Saturday, 6 July 2013

ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ကွယ်လွန်ရှာ

ရေးသားတင်ပြသူ ဝဿန် မှ ဂျူလိုင် 5, 2013 တွင် 3:21pm
လျှို့ဝှက်မေး(လ်)ပို့ရန် ဘလော့ပို့စ်များ အားကြည့်ရန်




ကွန်ပျူတာ မောက်စ်ကို တီထွင်ခဲ့သူ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ဇူလိုင် ၃ ရက်ညက အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ သူ၏ တီထွင်မှုသည် ကွန်ပျူတာ လောက၀ယ် ကြီးစွာသောပြောင်းလဲမှု ဖြစ်စေ ခဲ့သဖြင့် ဆုငွေများ ချီးမြှင့်ခံ ခဲ့ရသည်။ သူ၏ ပထမဆုံးသော ကွန်ပျူတာမောက်စ် နမူနာ ပုံစံကို ၁၉၆၃ ခုနှစ်ကတည်းက တင်ပြခဲ့ပြီး၊ ယင်းမှာ သစ်သားဖြင့် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာမောက်စ်(mouse) ဆိုသည်မှာ အသုံးပြု သူ၏ ရွေးချယ်မှုကို လက်ဖြင့် လုပ်ဆောင်သော ကိရိယာ(Manually Operated User Selection Equipment) ဆိုသည့် အင်္ဂလိပ် ဝေါဟာရကို အတိုကောက်ပြု ထားခြင်း ဖြစ်သည်။ မစ္စတာ ဒေါက်ဂလပ်စ် အန်ဂျဲလ်ဘတ် သည် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဖတ်ခဲ့သူများ: 15
အကြောင်းအရာ: ဗဟုသုတ

No comments:

Post a Comment