုး ဖေဖေအားကျတယ်။
၎။ Learn not,and know not. သင်ကြားမှုမရှိရင် အသိတရားလည်းမရှိတဲ့။ စာဖတ်လို့ငြီးငွေ့စိတ်ပျက်မယ်ကြံတိုင်း ဒီစာကြောင်းလေးကို သတိရနော်။
၅။ ပြေးနေတဲ့ယုန်ကိုသံချွန်နဲ့ဆွပေးဖို့ မလိုဘူး ...... တဲ့။ နှေးကွေးလေးလံတဲ့ နွားတွေသာ သံချွန်နဲ့ဆွပြီး ပြေးခိုင်းရတာ သမီးက ကိုယ့်ကျောင်းစာတွေနဲ့ကိုယ် အမြဲတမ်းအလုပ်ရှုပ်နေလေတော့ ပြေးနေတဲ့ ယုန်ကလေးနဲ့တူတာပေါ့နော်။ ဒီတော့ .... ဖေဖေက ယုန်ကလေး .... ပြေး.....ပြေး ..... ပြေးလို့ သံချွန်နဲ့ဆွပေးဖို့ မလိုတော့ဘူးပေါ့ ။
၆။ တည်ငြိမ်တိတ်ဆိတ်ခြင်းဟာ မိန်းမတစ်ယောက်ရဲ့ အကောင်းဆုံး အဆင်တန်ဆာဘဲတဲ့။ မိန်းမတို့ က္ကရွှေပေးလို့မရ ဆိုတဲ့ မြန်မာစကားပုံနဲ့တူတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လူတွေကြားထဲမှာ ဟေးလား ၀ါးလား အော်ကြီးဟတ်ကျယ် လုပ်တော့မယ်ဆိုရင် ဒီစကားလေးတွေ သတိရနော်။
၇။ လူတစ်ယောက်မှာ ကာကွယ်စောင့်ရှောက်ရမယ့် အရာ (၄)ခု ရှိတယ်။ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ဆိုတာတွေဘဲပေါ့ ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက ထိပါးနှောင့်ယှက်လာရင် ခုခံတွန်းလှန်ချင်စိတ်ရှိရမယ်။ ကိုယ့်လူမျိုးကလွဲပြီး နိုင်ငံခြားသားနဲ့ လက်မထပ်ရဘူး။ ဘယ်လိုအကြောင်းနဲ့မှ ကိုယ်သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကို မပြောင်းရဘူး။ကိုယ့်ယဉ်ကျေးမှုဖြစ်တဲ့ စာပေ၊ဂီတ၊အနုပညာတွေကို ထိန်းသိမ်းမြတ်နိုးရျွယ်။ ဖေဖေ့ကိုချစ်ရင် ထိန်းသမ်းကာကွယ်စောင့်ရှောက်မယ့်အရာတွေကို အသက်နဲ့ထပ်တူထိန်းသိမ်းစောင့်ရှောက်ပါလို့ ဖေဖေ မှာခဲ့ချင်တယ်။
၈။ ကျိုက်ထီးရိုးဘုရားကို ဖူးဖူးတယ်မဟုတ်လား။ တောင်အမြင့်ကြီးကိုတက်ပြီးမှ ဘုရားဖူးရတာလေ။ ကိုယ်လိုချင်တာကိုယ်သိမြင်ချင်တာ တောင်ထိပ်မှာရှိနေခဲ့ရင် အဲဒီတောင်ကို ဘာဘဲဖြစ်ဖြစ် တက်ရမှာဘဲသမီး မြင့်မြတ်တဲ့အရာ တန်ဖိုးရှိတဲ့အရာတွေဟာ အမြင့်မှာဘဲ ရှိနေတတ်တယ်ဆိုတာ သမီးကို သဘောပေါက်စေချင်တယ်။
၉။ ထိုင်နေရုံနဲ့ဘာမှဖြစ်မလာဘူး ထလျှောက်ရမယ် မတော်တဆခလုတ်တိုက်လဲမယ်ဆိုရင်လည်း ပွန်းပဲ့ထိရှသွားရုံဘဲပေါ့။ ရုန်းကန်ရဲတဲ့သတ္တိ သမီးကိုရှိစေချင်တယ် ဘ၀မှာ ရေသေလို ငြိမ်ရပ်မနေနဲ့။ စီးဆင်းနေတဲ့ ရေရှင်လို ရှင်သန်နေရမယ်။
၁၀။ လုပ်မယ်လို့ ဆုံးဖြတ်ထားရင် လုပ်သာလုပ် နောက်မဆုတ်နဲ့ ဒါပေမဲ့ ကိုယ်လုပ်မယ့်အလုပ်ဟာ မှန်သလား များသလားဆိုတာ အသေအချာစဉ်းစာပြီးမှလုပ် လုပ်ပြီးမှနောင်တရတာမျိုး ဖေဖေ မကြိုက်ဘူး။
၁၁။ အကြင်နာတရားရှိတဲ့ သူတွေရဲ့ရင်ထဲမှာ နူးညံ့သိမ်မွေ့တဲ့ဂီတနှလုံးသားရှိသတဲ့။ လူတစ်ယောက်ဟာ တေးဂီတတွေကိုမခံစားတတ်ဘူးဆိုရင် ကြင်နာတတ်တဲ့သူဖြစ်ဖို့ မသေချာတော့ဘူး။ ဒါကြောင့် နူးညံ့သိမ်မွေ့တဲ့ ဂီတနှလုံးသား သမီးရင်ထဲမှာ အမြဲရှိစေချင်တယ်။
၁၂။ ပြင်းပြတဲ့စိတ်ဆန္ဒရှိတဲ့သူဟာ တစ်ချိန်ချိန်မှာတော့ သူလိုချင်တာ ရတတ်စမြဲပါ ဘာဘဲလိုချင်လိုချင် တကယ်လိုချင်လာရင် ရတတ်ပါတယ်။ လိုချင်တိုင်းမရပါဘူး ဖေဖေလို့ သမီးစောဒက တတ်ချင်သေးလား လိုချင်တိုင်း မရသေးတာ တကယ့်ကို ဆန္ဒပြင်းပြင်းပြပြ မရှိသေးလို့ပါ သမီးရယ်။ ဒါဆို စိတ်ဆန္ဒပြင်းပြတာကို ဘယ်လိုသိမလဲ လို့မေးချင်သလား ကိုယ်လိုချင်တာအတွက် ကိုယ့်ဘ၀ကို ကိုယ့်အသက်ကိုတောင် စွန့်မယ်ဆုံးဖြတ်ပြီး တစ်စုံတစ်ခုကိုရယူဖို့ သဲသဲမဲမဲကြံစည်ကြိုးစားလာပြီဆို အဲဒီဟာ စိတ်ဆန္ဒပြင်းပြခြင်းဘဲ။ အဲဒီလိုမျိုးစိတ်ဆန္ဒပြင်းပြလာတဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လိုချင်တာကိုရတတ်စမြဲဘဲ ဒါပေမဲ့ သမီးရယ် မလိုချင်သင့်တာ လိုချင်မိရင်တော့ အမှားကြီးများတတ်တယ်။
ဆူး ဖေဖေ ဆူးကိုလက်ဆောင်ပေးခဲ့ဖူးတဲ့စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ ကောင်းသန့် (သမီးလေးဖတ်ဖို့) ပေါင်းချုပ် စာအုပ်ထဲက ဆူး ပြန်လည်ဝေမျှပါတယ်နော်။ ( ဖေဖေ ကိုသတိရခြင်းများစွာနဲ့ပေါ့ရှင် ) အားပေးတဲ့အတွက် ကျေးဇူးပါ ...... ....... ပျော်ရွှင်၊သာယာအေးချမ်းတဲ့ ဘ၀လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ...........

