Friday, 17 May 2013

၁၅၀၀တန် မပါဝင်ပဲ အွန်လိုင်းမှတဆင့် ကျန် ဖုန်းများ ငွေဖြည့်သွင်းနိုင်

၁၅၀၀တန် မပါဝင်ပဲ အွန်လိုင်းမှတဆင့် ကျန် ဖုန်းများ ငွေဖြည့်သွင်းနိုင်

အွန်လိုင်းမှတဆင့် မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည် ၀န်ဆောင်မှုအား www.topup.com.mm
သို့ ၀င်ရောက် အသုံးပြုကာ ငွေဖြည့်နိုင်ပြီဖြစ်သည်။ Topup.com.mmသည် မြန်မာနိုင်ငံတွင် အသုံးပြုနေ
သာ GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz ဖုန်းများ သို့ Online မှတဆင့် တိုက်ရိုက်
ငွေဖြည့်သွင်းပေးသော Website တစ်ခုဖြစ်သည်။“လက်ရို ချထားပေးတဲ့ ၁၅၀၀ တန် MEC Tel CDMA
800 MHz မိုဘိုင်းဖုန်းတွေမှာရဦးမှာ မဟုတ်သေးဘူ”ဟု အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် တာဝန်
ရှိသူက ပြောသည်။
မကြာမီကာလများ၌ MECTel CDMA Network ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၄နာရီ
ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။ Mobile ဖုန်းလိုင်းများ လိုင်းကျပ်ခြင်း ဆက်သွယ်မှု
ဧရိယာပြင်ပသို့ ရောက်ခြင်း စသည့်အချက်များကြောင့် Mobile ဖုန်းသို့ topup.com.mmm မှ တိုက်ရိုက်
ငွေဖြည့်သွင်း၍ မရသည့်အခါများ၌ Website တွင် ဖော်ပြထားသော Email သို့ရောက်ရှိ လာသော Top-up
Card အချက်အလက်များအား ကိုယ်တိုင်အသုံးပြု၍ ငွေဖြည့်သွင်းနိုင်သည်ဟု သိရသည်။
လိုအပ်သော Mobile ဖုန်းငွေဖြည့်ကဒ် အမျိုးအစားအား ရွေးချယ်ပြီးနောက် မိမိဖုန်းနံပါတ်အား ထည့်သွင်း
ပေးရမည် ဖြစ်ကြောင်း Code +95 ထည့်သွင်းရန် မလိုကြောင်း ဖုန်းနံပါတ်များအကြား၌ Space ထည့်ရန်
မလိုကြောင်းနှင့် 09 အပါအ၀င် ဖုန်းနံပါတ်အားလုံး အပြည်အစုံထည့်သွင်းပေးရမည်ဟု ၄င်း website ၌ဖော်
ပြထားသည်။ Mobile ဖုန်းနံပါတ်အား ထည့်သွင်းပြီးပါက "Top Up Now" Button ကို နှိပ်ပေး၍ အဆိုပါ
ဆောင်ရွက်ချက်များ ပြီးစီးပါက Top Up Now နေရာတွင် Click လုပ်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည်။
Topup.com.mm ၌ မြန်မာကျပ်ငွေဖြင့် Online မှတဆင့် ငွေပေးချေမှုအတွက် Myan Pay Online Payment
စနစ်ကို အသုံးပြုထားသည်။
ဥာဏ်ဥာဏ်
ကြည့်သူဦးရေ: 284

No comments:

Post a Comment