Tuesday, 18 June 2013

သင့်ကွန်ပြူတာမှ မိုဘိုင်ဖုန်းများသို့ Message ပို့နည်း

ဒီနေ့တော့ မိမိကွန်ပြူတာကနေ ဖုန်းတွေဆီကို မက်ဆေ့(ခ်ျ) ပို့နည်းလေးကို ညီငယ်လေး မင်းမင်းတင် နှင့် မောင်မောင်ဦးတို့ နှင့်အတူ အခြား မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်...
လုပ်နည်းလေးကလည်း အရမ်းကိုလွယ်ပါတယ်...
  1. မိမိအသုံးပြုတဲ့ အီးမေး(လ်) ပရိုဂရမ်တခုခုကို ဖွင့် ပြီး ပုံမှာပြထားတဲ့အတိုင်းအီးမေး(လ်) အသစ်ပို့ရန် အဆင်သင့် ဖော်ထားလိုက်ပါ ။(Gmail,hotmail,yahoo mail, Etc...)
  2. မိမိ Message ပို့လိုတဲ့ဖုန်းနံပါတ်ကို To: နေရာမှာ number@teleflip.com ဒီပုံစံနဲ့ထည့်ပါ ။ ဥပမာ-ပို့လိုတဲ့ဖုန်းနံပါတ်က123-456-7890 ဆိုရင် 1234567890@teleflip.com ဒီလိုမျိုးရေးထည့်ပေးလိုက်ပါ။
  3. စာလုံးရေ 160 ထက်မပိုအောင်ရေးပြီး send ခလုတ်ကို နှိပ်ပြီး ပို့လို့ရပါပြီ...မိမိပို့လိုက်တဲ့ မက်ဆေ့(ခ်ျ) မကြာခင်အတောအတွင်းမှာေ၇ာက်ရှိသွားပါလိမ့်မယ်...သေချာမှုရှိမရှိ သိချင်ရင်တော့ မိမိ ကိုယ်ပိုင်ဖုန်းနဲ့ အရင်စမ်းသပ်ကြည့်လိုက်ကြပါနော်...
စကားချပ် : မိုဘိုင်ဖုန်းအိပ်ချိန်းကုမ္မဏီတွေအားလုံး သူတို့ရဲ့ဖောက်သည်များအတွက် မက်ဆေ့(ခ်ျ) အတိုနဲ့ အီးမေး(လ်) တွေကို မိုဘိုင်ဖုန်းတွေကနေ လက်ခံရရှိနိုင်ရန်အတွက် teleflip.com ဆိုတဲ့ Domain Name ကိုအသုံးပြုကြပါတယ်။ ဒီအပြင်အသုံးပြုကြတဲ့ Domain Name တချို့ကိုလည်း ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်...
  • Alltel : @ message.alltel.com
  • Nextel : @ messaging.nextel.com
  • Sprint : @ messaging.sprintpcs.com
  • SunCom : @ tms.suncom.com
  • T-mobile : @ tmomail.net
  • Voicestream : @ voicestream.net
  • Verizon : @ vtext.com (မက်ဆေ့(ခ်ျ)အတိုအတွက်သာ) (သို့မဟုတ်) @vzwpix.com (ဓါတ်ပုံ နှင့် ဗွီဒီယို)
အားလုံးအားလုံး နည်းပညာတွေ တိုးပွားကြပါစေ...
လာလည်ကြရန်ဖိတ်ခေါ်ပါသည် -http://itguidemyanmar.blogspot.com/2013/06/message.html

No comments:

Post a Comment