Wednesday, 15 February 2012

http://www.mieinshin.com/


WEDNESDAY, FEBRUARY 15, 2012

.: မူးယစ်ဆေးဝါးများကို မြိုချ သယ်ဆောင်လာသူ တစ်ဦးအား ထိုင်း နိုင်ငံ အတွင်း ဖမ်းဆီး နိုင်ခဲ့



ထိုင်း နိုင်ငံ အတွင်းမှာ မူုးယစ်ဆေးဝါးတွေကို မြိုချ သယ်ဆောင်ခဲ့သူ တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။ တရားခံဟာ အသက် ၃၆နှစ် အရွယ် ရှိပြီဖြစ်တဲ့ Yeboah Kwame ဆိုသူ ဖြစ်ပြီး သူ့ကို ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်မှာ ဖမ်းဆီး မိခဲ့တာ ဖြစ်ပါတယ်။ သူ မြိုချထားတဲ့ မူးယစ်ဆေးကတော့ ice ဆိုတဲ့ ဆေးတွေ ဖြစ်ပြီး အလေးချိန် ၁ ကီလိုဂရမ် ခွဲကျော်ကို မြိုချထားတာ ဖြစ်ပါတယ်။ 

.: အခြေခံ လူတန်းစားများသို့ ချေးငွေ ထုတ်ပေးရန် ပြည်တွင်း NGO အဖွဲ့အစည်း နှစ်ခုနှင့် ဂျာမန် Saving Bank ဖောင်ဒေးရှင်း တို့ MOU လက်မှတ် ရေးထိုးခဲ့


ဂျာမနီနိုင်ငံ ဘွန်းမြို့ အခြေစိုက် ဂျာမန် Saving Bank ဖောင်ဒေးရှင်းနဲ့  ပြည်တွင်း NGO အဖွဲ့အစည်း ၂ ခုနဲ့ ပူးပေါင်းကာ အခြေခံ လူတန်းစားများကို ချေးငွေ ထုတ်ပေးမယ့် စီမံချက် အတွက် MOU လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီလို လက်မှတ်ရေး ထိုးရာမှာတော့ ပြည်တွင်းရှိ NGO အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ မင်္ဂလာ မြန်မာနဲ့ နားလည်မှု စာချွန်လွှာ တစ်ခု ၊ မြန်မာ EGRESS အဖွဲ့အစည်းနဲ့ နားလည်မှု စာချွန်လွှာတစ်ခု တို့ကို လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ နားလည်မှု စာချွန်လွှာအရ အခုလို အခြေခံ လူတန်းစား 

.: တိဘက် ဒေသတွင် နှင်းမုန်တိုင်း တိုက်ခတ်ခဲ့


တိဘက် ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် အဓိက အဝေးပြေး လမ်းမကြီး အမှတ် ၃၁၈ ရဲ့ အချို့ နေရာတွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လမ်းမကြီးဟာ ၈၂၉ ကီလိုမီ တာ ရှည်လျားပြီး တိဘက် ဒေသနဲ့ နီပေါ နိုင်ငံကို ဆက်သွယ် ပေးထားတဲ့ လမ်းမကြီး ဖြစ်ပါတယ်။ 

.: နာနိုအဆင့် စွမ်းအင် အရင်းအမြစ် တစ်ခု အီရန် ဖော်ထုတ် တွေ့ရှိ


အီရန်နိုင်ငံမှ သုတေသန ပညာရှင် ဖြစ်သူ Kourosh Kalantar-Zadeh မှာ စွမ်းအင်များ သိုလှောင် နိုင်ပြီး ပြန်လည် ထုတ်လွှတ် နိုင်မည့် စွမ်းအင် အရင်းအမြစ် တစ်ခုကို တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ မဲလ်ဘုန်းမြို့ရှိ RMIT တက္ကသိုလ်မှ တွဲဘက် ပါမောက္ခနှင့် ကွန်ပြူတာ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Kalantar-Zadeh မှာ MIT မှ တွဲဘက် ပါမောက္ခ တစ်ဦး ဖြစ်သည့် Michael Strano ၏ နာနို နည်းပညာ သုတေသန အဖွဲ့နှင့် ပူးပေါင်းပြီး ယခုလို လုပ်ဆောင် လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးတားမြစ်သော ဒေါ်စုဟောပြောပွဲ ကော်မရှင်မှ ပြန်လည်ခွင့်ပြု

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ်
သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက်သည်။

