Thursday, 25 October 2012

ကွန်ပျုတာသုံးနေရင်း ပုံတွေရိုက်ယူချင်ရင် လွယ်ကူသောနည်းလမ်းတစ်ခု


ကွန်ပျုတာသုံးနေရင်း ပုံတွေရိုက်ယူချင်ရင် လွယ်ကူသောနည်းလမ်းတစ်ခု

ဒီနည်းက Window 7 မှာပါတဲ့ Snapping Tools ကိုသုံးပြီးရိုက်တာ( Window 7 only)

ဒီနည်းလေးကလည်း လွယ်ကူပါတယ် ။ Window7 မှာပါလာပြီးသားSnipping Tool

ကိုသုံးပြီး လိုချင်တဲ့နေရာကို ဓာတ်ပုံအဖြစ်  ရိုက်ယူလို့ ရပါတယ်။ ဆော့ဝဲတွေသုံးပြီး

လုပ်ရင်လည်းရသလို Print Scrn Sysrq နဲ့ လုပ်ရင်လည်း  ရပါတယ်။ အခုဒီနည်းက

ဘာဆော့ဝဲမှ  ထပ်မလိုပါဘူး ။ Window တင်ထဲက Miscrosoft က ထည့်ပေးလိုက်

ပြီးသားပါ ။ Search ကနေ Snapping Toolလို့ ရိုက်ရှာရင်လည်း ရပါတယ် ။ အဲ့လိုမှ

မဟုတ်ရင်   Start => All Programs => Accessories ကနေ ယူလိုက်ရင်လည်း

ရပါတယ် Video ကြည့်နေရင်းလည်း လိုချင်တဲ့နေရာတွေကို ဖြတ်ရိုက်လို့ ရပါတယ်

အခုလိုရိုက်ယူတဲ့  နည်းလမ်းတွေက  အခြေခံပညာသင်တွေ တတ်ထားသင့်ပါတယ်

ဘာလို့ လည်းဆိုတော့ ကွန်ပျုတာသုံးနေရင်း နားမလည်တဲ့  နေရာတွေကို ပုံအဖြစ်

ရိုက်ပြီး နားလည်တဲ့သူတွေဆီကို မေးမြန်းလို့ လွယ်တယ် အဲ့တော့ မဖြစ်မနေ တတ်

ထားသင့်တဲ့ ပညာလေးတစ်ခုအဖြစ် ယူဆမိပါကြောင်း...................................။

နောက်ထပ် နည်းလမ်း - ၁ ဓာတ်ပုံရိုက်ဖို့ နဲ့  Video Record လုပ်နည်း Fs63

နောက်ထပ်နည်းလမ်း - ၂ Keyboard ကနေ Print Scrn Sysrq သုံး၍ ရိုက်နည်း
Views: 1009
Tags: ebookguidephotoshop

No comments:

Post a Comment