Monday, 18 March 2013

ရယ်စရာပုံလေးတွေဖြစ်အောင်ပြုလုပ်ပေးမဲ့ Image Faker app (For Android)


Image Faker app လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်ဒီappလေးက ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံလေးတွေကိုရယ်စရာပုံ
လေးတွေဖြစ်အောင်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်နော်။  သူငယ်ချင်းတို့ ဓာတ်ပုံတစ်ပုံကို  သူငယ်ချင်းတို့လိုချင်တဲ့ ပုံစံထဲမှာ
ထည့်လိုက်ပါ ပြီးရင် ဘောင်ကိုပုံအရွယ်အစားနဲ့ကိုက်အောင် လက်နဲ့ပဲလိုက်ညှိပေးရမှာဖြစ်ပါတယ် ရလာတဲ့ ပုံကို တခြား
ဘော်ဘော်တွေဆီကိုမျှဝေနိုင်ပါတယ် ရယ်စရာပုံပြုလုပ်နိုင်တဲ့ ပုံတွေအများကြီးထည့်ပေးထားပါတယ်နော်သူငယ်ချင်းတို့
ကြိုက်ရာပုံကိုရွေးချယ်အသုံးပြုနိုင်ပါတယ်  Image Faker မှာအသုံးပြုနိုင်မဲ့ပုံလေးတွေကတော့ မျောက်ပုံ၊ သိုးပုံ၊  ခြင်္သေ့
ပုံ၊သူရဲကောင်းပုံ စာခြောက်ရုပ်ပုံစသည့်ပုံများ ပြောင်းလဲအသုံးပြုနိုင်ပါတယ်နော် background ပုံwallpaperပုံတွေအဖြစ်
လည်းသုံးနိုင်ပါသေးတယ်နော်


ကျွန်တော် လဲ app တွေရှာရင်းနဲ့ စံပင်တွေဖြူတော့မယ် ဆိုးဆေးအမဲဝယ်လာပေးအုံးနော် ခိခိ နောက်တာနော်

ကျွန်တော်ရှာပေးတဲ့ app လေးတွေကသူငယ်ချင်းတို့အတွက်တကယ်အသုံးဝင်ရင်ကျေနပ်ပါတယ်နော်

ဒီကောင်လေးကို Android  version 2.2 နဲ့အထက်မှာအသုံးပြုနိုင်ပါတယ်နော်
လေ့လာချင်သေးရင်အောက်ကလင့်ကသွားလိုက်နော်
Image Faker app လေးကိုအောက်ကကြိုက်ရာလင့်ကယူလိုက်ပါနော်
သူငယ်ချင်းအားလုံးဗဟုသုတတွေတိုးပွါးပါစေနော်
www.chitoomgygn.blogspot.com
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

No comments:

Post a Comment