Running Text Style

အားလုံးမင်္ဂလာပါ ခုလိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် Lawm hih bang aa hong hawh thei nai caing aa lung dam mah mah ei
May God Blessed You All
There Is Power
In The Name Of Jesus
Everything Changed

Wednesday, 28 December 2011

ခွေးသားမစားရန်အတွက် ခွေးလိုဆန္ဒပြသောတရုတ်ပြည်မှလူတစ်ယောက်


ခွေးသားမစားရန်အတွက် ခွေးလိုဆန္ဒပြသောတရုတ်ပြည်မှလူတစ်ယောက်

ယခုလ ဒီဇင်ဘာ 19 ရက်နေ့ ကတရုတ်နိုင်ငံတွင် ခွေးသားများ စားသုံးခြင်း ရောင်းချခြင်းနှင့်ပတ်သတ်ရ်ျ ဆန္ဒပြသော လူတစ်စုကို တွေ့ ရပါသည် ။ထိုလူတစ်စုသည် ၄င်းတို့ တရုတ်နိုင်ငံအတွင်း Market များတွင် ခွေးသားများရောင်းချနေခြင်း စားသုံးနေခြင်းတို့ ကိုကန့် ကွက်သည့် အနေဖြင့် လူတစ်ယောက်သည် ခွေးလှောင် အိမ်ထဲတွင် အ၀တ်ဗလာဖြင့် ၀င်ရောက်ကာ လေးဘက် ကုန်း ခွေးတစ်ကောင် ပုံစံဖြင့် ထူးဆန်းစွာ ဆန္ဒပြခဲ့ပါသည် ၄င်းနှင့်အတူ ပါလာသူများ က ပါဝင်ကူညီကာ ခွေးသားများ ပြုလုပ်ရောင်းချ သည့်နေရာများတွင်သွားရောက် ဆန္ဒပြခဲ့ကြပါသည် ။ထို ခွေးလှောင်အိမ် ထဲတွင် ၀င်ရောက်ကာနေသူသည် တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီးနောက် အသက် 40 ရှိပြီဖြစ်သည့် Pain Shankong ဆိုသူဖြစ်သည် ။ ၄င်းသည် ယခုလို ခွေးလှောင် အိမ်ထဲတွင် အ၀တ်မပါ ပဲနှင့် ၀င်ရောက်ကာ ကန့် ကွက်ခဲ့ပါသည် ။ ထို့နောက် ၄င်းကဆက်လက်ပြောကြားခဲ့ပါသည် ။ မိမိတို့ အနေနှင့် ခွေးသားများကို မစားသုံး၇န်နှင့်နောက် ငယ်ရွယ်သော သတ္တ၀ါများအပေါ်တွင် ချစ်ခင်မြတ်နိုးတတ်သော စောင့်ရှောက်တတ်သော စိတ်များထားရှိသင့်ကြောင်းမိမိနှင့် ကိုယ်ချင်းစာစိတ်ထားသင့်ကြောင်းပြောကြားခဲ့ပါသည် ။ အောက်တွင် ၄င်းတို့ ဆန္ဒပြသောပုံများ ကိုတင်ပြလိုက်ပါသည် ။
ပုံ(1)
ပုံ(2)
ပုံ(3)
ပုံ(4)
ပုံ(5)
အားလုံးကို.. အထူးပဲကျေးဇူးတင်ပါသည်ခင်ဗျာ.. မိမိထက် ငယ်ရွယ်သော သတ္တ၀ါလေး များအားလုံးကို ချစ်ခင်သနား ကိုယ်ချင်း စာနာနိုင်ကြပါစေခင်ဗျာ..
Mc wai yan !

No comments:

Post a Comment