Sunday, 10 March 2013

မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်သော Bagan Keyboard Beta(For Android)


မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်သော Bagan Keyboard Beta(For Android)

Bagan Innovation Technology မှ ထုတ်ဝေလိုက်သော  Bagan Keyboard (BETA) version လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်
Bagan Keyboard ၏ ထူးခြားချက်များမှာ-

၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အ

သုံးပြုနိုင်ပါသည်။

၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။

၃။ မြန်မာစာနှင့် English စာ နှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာ မလိုသည့် အကြံပေး စနစ် 

(Suggestion System) ပါရှိပါသည်။

၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေး

ပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။

၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာ

ရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။

၆။ သိမ်းဆည်းထားသော  User Dictionary  မှ စကားလုံးတွဲများသည် software အား uninstall  လုပ်ခြင်း၊ version 

upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။

၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။

၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။

၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလို

ပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်

ပါသည်။

၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။

***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်းတို့ကိုအ

ဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့် အသုံးနည်းသော ပါဠိစကားလုံးများနှင့်ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင် ခေတ္တ   

ချန်ထားပါသည်။

***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင် မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version 

အသစ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား ဘာသာစကားများအတွက်

ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။

အားပေးမှုအားအထူးကျေးဇူးတင်ရှိပါသည်။
Bagan Keyboard (BETA) version လေးကို      ဒီက             ယူလိုက်နော်
သူငယ်ချင်းအားလုံးဗဟုသုတတွေတိုးပွါးပါစေနော်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

No comments:

Post a Comment