Friday, 6 January 2012

ထိတဲ့မိတဲ့ကာတွန်းလေးများ


မှန်တယ်နော် ဘေးကထိုင်ကြည့်ပြီး လက်ညှိုးထိုးတတ်တဲ့သူထဲမှာ ကျွန်တော်လဲပါတယ်...ဟီးးးးးး
အကြံပေးရတာမခက်ပါဘူး တကယ်ဖြစ်အောင်လုပ်ရတာသာ ခက်တာလေ...
သြော်...မီဒီယာ...မီဒီယာ...သူတို့သတင်းမီဒီယာ...
လူဆိုတဲ့ သတ္တ၀ါနှယ်... ကျွန်တော်တော့ မပါဘူးထင်တာပဲ...ဟဲဟဲ..
လေနဲ့ပဲ အလုပ်မလုပ်ကြပါနဲ့... လက်တွေ့တကယ်အလုပ်လုပ်ကြပါဦး...
ကိုယ့်ကိုကိုယ် အရင်ဆုံးပြောရမယ်ထင်တာပဲ ဟီးးးးး
(eleven media က ကူးလာတာလေးတွေပါ။ လက်တွေ့ပကတိအခြေအနေတွေကို ထင်ဟပ်စေတယ်ထင်လို့ တင်ပြပေးလိုက်တာပါ။ ငါ့နိုင်ငံအတွက်လို့ စဉ်းစားမိလိုက်တိုင်း ငါဘာမှမလုပ်ရသေးပါလားလို့ တွေးမိတယ်ဗျာ။
နိုင်ငံအတွက်ဝေးလို့ ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေအတွက်ရော ဘာလုပ်ပြီးပြီလဲလို့ ဆင်ခြင်မိတယ်။ မျိုးကြီးသီချင်းထဲကလို ကြယ်စင်လေးလောက်တော့ ငါ့ရဲ့လက်တစ်ကမ်းအတွက် ကိုယ်တတ်စွမ်းသလောက် အလင်းရောင်၊အနွေးဓာတ်ပေးခဲ့တယ်လို့ ပြောနိုင်သင့်တယ်လေ။)
အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်
Views: 38

No comments:

Post a Comment