♫★* Animation3D Maker ဆော့ဝဲမသုံးဘဲ အင်တာနက်မှာတင် မိမိကြိုက်တဲ့စာလုံးကို 3DAnimation လုပ်မယ်★*

အခုတင်ပြမဲ့နည်းလေးကတော့ 3D Maker  ဆော့ဝဲမသုံးဘဲ

အင်တာနက် မှာ မိမိနာမည်တွေ ကို
 Animation3D  လုပ်မယ်နည်းလေးပါ။
လွယ်ကူပါတယ်။
အောက်မှာ ကြည့်လိုက်နော်.

ကိုနှိပ်လိုက်ပါ။
Step-1
မိမိကြိုက်တဲ့ ဖောင့်ဒီဇိုင်း ကို ရွေးပါ။
Step-3
မိမိကြိုက်တဲ့ ကာလာဒီဇိုင်း ကိုရွေးပါ။
Step-3 & Step-4 & Step-5
Step-3 မိမိစာလုံးကို အရွယ်စားရွေးပါ။
Step-4 မိမိစာလုံးကို Effect ကိုကြိုက်တာရွေးပါ။
Step-5 ကိုယ်ကြိုက်တဲ့ စာလုံး(နာမည်ရေးပါ)
ကျွန်တော်ကတော့ မာစတာဘင်း နာမည်ရေးပြထားပါတယ်။
ပြီးရင်း Make 3D Text ! ကိုနှိပ်လိုက်ပါ။
Save လုပ်မယ်ဆိုရင်း Click Here ကိုနှိပ်လိုက်ပါ။
အဲလို ပုံပေါ်လာရင်း ပုံပေါ် Right Click ခေါက်ပြီး 
Save Image As...
ကိုနှိပ်လိုက်ပါ။
ပြီးပါပြီး။
အားလုံးကို ခင်မင်လေးစားလျက်
မာစတာဘင်း