မြန်မာနိုင်ငံကို စီးပွားရေးလုပ်ဖို့နေရာ အဖြစ်လောက် တရုတ် မကြည့်သင့်

တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တရုတ်ကုမ္ပဏီတွေ စီးပွားရေးလုပ်ဖို့နေရာ တစ်ခုအဖြစ်လောက်သာ မကြည့်မြင်သင့်ပါဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပသော ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ်။
တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ ကွမ်တုံပြည်နယ်အခြေစိုက် Southern People Weekly ခေါ် ဒက္ခိဏ 

ရွေးကောက်ပွဲမှာ မသမာမှုတွေ့ရင် အရေးယူမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပြု

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မတရားမှုတွေ မသမာမှုတွေ တွေ့ရှိရလို့ အချက်အလက် တိတိကျကျ ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာရင် အရေးယူပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေကို မနေ့က ပြောကြားလိုက်ပါတယ်။
လစ်လပ်နေရာ ၄၈ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ပါတီ

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြန်မာအတွက်ရော အာဆီယံအတွက်ပါ အကျိုးမရှိတဲ့အတွက် ရုပ်သိမ်းပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
AFP PHOTO/ROSLAN RAHMAN
သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လုံး (၀ဲ)တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။
မနေ့က ကျင်းပတဲ့ စင်္ကာပူလွှတ်တော်မှာ မြန်မာနဲ့စင်္ကာပူ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေ တင်ပြဆွေးနွေးရင်း မစ္စတာ ရှမ်မူဂမ်းက တောင်းဆိုသွားတာပါ။ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင် မြန်မာရော စင်္ကာပူပါ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိနိုင်တာကြောင့် အမေရိကန်လွှတ်တော်အမတ် တော်တော်များများကို 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး တွေ့

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

AFP
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာဝန်ကြီး မစ္စတာ Dirk Niebel တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌် တွေ့ဆုံစဉ်။
ဂျာမန် ၀န်ကြီး မစ္စတာ Niebel က ကြားဖြတ် ရွေးကောက်ပွဲအပေါ် အီးယူနိုင်ငံတွေရဲ့မူဝါဒနဲ့ ပတ်သက်ပြီး မိမိဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အထူး အရေးကြီးကြောင်း 

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလူဟာ ဘန်ကောက်မြို့က သူငှားနေတဲ့ အိမ်မှာ ပထမဗုံးတလုံးကို ဖောက်ခွဲခဲ့ပြီး ခဏအကြာမှာ Taxi အငှားယာဉ်ကို ငှားရမ်းခဲ့ရာက ရပ်မပေးလို့ဆိုပြီး နောက်ထပ်ဗုံးတလုံးကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် စာသင်ကျောင်း တကျောင်း အနီး လူစည်ကားရာ လမ်းမပေါ်က ရဲကိုလည်း လက်ပစ်ဗုံးတလုံးနဲ့ ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

ရှားပါးတိရစ္ဆာန်မှောင်ခိုကူးမှုတိုက်ဖျက်ရေး အာရှ ၁၃ နိုင်ငံ သဘောတူ

အာရှတိုက် နိုင်ငံပေါင်း ၁၃ နိုင်ငံက အစိုးရတာဝန်ရှိသူတွေဟာ ကျားသတ္တ၀ါတွေနဲ့ တခြားမျိုးတုန်းလု နီးပါးဖြစ်နေတဲ့ ရှားပါးတိရစ္ဆာန်တွေ တရားမ၀င် မှောင်ခိုကူးနေမှုတွေကို တိုက်ဖျက်ဖို့နဲ့ နယ်စပ် ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး ထိရောက်အောင်ဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်တရားမ၀င် သယ်ဆောင်ရောင်းဝယ်မှု ဆိုင်ရာ ရာဇ၀တ်မှုတိုက်ဖျက်ရေးအဖွဲ့ ICCWC ကကြီးမှူးကျင်းပတဲ့ နှစ်ရက်ကြာ ညီလာခံအပြီး အဲဒီသဘောတူညီမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိစ္စဆွေးနွေးဖို့ တရုတ်အဆင်သင့်ရှိ

တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အသင့်ဖြစ်နေသလို စီးပွားရေးပြဿနာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေအတွက်လည်း အသင့်ဖြစ်နေပြီလို့ အမေရိကန်မှာရောက်နေတဲ့ တရုတ် ဒုသမ္မတ ရှီကျင်းပင်က အမေရိကန်ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။

