Wednesday, 30 May 2012

Firefox Browser ကို တစက္ကန့် နဲ့ ဖွင့်ရအောင်


အင်တာနက် အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာ ကျနော်ကတော့ Firefox   Browser ကို အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့  သူ့ကိုဖွင့်ရင်  တော်တော်နဲ့ Browser ကတတ်မလာဘူး... ၃/၄ မိနစ်  လောက်ထိကြာတဲ့  အခါမျိုးတောင်ရှိပါတယ်...တခါတလေဆိုရင် Firefox က  ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှဲ့ပတ်သုံးရပါတယ်...။
ဒါနဲ့ .....နည်းလမ်းဆိုတာ ရှိကိုရှိရမယ် ဆိုပြီး ပတ်မွှေလိုက်တော့... .. တွေ့ပြီဗျာ... နာမည်က Firefox Preloader တဲ့စမ်းသုံးကြည့်လိုက်တော့ တကယ့်  အမှန်အကန်ပါပဲ တစ်စက္ကန့် တောင်မကြာဘူး တစက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ပဲကြာတယ် ...
Firefox ကို သုံးရတာ ခုမှဘဲ စိတ်ချမ်းသာတော့တယ်ဗျာ....:)
သူငယ်ချင်းတို့လည်း Firefox Browser ကို ဖွင့်လိုက်လို့ တော်တော်နဲ့  တတ်မလာပဲ  ဂျစ်ကန်ကန် လုပ်နေရင် ဒီ Firefox Preloader
လေးနဲ့ ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်ပါ...:D
Firefox Preloader ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar မှာ ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်မယ်ဆိုရင် Firefox Browser ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့  အချိန်လေးမှာ  ဖျက်ခနဲ ပွင့်လာမှာပါ...:)
(ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်)
                                                                 Download
                          သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါသည်...........စိုးသိန်း

No comments:

Post a Comment