"သင်ကံကောင်းနေလား/ကံမကောင်းဘူးလားဆိုတာ သိရအောင်ဖတ်ကြည့်လိုက်ပါ"

အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။
ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်
...
တယ်။

၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက်

၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာနားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက….

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ ၁ဝ သိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံမထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း ၃ဝဝဝ ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း ၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောကဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။

စကားတစ်ခွန်း၏ တန်ဖိုး

ကျွန်တော်တို့  လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လူတစ်ဦးနဲ့တစ်ဦးကို ဆက်သွယ်
မေးမြန်း စုံစမ်း လုပ်ကိုင် ကြတဲ့နေရာမှာ စကားပြောခြင်း ဆိုတဲ့ အရာကို ကြားခံထားလို့
သုံးစွဲကြပါတယ် ။ကျွန်တော်တို့နေ့ စဉ်အသုံးပြုပြောနေကြ  မြန်မာစကားဆိုတာက စကား
လုံးတိုင်းမှာ အနက်အဓိပ္ပါယ်  ပြည့်ဝစွာ ပါဝင် နေလေ့ရှိပါတယ် ။ ပြီးတော့ အခြေအနေ
အချိန်အခါ နဲ့  လူပုဂ္ဂိုလ်အပေါ်မူတည်ပြီး သင့်မြတ်ချိုသာတဲ့ စကား ကို သုံးနှုန်းလေ့ရှိပါတယ် ။

ကြမ်းပေါက်ထဲ ခြေထောက်ကျွံရင် ပြန်နုတ်လို့ ရနိုင်ပေမယ် ကျွံသွား ၊ လွန်သွားတဲ့ စကားကတော့
ပြန်ရုပ်သိမ်းလို့ မလွယ်တော့ပေ ။မြန်မာစကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါတယ်။
စကား စကားပြောပါများ စကားထဲက ဇာတိပြ ၊စကားနောက် တရားပါ ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်း
တော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်း
လက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့်
များစွာ ရှိကြပါတယ် ။ထိုကြောင့် မဖြစ်မနေ များ စကားပြောခွင့်ကြုံလို့ ၊ ပြောရတော့မယ်ဆိုရင် တောင်မှ 
ကိုယ်ပြောမယ်စကားကို ချိုသာသိမ့်မွေ့ မှုကို အခြေခံ ၊ပြီးရင် စကားရဲ့ ရှေ့ နောက်အကျိုးကို စဉ်းစားပြီးမှ 
ပြောစေချင်ပါတယ် ။စကားပြောခြင်းနဲ့ ပတ်သက်တဲ့ သာဓကဆောင်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို
ဥပမာပြုစေဖို့  ကျွန်တော် ပြောပြချင်ပါတယ် ။

ဟိုးရှေးအခါက ...............မိမိကိုယ်ကိုယ် စကားကျွမ်းကျင်လှပြီလို့ အထင်ရှိနေတဲ့ လူငယ်လေးဦးဟာ
အဘိုးအိုတစ်ဦးနဲ့ ဆုံမိကြပြီး တစ်ယောက်ပြောတဲ့ စကားကို တစ်ယောက်က '' မယုံဘူး '' လို့ ပြောမိရင် 
ကျွန်ပြုကြစတမ်းလို့  ကတိထားတဲ့ ယုံတမ်းစကားပြော ပြိုင်ပွဲတစ်ခု လုပ်ကြသတဲ့လေ ။လွယ်လွယ်ပြော
ရရင် မယုံအောင်ပြောတဲ့ စကားကို '' ယုံတယ် '' လို့ ခေါင်းညိတ်လက်ခံကြရမယ်ပေါ့ ။မယုံပါဘူး လို့ ပြော
လိုက်မိရင်လည်း မယုံအောင် ပြောတဲ့သူ အိမ်မှာ  အခိုင်းအစေအဖြစ် နေကြေးပေါ့ ။