TUESDAY, FEBRUARY 14, 2012

ရန်ကုန်လေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်နှင့် ယာဉ်များ ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင် ပြီဟုသိရ

ရန်ကုန်လေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းသို့ ၀င်ရောက်မည့် ခရီးသည်များနှင့် ယာဉ်များအ တွက် ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်တာဝန်ရှိသူ တစ်ဦး၏ ပြော ကြားချက်အရ သိရှိရပါသည်။

ယခင်က ပြည်ပထွက်ခွာမည့်သူများအား လိုက်ပါပို့ဆောင်ပေးမည့်သူများနှင့် ပြည်ပမှပြန်လည် ရောက်ရှိလာသူများကို ကြိုဆိုမည့်သူမားသည် လေဆိပ်အတွင်းသို့ ၀င်ရောက်ရန်လျှောက်လွှာဖြည့်သွင်း၍ ၀င် ကြေးပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိခဲ့သည်။ ထို့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သို့ ၀င်ရောက်မည့်ယာဉ်များသည်လည်း သတ်မှတ်ယာဉ်ဝင်ကြေးကိုပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိ ခဲ့သည်။

ဂက်စ်အနံ့များထွက်ပေါ်နေရခြင်းမှာ မြေကြီးထဲမှ ထွက်ပေါ် လာခြင်းမဟုတ်ကြောင်း MOGE မှပြောကြား

ဂက်စ်အနံ့များထွက်ပေါ်တဲ့ နေရာ
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရပ်ကွက်သစ္စာလမ်းသွယ် အတွင်း၌ ဂက်စ်အနံ့များထွက်ပေါ် နေရခြင်းမှာမြေထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရသည်။

အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ရုံးချိန်အတွင်း ဂေါက်ရိုက်ကစားခြင်း (ပေးစာ)

နေပြည်တော် ရန်အောင်မြင်ဂေါက်ကွင်း
လေးစားရပါသော အယ်ဒီတာခင်ဗျား--
  အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ဂေါက်ရိုက်ကစားခြင်းအတွက် တင်ပြလို  ပါတယ် အားကစားနည်းတစ်ခုကို ဆန့်ကျင်ခြင်းမဟုတ်ပါကြောင်; နားလည်စေ ချင်ပါတယ် ဂေါက်ကစားခြင်း၏ ကုန်ကျစရိတ်ကို အယ်ဒီတာကြီး သိမည်ဖြစ်ပါတယ်ခင်ဗျား

တစ်လအတွင်း NLD ပါတီဝင်လျှောက်လွှာ ၅သိန်းကျော်ရောင်းချခဲ့ရ

 ပါတီဝင်လျှောက်လွှာ စောင်ရေ ၅ သိန်းကျော်ရောင်းချထားပြီး ဖြစ်ကြောင်း NLD ပါတီက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
NLDပါတီဝင်သစ်ဖြစ်လာမဲ့ သရုပ်ဆောင်ရဲတိုက်
NLD) တရားဝင်ပါတီဖြစ်လာပြီးနောက် ဇန်န၀ါရီလ ၉ ရက်တွင် ပါတီဆိုင်းဘုတ် တင်ခြင်းနှင့်အတူ ပါတီဝင်လျှောက်လွှာ တစ်သန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ စတင်ဖြန့် ဝေရောင်းချ ခဲ့သည်။ ပါတီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “အခုဆိုရင် ငါးသိန်းတောင် ကချင်မှကမယ်။ ငါးသိန်းဆိုတာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းကပါ” ဟု ပြောသည်။ ပါတီဝင်ဖြစ်လိုသူသည် ပါတီဝင်လျှောက်လွှာ ၀ယ်ယူဖြည့်သွင်းကာ မိမိ

ကရင်ပြည်နယ် ခနောက်စိမ်းတူး ကုမ္ပဏီအချို့ ရပ်နားထားရ

စံခလပူရီ (မဇ္ဈိမ) ။        ။ အကျိုးအမြတ် တွက်ခြေမကိုက်သဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခနောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ ၃ ခုထက်မနည်း ရပ်နားထားရကြောင်း ကုမ္ပဏီ အသိုင်းအဝိုင်းက ပြောသည်။

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်သည်။ 

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ

ချင်းမိုင်(မဇ္စျိမ) ။       ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့်
လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

No comments:

Post a Comment