Tuesday, 10 January 2012

Gmail က ၀င်ထားသော မက်ဆေ့အဟောင်းများကို အလွယ်တကူ ဖျက်သိမ်းနည်း..


sanay mg mg (ကိုသူရ)

Gmail က ၀င်ထားသော မက်ဆေ့အဟောင်းများကို အလွယ်တကူ ဖျက်သိမ်းနည်း..

မိတ်ဆွေတို့ရဲ့ ဂျီမေးထဲမှာ အ၀င်ဘောက်စ်ထဲမှာ မေးတွေ သိပ်များနေပါသလား... 
အပေါ် က show search option ဆိုတဲ့ နေရာလေးမှာ drop down menu လေးကို နှိပ်လိုက်ပါ။
ထို့နောက် ဤသို့ပေါ်လာမည်။
ထို့နောက် အောက်ပါတိုင်း မိမိဖျက်လိုသော မေးများရဲ့ ရက်စွဲကို သေချာ မှန်ကန်အောင်ဖြည့်ပါ။
ဥပမာ.. .. before:ခုနှစ်၊ လ၊ ရက် အတိုင်း မှန်အောင်ထည့်ပါ။
ဆိုလိုသည်မှာ အဲသည်ရက်စွဲမတိုင်မီ ၀င်ထားသော မေးများအားလုံးကို ဖျက်မည်ဖြစ်သည်။
ထို့နောက် ဒီလိုပုံလေးပေါ်လာမည်။ မြားပြထားသည်တို့ကို ဖြည့်ဆည်းပြီး
create filter with this search ကို နှိပ်လိုက်ပါ။ ထို့နောက် အောက်ပါအတိုင်း ပေါ်လာမည်။
ပုံတွင်ပြထားသည့်အတိုင်း မြားထိုးသောနေ၇ာများတွင် အမှတ်ခြစ်များ ထည့်ပါ။ ထို့နောက် အပြာရောင် ခြယ်ထားသော Create filter ကို နှိပ်လိုက်ပါ။ ခနလေးနေသောအခါထိုသို့ပေါ်လာမည်။
ဂျီမေး အသစ်ပုံစံများအတွက် ဖြစ်ပါသည်။
ပုံစံ အဟောင်းများအတွက်မူ အောက်ပါပုံအတိုင်း လုပ်ဆောင်ပါရန်
အရေးကြီးတာကတော့ before: အဲသည်ဘီဖိုးနဲ့ အစက်လေးနှစ်စက်ရယ် သူ့အနောက်က နေ့စွဲထည့်တဲ့ စနစ်မှန်ကန်ဖို့ပဲ လိုပါတယ်။
အားလုံး အဆင်ပြေချောမွေ့ကြပါစေ။
ဂျီမေးမှာ မီကာဘိုက်တွေပြည့်နေတယ်ဆိုရင်အ၀င်စာများ ကို ဖျက်သိမ်းခြင်းဖြင့် အဆင်ပြေချောမွေ့သွားမှာဖြစ်ပါတယ်။
အခြားဟာတွေကိုလည်း လိုအပ်သလို ကလစ်ကြည့်ပါ။ လုပ်ကြည့် စမ်းကြည့်ပါ။ သူ့ဟာနဲ့သူ အားလုံး အသုံးဝင်ပါတယ်။
မိတ်ဆွေများ အားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေခင်ဗျာ။

No comments:

Post a Comment