လူငယ်လေးယောက်အနက် ပထမဆုံးတစ်ယောက်က ......................
ကျွန်တော်အမေ့ဝမ်းဗိုက်ထဲမှာ နေစဉ်က အမေဆီးသီးစားချင်နေတာသိလို့  ၀မ်းဗိုက်ထဲကနေ ဆီးသီး
ရှာပေးခဲ့ရသေးသဗျ ။ ယုံကြလား လို့ မေးတော့ အားလု့းက ပြုံးပြီး ယုံပါတယ်ဟု ပြောကြသတဲ့ ။

နောက် ........ဒုတိယတစ်ယောက်ကတော့ ...................................
တစ်ခါတုန်းက ကျွန်တော်မန်ကျည်းသီး အလွန်စားချင်တာနဲ့ မန်ကျည်းပင်ပေါ် တက်ခူးခဲ့တာ ......
ခူးရင်းခူးရင်းနဲ့  လေးငါးတင်းလောက် ရလာလို့  အပင်ပေါ်ကပြန်မဆင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရတယ် ။
ဒါနဲ့ ပဲ အိမ်ကလှေကားကို ပြန်ယူပြီး ဆင်းလာခဲ့ရတယ် ။ယုံကြရဲ့ လား တဲ့ ။အပင်ပေါ်ကနေ မဆင်းနိုင်
ဘူးလည်း ပြောသေးတယ်  လှေကားကို ကိုယ်တိုင်သွားယူတယ်ဆိုတော့ မဖြစ်နိုင်တဲ့စကားပေါ့ ။ဒါပေမဲ့ 
မယုံပါဘူး ပြောရင် ကျွန်ပြုခံရမှာဆိုတော့ အားလုံးက ယုံပါတယ် လို့ ပဲ ပြောကြသတဲ့ ။

တတိယတစ်ယောက်ကတော့ ဟိုတစ်နေ့ က မြစ်ချောင်းနား လမ်းလျှောက်ရင်းနဲ့ စိတ်ထဲမှာ ငါးကင်စား
ချင်လာတာနဲ့ ရေဆင်းငုပ်ပြီးတော့ ရေထဲမှာပဲ ငါးဖမ်း ၊မီးမွှေးပြီး ကင်စားလိုက်တာ ဗိုက်ကိုကားသွားတာပဲ ။
ဟဲဟဲ ယုံကြလားတဲ့ ။အားလုံးက ယုံတယ် ယုံတယ် လို ခေါင်းညိတ် လက်ခံလိုက်ပြန်တယ် ။

အဲ နောက်ဆုံး လူငယ်တစ်ယောက်က ကျတော့.......................
ကျွန်တော်အိမ် ဘယ်လောက်မြင့်သလဲဆိုရင် အိမ်မှာနေတဲ့ အိမ်ဖော်တစ်ယောက်က  မွေးတဲ့ကလေးဟာ
မွေးပြီးပြီးချင်း အိမ်ရဲ့ ကြမ်းပေါက်က ကျွံကျသွားတာ ဆံပင်ဆွတ်ဆွတ်ဖြူတဲ့ အရွယ်ရောက်မှ မြေကြီးပေါ်
ကျတော့တယ် ။အဲ့ဒီလောက်ထိ ကျွန်တော်အိမ်က  မြင့်တာ ။ယုံကြရဲ့ လား လို့ မေးတယ်ဆိုရင်ပဲ လူငယ်
သုံးယောက်ကော အဘိုးအိုကပါ ယုံပါ့ ငါ့လူရာ ....ယုံပါ့ လို့ ဝိုင်းပြောလိုက်ကြသတဲ့ ။

ဒီလိုနဲ့ အဘိုးအို အလှည့်ရောက်လာရောပေါ့ .......'' အဘိုးအိမ်ရှေ့ မှာ ကွာ ၀ါပင်လေး တစ်ပင် စိုက်မိပါ
တယ် ။အဲ့ဒီဝါပင်က ၀ါသီးလေးတစ်လုံး သီးသကွဲ့ ။အဲ့ဒီ ၀ါသီးတွေရင့်မှည့်ခြောက်သွေ့ ပြီး အက်ကွဲလာတော့ 
လူငယ်လေးယောက် ထွက်ကျလာတော့တာပဲဟေ့ ။အဘိုးမှာလည်း လက်တို လက်တောင်းခိုင်းစရာ မရှိတော့ 
အဲ့ဒီလူငယ်လေးယောက်ကိုပဲ ကျွေးမွေးပြီး အခိုင်းအစေအဖြစ် ထားရတာပေါ့ကွာ ။တစ်နေ့ ကျတော့ အဲ့ဒီ လူငယ်
လေးတွေ လေးယောက်သား ငါ့ဆီကနေ ထွက်ပြေးသွားလို့  လိုက်ရှာနေတာ ။အခုမှပဲ ပြန်တွေ့ ရတော့တာပဲကွာ ။
ဟဲဟဲ မင်းတို့ က အိမ်ကထွက်ပြေးသွားတဲ့ ကျွန်လေးယောက် ပဲ ကွ ။ '' ဘယ်လိုလဲ ယုံကြရဲ့ လားလို့ လည်းဆိုရော 
လူငယ်လေးယောက်ခမျာ ယုံတယ် ပြောရင်လဲ အဘိုးအိုရဲ့ အခိုင်းအစေ တွေဆိုတာ လက်ခံသလို ဖြစ်မယ် ။မယုံဘူး 
ဆိုရင်လည်း ကျွန်ပြုခံရမယ့်အဖြစ်ကို ရောက်သွားရှာတော့တာပေါ့ကွယ် ။

