Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 30 May 2012

Firefox Browser ကို တစက္ကန့် နဲ့ ဖွင့်ရအောင်


အင်တာနက် အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာ ကျနော်ကတော့ Firefox   Browser ကို အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့  သူ့ကိုဖွင့်ရင်  တော်တော်နဲ့ Browser ကတတ်မလာဘူး... ၃/၄ မိနစ်  လောက်ထိကြာတဲ့  အခါမျိုးတောင်ရှိပါတယ်...တခါတလေဆိုရင် Firefox က  ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှဲ့ပတ်သုံးရပါတယ်...။
ဒါနဲ့ .....နည်းလမ်းဆိုတာ ရှိကိုရှိရမယ် ဆိုပြီး ပတ်မွှေလိုက်တော့... .. တွေ့ပြီဗျာ... နာမည်က Firefox Preloader တဲ့စမ်းသုံးကြည့်လိုက်တော့ တကယ့်  အမှန်အကန်ပါပဲ တစ်စက္ကန့် တောင်မကြာဘူး တစက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ပဲကြာတယ် ...
Firefox ကို သုံးရတာ ခုမှဘဲ စိတ်ချမ်းသာတော့တယ်ဗျာ....:)
သူငယ်ချင်းတို့လည်း Firefox Browser ကို ဖွင့်လိုက်လို့ တော်တော်နဲ့  တတ်မလာပဲ  ဂျစ်ကန်ကန် လုပ်နေရင် ဒီ Firefox Preloader
လေးနဲ့ ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်ပါ...:D
Firefox Preloader ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar မှာ ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်မယ်ဆိုရင် Firefox Browser ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့  အချိန်လေးမှာ  ဖျက်ခနဲ ပွင့်လာမှာပါ...:)
(ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်)
                                                                 Download
                          သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါသည်...........စိုးသိန်း

No comments:

Post a Comment