Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Saturday, 10 November 2012

အင်္ဂလိပ်အဘိဓာန်(အသံထွက်ပါတယ်နော်)



ကျွန်တော် အင်္ဂလိပ် - မြန်မာ  ၊  မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။
သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။
ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။
အသံပါ ထွက်ပေးတယ်လေ..။
ဥပမာ - Dog -
 ဒေါ့  
ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။
ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။
အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။
ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)
ထားပါတော့...
ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။
ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။
မကောင်းဘူးလား......
(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။
ကောင်းရင် အောက်က 
Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။
ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။
ယူစေ...ယူစေ....။
Attachment ဆွဲတာ သဘောမကျရင်...
ဒီနေရာ ကဆွဲဗျာ..။
ဘာမှကိုတကယ်မလိုတာပါ..။
ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

၁။ ZawGyi - One
၂။ Myanmar3 
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့ 
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ  ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို 
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။
  ရှာပေတော့ပဲ...။

     အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။
တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။
အဆင်ပြေပါစေဗျာ..။

တစ်ခုတော့ ကျွန်တော် တကယ်တောင်းပန်ပါတယ်..။
myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့
ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။
ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။


(ဝန်ခံချက်..တကယ်ပြောရရင် ဒါ ကျွန်တော် ရေးထားတဲ့ ဆော့ဝဲလ်မဟုတ်ဘူးဗျ..။
သူငယ်ချင်း တစ်ယောက်ရေးတာပါ..။  )

No comments:

Post a Comment