ကဲ သူငယ်ချင်းတို့ ရေ စကားတစ်ခွန်းရဲ့ တန်းဖိုး ဟာ ဘယ်လောက်အထိ အကျိုးရှိသလဲ ၊အကျိုးမဲ့သွားသလဲဆိုတာ 
ဒီပုံပြင်လေးက သာဓက ပြလိုက်ပြီလို ထင်ပါတယ် ။ကိုယ်ပြောနေစဉ်ကတော့ အသားစီးရမလား အထင်နဲ့ ကရားရေ
လွှတ်တတွတ်တါတ်ပြောနေပြီး သူတစ်ဖက်သားက ကိုယ်စကားနဲ့ကိုယ် ပြန်ချည်လိုတာမျိုး ၊ ပိတ်မိအောင် ပြောလိုက်
တာမျိုးနဲ့ ကြုံရင် နောင်တရစရာ ဖြစ်နေမှာစိုးလို့  သတိစကားလက်ဆောင်ပါးတာပါ ။

ထိုကြောင့် စကားပြောရာတွင် 

စကားအင်္ဂါရပ် (၁၀) ပါး

၁ ။ ကာလ၀ါဒီ = ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။

၂ ။ ဘူတ၀ါဒီ   = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။

၃ ။ ဓမ္မ၀ါဒီ   = တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။

၎ ။ အတ္တ၀ါဒီ  = အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။

၅ ။ ပီယ၀ါဒီ  = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။

၆ ။ မိဟိတပုဗ္ဗဘာဏီ =  ပြုံးရွှင်စွာ ပြောဆိုခြင်း ။

၇ ။ မိတဘာဏီ = မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။

၈ ။ အတုရိတ၀ါဒီ = အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။

၉ ။ ပေါရီ =  မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။

၁၀။ ၀ိသဒ၀ါဒီ = တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း ။

စကားအင်္ဂါ (၁၀)ပါး

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

မှန်သောစကားကိုသာ ပြောဆိုခြင်း။

အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။

အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

လျှာတွင်အသက်ကိုရှင်စေ ၊သေစေနိုင်သောစွမ်းအားရှိသည်။ စိတ်ဓာတ်ကျနေသူတစ်ဦးအား
 
အားပေးစကားပြောခြင်းသည်  ၄င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင်    သည့်အပြင် ၄င်းရင်ဆိုင်နေ
 
ရသောအခက်အခဲ   ကိုအောင်မြင်ကျော်လွားနိုင်အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်
 
ကျနေသူတစ်ဦးအားပြောသည့် အပြုသဘော မဆောင်သောစကားသည် ၄င်းကိုယ်၎င်းသတ်သေ
 
ရန်ဖြစ်စေနိုင်သည်။  သို့ အတွက်ကြောင့်မိမိပြော သမျှစကားများကို သတိထားဆင်ဆင်ခြင်ခြင်
 
ပြောကြရန်ဖြစ်သည်။ဘ၀လမ်းကြောင်းတွင်းသွားရင်းလာ ရင်း မိမိနှင့်ထိတွေ   ဆက်ဆံသူများအား
 
အပြု သဘောဆောင်သော   စကားကိုသာပြောပါ။  တစ်ခါတစ်ရံတွင်အပြု   သဘောဆောင်သောစကား၊
 
အားပေးစကားများသည် မိမိထင်ထားသည်ထက်ပြီး ထိရောက်တတ်သည်ကို နားမ လည်နိုင်အောင်ဖြစ်ရသည်။
 
သည့်အတွက်ကြောင့်  စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။ သူ့ အကျိုးကိုယ့်အကျိုး၊   ရပ်ရွာအကျိုး  ၊နိုင်ငံ့အကျိုး
 
ကိုဖြစ်စေသော     စကားကိုသာပြောနိုင်ကြပါစေဗျာ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။