Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 7 August 2013

Processor အမျိုးအမည်များ

It will take 5 Seconds to Subscribe Us
Pulpit rock Pulpit rock
Smartphone တို့အတွက် (Mobile Processor) ထုတ်လုပ်သော Company ခြောက်ခုဝန်းကျင် ရှိပါတယ်။ Nvidia, Qualcom, Texas Instrument, Marvell နှင့် Samsung တို့ဖြစ်ပါတယ်။ ထို Company အသီးသီးမှ Model အမျိုးမျိုးဖြင့် Processor အမျိုးမျိုးတို့ကို ထုတ်လုပ်လာကြပါတယ်။ သို့သော် မည်မျှပင် အမျိုးအမည်ကွဲပြားစေကာမူ သူတို့အားလုံးမှာ တူညီတဲ့ တစ်ချက်တော့ရှိပါတယ်။ အဲဒါက ယနေ့ Mobile Processor ထုတ်လုပ်သူတို့သည် ARM ထံမှ License ယူကာ ထုတ်လုပ်ကြခြင်း ဖြစ်ပါတယ်။

ARM Holdings သည် ဗြိတိန်အခြေစိုက် Company တစ်ခုဖြစ်ပါတယ်။ ၎င်း Company အနေဖြင့် Mobile Processor ထုတ်လုပ်ရောင်းချခြင်းမရှိပါဘူး။ Processor ထုတ်လုပ်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ CPU Design နှင့် Instruction set တို့ကို ရောင်းချပါတယ်။ Samsung, Qualcom တို့လို Processor ထုတ်လုပ်မှုကို ARM က လွှမ်းမိုးထားတယ်လို့ ဆိုနိုင်ပါမယ်။
CPU Design

ARM မှရေးဆွဲသော ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။ အဲဒီများစွာတဲ့ အထဲကမှ mobile processor အတွက် Cortex-A series ကိုအသုံးပြုကြပါတယ်။ ၎င်း series တွင် အဓိက design လေးခုရှိပါတယ်။

Cortex-A5 - Single Core ဖြင့် 300 MHz မှ 800 MHz ထိအမြန်နှုန်းရှိသော processor များ ထုတ်လုပ်နိုင်ပါတယ်။ ပါဝါစားသုံးမှု အနည်းဆုံးလည်းဖြစ်ပါတယ်။

Cortex-A8 - Single Core ဖြင့်ဖြစ်စေ၊ Dual Core ဖြင့်ဖြစ်စေ 600 MHz မှ 1.5 GHz အတွင်းရှိသော processor များထုတ်လုပ်ရန် ဖြစ်ပါတယ်။

Cortex-A9 - ယနေ့အခါ အသုံးပြုမှုအများဆုံး design ဖြစ်ပါတယ်။ Dual Core ဖြင့် 600 MHz မှ 1.5 GHz ထိရှိသော processor များထုတ်လုပ်ရန် အဓိက အသုံးပြုပါတယ်။

Cortex-A15 - ဒီဇိုင်းအသစ်ပါ။ အသုံးပြုမှုနည်းပါးသေးတယ်။ Dual Core (သို့) Quad Core ဖြင့် 1 GHz မှ 1.5 GHz ထိ မြန်နှုန်းရှိသော processor များကို ထုတ်လုပ်နိုင်ပါတယ်။

ဒါတွေက ဒီဇိုင်းပြောင်းရင် Performance ပြောင်းတယ်ဆိုတဲ့သဘောကို သိစေချင်လို့ ဖော်ပြခြင်းဖြစ်ပါတယ်။ အလားတူပင် ဒီဇိုင်းပြောင်းရင် Function လဲကွဲသလို core ကို ဘယ်လိုဆောက်မယ်၊ ဘယ် GPU ကိုသုံးရမယ်၊ modem ပါမယ် မပါဘူး အစရှိတဲ့ ညွှန်ကြားချက်များလည်း ရှိပါတယ်။


@ ဆရာမျိုးသူရ ရေးသားသော Using Android စာအုပ်မှ ကူးယူဖော်ပြပါသည်။

ကျွန်တော်ကိုယ်တိုင်တတ်ကျွမ်းလို့တော့ မဟုတ်ပါဘူးဗျာ... ဖတ်ရတာလေးကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်ဗျာ.....
Print Friendly and PDF

No comments:

Post a Comment